Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် မရမာ (Marma) အကြောင်း

"ကျနော်သိသော မရမာ သမိုင်း..."
--------------------------------------------(ကျားကြီး-ကျော်ခိုင်အောင်)
             ဘိုးတော်မောင်ဝိုင်းသည် ငသံဒေ၏ တိုက်တွန်းချက်အရ ရခိုင်ပြည်ကို တိုက်ခိုက်ရန် အတွက် အမတ်ကြီး ရာဇဓမ္မသင်္ကြံနှင့် ဓမ္မသင်္ကြံတို့နှင့် တိုင်ပင်လေသည်။
        ရခိုင်ကိုတိုက်ရန် လွန်စွာခဲယဉ်းလှသည် ၀င် ၃၀ ဗန္ဓုလ တပ်တတပ် ဖွဲ့၍ တိုက်မှရနိုင်ပါလိမ့်မည် ဆိုသောကြောင့် လူ အယောက် ၃၀ဖြင့် ဗန္ဓလတပ်ဖွဲ့ တခု ဖွဲ့စည်းလေသည်။ ထိုအချိန်မှစ၍ ဗမာတို့တွင် တဗိုလ်ကျ တဗိုလ်တက် စနစ် ဖြစ်ပေါ်လာလေသည်။
            ဗန္ဓုလတပ်သည် ရခိုင်သို့ချီလာလေရာ ရိုးမတောင် ရေပေါ်ကြီးစခန်းတွင် တောင်မင်းကြီး ဗိုလ်ကျော်ထွေးနှင့် တိုက်ပွဲဖြစ်လေသည်။ ဗန္ဓုလကျဆုံး၍ ဗမာတို့နောက်ဆုတ် သွားရလေသည်။ ရေပေါ်ကြီးစခန်းတွင် ၃ ကြိမ်စစ်ဖြစ်ရာ ဗန္ဓုလ ၃ယောက်ကျဆုံးလေသည်။ ကါယသိဒ္ဓိပြီးသော ကျားရေ၀တ် တောင်မင်းကြီး ဗိုလ်ကျော်ထွေး၏ တပ်ကိုမကျော်နိုင်သဖြင့် ရှေ့ကိုတိုးရန် ဗမာတို့ အခက်တွေ့ကြရလေသည်။ ထိုသောအခါ ဗမာတို့သည် နည်းဗျူဟာ တမျိုးပြောင်းလျှက် အလွန်လှသော မြင်းပျိုမတကေါင်ကို မိန်းမတို့၏ ရာသီသွေး မီးနေသွေး မီးနေထဗိန် မျောက်လွဲကျော်သွေး တို့နှင့် စပ်၍ ခမက်မခံ ကြက်ခြေလေးတန် အင်းကို မြင်းခန္ဓာတွင် ရေးသွင်းစီမံလျှက် ရွှေငွေ ပိုးသား အ၀တ်အထည်နှင့် တကွ ဗမာအမတ်တို့သည် တောင်မင်းကြီးထံ ဆက်သလေသည်။ မဗာအမတ်တို့က အရှင်တောင်မင်းကြီးသည် မြင်းစီး ရာတွင်  လေအလျှင်ကဲ့သို့ မြန်လွန်းလှသည်ဟု စစ်သားတို့ကဆိုကြသည် အရှင်နှင့် စစ်မက် ဖက်ပြိုင်ရန် မ၀ံ့ကြောင်းလည်း ဆိုကြသည်၊ စစ်ကို ကျေးအေးစေလို၍ အရှင်စီးရန် မြင်းနှင့် တကွ လက်ဆောင် ပဏ္ဍာပါ ဆက်သပါသည်၊ ကျွှန်ုပ်တို့သည်ကါး အရှင်မြင်းစီးသည်ကို မမြင် စဖူး တခဏတာမျှ ဤမြင်းကို စီး၍ပြပါရှင်ဟု ဗမာအမတ်တို့ လျှောက်လေသောအခါ တောင်မင်းကြီး ကျော်ထွေးလည်း မြင်းမငယ်ကို စီး၍မြင်းစီးအတတ်ကို ပြလေသည်။ ကါယသိဒ္ဓိဆေးခံရှိသော ဗိုလ်ကျော်ထွေးမှာ မကေါင်းသော အင်းအိုင်မန္တံနှင့် စီရင်ထါးသော မြင်းမကို စီးမိသည့်အတွက် ခန္ဓာကိုယ်လက် ယားယံသောရောဂါ ဝေဒနာ ကပ်ရောက်၍ တပ်ကိုခေါင်းမဆောင်နိုင် ဖြစ်ရလေသည်။ ထို့ကြောင့် ဗမာတို့သည် ရေပေါ်ကြီးစခန်းမှစ၍ တောင်ဂုတ်မြို့ကိုပါ အလွယ် တကူ သိမ်းယူလေသည်။
        တောင်ဂုတ်မြို့မှတဆင့် ဗန္ဓုလတပ်နှင့် ရေကြောင်းမှ ချီလာသော မင်းသားမောင်အောင် တို့၏တပ်သည် စုပေါင်း၍ တိုက်လေရာ ရမ်းဗြဲမြို့ကို အလွယ်တကူ ရရှိလေသည်။ ဗမာတို့၏ စုပေါင်း တပ်သည် ရမ်းဗြဲမြို့မှ ချီတက်လာရာ အောင်ဇုန်မင်း၏သား သက်စံရွှေ နန်းစိုက်ရာ  နန်းရာကုန်း(ဇင်ချောင်း) နှင့် ၄ မိုင်ခန့်အကွာ သံထေါင်အရပ် (သံထေါင်ရွာ) တွင် စခန်းချကြ လေသည်။
          မင်းသားသက်စံရွှေတပ်နှင့် ဗန္ဓုလတပ်တို့သည် သံထေါင်ကွင်းတွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွား လေသည်။ ဗန္ဓုလကျဆုံး၍ ဗမာတို့ ၈ မိုင်ခန့်ဝေးသော ရေချမ်းကြီးအရပ်သို့ ဆုပ်ခွါသွား လေသည်။ မင်းသား သက်စံရွှေလည်း ဗမာတို့ကို လိုက်လံ၍ တိုက်ခိုက်လေသည်။ ရေချမ်းကြီး အရပ်တွင် နောက်ထပ်ဗန္ဓုလ တယောက်ကျဆုံး၍ ချင်းတောင် ကိုကျော်ကါ ရဗတင် (ရေဗတင်ရွာ) အရပ်သို့တိုင် ဗမာတို့ဆုပ်ခွါ သွားကြလေသည်။ ရေဗတင် နှင့် ရေချမ်းကြီးကြားတွင် ချင်တောင်ကြား ရှိနေသည်။ ဗမာတို့သည် ထိုတောင်ကြားကို မင်းသား သက်စံရွှေနှင့် တပ် အလွယ်တကူ မဖြတ်ကျော်နိုင်ရန် အတွက် ကျောက်မောင်း ဆင်၍ အခိုင်အခန့် နေကြလေသည်။ သက်စံရွှေနှင့် တပ်သည် ကျောက်မောင်းဆင်ထါးသော တောင်ကြားကို အလွယ်တကူ မဖြတ်နိုင်သဖြင့် ချင်းတောင်ကို ကျော်၍ရသော နေရာမှသွား၍ ဗမာတို့ကို တိုက်ရန် လမ်းဖေါက်လေသည်။
         ထိုသတင်းကိုရသော မင်းသားမောင်အောင်သည် ကြံရာမရဖြစ်ကါ ငသံဒေနှင့်ချင်းပျံ သားအဖကို ခေါ်၍ အလွယ်တကူ မရနိုင်တကါး အကျအဆုံး များလှသည်ဟု ဆူပူ  ကြိမ်းမောင်း ပြောဆိုလေသည်။ ငသံဒေလည်း ရပါစေ့မည် ဟုအာမ၀န္တာ ခံလေသည်။
         ထို့နောက် ငသံဒေ သားအဖသည် မိမိနောက်လိုက် လူပေါင်း ၃၀၀ နှင့်အတူ ဗမာတပ်မှ ထွက်ပြေးလာသည် ဟု ပြောဆို၍ သက်စံရွှေတပ်နှင့် ရေချမ်းကြီး အရပ်တွင် ပူးပေါင်း လေသည်။ ညည့်အာရုဏ် မတက်မှီ ၃ ချက်တီး အချိန်တွင် ငသံဒေ သားအဖနှင့် အတူ လိုက်ပါလာကြသော ရခိုင်သား တပ်သည် မင်းသားသက်စံရွှေ၏ တပ်ကို တိုက်ခိုက်လေသည်။ ရေဗတင် အရပ်တွင် စခန်းချထါးသော ဗမာတို့သည်လည်း အချိန်းအချက်အရ ချီလာ၍ ငသံဒေ သားအဖကို ၀ိုင်းကူ၍တိုက်လေသည်။ မင်းသားသက်စံရွှေသည်လည်း အတွင်းရန် အပြင်ရန် ရန်နှစ်ခုကို မခံနိုင်သဖြင့် တပ်ပျက်ကါ ကစင့်ကလျှား ဖြစ်ပြီးလျှင် မင်းဒွတ်တောင်သို့ တက်ပြေးလေသည်။
            ထိုအခါ အခွင့်ကေါင်းကိုရသော ဗမာတို့သည် ငသံဒေနှင့် ချင်းပျံနာမည် တို့ကိုသုံး၍ ရမ်းဗြဲကျွှန်းရှိ ရခိုင်ကျေးရွာ မြင်မြင်သမျှနှင့် ဘုရား စေတီ ဇရပ် ကျောင်းကန် မှန်သမျှ တို့ကို ဖျက်ဆီးကြလေတော့သည်။ ထို့ပြင် ဗမာတို့ မေးသောအခါ ရမ်းဗြဲသားတို့မှာ မရမာ ဟုနာမည် ခံကြသည့်အတွက် ဗမာတို့က ငါတို့သည်သာလျှင် မြမ္မာ သင်တို့ကါးကျွှန်မျိုး ဟုဆို၍ စလွယ်တင် မရမာအမျိုး ရမ်းဗြဲသားမှန်သမျှ နို့သောက် တုတ်ထေါက်မကျန် အသတ်ခံကြရ လေတော့သည်။ ပေရွက်တွင် ကျွှန်မျိုးဟု ထုံးနှင့်ရေး၍ လည်တွင်ဆွဲထါးကြရသည်။ ထိုထုံးပျက်ပျယ် ပြန်လျှင်လည်း အသတ်ခံကြရ ပြန်လေသည်။ ထို့ပြင် မရမာ အမည်ခံသူ ဟူသမျှနှင့် စလွယ်တင်သူ မှန်သမျှတို့ကို ဗမာတို့သတ်လေသဖြင့် ရမ်းဗြဲကျွှန်းမှ လူပေါင်း များစွာတို့သည် ရွက်လှေဖြင့် ရမိရရာ  ထွက်ပြေး ကြလေတော့သည်။
             ဗမာတို့စစ်ချီရာ လမ်းတလျှောက်ရှိ ဘုရား စေတီ ကျောင်းကန်မှစ၍ ရစရာမရှိ လောက်အောင် ဖျက်ဆီးခဲ့ကြ၍ ရမ်းဗြဲကျွှန်းတွင် နှစ်ပေါင်းနှစ်ရာကျော်မှ အပျက်အစီးများကို ဇင်ချောင်း ၀က်တောပြင် ကျေးရွာ အရပ်တွင် ယခုတိုင် တွေ့နိုင်ပါသေးသည်။ ဗမာစစ်ချီရာ လမ်းမကျသော ကန်တိုင်းနယ် နှင့် လေးတောင်နယ် တို့တွင်လည်း စေတီမှအပ အိုးအိမ်တို့ကို အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ကြရ လေသည်။ အောင်ဇုန်မင်း၏ စစ်သူကြီး ကျူသီးယေ ၏ ရွာဖြစ်သော ကျောက်ကလေရွာနှင့် စစ်သူကြီး ရဲမင်းဝံ၏ ရွာဖြစ်သော ၀ှမြှောင်ရွာတို့မှာ စိစိညက်ညက် ဖြိုဖျက်ခြင်းကို ခံရလေသည်။ ဤသို့ဗမာတို့ ယုတ်မာရက်စက် ဖျက်ဆီးသဖြင့် နှစ်ပေါင်း၂၀၀ ကျော်မှ အဆောက်အဦးကို ပြပါဟု ဆိုလျှင် ဗမာတို့ဖျက်၍ မပျက်သော ကျောက်တလုံး ဘုရားသာရှိ နေပေတော့သည်။ (ယခု ဘင်္ဂလာဒေ့နိုင်ငံ အ၀ကျွှန်း (ဘောရိသျှ) နေ ရခိုင်သားတို့က မရမာ ဟု မိမိကိုယ်ကို ယခုထက်တိုင် ပြောနေကြဆဲရှိသည်။ ဆရာမ ဒေါ်စောမြရာဇာလင်း၏ မိခင်ကလည်း မိမိသည် မရမာ ဖြစ်သည်ဟု အတိအကျ ပြောခဲ့ပါသည်။ စာရေးသူ။ )
           ရမ်းဗြဲကျွှန်းကို စိစိညက်ညက် ချေဖျက်ပြီးနောက် ဒါးပိုင်ကြီးငသံဒေနှင့် ဗမာတပ်သည် မြောက်ဦးနန်းကို အလွယ်တကူ ၀င်ရောက်သိမ်းယူ ရရှိလေသည်။ ဘိုးတော်ဦးဝိုင်းနှင့်  ငသံဒေတို့ ဂတိထါးခဲ့ကြသော ခတ္တိယနွယ်ဖွား သာဂီဝင်မင်းသား မင်းဟရီကို နန်းတင်ရန် ကိစ္စ  မပြီးပြတ် သေးမှီ မင်းဟရီမှာ ရှစ်သောင်းဘုရားတွင် အဆိပ်ခတ် ခံရ၍ သေဆုံးလေသည်။
         ဗမာတို့သည် ရွှေဘူးပင် ရွှေဘူးသီး နန်းသုံးရတနာ ငမောက်ပတ္တမြား လက်ဝတ် တန်းဆာ အ၀တ်အစား ပါမကျန် ထီးနန်းသုံး ပစ္စည်းတို့ကို ယူဆောင်ကြလေသည်။ ထိုအခါ မခံမရပ်နိုင် ဖြစ်လာကြသော ရခိုင်သားတို့သည် ဗမာပျူ အောက်သားတို့ကို ပြန်၍ တိုက်ရန် လူစုကြလေသည်။ တပ်ပေါင်း ၃၅ တပ်ကို ပြန်လည်၍ စုမိလာသည်။ ငသံဒေနှင့် ချင်းပျံသားအဖကို မယုံကြည် သဖြင့် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သော စလွတ်သရီ ခါးပန်းဒါးဆုကိုရသော ဇုန်ဒတ်ကြီး အဂါဇံ ကို တပ်မင်းခန့်လျှက် ပျို့အောင်ကို ဒုတပ်မှုး ခန့်လျှက် ဗမာတို့ကို တိုက်ခိုက်လေသည်။ ၃ လအကြာတွင် ဗမာတို့သည် ရခိုင်သားတပ်ကို သှည်၍ မတိုက်နိုင်သဖြင့် အမ်းဒလက် အရပ်သို့ဆုတ်ခွါ သွားရလေသည်။
            မြောက်ဦးမြို့ကို ပြန်လည်၍ ရရှိသောအခါ ဗမာကိုစစ်နိုင်သော အထိမ်းအမှတ် အဖြစ်ဖြင့် အောင်ပွဲခံ ထမင်းစားပွဲတရပ်ကို ကျင်းပလေသည်။ ထိုထမင်းစားပွဲတွင် ငသံဒေ သည် မိမိသားချင်းပျံကို နန်းတင်လို၍ တပ်မင်းတပ်ဗိုလ်တို့ကို အဆိပ်ခပ်လေသည်။ တပ်မင်းကြီး အဂါဇံမှာ ကါယသိဒ္ဓိပြီးသူ ဖြစ်သောကြောင့် အဆိပ်ထမင်းကို စါးမိသည်နှင့် ခန္ဓာ ကိုယ်လက် ယားယံလေသည်။ အဆိပ်ခပ်သော ငသံဒေ နှင့် ချင်းပျံ သားအဖတို့ သည်လည်း  ထွက်ပြေး လေသည်။ ထိုအဆိပ်ခပ်သောပွဲတွင် တပ်မှုးတပ်ဗိုလ် ၄၀၀ ခန့် သေဆုံးသည်ဟု ဆိုကြသည်။ (၀ရဗုဒ္ဓိ)
            ရခိုင်အချင်းချင်း အောင်ပွဲခံ ထမင်းစားပွဲ၌ အဆိပ်ခပ်၍ သေသည့်သတင်းကို ရသော ဗမာတို့သည် အမ်းမှမြောက်ဦးမြို့သို့ ပြန်၍ ချီတက်လာလေသည်။ ဤအခါတွင်မူ အမ်းနှင့် မြောက်ဦး လမ်းတလျှောက် ရှိရှိသမျှ ခတ္တိယ အမျိုး မရမာ အမည်ခံ စလွယ်တင် ရခိုင်သား မှန်သမျှတို့ကို ကျူပင်ခုတ် ကျူငုတ်မကျန်စေနှင့် ဟူသော ဗမာတို့၏ မူအရ လူငယ်လူကြီး ရဟန်း ပါမကျန် သတ်ဖြတ်လေ တော့သည်။
           မြောက်ဦးမြို့ကို ပြန်၍ သိမ်းယူ ရရှိသွားသော ဗမာတို့သည် ရခိုင်ဒေသ တခုလုံးရှိ ခတ္တိယအမျိုး စလွယ်တင် မရမာမှန်သမျှတို့ကို ကြီးငယ်မရွေး သတ်ဖြတ်လေတော့သည်။ ဤကဲ့သို့ဗမာတို့သည် ရခိုင်ကို သတ်ဖြတ်ရာ၌ စလွယ်ကိုးမောင်း ရ၏ ဟူ၍ ဗမာမှတ်တမ်း တင်လျှက်ရှိလေသည်။ (၀ရဗုဒ္ဓိ)
         သံတွဲစား အမတ်ကြီးဇေယျကျော်ထင် ရေးသော မဇ္ဈိမ အရေးတော်ပုံ ကျမ်း၌ဆိုသော ဟိန္ဒုစလွယ်တင် မရမာတို့ကို မုသလမံ ကုလားတို့က မောက်ဟူ၍ ခေါ်သည် ဟူသော လူမျိုးဇာတ်အနွယ်သည် ဗမာအောက်သားကို ကြောက်၍ ပျောက်ဆုံးလေတော့သည်။
         ရှေးကရခိုင်သားတို့သည် ၀ါဂွမ်းချည် ကိုးပင်ကို ကျစ်လိမ်၍ ကြိုးကွင်းလုပ်ပြီးလျှင် ဘယ်ဖက်အစကို ခါး ညာဖက်အစကို ညာဖက်ပခုံးပေါ် တင်၍ စလွယ် ၀တ်ခဲ့ကြလေသည်။ ယခုဖလံထောင်နေ ရခိုင်သား တချို့ကို တွေ့နိုင်ပါသေးသည်။ ထိုသူတို့သည် ရခိုင်သားကို မရမာ ဟုသာသိသူများ ဖြစ်လေသည်။
               ရခိုင်ပြည်၏ ၀တီလေးရပ်ဟု တွင်သော ဓည၀တီ ရမ္မာဝတီ မေဃ၀တီ ဒွါရာဝတီ တို့တွင် နေထိုင်ကြသော ရခိုင်သား လူလတ်ပိုင်းနှင့် လူငယ်ပိုင်းတို့မှာ ရက္ခ၀ံသ ရခိုင်သား ဟူသော အသိတခုသာ ကျန်၍ လူ၏ မူလအစကိုလည်းမသိ၊ ဇာတိကိုလည်းမသိ၊  ဇာတ်ကိုလည်း မသိကြတော့ပေ။ လူမည်သည်က စ၍ ဖြစ်လာသနည်းဟု မေးသောအခါ မျောက်က ဆင့်ကဲ ဆင်းသက် လာသည် ဟုသာ အဖြေကို ရပါတော့သည်။ ရခိုင်သားသည် လူ၏မူလ၊ ဇစ်မြစ်၊ ဇတ်၊ အမျိုး၊ အနွယ်၊ ၀ံသ၊ စသည့် မိမိလူမျိုး ဆင်းသက်ရာ ဘာသာဗေဒ စနစ်ကို မသိလေသောအခါ ပြောချင်ရာပြော ဆိုချင်ရာဆို ရေချင်ရာရေး စည်းမရှိ ကမ်းမရှိ ကလနားမရှိ မိမိ ရေးသည် ပြောသည် ဆိုသည် ကိုသာ အမှန်ဟူ၍ ယူဆကြလေတော့သည်။

Credit,

Comments