လူသတ် သမိုင်း

၁၉၆၇-၁၃-သြဂုတ်-ရခိုင်လူမျိုး ၃၀၀ကျော်အား ပစ်မိန်းပေးခဲ့သော
ဗမာလူသတ်သမား ဦးတင်ဦး-ဗမာ့သမိုင်း၌မှတ်တမ်းမရှိပေမဲ့
ရခိုင်သမိုင်းမှာကားမဟာအမဲစက်သမိုင်းအဖြစ် ကျန်ရှိတော့မည်ဖြစ်သည်။
___________________________________

ဒီကာလ ဒီအချိန်ဆိုရင် -NLD- က ဦးတင်ဦးဟာ
စစ်တွေမြို့  ဆန်ပြသနာအရေးအခင်းမှာ
လူပေါင်း-ရာချီသတ်ဖြတ်ဖို့  ပစ်မိန့် ကို
ပေးခဲ့ တာကြောင့် ရခိုင်လူမျိုးတွေ လမ်းမပေါ်မှာ
အတုံးအရုံးသေဆုံးခဲ့ ကြတယ် ။

အဲဒီအချိန်တုံးက ဦးတင်ဦးဟာ ပဲခူးမြို့  အလယ်ပိုင်းစစ်ဦးစီးမှူးချုပ် ဖြစ်တယ် ။ ဗိုလ်ချုပ်ကြီးတင်ဦးဟာ တိုင်းခွဲ-၁၃-ဖြစ်တဲ့  ရခိုင်ကို အလယ်ပိုင်းကနေပြီး တိုက်ရိုက်ကွပ်ကဲတယ် ။

တိုင်းခွဲ-၁၃-မှာ ဗိုလ်ချုပ်သူရစောဖြူဟာ ဥက္ကဋ္ဌ ဖြစ်တယ် ။ ရခိုင်နိုင်ငံဟာ မြန်မာနိုင်ငံ လွပ်လပ်ရေးရရှိသွားတဲ့ အခါ တိုင်းအဖြစ် သက်သက်သာ ဖြစ်သွားရတယ် ။

သြဂုတ်-၁၃-ရက်နေ့  ဆန်ပြသနာ ဖြစ်တဲ့  ဆန္ဒပြပွဲကို တမြို့ လုံးကျွတ် ပြု လုပ်ကြတဲ့ အခါ ဗိုလ်ချုပ်စောဖြူဟာ ရွှေပြားရပ်ကွက်က ဦးလူဖြူ ခေါ် ဦးစံထွန်း -( နောင်အခါ ရခိုင်ဒီမိုကရေစီ
အဖွဲ့ ချုပ်-၁၉၉၀-ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် )- အိမ်ရှေ့ မှာ လာရောက်တားမြစ်ခဲ့ တယ် ။ ဆန္ဒပြသူများက
လက်မခံခဲ့ တဲ့ အတွက် ပြန်သွားတယ် ။

နောက် မြဆန်စက် ရှေ့ မှာ ဆန္ဒပြသူများကို သံဆူးကြိုး ကာပြီး တားဆီးထားတဲ့ အခါ ဗိုလ်ချုပ်စောဖြူ ရောက်လာတယ် ။ ပါလာတဲ့  ပုဒ်မ္မ-၁၄၄-ကို သိစေဖို့  ပြောလာတယ် ။ လမ်းသစ်ရပ်ကွက်က မောင်ရွှေသိန်း-( ယခုကွန်လွန်ပြီး )- က သွားပြီး ကားပေါ်တက်လို့  ဖတ်တယ် ။

လူထုကို တားမရတော့ ဗိုလ်ချုပ်စောဖြူ က
ကားနဲ့  ထွက်သွားတယ် ။

ပုဒ်မ္မ-၁၄၄-အမိန့် ဆိုတာ လူ-၅-ဦးမစုရဘူးဆိုတဲ့
အမိန့် ဖြစ်တယ် ။ ဒီတော့ လူထုက မြို့ လုံးကျွတ် ဆန္ဒပြလာကြတော့ နောက်ကြောင်းပြန်လှည့်လို့
မရတော့ဘူး ။ ၀င်္ကဘာကွင်းရောက်ရင် လူစုခွဲပြန်ပါ့မယ်လို့ ပြောတာကိုလဲ
ဗိုလ်ချုပ်စောဖြူ က လက်မခံဘဲ ပြန်သွားတယ် ။

နောက်တော့သံဆူးကြိုးကို စစ်သားတွေက
ဆွဲဖွင့်ပေးလိုက်တယ် ။

ဒီနေရာမှာပြောချင်တာက လူထုက သံဆူးကြိုးကို ဆွဲဖွင့်တာ မဟုတ်ဘူး ။ ပုဒ်မ္မ-၁၄၄- အမိန့် ကို ချိုးဖေါက်တာ မဟုတ်ဘူး ။ အကြမ်းဖက် လုပ်ရပ်လိုက် လုပ်ဖို့  တောင်းဆိုနေတာ မဟုတ်ဘူး ။

( မဆလ အစိုးရ အလိုမရှိ )
( နှာခေါင်းပိုင် နေ၀င်း အစိုးရအလိုမရှိ )
( ပြုတ်ဆန် မစား ရခိုင်သား )
( မုန့် တီမစား ရခိုင်သား )

ဆိုတဲ့ ကြွေးကြော်သံတွေဟာ မဆလအစိုးရရဲ့ 
ကြီးမားတဲ့ စိန်ခေါ်မှု တွေ ဖြစ်သွားတယ် ။

ဒါ့ကြောင့်မို့ လို့  အလယ်ပိုင်းတိုင်းမှူး
ဗိုလ်ချုပ်ကြီးတင်ဦးဟာ ဆန္ဒပြသူများကို
ပစ်သတ်ဖို့  အမိန့် ပေးတယ် ။

လူတွေ ရာနဲ့ ချီလို့  သေဆုံးတယ် ။

NLD-ဦးတင်ဦးဟာ သူစစ်မှု ထမ်းခဲ့ စဉ် အမိန့်
အတိုင်း ဆောင်ရွက်ခဲ့ တာမို့  မှားတာဖြစ်စေ မှန်တာဖြစ်စေ အထက်က ခိုင်းစေတဲ့ အတိုင်း ဆောင်ရွက်ခဲ့ တာတွေ ရှိပါတယ်လို့  ပြောဆိုပြီးသား ဖြစ်တယ် ။

၁၃-သြဂတ်-လူသတ်သမား ဦးတင်ဦးဟာ သူ့ ရဲ့
အထက်က ပေးအပ်တဲ့ အမိန့် ကြောင့် လူပေါင်းရာနဲ့ ချီလို့  သေဆုံးရတာကို ခုအချိန်မှာ ရခိုင်လူမျိုးတွေကို ၀န်ချ တောင်းပန်ရမယ် ။

ဒီအပြစ်ကို ကျူးလွန်ခဲ့ မိပါကြောင်း တောင်းပန်ရမယ် ။

သမိုင်းစာမျက်နာမှာ နာမည်ဆိုးနဲ့  ပုန်းကွယ်နေမဲ့
အစား အမှားကို ၀န်ခံဖို့  သတ္တိရှိဖို့ လိုတယ် ။

ရှင့်ကလူသတ်သမားဘဲ ဦးတင်ဦး ။

ပိုးဝါသံတွဲသူ

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)