Featured
- Get link
- X
- Other Apps
မြန်မာ ၊ မရမာ Marma
မရမာမှ မြန်မာ၊ သမိုင်းလိမ်ဇာတ်လမ်းအစ
========================
1988ခု ဗိုလ်ချုပ်စောမောင်တို့ အာဏာသိမ်းတယ်။
1991မှာ ဗိုလ်ချုပ် သန်းရွှေ၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ် ခင်ညွန့်တို့ အဖွဲ့ ကြီးစိုးလာတယ်။ ဗိုလ်ချုပ် ခင်ညွန့်က အတွင်းရေးမှူး ၁ ဖြစ်လာတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေကို ချေမှုန်းပြီး၊ ဗမာလူမျိုး ဝါဒကို ထူထောင်ဖို့ ဗျူဟာ တခု ဖန်တီးကြတယ်၊၊ တိုင်းရင်းသား အချင်းချင်း သွေးခွဲလို့ ရနိုင်သမျှ သွေးခွဲကြတယ်။ ငြိမ်းချမ်းရေး လုပ်သလိုနဲ့ ငါးစာကျွေးပြီး သွေးခဲ့တယ်။ ခွန်ဆာလို ပုဂ္ဂိုလ်တွေကို မွေးထုတ်ပြီး အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းကြတယ်။ ရခိုင်မှာလည်း ALPက ဘင်္ဂါလားဒေ့ရှ်မှာ ရှိနေတယ်။ ALPက စစ်တကောင်းဒေသမှာ ခိုလှုံနေရတဲ့ အချိန်ပေါ့။ ဒီတော့ ဗိုလ်ခင်ညွန့်တို့ အဖွဲ့က ALPဟာ သက်၊ ဒိုင်းနက်၊ မရမာ၊ မြိုတွေရဲ့ ကျေးဇူနဲ့ ဘင်္ဂါလားဒေ့ရှ်မှာ ခိုကပ်နေရတာလို့ အထင်နဲ့ ဗိုလ်ခင်ညွန်ကို ဘင်္ဂလားဒေရှ်သို့ စေလွှတ်ကြတယ်။ ဗိုလ်ခင်ညွန်ကလည်း ရွာတော်က ဗိုလ်မင်းဆီကို သွားပြီး ဆွေမျိုးစပ်လိုက်တာပေါ့။ မရမာဆိုတာ မြန်မာက ဆင်းသက်လာတာ ဆိုပြီး သွားလုပ်ပါတယ်။
ဗိုလ်မင်းဆိုတာ မရမာတွေရဲ့ ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ ဒီနေ့ ဒီအချိန် ရခိုင်လူမျိုးတွေတောင်မှ ဒုက္ခရောက်နေကြတာ။ လူနည်းစုတွေဆို ပိုဆိုးတာပေါ့။ နေရတာကလည်း မူဆလင်တွေကြားထဲမှာ ဆိုတော့ သားပျိုသမီးပျိုတွေ ရှိတဲ့ မိဖတွေအဖို့ စိတ်မအေးနိုင်ဘူးလေ။ ဗိုလ်မင်းလည်း မိမိလူမျိုး အနာဂတ်ခရီးအတွက် ဘယ်စိတ်အေးနိုင်မလဲ။ ဒီတော့ ဗိုလ်ခင်ညွန့်လာတာဟာ ဗိုလ်မင်းအတွက် ရေဆာနေတုံး ရေတွင်းထဲ လိမ့်ကျသလို ဖြစ်သွားတာပေါ့။ မိမိလူမျိုး ရှေးဆက် ရပ်တည်နိုင်အောင် ဗိုလ်ခင်ညွန် ဟြေတာကို မကြိုက်သော်လည်း ခေါင်းညိတ်မိမှာပေါ့။
ဒါကို သမိုင်းနဲ့ ဆွဲဆန့် နိုင်ဖို့
မောင်သန်းဆွေ (ထားဝယ်) က ထီးရနံ့ နန်းရနံ့ စာအုပ်ကို ရေးပြီး အရှင့်အလိုကျ ဆက်သလိုက်တယ် ထင်ပါရဲ့။ သူရဲ့ ထီးရနံ့ နန်းရနံ့ [ ရတနာပုံစာအုပ် - ၅၄ /၂၀၀၅ ခုနှစ်၊ ဧပြီလ]မှာ
** မြန်မာနိုင်ငံတော်ကြီးကို ဒုတိယအကြိမ် စုရုံးတည်ထောင်တော်မူသော ဘုရင့်နောင်မင်းတရားကြီးတွင် သားတော် သမီးတော် ၈၉ ပါး ရှိသည်ဟု အဆိုရှိသည်။ ထိုသားတော် သမီးတော်များမှ ဆင်းသက်သူများကို ယခုအခါ စုံစမ်းဖော်ထုတ်နိုင်မည် မဟုတ်တော့ချေ။ ထိုသို့ ဆင်းသက်သူများအနက် ဘုရင့်နောင်အနွယ်တော်ဟု ဖော်ပြနိုင်သူများ ရှိသေးသည်ကို တွေ့ရသည်။ ထိုအနွယ်တော်တစ်စုသည် ပြည်ပတွင် ယခုတိုင် စိုးမိုးအုပ်ချုပ်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဗင်ဒါဗန်မှ ဗိုလ်မင်းကြီးနှင့် ဆွေတော်မျိုးတော်များ ဖြစ်သည်။ ဗင်ဒါဗန် သို့မဟုတ် ဗိုလ်မင်းတောင် (ရွာတော်) သည် ဘင်္ဂလားဒေ့ရှ်ပြည် စံကုမြစ်ပေါ်တွင် ရှိပြီး ဘူးသီးတောင်နယ်စပ်မှ မြောက်ဘက် မိုင် ၅၀ အကွာတွင် တည်ရှိသည်။ ဗိုလ်မင်းကြီးနှင့် ဆွေတော်မျိုးတော်များမှာ ဘုရင့်နောင်မင်းတရားကြီးကို ဆက်ခံသော သားတော်နန္ဒာဘုရင်မှ တိုက်ရိုက် ဆင်းသက်သူများ ဖြစ်သည်ဟု ဆိုပါသည်။
ဂျီအီးဟာဗေးက ခရစ်နှစ် ၁၅၉၉ တွင် ရခိုင်သည် ပဲခူးကို အောင်နိုင်သောအခါ နန္ဒာဘုရင်၏ သမီးတော် "ခင်မနှောင်း" ကို ရခိုင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရခိုင်ဘုရင်၏ "ပဲခူးမိဖုရား" ဟု တွင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ဩဂတ်စတင်းဂိုဏ်းဝင် ပေါ်တူဂီလူမျိုး ဘရင်ဂျီ ဘုန်းတော်ကြီး ဆီဗာရိုမန်၏ ခရီးသွားမှတ်တမ်းအရမူ ရခိုင်ဘုရင်သည် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ယူလာစဉ် မြန်မာမင်း နန္ဒာဘုရင်၏ သမီးတော်တစ်ပါးကိုလည်း သိမ်းပိုက်ခေါ်ဆောင်ခဲ့ကြောင်း ရခိုင်ဘုရင် ရာဇာကြီးသည် ထိုမင်းသမီးကို မိဖုရားမြှောက်ရာ နောင် (၁၃)နှစ်ကြာ (၁၆၁၂) ခုနှစ်တွင် ဘုရင်နတ်ရွာစံသော် ထိုမင်းသမီးသည် မိဖုရားခေါင်ကြီး အဖြစ် ကျန်ရစ်ခဲ့ကြောင်း၊ သီရိသုဓမ္မမင်း၏ ခမည်းတော် မင်းခမောင်း၏ မယ်တော် မဟုတ်သော်လည်း နန်းမတော်မိဖုရားခေါင်ကြီး အဖြစ်နှင့် အာဏာပိုင် ထိပ်တန်း အမျိုးသမီးအဖြစ် တည်ရှိကြောင်း၊ သီရိသုဓမ္မ ခယဋ်နှစ် ၁၆၂၂ ခုနှစ်တွင် ထီးနန်းဆက်ခံသောအခါတွင် မယ်တော် မိဖုရားခေါင်ကြီး အဖြစ် ဆက်လက်တန်ခိုးကြီးလျက်ပင် ရှိကြောင်း၊ ခရစ်နှစ် ၁၆၃၀ တွင် မန်ရစ်နှင့် တွေ့သောအခါ သူမ၏ အသက်မှာ ၅၅ နှစ်ရှိပြီ ဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါသည်။
ဂျီအီးဟာဗေး၏ အလိုအရ လူဦးရေ ၅၀၀၀ ခန့်ရှိသော မွန်နှင့် မြန်မာများကို ဦးဆောင်သည့် နန္ဒာဘုရင်၏ သားတော်များ ညီတော်တို့နှင့်အတူ သမီးတော် ခင်မနှောင်းကို ရခိုင်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည် ဟု ဆိုပါသည်။ ဗိုလ်မင်းကြီးများ၏ အလိုအရ မင်းသမီး ခင်မနှောင်းနှင့် အဖေတူ မအေကွဲ မင်းသားတစ်ပါးသည် ခရစ်နှစ် ၁၆၁၄ ခုနှစ်တွင် စစ်တကောင်း ဘုရင်ခံ ဖြစ်ခဲ့ကြောင်း၊ ၁၆၂၀ ပြည့်နှစ်တွင် မဂိုတို့နှင့် စစ်ခင်းရာ ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းသဖြင့် ဗိုလ်မင်းဟူသော ဘွဲ့ကို စတင်ရခဲ့ကြောင်း၊ ၁၇၁၀ ပြည့်နှစ်တွင် ထိုဗိုလ်မင်းမှ ဆင်းသက်သော အနွယ်တော်တစ်ဦးသည် မဂိုတို့ကို တိုက်ထုတ်ခဲ့သည် သာမက ရခိုင်ဘုရင် စန္ဒဝိဇယကို ရခိုင်ထီးနန်းသို့ တင်ပေးနိုင်ခဲ့သဖြင့် "ဗိုလ်မင်းကြီး" ဟူသော ဘွဲ့ကို ထပ်၍ ရခဲ့သည်ဟု ဆိုပါသည်။ ၁၇၆၆ ခုနှစ်တွင် စစ်တကောင်းကို မဂိုတပ်များ သိမ်းပိုက်သည်။
ဗိုလ်မင်းနှင့် နောက်လိုက်နောက်ပါများသည် တောတောင်များဘက်သို့ ထွက်ပြီး ရခိုင်တို့ အားကြီးလျှင် ရခိုင်လက်အောက်သို့ လည်းကောင်း၊ မဂိုမင်းတို့ အာဏာကြီးလျှင် မဂိုမင်းလက်အောက်သို့ လည်းကောင်း၊ လက်အောက်ခံအဖြစ် ဝင်ရောက်နေထိုင်ကြသည်။ ဗြိတိသျှတို့ စစ်တကောင်းကို မသိမ်းပိုက်မီ လေးနှစ်အလိုတွင် ဗိုလ်မင်းကြီးနှင့် နောက်လိုက်နောက်ပါများသည် မဂိုအင်ပါယာ လက်အောက်တွင် မရပ်တည်နိုင်တော့၍ ရခိုင်ဘက်သို့ ပြေးခဲ့ကြသည်။** စသည်ဖြင့် ရေးသားထားတာကို တွေ့ရပါတယ်။
အသေအချာ လေ့လာကြည့်ရင် လုပ်ဇာတ်ဆိုတာကို သိနိုင်ပါတယ်။
၁။ ။ အဟြေနဲ့ ကိုးထားတဲ့ စာ တခြားစီ ဖြစ်နေပါတယ်။
၂။ ။ မရမာတွေဟာ ပဲခူးသားတွေဆိုတာကို... မြန်မာ၊ ရခိုင် ဘယ်ရာဇဝင်မှာမှ မရှိဘူး။ ပြီးတော့ မရမာတွေကို အုပ်ချုပ်တဲ့ ဗိုလ်မင်းကိုတောင် ပဲခူးသားတွေထဲက ခန့်အပ်ခဲ့လေသလါး ဆိုတာတောင်မှ ရခိုင်ရာဇဝင်မှာရော မရမာသမိုင်းတွေမှာပါ ခုထိရှာမရသေးတဲ့ ကိစ္စ ဖြစ်နေပါတယ်။ ဗိုလ်မင်းကတော့ အခြေအနေကြည့်ကရင်လည်း ကြည့်ကမှာပေါ့။ ဒါမှမဟုတ် ဗိုလ်မင်းနဲ့ မောင်သန်းဆွေ မတွေ့ပဲ ဗိုလ်မင်းစကား ဆိုပြီးလည်း ဟြေကောင်း ဟြေမှာပေါ့။
၃။ ။ မွန်နဲ့ မြန်မာက စလွယ်ခြည် မတင်။ မရမာသာ စလွယ်ခြည် ( အမျိုးမြတ်ခြင်းရဲ့ သင်္ကေတ ခြည်ကို) တင်တယ်။
၎။ ။ မရမာ အစစ်က အာရီယန်သွေး။ ပဲခူးသားတွေက တိဗက်တို ဗားမားသွေး။ ဒါကြောင့် မရမာတွေဟာ တချိန်က မိမိလူမျိုးကို မိမိတို့က အာရကန်လို့ ဟြေခဲ့ကြတာ ဖြစ်တယ်။ ဆိုကို
သမိုင်းပညာရှင်တိုင်း လက်ခံပါကြောင်း...
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။