Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ပျူ မဟုတ်သော ဗမာ

*******ဗမာသည် ပျူကိုမသိ*****

မြန်မာ့ဆိုရှယ်လစ်ခေတ် ကျောင်းသုံးစာအုပ်၌ ပုဂံဈေးမှအုတ်ခွက်ဘုရား ဟူသော ခေါင်းစဉ်အောက်တွင် ယခုကဲ့သို့ ရေးထားပါသည်။ တနေ့တွင် အနော်ရထာနှင့် ကျန်စစ်သား တို့သည် ကုန်သည်ဟန်ဆောင်၍ ပုဂံဈေးကို လှည့်လည်၍ ကြည့်ရှုရာအုတ်ခွက်ဘုရား ရောင်းနေသော ဈေးသည်ကို တွေ့လေသည်။ (ရွှံ့ဈေးမြေကို ဘုရားရုပ်လုပ်၍ မီးဖုတ်ထားခြင်း ကို အုတ်ခွက်ဘုရား ဟုခေါ်သည်။ ဘုရားများစွာ ရှိတတ် သည်။) ထိုဈေးသည် ထံမှ အုတ်ခွက် ဘုရား ရရှိရာအရပ်ကို စုံစမ်းလေသည်။ တောင်ဘက်အရပ်မှ ရသည်ဟု ထိုဈေးသည် ကဆို သဖြင့် အနော်ရထာနှင့် ကျန်စစ်သားတို့သည် တောင်ဘက်သို့ ချီတက်သွားလေသည်ဟု ရေးသား ထားလေသည်။ တောင်ဘက်တွင် ပျူတို့၏ သရေခေတ္တရာမြို့ တည်ရှိလေသည်။ မှန်နန်းရာဇ၀င် ဦီးကုလားမဟာရာဇ၀င် မြန်မာ့ပြဇာတ်သမိုင်း အင်္ဂလိပ်ခေတ်ထုတ် သမိုင်း ပြည်ထောင်စုခေတ် ထုတ်သမိုင်း ဆိုရှယ်လစ်ခေတ်ထုတ် သမိုင်းတို့မှာ တခုနှင့်တခု မတူ၊

#ဗမာ့သမိုင်းကို ရေးရာ၌ လိုအပ်လျှင်ဖေါ်၊ ၀ှက်သင့်သည်ကိုဝှက်၊ ၀ှက်ထားသည်ကို နောက်ပြန်ဖေါ်၊ စသည်ဖြင့် ဗမာ့သမိုင်းသည် လုံးချာလည်၍ ဖေါ်လိုက် ၀ှက်လိုက်၊ ၀ှက်လိုက် ဖေါ်လိုက် ဖြစ်နေလေသည်။ မှန်နန်းဦးကုလား မြန်မာ့ပြဇာတ်သမိုင်းတို့တွင် ပျူအကြောင်းနှင့် နောက်ခံတို့ကို တွေ့ရသော်လည်း ပြည်ထောင်စုခေတ် သမိုင်းမှာ တမျိုးဖြစ်သွားပြန်သည်။ ဆိုရှယ်လစ်ခေတ် ရောက်လာသောအခါမူ ပျူ ဟူသော လူမျိုးသမိုင်းသည် ဖျောက်ဖျက်ခြင်း ခံရလေသည်။ ထိုထက်မက ဒေါ်ကြန်ရေး ဗမာနိုင်ငံ သမိုင်း စာအုပ်၌ ရခိုင်လူမျိုးနှင့် ရခိုင်ပြည် လည်း မရှိကြောင်းကို တွေ့ရလေသည်။ ထို့ကြောင့်ပင် ယနေ့ခေတ် ဗမာလူငယ်နှင့် တိုင်းရင်း သား လူငယ် တို့မှာ ခေတ်အဆက်ဆက် ဗမာသမိုင်း ပညာရှင် တို့၏ လိမ်လည် လှည့်ဖျား ခြင်းကို ခံရ၍ မှားသည် မှန်သည်ကို မခွဲခြား တတ်ကြတော့ပေ။ ထို့ကြောင့် မိမိတို့၏ မူလ ဇာတ်၊ ဇစ်မြစ် အဖြစ်မှန် သမိုင်းကို မသိနိုင် ဖြစ်ကြရလေတော့သည်။

Credit စာမူ

ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ

Comments