သင်္ကြန်

#ရခိုင်သင်္ကြန်အစဗုဒ္ဓလက်ထက်က
***************************
      
    .ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ဖြစ်​ပေါ်လာခြင်းသည် ရခိုင်သမိုင်းစဉ်၏ တတိယဓညဝတီခေတ် ရခိုင်​ဘုရင်စန္ဓသူရိယမင်းကြီးလက်ထက်တော်တွင် ဓညဝတီရခိုင်ပြည်သို့ ဗုဒ္ဓမြတ်စွာဘုရား ကြွရောက်တော်မူပြီး
မဟာမြတ်မုနိ ဆင်းတုတော်
သွန်းလုပ်ခြင်းသမိုင်းနှင့် ဆက်စပ်ယှဉ်တွဲနေ၏။
မြတ်စွာဘုရားရှေ့တော်မှောက်တွင် မဟာမုနိဆင်းတုတော်သွန်းလုပ်ပြီးစီးသောအခါ  ဘုရင်​စန္ဒသူရိယမင်း နှင့် တိုင်းသူပြည်သားတို့သည်
ဆင်းတုတော်ကို အမွှေးနံသာရည်များဖြင့်
သပ္ပါယ်ခဲ့ကြပြီး ပိုလျှံသော
အမွှေးနံသာရည်များဖြင့် လူအချင်းချင်းလောင်းပတ်ခဲ့
ကြခြင်းမှ သင်္ကြန်ရေလောင်းခြင်းဓလေ့ စတင်ဖြစ်ထွန်းလာခဲ့သည်။
ထိုကြောင့် (ရခိုင်သင်္ကြန်အစ
'ဗုဒ္ဓလက်ထက်တော်ကဟု
အဆိုရှိခဲ့၏။ သို့ဖြစ်၍
ရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွင်။ဘုရားဆင်းတုတော်lစေတီပုထိုးlသိမ်lကျောင်းတို့အား ရေသပ္ပါယ်ပြီးမှသာလျှင်
လူအချင်းချင်းရေ လောင်းပတ်ကြသော  ဓလေ့သည် ရခိုင်အမျိုးသားများ ယနေ့ကာလအထိ စွဲမြဲစွာ
လိုက်နာနေကြသော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အစဉ်
အလာဓလေ့ဖြစ်နေ၏။
ဤသည်ကိုအခြေံ၍ ရခိုင်လူ
မျိုးတို့သည် ရိုးရာသင်္ကြန်ပွဲတော်ကို
၁။နံသာသွေးပွဲ
၂။ဘုရားရေသပ္ပါယ်ပွဲ
၃။သင်္ကြန်ရေလောင်းပွဲ
ဟူ၍ အစီစဉ်အတိုင်း အဆင့်(၃)
ဆင့်ဟူ၍ကျင့်ပလေ့ရှိပါသည်။
      ရခိုင်ရိုးရာသင်္ကြန်ပွဲတော်သည် တစ်မူထူးခြားစွာ ယဉ်ကျေးသိမ်မွေ့ လှသည့်
ချစ်စဖွယ်ရိုးရာ ယဉ်ကျေးမူ
ဓလေ့ l(အမျိုးသားရေးကိုယ်
ပိုင်စရိုက်လက္ခာဏာများဖြင့်
ပြည့်ဝလှသည့် ရိုးရာယဉ်ကျေးမူပွဲံတော်တစ်ခုဖြစ်​သည်​။
ရခိုင်​လူမျိုး တို့ထူးခြား​သောဓ​လေ့တခုမှာ ​လောင်း​လှေများထဲ​ရေထည့်​ကာ လူပျိုအပျို အမျိုးသားအမျိုးသမီး ရခိုင်​သူ၊ရခိုင်​သားများကတဖက်​နှင့်​တဖက်​အပြန်​အလှန်​ ​ရေ​လောင်းခြင်းဓ​လေ့ဖြစ်​သည်​။
ပင်​လယ်​ကမ်းရိုးတန်း​ဒေသ​နေရခိုင်​လူမျိုးတို့သည်​၄င်းတို့ ဝမ်း​ရေးအတွက်​အသုံးပြု​လေ့ရှိ​သော ​လောင်း​လှေများကို မြတ်​နိုးတန်​ဖိုးထားကာယခုကဲ့သို့အသုံးပြုကြခြင်းဖြစ်​သည်​ဟုတချို့က​ပြောဆိုကြသည်​။
ရခိုင်​လူမျိုးတို့၏သင်္ကြန်​ပွဲ​တော်​သည်​ တမူထူးခြားကာယဉ်​​ကျေးသိမ်​​မွေ့စွာလှပ​နေ​လေသည်​။

ကိုကို နိုင်(WesternKing)
အပြာ​ရောင်​စာတန်း​ချေကိုဖိပြီး​ကေ addedပီးခပါနန်းအမျိုးတိ အမျိုးတိနဲ့ခင်​ချင်​လို့ပါ
https://www.facebook.com/profile.php?id=100009262019057

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)