Posts

Where is Rohingya.??

Image
Where is Rohingya.?? April-1934 ခုနှစ်  မြန်မာမွတ်စလင် (အတ္ထုပ္ပတ္တိ) ရေးသားသူ-နေပြည်တော်သား မြန်မာမွတ်စလင်။  သေချာ ဖတ်ကြည့်ကြပါ။  Where is Rohingya.??

သမိုင်းဆိုတာ မမေ့အပ်ရာ (သို့) မမေ့ကောင်းသောဒဏ်ရာဟောင်း

Image
(ရက္ခိုင်နှင့်လူမျိုးတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ) ကရင်တမျိုးသားလုံး နားလည်ထားသင့်တဲ့ တကယ်ဖြစ်ရပ်မှန်သမိုင်း မဖတ်ရသေးသောသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်.... သမိုင်းဆိုတာ မမေ့အပ်ရာ (သို့) မမေ့ကောင်းသောဒဏ်ရာဟောင်း ဒီ ဆောင်းပါး ကို ဒီနေ့ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့်လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို ု့သောသူများက အမြင်ကျဉ်းသူ၊ လူမျို းရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့သို့သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာ၀ယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..တ မြေ့မြေ့နှင့် မကြေနပ်အညို းအတေးထားကာ ကလဲ့စားခြေလို သောသဘောထား ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့လာသုံးသပ် ကာ နောင်တစ်ခါဒီ ...

ဗမာတွေ မွန်သမိုင်းအမှန်တကယ် ၁၀၀% ပေါ်ပေါက်လာမှာကို အသေကြောက်နေတယ် ဘာကြောင့်လဲ

Image
ဗမာသမိုင်းဆရာတွေ ဘာကြောင့်သမိုင်းအထောက်အထာတွေကို ဖျောက်ချင်နေကြတာလဲ  ဗမာတွေ မွန်သမိုင်းအမှန်တကယ် ၁၀၀% ပေါ်ပေါက်လာမှာကို အသေကြောက်နေတယ် ဘာကြောင့်လဲဆိုတော့ သူတို့တွေက ပုဂံမတည်ထောင်မှီ ခြေတလုံး အိမ်တိုင်ဘဝ နဲ့ လှည့်လည်နေထိုင်ခဲ့ကြတယ် အနော်ရထာ ဘုရင် နန်တက်ပြီးမှ မွန်ရဟန်း အရှင် အရဟံ အနော်ရထာနဲ့တွေ့မှ ယဉ်ကျေးသိမ်မွေ့လာတယ် ဘာသာတရားကိုင်ရှုင်းလာတယ် ဒါပြီးတော့မှ မွန်နိုင်ငံ သုဝဏ္ဏဘူမိသထုံကို တိုက်တယ်  နိုင်တယ် စာပေ ရဟန်း ဓာတ်တော် မွေတော် ပန်းဆယ်မျိုး အတတ်ပညာရှင်တွေကိုတ်စ်ယောက်မကျန် ပုဂံသို့ခေါ်သွားပြီး စေတီပုထိုးတည်စေတယ် (ပုဂံမှာ စေတီတွေ အကုန်လုံးထီးတော်တင်နိုင်တာ တင်လို့မရတာ ကျိန်စာ တစ်ခုလို့ယူဆမိတယ်) အဲဒီမှာမှ ဗမာ လူမျိုးနေအိမ်ဆောက်ပြီး နေတတ်လာတ်ယ် ယဉ်ကျေးသိမ်မွေ့လာတယ် ဒီလိုသမိုင်းတွေကြောင့် မွန်သမိုင်းကို ဖျောက်ဖျက်ပြင်ဆင် လိမ်ညာ ဗမာသမိုင်းလုပ် နည်းမျိုးစုံနဲ့ ဗမာမှု ဗမာဟန် ပုံစံသွင်း တကယ်ယုတ်ညံ့ပြီးအောက်တန်းကျတာ ခေတ်သစ်ဗမာ သမိုင်းဆရာတွေသာမကာ အထက်အလွှာက လူကြီးတွေအကုန်လုံးနီးပါးပါတယ် နယ်ပယ်စုံက ပြောချင်တိုင်းပြောနေတာမဟုတ်ဘူး သေချာကွင်းဆင်းလေ့လာပြီးမှ ပြောတာ အဲဒါကြောင့် ဗမာ သမိုင်းဆရ...

ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ

Image
ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ ==================================== ဒင်္ဂါးကို အဘယ်ကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်ဟု ခေါ်ရသနည်းဟူမူကား ဖော်ပြပါ ဒင်္ဂါးတွင် (ဘုရင်မင်း )ဟူသော စာလုံးများကို (ဖုရန်မင်း) ဟု ရေးသားထားသည်မှာ ကျောက်ဖြူ၊ရမ်းဗြဲ၊ မှ ရခိုင်များပြောသော ဒေသိယ စကားလေသံအတိုင်း ရေးထားသည်ကိုတွေ့ရသောကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်မင်းဟု မှတ်ချက်ပြုရခြင်းဖြစ်သည်။ ဒင်္ဂါးတွင် ရေးထိုးပါရှိသည့် စာမှာ(မင်တရားကြီသာတော် အနောက်ဖုရန်မင်၉၅၃)=မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း ၉၅၃) ဟူ၍ဖြစ်သည်။ * အနောက်ဘုရင် “မင်းတရားကြီးသားတော် အနောက်ဘုရင်-၉၅၃” ဒင်္ဂါးများ၏ အချင်းမှာ (၂၄ မီလီမီတာမှ  ၂၆ မီလီမီတာ)ထိရှိကြပြီး၊ အလေးချိန်မှာ ( ၁၀.၀၃ ဂရမ် မှ ၁၀. ၁၆ ဂရမ်) ထိ ရှိကြသည်။  ဒင်္ဂါးတွင် ရခိုင်စာတစ်ဘက်၊ ပါရှန်စာ+ဘင်္ဂလီစာတစ်ဘက် သုံးဘာသာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ ** ဒင်္ဂါးပါ ရခိုင်စာပါသောဘက်ကို အိန္ဒိယဒင်္ဂါးသုတေသီ မီချီနာက “Minta/ya gyi tha / daw anau-/k bha wa shin/ 953=မင်းတ/ရာကြီးသာ/ဒေါ် အနော/က်ဘ၀သျှင်/၉၅၃” ဟူ၍လည်းကောင်း၊ ပါရှန်စာကို   “K...

မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ်

Image
မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ် ၁။ မြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း(၃၀၀) ခန့်လောက်က တကောင်းပြည်ကြီးဍ် အဘိရာဇာမင်း မင်းပြု၏။ ထိုမင်းနတ်ရွာစံသောအခါ သားတော်ကံရာဇာကြီး ကံရာဇာငယ်တို့ ကုသိုလ်စစ်ထိုးကြရာဍ် ကံရာဇာကြီးစစ်ရှုံး၍ ရခိုင်ပြည်နယ် ဓညဝတီမြို့ကို တည်ထောင်၍ မင်းပြုတော်မူ၏။ ကံရာဇာကြီး မင်းမှစ၍ မင်းပေါင်း(၂၈)မြောက်သော အခါ သီရိ ရာဇာမင်း ပေါ်ထွန်းကာ ဝိမလေဒဝီ မိဘုရားနှင့် ထီးနန်းအုပ်ချုပ်မင်းလုပ်ခ့ဲရာ ဝိမလေဒဝီမိဘုရားမွ စန္ဒသူရိယမင်း ဥဒုမ္ဗရဒေဝီ သားတော်၊ သမီးတော်နှစ်ပါးဖွားမြင်တော်မူ၏ ။စန္ဒသူရိယမင်းသည် စန္ဒမာလာ မင်းသမီးအား မိဖုရားမြှောက်၍ မင်းပြု၏။ ၂။ ထိုအခါကာလ မဇ္မိုမဒေသ ဣန္ဒြိယပြည်တွင် မြတ်စွာဘုရား ပွင့်ကြောင်း သတင်းကောင်းကြားရ၍ စန္ဒသူရိယမင်းသည် မြတ်စွာဘုရားအားဖူးမြင်လိုသော ဆန္ဒပြင်းပြလှသဖြင့် နှမတော်ဥဒုမ္ဗရဒေဝီအား ပြောကြားရာဍ် မောင်တော် မြတ်စွာဘုရားတို့မည်သည် ဖူးမြင်လို၍ ပင့်လျောက်ပါက ကြွတော်မူလေ့မယ်၊ သို့အတွက် ရည်မှန်း၍ ပင့်လျောက်တော်မူပါဘုရားဟု လျောက်၏ နှမတော်လျောက်ထားချက်အရ စန္ဒသူရိယမင်းသည် (၇)ရက်ပတ်လုံး ဆွမ်း၊ ရေချမ်း၊ဆီမီး၊ပန်းတို့ဖြင့် လှူဒါန်းကာ ရည်မှန်း၍ ပင့်လျောက်တော်မ...

ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသော ဝေါဟာရအစ

Image
ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသော ဝေါဟာရအစ ============ **************************************************** မြန်မာ့စာပေလောကတွင် ရှေးခေတ်က မှတ်တမ်းမှတ်ရာ ကျောက်စာ၊ပီစာ၊ ရာဇ၀င် စာအုပ်စာတမ်းများ၌ ဘုရင်များ၏ အမည်နှင့် ဂုဏ်ပုဒ်များကိုဖော်ပြရာတွင်  အခေါ်အဝေါ် သုံးစွဲမှုတစ်ခုရှိပါသည်။ ထိုအသုံးအနှုန်းမှာ “ဓမ္မရာဇာ=မင်းတြား=မင်းတရား” ဟူသောစကားရပ်ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံဟု ခေါ်တွင်သော နယ်နမိတ် အဝုိင်းအ၀န်းအတွင်း၌ နေထိုင်ကြကုန်သော မူလဌာနတိုင်းရင်း သားများဖြစ်ကြသည် လူမျိုးများတွင် ကိုယ်ထီးကိုယ့်နန်းကိုယ်ကြငှန်းနှင့် နေထိုင်ခဲ့ကြသော ရခိုင်၊ပျူ၊မွန်၊ဗမာ လူမျိုးများတွင် ထို (ဓမ္မရာဇာ-မင်းတြား=မင်းတရား=တရားမင်း)ဟူသော တော်၀င်စကားရပ် အသုံးအနှုန်းကို လူမျိုးတိုင်းသုံးစွဲခဲ့ကြမည်ဟု ထင်မြင်ယူဆရမိပါသည်။  ပျူ၊ မွန်၊ ဗမာလူမျိုးတို့၌ “ဓမ္မရာဇာ-မင်းတြား-တရားမင်း” ဟူသော စကားရပ်ကို မည်သည့်ခေတ်၊မည်သည့်အချိန်ကာလ စတင်သုံးစွဲရေးထိုးကြသည်ကို တိတိကျကျ ချပြဖို့ရန် ကျွန်တော်လို့ ဘုန်းကြီးကျောင်းသားတစ်ယောက်အနေဖြင့် လွယ်ကူသော ကိစ္စရပ်မဟုတ်သောကြောင့် မစွမ်းဆောင်နိုင်မှာ သဘာ၀ကျလှပေသည်။  သို့သော်လည်း ဓမ္မရာဇာ-...

မြန်မာစာပေလောကမှာ ဘယ်လူမျိုးတို့၏ စာပေ အနှစ်သာရဟာ ထိပ်ဆုံးမှာ ရပ်တည်နေသနည်း။

Image
မြန်မာစာပေလောကမှာ ဘယ်လူမျိုးတို့၏ စာပေ အနှစ်သာရဟာ ထိပ်ဆုံးမှာ ရပ်တည်နေသနည်း။ •••••••••••••••••••••••••• မြန်မာ စာဟာ ပျူက ယူတယ် လာတယ်ဆိုရင် ပျူတွေရဲ့ ကဗျာ လင်္ကါ၊ ဧချင်း  နှင့် ကျမ်းအသီးသီး စသည့်တွေကို ဘာလို့ မြန်မာစာပေမှာ သင်နေရခြင်း၊ ကိုးကားနေရခြင်း၊ မြန်မာစာပေလောကမှာ ထိပ်ဆုံးမှာ ရပ်တည်နေရခြင်း စသည့်များ မရှိရတာလဲ့။ ( ကျတော်ပဲ မသိတာလားတော့ မသိဘူး။) မြန်မာစာပေဟာ မွန်က ယူတယ် လာတယ်ဆိုရင် မွန်တွေရဲ့ ကဗျာ လင်္ကါ၊ ဧချင်း နှင့် ကျမ်းအသီးသီး စသည့်တွေကို ဘာလို့ မြန်မာစာပေမှာ သင်နေရခြင်း၊ ကိုးကားနေရခြင်း၊ မြန်မာစာပေလောကမှာ ထိပ်ဆုံးမှာ ရပ်တည်နေရခြင်း စသည့်များ မရှိရတာလဲ့။ ( ကျတော်ပဲ မသိတာပဲလားတော့ မသိဘူး) ရခိုင်တွေရဲ့ ကဗျာ လင်္ကါ၊ ဧချင်းများ နှင့်  ကျမ်းအသီးသီး စသည့်တွေကျခါမှာ မြန်မာစာပေမှာ သင်နေရခြင်း၊ ကိုးကားနေရခြင်း၊ မြန်မာစာပေလောကမှာ ထိပ်ဆုံးမှာ ရပ်တည်နေရခြင်း စသည့်များ ဘာကြောင့် ဖြစ်နေရတာလဲ့။ ~~~~~~~~~~ Zaw Zaw (ရက္ခပူရတိုင်း)