Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ်

မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ်

၁။ မြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း(၃၀၀) ခန့်လောက်က တကောင်းပြည်ကြီးဍ် အဘိရာဇာမင်း မင်းပြု၏။ ထိုမင်းနတ်ရွာစံသောအခါ သားတော်ကံရာဇာကြီး ကံရာဇာငယ်တို့ ကုသိုလ်စစ်ထိုးကြရာဍ် ကံရာဇာကြီးစစ်ရှုံး၍ ရခိုင်ပြည်နယ် ဓညဝတီမြို့ကို တည်ထောင်၍ မင်းပြုတော်မူ၏။ ကံရာဇာကြီး မင်းမှစ၍ မင်းပေါင်း(၂၈)မြောက်သော အခါ သီရိ ရာဇာမင်း ပေါ်ထွန်းကာ ဝိမလေဒဝီ မိဘုရားနှင့် ထီးနန်းအုပ်ချုပ်မင်းလုပ်ခ့ဲရာ ဝိမလေဒဝီမိဘုရားမွ စန္ဒသူရိယမင်း ဥဒုမ္ဗရဒေဝီ သားတော်၊ သမီးတော်နှစ်ပါးဖွားမြင်တော်မူ၏ ။စန္ဒသူရိယမင်းသည် စန္ဒမာလာ မင်းသမီးအား မိဖုရားမြှောက်၍ မင်းပြု၏။

၂။ ထိုအခါကာလ မဇ္မိုမဒေသ ဣန္ဒြိယပြည်တွင် မြတ်စွာဘုရား ပွင့်ကြောင်း သတင်းကောင်းကြားရ၍ စန္ဒသူရိယမင်းသည် မြတ်စွာဘုရားအားဖူးမြင်လိုသော ဆန္ဒပြင်းပြလှသဖြင့် နှမတော်ဥဒုမ္ဗရဒေဝီအား ပြောကြားရာဍ် မောင်တော် မြတ်စွာဘုရားတို့မည်သည် ဖူးမြင်လို၍ ပင့်လျောက်ပါက ကြွတော်မူလေ့မယ်၊ သို့အတွက် ရည်မှန်း၍ ပင့်လျောက်တော်မူပါဘုရားဟု လျောက်၏ နှမတော်လျောက်ထားချက်အရ စန္ဒသူရိယမင်းသည် (၇)ရက်ပတ်လုံး ဆွမ်း၊ ရေချမ်း၊ဆီမီး၊ပန်းတို့ဖြင့် လှူဒါန်းကာ ရည်မှန်း၍ ပင့်လျောက်တော်မူ၏။

၃။ မြတ်စွာဘုရားသည် ဒိဗ္ဗသောတနားဖြင့် ကြားတော်မူ၍ ဆင်ခြင်တော်မူရာဍ် ဤစန္ဒသူရိယမင်းသည် အတိတ် ဘဝက ငါနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေ တစ်ယောက်ဖြစ်ခဲ့သည်။ ထိုမင်းအား အကြောင်းပြု၍ များစွာသော သတ္တဝါတို့သည် တရားထူး တရားမြတ်တို့ကို ရနိုင်သည်ဟုမြင်တော်မူ၍ နောက်ပါရဟန္တာငါးရား နှင့်တကွ ရခိုင်ပြည်နယ် ဓညဝတီမြို့သို့ကြွပြီး (၇) ရက်ပတ်လုံး သီတင်းသုံး တော်မူပြီးနောက် မဇ္စိုမဒေသသို့ ပြန်ကြွရန် မိန့်တော်မူသောအခါ စန္ဒသူရိယမင်းသည် ဝမ်းနည်းပက်လက်ဖြစ်တော်မူ၍ အမြဲသဖြင့် ကိုးကွယ်ဆည်းကပ်နိုင်ရန် ကိုယ်စားတော်ပေးသနားတော်မူရန် လျောက်၏။

၄။ စန္ဒသူရိယမင်းသည် တိုင်းသူပြည်သားလူအများတို့လှူဒါန်းသော ကိုးကုဋေမျှ တန်ဖိုးရှိသော ရတနာတို့ကို ရရှိသောအခါ မြတ်စွာဘုရားသည် လက်(၇) ဆုပ်သော ရတနာတို့ကိုယူ၍ ငါနှင့်သဏ္ဌာန်တူမျှသော ရုပ်ပွားတော်မြတ်အား သွန်းလောင်းရန် ပေးတော်မူ၏။

၅။ စန္ဒသူရိယမင်းသည် ကိုးကုဋေသောရတနာတို့ကို ရတနာဆင်ဖြူထက်တင်၍ သီရိမကုဋတောင်သို့ ပင့်ဆောင်လျှက် ဝိသကြုံနတ်ဖန်ဆင်းအပ်သော ရတနာမဏ္ဍပ် အလယ်ဍ် သိကြား၊ ဗြဟ္မာမင်းတို့၏ အကူအညီဖြင့် ကျိုချက်ကာ သွန်းလောင်းလိုက်ရာ ယခုဖူးမြင်နေရသည့် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်မြတ်ဖြစ်သော "မြတ်ကိုးပါးဘုရား"အဖြစ်သို့ ရောက်ရှိတော်မူလေသည်။

၆။ ထို "မြတ်ကိုးပါးဘုရား" အားသွန်းလောင်းပြီးသည့်နောက် ကျန်ရှိသောရတနာတို့ကို ဒုတိယအကြိမ် " မဟာမြတ်မုနိ့ဘုရားကြီး"အားထပ်မံသွန်းလောင်းကြပြန်သည်။ ထို့ကြောင့်( ပုံစံတော်ဘုရား) "မဟာမြတ်မုနိ ဘုရား" ကြီး၏ရှေးဦးကျ၍ (နောင်တော်ကြီးဘုရား)ဟူ၍ ရှေးယခင်က ခေါ်တွင်တော်မူခ့ဲလေသည်။

၇။ စန္ဒသူရိယမင်းသည် "မြတ်ကိုးပါးဘုရား" အား နန်းတော်သို့ ပင့်ဆောင်၍ " မဟာမြတ်မုနိ့ဘုရား" ကိုယ်တော်မြတ်အား ၄င်း သီရိမကုဋတောင်ထိပ်ပေါ်တွင် ရတနာမဏ္ဍပ်ဆောက်လုပ်ခါ မင်းအဆက်ဆက် ကိုးကွယ်တော်မူခဲ့သည်။  ကိုးကွယ်ခဲ့သော ရခိုင်မင်းပေါင်းမှာ (၁၄၁)ဆက်တိုင်အောင် ကိုးကွယ်ဆည်းကပ်တော်မူခဲ့လေသည်။

၈။ သက္ကရာဇ် (၁၁၄၆)ခုနှစ်သို့ ရောက်တော်မူသောအခါ ဘိုးတော်ဘုရားသားတော် အိမ်ရှေ့ ဥပဇာမင်းသည် ရခိုင်ပြည်ကို သိမ်းပိုက်ပြီးနောက် ယခု" မြတ်ကိုးပါးဘုရား"နှင့် မဟာမြတ်မုနိ တစ်ဆူအား မြန်မာပြည် အမရပူရသို့ ပင့်ဆောင်လာကာ မဟာမြတ်မုနိ့ဘုရားအား နန်းတော်ဦးစွယ်တော်စင်တွင် ထားကာကိုးကွယ်တော်မူခဲ့သည်။

၉။ ဘိုးတော်ဘုရား၊ ဘကြီးတော်ဘုရား၊ရွှေဘိုမင်း၊ပုဂံမင်း၊မင်းတုန်းမင်းအားဖြင့် မြန်မာမင်းပေါင်း ငါးဆက်တိုင်အောင် ကိုးကွယ်တော်မူခဲ့သည်။ ထိုကဲ့သို့ မင်းဆက်အလိုက် နန်းဦး နန်းစင် ဘုရားဟူ၍ တတိယမြောက်ဘွဲ့တော်ထူးဖြင့် ချီးကျူးပူဇော်ကြပြန်သည်။

၁၀ ။ မင်းတုန်းမင်းလက်ထက် စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင်ချောင်တွင် သီတင်းသုံးတော်မူသော မင်းဆရာပထမ ထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် မင်းတုန်းမင်းထံမှ အလှူခံ၍ သက်ထက်ဆုံးကိုးကွယ်တော်မူခဲ့သည်။ ထွဋ်ခေါင်ဆရာတော် ဘဝနတ္ထံ ပျံလွန်တော်မူသောအခါ ရေကြည်မြို့ဘုတ်ချောင်းရွာ ဘုတ်ချောင်းကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူသော တူတော်သူ ဦးသုဘူတိ( ဦးရွှေကြူ) ဆရာတော်သည် စစ်ကိုင်းတောင်ရိုး ထွဋ်ခေါင်ချောင်သို့ ကြွသွားကာ " မြတ်ကိုးပါးဘုရား" နှင့်တကွ ဆရာတော်ဘုရားကြီး အမြဲသုံးဆောင်တော်မူသော ပုတီး၊တောင်ဝှေး စသည်တို့ကို ပင့်ဆောင် ယူငင်၍ ဘုတ်ချောင်းကျေးရွာသို့ ပြန်လည်ရောက်ရှိတော်မူခဲ့လေသည်။ ၁၂၄၂ ခုနှစ်၊ ဘုတ်ချောင်းကျေးရွာသို့ရောက်ရှိတော် မူလေသည်။

( ပုလဲ၊ သန္တာ၊စိန် ကြောင်မျက်ရွဲ၊ မြ၊ဥဿဘုရား၊ပတ္တမြား၊ဂေါ်မုတ်၊နဝရတ်ကိုးပါးအား ပေါင်းစပ်လျှက် ပုံစံတော်ဘုရား နောင်တော်ကြီးဘုရား၊နန်းဦးနန်းစင်ဘုရား၊မြတ်ကိုးပါးဘုရားဟု ဘွဲ့သတ်မှတ်၍ ဆပ်ကပ် ကျော်ကြားခဲ့သည်။)

မြတ်ကိုးပါးဗုဒ္ဓကိုယ်စား ရုပ်ပွားတော်မြတ်၏ အံ့ဘွယ်တော်(၉)ပါး
............................

၁ ။ မင်းအဆက်ဆက် ကိုးကွယ်ခြင်း။
၂ ။ မပွတ်မတိုက်ပဲ ရောင်တော်ကွန့်မြူးခြင်း
၃ ။ စိန်ရွှေပတ္တမြား ယှဉ်ကာထားလျှင် အရောင်မှေးမှိန်ခြင်း။
၄ ။ ဖူးမြင်သူတိုင်း အံ့သြ၍ မကုန်နိုင်ခြင်း။
၅ ။ ဖူး၍မဝ ၊ မရောင့်ရဲနိုင်ခြင်း။
၆ ။ ဉာဏ်တော်အနိမ့်အမြင့် အလေးချိန်အမှန်မရခြင်း။
၇ ။ အခြားမြို့ရွာသို့ ကြွလိုပါမှ ပေါ့ပါးခြင်း။
၈ ။ အန္တရာယ်ရှိရာအရပ်၌ အရောင်တော် ညှိးမှိန်ခြင်း။
၉ ။ အန္တရာယ်မရှိရာအရပ်၌ ဘုန်းတော် တောက်ပခြင်း။

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ဘုတ်ချောင်းကျေးရွာ တွင် သီတင်းသုံးတော်မူသော " မြတ်ကိုးပါးဘုရား"





Comments