Posts

၁၇ ရာစု မြောက်ဦးမြို့ မြင်ကွင်း

Image
Remrat Mog   ၁၇ ရာစု မြောက်ဦးမြို့ မြင်ကွင်း ဘုရင့်မြို့တော်ရခိုင် d’Conincklycke Hoofstadt Arrakan (ie. de koninklijk hoofstaldt Arakan) လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပုံထဲက A ကနေ G ထိဟာဘာကိုဆိုတာလဲဆိုတာ သိချင်ခဲ့တာကြာပါဘီ။ ခု အဲဒါလေးကို အကြမ်းဖျဉ်း ဘာသာပြန်ပေးလိုက်ပါတယ်။ ပုံထဲက လာသာစကားဟာ ဒတ်ခ်ျ မဟုတ်ပါဘူး။ ဒတ်ခ်ျနဲ့နီးစပ်တဲ့ Frisian စကားဖြစ်ပါတယ်။ A. နန်းမြို့ရိုး B. ရခိုင်ရဲ့ မဟာနဒီ C. ပေါ်တူဂီ ရပ်ကွက်ကို သွားတဲ့လမ်း D. ရွှေရောင်ခေါင်မိုးနဲ့ ဘုရား E. တံခါး F. ဆေးပင်များ? G. ရခိုင်မြို့ ost-Indische voyagie (1678) by Schouten, Wouter d' Conincklycke Hoofstadt ARRAKAN (pp 152-153) မှတ်ချက်။ မြောက်ဦးမြို့ကို Arakan (ရခိုင်မြို့) လို့ ခေါ်သလို ကုလားတန်မြစ် ကိုလဲ Arakan (ရခိုင်မြစ်) လို့ အစောပိုင်းမှာခေါ်တယ်။

ဒတ်ခ်ျအမျိုးသားပြတိုက် နှင့် ပဲခူး

Image
Remrat Mog 21 hours ago ဒတ်ခ်ျတွေရဲ့ပုံတွေထဲက ပဲခူးနဲ့ ပဲခူးသားတွေ။ (ဒတ်ခ်ျအမျိုးသားပြတိုက်- ရိုက်စ်က်စ်မူဇေဥူမ် က ရသည်) Hoofdman Smith bij de Virginianen; Koninklijk feest in Pegu Virginiaense Ceremonien / Ceremonies de Virginie // Konings Feesten tot Pegu (title on object) Les Indes Orientales et Occidentales et autres lieux (series title) Voorstelling in twee delen. Links de Engelse hoofdman Smith bij de Virginianen. Smith ligt vastgebonden op een mat op de grond. Een man buigt over hem heen. Andere personen dansen in een kring om hem heen. Op de achtergrond de koning. Op de rechter voorstelling een feest bij de koning van Pegu. De koning en de koningin besproeien elkaar met water. Rechts een olifant met triomfwagen. Met een legenda in het Nederlands en het Frans. De prent maakt deel uit van een album. Portugees op olifant te Pegu Baldadigheid van een Portugees, aan eene Peguaansche bruid gepleegd (title on object) Een Portugese officier op een olifant rijdt een dorp ...

သျှစ်သောင်း ပုထိုးတော်ကြီး

Image
သျှစ်သောင်းပုထိုးတော်ကြီး === === === === === မြောက်ဦးမြို့နန်းရာကုန်းမှ မြောက်ဘက်မိုင်ဝက်မျှအကွာတွင်တည်ရှိပါသည်။ ဖိုးခေါင်တောင်၏အနောက်ဘက်ခြမ်းကို ခါးလယ်မှ မြေညှိထားသောကုန်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုကုန်းအမြင့်အမှာ မြေညီပြင်မှ ပေ (၄၀)မျှ မြင့်ပါသည်။  ပုထိုးတော်ကြီး၏ အကျယ်အဝန်းမှာ အလျား (၁၆၀)ပေ၊ အနံ (၁၂၄)ပေ၊ ဉာဏ်တော်မှာ (၈၆)ပေ မြင့်ပါသည်။ မြောက်မှတောင်သို့ ကာရံထားသော တံတိုင်းအရှည်မှာ (၁၈၀)ပေ မြင့်ပါသည်။ အရှေ့မှအနောက်သို့ (၂၂၀)ပေ ရှည်လျားသော တံတိုင်းဖြင့်ကာရံထားပါသည်။ တောင်နှင့်မြောက် ဝဲယာတစ်ဘက်တစ်ချက်စီ၌ စေတီငယ်များကို အကွာအဝေးတူညီစွာ တည်ထားပါသည်။ ထိုစေတီများကြား၌ အမြင့် (၃)ပေခွဲကျော် ဗြက် (၃)ပေ ခန့်ရှိ မျက်နှာနှစ်ဘက်တွင် ကျောက်ဆစ်ရုပ်ကြွများပါသော ကျောက်ချပ်များရှိသည်။တောင်​ဘက်​ပတ်​လမ်းရှိ အရံ​စေတီငယ်​များကြား အတွင်းဘက်​မှမြင်​ရ​သော လက်​ရာများမှာ  _နတ်​သကြား ဧရာဝဏ်​ဆင်​စီး​နေဟန်​ _မဟာပိန္နဲနတ်​ ကေသရာဇာခြ​င်္သေ့ကိုစီး​နေဟန်​ _မဟာပညာ​ကျော်​အမတ်​ _မင်္ဟိသကနတ်​ကျွဲ _​မျောက်​မင်း _အဠာဝကဘီလူး _အနုဿနှင့်​သီဟရာဇာ (မနုသီဟ) _ဘီလူးပုံ _ကဋိကာရ မဟာဗြဟ္မာ...

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

Image
ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ် =========================== ရခိုင်လူမျိုးတို့တွင် ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ရှိခဲ့ပြီး ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့သည် လူမျိုးကွဲ၊ လူမျိုးခြားများနှင့် လက်ထပ်ခြင်းကို ရှောင်ရှားလေ့ ရှိကြသည်။ ရမ္မာဝတီ ရခိုင်သူ၊ ရခိုင်သားများမှာလည်း ထိုနည်းတူစွာပင် မြန်မာနိုင်ငံအနှံ့ စီးပွားရှာ လုပ်ကိုင်နေကြသော်လည်း အိမ်ထောင်ပြုသည့်အခါ မိမိတို့ ရခိုင်သူ ရခိုင်သားအချင်းချင်း သော်လည်းကောင်း၊ မိမိတို့၏ အရပ်ဒေသသို့ပြန်လာ၍ ဒေသခံ များနှင့် သော်လည်းကောင်း၊ အိမ်ထောင်ပြု ထိမ်းမြားလေ့ရှိကြပါသည်။  သို့ဖြစ်၍ ယနေ့ထက်တိုင် ရခိုင် ဟူ၍ လူမျိုးတစ်မျိုးအဖြစ် ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် မားမားမတ်မတ် ရပ်တည်နိုင်ခြင်း ဖြစ်လေသည်။ ယဉ်ကျေးမှုပျောက်က လူမျိုးပါ ပျောက်မည်ဖြစ်၍ လူမျိုးမပျောက်အောင် ရခိုင်သားတိုင်း ယဉ်ကျေးမှုဓလေ့ထုံးစံများကို သမိုင်းပေးတာဝန်တစ်ရပ် အနေဖြင့် ထိန်းသိမ်းထားရပေမည်။  ယခုခေတ်တွင် လူထုဆက်သွယ်ရေး လျှင်မြန်လာခြင်းကြောင့် ကမ္ဘာနှင့်အ၀ှမ်း လက်လှမ်း မီလာနိုင်သော်လည်း တစ်ဖက်တွင...

ရခိုင်ရိုးရာ ကျင်ပွဲ

Image
ရခိုင်ရိုးရာ ကျင်ပွဲ “ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည်ကို တွိရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီ ဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူရွီးဖွဲ့ထားသည်။ ဆယ့်နှစ်လရာသီလင်္ကာ ပိုဒ် တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော် တာ ရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။ လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါး မည် တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်းကောင်း မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါးများကိုရွီးသားခရာ- “ကျင်ဟူသည်မှာ ကျားနှင့် ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်း ကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်း ဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊...

မြောက်ဦးမြို့ ရွှေနန်းတော် သမိုင်း အကျဉ်း

Image
မြောက်ဦးမြို့ ရွှေနန်းတော်သမိုင်းအကျဉ်း ++++++++++++++++++++++++++++++++ ဓမ္မရာဇ်ရာဇာမင်းလွန်လျှင် ထိုမင်၏ တူမတော်လင်ဖြစ်သော လက်ဝဲမြန်သတိုးအောင်ကို ပြည်သူအပေါင်းနှင့် မှူးမတ်တို့ ညီညွတ်ကာ နန်းအပ်ကြလေသည်။ မိဖုရားစောမယ်ပုံနှင့် ဘိသိက်ခံ၍ (၁၇၈၂) ခု (၁၄၄၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်)တွင် ရွှေနန်းတက်၏။ မဟာသမ္မတဘွဲ့ကို ခံယူ၍ တံဆိပ်ကို မဟာ သမ္မတ မင်းတရားဟု ခတ်နှိပ်သည်။ လက်ဝဲမြန်ကုလားဖြူ  လက်ယာမြန်မောင်ထွေးနှင့် မှူးမတ်တို့အား အဆောင်အယောင် ထီးစလွယ် သင်း ကျပ်တို့ကို ပေးသနား၏။ ငါးဇင်ရိုင်းချောင်းတွင် ငသံတွေသည် သောင်းကျန်းလာပြန်၍ မဟာသမ္မတရာဇာ ချီတက်လေလျှင် ထွက်းပြေးရလေသည်။ နောက်တွင် သစ္စာဝင်ခံလာ၍ ငသံတွေအား ကုလားတန်စား ပေး အပ်၏။ တစ်ဖန် ကုလားတန်မှရသော ဘဏ္ဍာတို့ကို သိမ်းယူပြီး ဘုရင်အား ထောင်ထား၏။ ဓါးပိုင်ကြီး ငသံတွေဟု နာမည်ကြီးလေသည်။ ဓမ္မရဇ်ရာဇာ၏သားတော် လက်ဝဲမြန်ကုလားဖြူသည် သမ္မတရာဇာမင်းတရားကို မခစားလိုသောကြောင့် မြို့ တော်မှထွက်သွားပြီး ပိန်းနဲချောင်းမှ ပုန်ကန်နေသော ကောင်းညွန့်ရန်တိုင်၊ ထွန်းပေါ်ဝေတို့နှင့် သွားပေါင်း ကာ ရဲမက်ဗိုလ်ပါနှင့်ချီလာပြီး တပ်မော်အရပ်တွင် လှေတည်၍နေ၏။ သမ္မတရာဇာမင်းကြ...