Posts

ဂင်္ဂါကိုပဲ ပြန်လည်စီးဆင်းပါရစေ ဧရာဝတီရယ်

Image
ဂင်္ဂါကိုပဲ ပြန်လည်စီးဆင်းပါရစေ ဧရာဝတီရယ် •••••••••••••••••••••••••*********** ဒီဆောင်းပါးထဲမှာလက်ရှိရက္ခိုင်ပြည်အတွင်းမှာဖြစ်ပွားနေတဲ့ရက္ခိုင့်တပ်မတော်နဲ့ဗမာစစ်တပ်တိုရဲ့တိုက်ပွဲတွေနဲ့ပတ်သတ်ပြီးရက္ခိုင်လူမျိုးတွေရဲ့ အတိတ် ၊ ပစ္စုပ္ပာန် ၊အနာဂတ် စတဲ့အကြောင်းအရာတွေကို ဗမာကလောင်ရှင် တစ်ယောက်ပီပီပျားရည်ဆမ်းထား တဲ့ သံလျက်ကဲ့သို့ ကလောင်သွားနဲ့ထိထိမိမိရေးဖွဲ့ ထားပါတယ်။တစ်ခုလောက်ပြောချင်တာကသင်တို့ရဲ့ အဆိပ်လူးထားတဲ့ နားဝင်ချိုစကားလုံးတွေကြောင့် ငါတို့ရက္ခိုင်တွေလည်း ခေါတ်သစ်မှာနှစ်ပေါင်း၆၀ ကျော် ထောင်းထောင်းကြွေ ခဲ့ပြီးပါပြီ ။ သင်တို့ပြောသလိုရက္ခိုင်ရိုးမကိုရွှေချမလို့နဲ့တူပါ တယ်။ဒီလောက်သစ်ပင်ဝါးပင်တွေနဲ့ အုံဆိုင်းနေတဲ့ ရက္ခိုင်ရိုးမကြီးကို ပြောင်သလင်းခါသွားတဲ့ အထိ တောင်ကတုံးဘဝကိုအရောက်ပို့ခဲ့ပြီးပြီ ရှေးခေတ် ရခိုင့်ယဉ်ကျေးမှုဗိသုကာလက်ရာတွေလည်းအာဏာရှင် ဖက်ဆစ်ဧရာဝတီရဲ့ အကြမ်းဖက် ဖျက်ဆီးမှု အောက်မှာ ၇၀% ခန့် ပျက်စီးခဲ့ရပြီ။ ရခိုင့်ပင်လယ်ပြင် ရေအောက်ကြမ်းပြင်ကလည်း ဂလိုင်ခေါင်းကြီးတွေ ဖြစ်နေပြီ။တစ်နေ့ပင်လယ်ရေ အောက်ငလျင်လှုပ်ခဲ့ရင် ဆူနုာမီလို ရေတက်တဲ့ဒဏ် ကိုခံရမှာကဘယ်သူတွေဖြစ်မလဲမတွေးရဲတော့ပေ။ ရက္ခိုင...

သင်္ဂါယနာ နှင့် ရခိုင် ၊ ရခိုင် နှင့် ဦးနု

Image
သင်္ဂါယနာ နှင့် ရခိုင် ၊ ရခိုင် နှင့် ဦးနု  °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° သာသနာနှစ် ၄၅၀ တွင် သီဟိုဋ်ကျွန်း၌ စတုတ္ထသံင်္ဂါယနာ တင်ခဲ့လေသည်။ ရဟန္တာ အရှင်မြတ်များနှင့် ပုထုစဉ် ရဟန်းတို့ ညီညီညွတ်ညွတ်ဖြင့် မာဂဓဘာသာမှ သီဟို ဘာသာသို့ ပေထက်အက္ခရာတင် ရေးသားခဲ့ကြသည်။ ထိုအချိန်က အိန္ဒိယ၌ကါး ဂိုဏ်းအမျိုးမျိုး ကွဲပြား၍ ဘေးရန်တွေ့ကါ ထေရာဝါဒ ပိဋကတ်များ မရှိသလောက် ကွယ်ပျောက်ကုန်လေသည်။ ထိုအခါ ရဟန္တာအရှင်သူမြတ်တို့ ညွန်ကြားမှုဖြင့် အရှင်မဟာ ဗုဒ္ဓဃောသကို သီဟိုကျွန်းသို့ သွားစေ၍ ပေထက်တင်ထားသော ပိဋကတ်တော် တို့ကို သီဟိုဋ်ဘာသာမှ မာဂဓဘာသာသို့ ကူးယူစေသည်။ အထာကဌာတို့ကိုလည်း သီဟိုဋ်ဘာသာမှ မာဂဓ ဘာသာသို့ ပြန်ဆို ရေးသားစေခဲ့သည်။ ယ္ခုအခါ မြန်မာပြည်၌ သုံးစွဲနေသော ပါဠိတော် အထာကဌာတို့မှာ သီဟိုဋ်မှ အရှင်မဟာ ဗုဒ္ဓဃောသ မထေရ် ဆောင်ယူခဲ့သော ပိဋကတ် များပင်ဖြစ်ပါသည်။  ဓည၀တီရခိုင်ပြည်တွင် ရမ္မာဝတီအပိုင် ရနီကြီး ပေါက်တူးတောင် ကျေးရွာနေ အဘ ဦးစိန်ချမ်းအောင်၏သား မောင်ကျော်လှသည် ဃောသ အမည်ဖြင့် သာမဏေဘ၀မှ ရဟန်းဖြစ်လာသည်။ စာပေအရာတွင် နှံ့စပ်သိမြင် ထိုးထွင်းဥာဏ် ရှိသော ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ထိုအချိန်၌ သီဟိုဋ်ကျွန်းတွင် စတုတ္ထသင်္ဂါယနာ...

ရခိုင်နှင့်သီဟိုဠ် သီဟိုဠ်နှင့်ရခိုင်

Image
ရခိုင်နှင့်သီဟိုဠ်  သီဟိုဠ်နှင့်ရခိုင်တွင် သာသနာတော် ခရီကို မဟာဝံသပါဠိတော်၌ အောက်ပါအတိုင်း မိန့်ဆိုထားသည်။ =-=-=-=-=-=-=-=-=-=-=-===-=-=-=-=-=-=-= ( ပါဠိတော် ) ဥပသမ္ပဒမ္ပိပိ ကာရေ စိန္တေတွာ ဓရဏ...

ဗုဒ္ဓသည် ရခိုင်လူမျိုး

Image
ဗုဒ္ဓသည် ဗမာလူမျိုး ဆိုနေသောလူများအတွက် °°°°°°°°°°°°°°°°°°°°°°°° လက်ရှိ ဗုဒ္ဓဘဝဟာ အိန္ဒိယမှာ လူဖြစ်တယ် အိန္ဒိယကို ဘေးဖယ်လိုက်ရင် ဗုဒ္ဓသည် ရခိုင်လူမျိုးဆိုရင် အမှန်ကန်ဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ် ။  အဘယ်ကြောင်းနည်း.. သိဒ္ဒတ္ထမင်းသာ အမည်ဖြင့် အိန္ဒိယနိုင်ငံမှာ မွေးဖွားတာပဲ ။ မှန်တယ် ဒါက လက်ရှိ ဘဝ မှပေါ့ ။ ဒီတော့ သိဒ္ဒတ္ထမင်းသား မဖြစ်ခင် အတိတ်ဘဝအဆက်ဆက် ကျင်လည်ခဲ့ပုံ ရှိနေတာကို ၊ ကြည့်လည့် အတိတ်​ကာလတစ်ခုမှာ လက်ရှိ ဓညဝတီမြို့က ရခိုင်ဘုရင် စန္ဒသူရိယမင်း နဲ့ သူငယ်​ချင်းဖြစ်ခဲ့သော ဂေါတမ ဘုရားဖြစ်တော့ ကိုယ်ပွားတော်တောင် ထားခဲ့တာပဲ ။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး ၊ ရက္ခိုင်ပြည်မှာ လူဖြစ်လိုက် တိရစ္ဆာန်​ဖြစ်လိုက် ကျင်လည်ခဲ့ပုံ မနည်းခဲ့ပဲ။ ဓညဝတီရခိုင်ပြည်သို့ ရောက်တော်မူစဉ် အရပ်ထက်ဝန်းကျင်သို့ ကြည့်ရူတော်မူ၍ ပြုံးတော်မူ၏ မြတ်​စွာဘုရား ပြုံတော်မူတာကို ညီတော် အာနန္ဒ္ဒာမြင်လည်သောအခါ လက်​အုပ်​ချီတော်မူပြီး အကြောင်းကိုလျှောက်လည်သော မြတ်​စွာဘုရားက ဤသို့မိန့်တော်မူ၏ ချစ်သားအာနန္ဒာ မဇ္ဈိမဒေသ သောဠသနဂိုရ်ပြည်ကြီးတို့၏ အနီးအစပ် အရှေ့တောင်အရပ်ဖြစ်သော ဤဓညဝတီပြည်သည် အလွန်ထင်ရှားမြင့်မြတ်သော တိုင်းပြည်ဖြစ်ပေ...

ရှေးတုန်းက ယာဉ်ပျံကြီးအကြောင်း အိန္ဒိယ အစ

Image
အသောက မင်းကြီးနှင့် Vaimana နည်းပညာများ ================================ ဘုရားကျောင်းထဲမှာ တွေ့ရသော နှစ် ပေါင်း ၃၀၀၀ လောက်က ယာဉ်ပျံပုံတွေဟာ အီဂျစ် (Cairo)မှ ဖြစ်ပါတယ်။ ဒီ ယာဉ်ပျံ ပုံစံတွေရဲ့ ရင်းမြစ်က ရှေးအိန္ဒိ ယ ဘက် ယဉ်ကျေးမှုက ဆင်းသက်လာခဲ့တာပါ။ ဒီပုံနဲ့ပါတ် သတ်ပြီး မှတ်တမ်းများကို တရုတ် သုသေသနပညာရှင်မှ နှစ်အနည်းငယ် တွင် တိဘက် (Lhasa) မှရှိခဲ့ပြီး Chandrigarh တက္ကသိုလ် က Dr. Ruth Reyna ထံ မှာ ဘာသာပြန် ခဲ့ရာ အာကာသ ယာဉ်တည်ဆောက်ပုံ ရင်းမြစ်ဖြစ်ကြောင်း သိခဲ့ရပါတယ်။ အလယ် ဗဟို မှာသက်ရောက် နေတဲ့ကမ္ဘာ့ ဆွဲအား ကို အမည်မသိ တဲ့စွမ်းအင် တစ်မျိုးနဲ့ခြေဖျက် ထားတဲ့ အပေါ်မှာ အခြေခံတဲ့ တည်ဆောက်မှုမျိုး ဖြစ်ပါသည်။ ရှေးခေတ် ဟိန္ဒူစတန်နီဘာသာကို လေ့လာသူ Stephen-Knapp ၏ကြိုးစား ရှင်းပြမှုတွင် (mercury vortex engine) ဟုခေါ်သော ပြဒါးစွမ်းအင်လှိုင်းအသုံးပြုသော ယန္တရား ဖြစ်ကြောင်းသိရသည်။ ယာဉ်ပျံ ကိုယ်ထည် အတွင်းပိုင်း တွင် လေ အဝင်အထွက် ကိုယ်ထည်ကိုတပ်ဆင်ကာ (Solar Mercury boiler) နေရောင်ခြည်သုံး မာကြူရီ ဘွိုင်လာထဲ့သွင်းထားပြီး အင်ဂျင်မှထွက်လာသည့် အပူဖြင့် လေလှိုင်း ဂရက်ကို အသုံးပြု ကာ ထိမ်းသိမ်းမောင်းနှင...

ဗြိတိန်နိုင်ငံ စကော့တလန်ပြည်ရောက် ရခိုင်ဘုရင် သီရိသုဓမ္မရာဇာခေတ် အမြောက်

Image
*မြောက်ဦးခေတ်ရခိုင်ပြည်သုံးအမြောက်ကြီးများနှင့် အမြောက်ပေါ်တွင် ရေးထိုးထားသည့်ကမ္ပည်းစာများ* . ခရစ်နှစ် ၁၄၃၀ မှ ၁၇၈၅ အထိ ထွန်းကားခဲ့သော မြောက်ဦးခေတ်ကို ယေဘုယျအားဖြင့် အပိုင်းသုံးပိုင်းခွဲခြားလေ့ရှိကြသည်၊ မြောက်ဦးတည်ထောင်သော ၁၄၃၀ မှ ၁၅၃၀ ပြည့်လွန်နှစ်များအထိကို ပထမမြောက်ဦးခေတ် တန်ခိုးထွားချိန်ဖြစ်သည့် ၁၅၃၀ ပြည့်လွန်နှစ်များမှ ၁၆၃၈ အထိကို ဒုတိယမြောက်ဦးခေတ်နှင့် ၁၆၃၈ မှ မြောက်ဦးမြို့တော်ကျဆုံးချိန်ဖြစ်သည့် ၁၇၈၅ အထိကို တတိယမြောက်ဦးခေတ်အဖြစ် ယေဘုယျသတ်မှတ်ကြပါသည်၊ ပထမမြောက်ဦးခေတ်ကာလသည် တိုင်းပြည်ထူထောင်ဆဲကာလဖြစ်ပြီး ရခိုင်ပြည်နှင့် နယ်ချင်းထိစပ်နေသည့် ဘင်္ဂါဒေသအား ရခိုင်ဘုရင်တို့ ရံဖန်ရံခါ တိုက်ခိုက်မှုများရှိခဲ့သော်လည်း ကာလရှည်ကြာစွာ နယ်မြေသိမ်းပိုက်မှုများ မပြုလုပ်နိုင်ခဲ့ပေ၊ဒုတိယမြောက်ဦးခေတ်တွင် မင်းဗာဘုရင်၏ ဘင်္ဂါဒေသ စစ်တကောင်းနယ်အား နယ်မြေချဲ့ထွင် ပိုင်စိုးခြင်းနှင့်အတူ ရခိုင်ဘုရင်နိုင်ငံသည် တန်ခိုးကြီးထွားခဲ့ပါသည်၊ ဤဒုတိယမြောက်ဦးခေတ်တွင် ပေါ်တူဂီများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ဥရောပ၏ခေတ်ပေါ်လက်နက်များကို ရရှိခဲ့ကာ ခေတ်မီကာကွယ်ရေးနည်းစနစ်များအပါအဝင် ခေတ်မီခံတပ်တည်ဆောက်ရေး နည်းပညာမျာ...

ဗမာ(မြန်မာ)စာပေဟု အမည်​တပ် ကဏ္ဍ ဖြစ်တည်လာခြင်း

Image
ဗမာစာပေ ကဏ္ဍ ဖြစ်တည်လာခြင်း °°°°°°°°°°°°°°°°°°°°°°°°° ပုဂံခေတ် ကျန်စစ်သားမင်း လက်ထက်မှစ၍ ပျူစာပေ အရေးအသား တိမ်ကော ပျောက်ကွယ်၍ မရမာစာဟုခေါ်သော မြန်မာစာကို ဗမာတို့ ရေးသားလာခဲ့ကြသည်။ သို့သော် ပုဂံခေတ်စာပေမှာ မော်ကွန်း ကဗျာ လင်္ကါ ဋီကါ အဆင့် တွင်သာရှိသည်။ စစ်ကျမ်း ဗေဒင်ကျမ်း ဆေးကျမ်း ကြံကျမ်း ပကါကျမ်း စသော နီတိကျမ်းများကို ရေးသား နိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။ အင်းဝခေတ်တွင် ၀န်ကြီးပဒေသရာဇာသည် သူဇာပျို့ မဏိကတ် ပျို့ တို့ကို စီကုံး ရေးသား၍ ဗမာတို့၏ စာပေအဆင့်အတန်းကို မြှင့်တင်ပေးခဲ့သည်။ သို့သော်ရခိုင်စာပေနှင့် နှိုင်းယှည်လျှင်မူ စာကြီးပေကြီးကို ရေးသားနှိုင်သော အဆင့်သို့ မရောက်ရှိခဲ့ပေ။ ၁၁၄၆ ခုရခိုင်ပြည်ကို သိမ်းယူပြီးနောက်မှ ဗမာတို့၏ စာပေသည် တဟုန်ထိုး တိုးတက် လာသည်။ ကုန်းဘောင်ခေတ်တွင် ဗမာတို့သည် ရခိုင်ပြည်မှ ယူဆောင်လာခဲ့သော သင်္သကရိုက်ဘာသာ ပါဠိဘာသာ မရမာဘာသာ တို့ဖြင့်ရေးသားထားသော ပုရပိုဒ်ကျမ်းစာ အမျိုးမျိုး တို့ကို လုံးစေ့ ပါတ်စေ့ ဖတ်၍ နားမလည်ကြပေ။ ထို့ကြောင့် ညောင်ကန်ဆရာတော်နှင့် မောင်းထောင်း သာသနာပိုင် ဆရာတော်နှစ်ပါး တို့သည် အိန္ဒိယနိုင်ငံသို့သွား၍ သင်္သကရိုက်နှင့် ပါဠိစာပေကို သင်ကြားခဲ့ကြရ...