Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရှေးတုန်းက ယာဉ်ပျံကြီးအကြောင်း အိန္ဒိယ အစ


အသောက မင်းကြီးနှင့် Vaimana နည်းပညာများ
================================


ဘုရားကျောင်းထဲမှာ တွေ့ရသော နှစ် ပေါင်း ၃၀၀၀ လောက်က ယာဉ်ပျံပုံတွေဟာ အီဂျစ် (Cairo)မှ ဖြစ်ပါတယ်။
ဒီ ယာဉ်ပျံ ပုံစံတွေရဲ့ ရင်းမြစ်က ရှေးအိန္ဒိ ယ ဘက် ယဉ်ကျေးမှုက ဆင်းသက်လာခဲ့တာပါ။
ဒီပုံနဲ့ပါတ် သတ်ပြီး မှတ်တမ်းများကို တရုတ် သုသေသနပညာရှင်မှ နှစ်အနည်းငယ် တွင် တိဘက် (Lhasa) မှရှိခဲ့ပြီး Chandrigarh တက္ကသိုလ် က Dr. Ruth Reyna ထံ မှာ ဘာသာပြန် ခဲ့ရာ အာကာသ ယာဉ်တည်ဆောက်ပုံ ရင်းမြစ်ဖြစ်ကြောင်း သိခဲ့ရပါတယ်။
အလယ် ဗဟို မှာသက်ရောက် နေတဲ့ကမ္ဘာ့
ဆွဲအား ကို အမည်မသိ တဲ့စွမ်းအင် တစ်မျိုးနဲ့ခြေဖျက် ထားတဲ့ အပေါ်မှာ အခြေခံတဲ့ တည်ဆောက်မှုမျိုး ဖြစ်ပါသည်။
ရှေးခေတ် ဟိန္ဒူစတန်နီဘာသာကို လေ့လာသူ Stephen-Knapp ၏ကြိုးစား ရှင်းပြမှုတွင်
(mercury vortex engine) ဟုခေါ်သော ပြဒါးစွမ်းအင်လှိုင်းအသုံးပြုသော ယန္တရား ဖြစ်ကြောင်းသိရသည်။
ယာဉ်ပျံ ကိုယ်ထည် အတွင်းပိုင်း တွင် လေ အဝင်အထွက် ကိုယ်ထည်ကိုတပ်ဆင်ကာ (Solar Mercury boiler) နေရောင်ခြည်သုံး မာကြူရီ ဘွိုင်လာထဲ့သွင်းထားပြီး အင်ဂျင်မှထွက်လာသည့် အပူဖြင့် လေလှိုင်း ဂရက်ကို အသုံးပြု ကာ ထိမ်းသိမ်းမောင်းနှင်ရ သည့် စံနစ် များဟု ပြောပြပါသည်။
ယာဉ်ထဲတွင် မာကြူရီ လှောင်ကန် ၄ ခုထဲ့သွင်းထား သည်ဟုယူဆရသည်။
အိန္ဒိယ အင်ပါယာ မင်းကြီး အသောက(Ashoka BC 268 – 232 ) လက်ထက်တွင် 9 Unknow man ( အမည်မသိ လူကိုးဦး) သိပ္ပံပညာရှင် အဖွဲ့
ဆိုတာရှိပါတယ် သူတို့က ရှေးခေတ်အိန္ဒိယ နယ်ပယ်က အတက်ပညာရှင်တွေ ပါ ဒါကို အာသောကမင်းကြီးက စစ်တိုက်ဖို့ ရွယ်ပြီး ထိမ်းသိမ်း သူကောင်းပြုခဲ့တာပါ 
သှူုတို့ကို လျို့ဝှက်စွာ ဖွဲစည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာများ ကိုပြုစုစေပါတယ်။
(အသောကမင်းကြီး၏ အမည်မသိ ပညာရှင် ၉ ဦး ပါဝင်သော လျို့ဝှက်အသင်းကြီး အား အောက်ပါလင့်တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
အသောက မင်းကြီး ဟာ သူတို့ ၉ ဦး ကို သိပ္ပံ ဘာသာရပ်များအားလုံး စုစည်းပြီး စာအုပ် ၉ အုပ် ရေးသားစေခဲ့ပါတယ် စာအုပ် ရဲ့ နမ်မည်
က (The Secrets of Gravitation) ကမ္ဘာ့ စွဲအားလှို့ဝှက်ချက် များဆိုတဲ့စာအုပ်တွေပါ။
အာသောက အင်ပါယာ လက်ထက် မတိုင်မှီ နှစ်ထောင်ပေါင်းများစွာ က 'ရာမ' အင်ပါယာ ပျက်စီး ခဲ့တာလည်း ဒီနည်းပညာ တွေ ဘဲဖြစ်တယ်ဆိုတာ အာသောက မင်းကြီး သိပြီးသားဖြစ်ပါတယ်။
ဒါ့ကြောင့် အိန္ဒိယ Jodhpur မှာ ထောင်ပေါင်းများစွာ ဟာ ထူးဆန်းတဲ့ ခေတ်လွန်
နည်းပညာ လက်နှက် တစ်မျိုးကြောင့် နှစ်ထောင်ပေါင်းများစွာ ကတည်းက အစုလိုက် အပြုံလိုက်မျိုးပြုတ် ကုန်တာ သိဖူး ကြမှာပါ။
စကားမစပ်။ ။
ကျွန်တော်တို့ ငယ်ငယ်က အိပ်ယာဝင် ပုံပြင်
တွေထဲက တစ်ခုဖြစ်တဲ့ 'စက္ကောမ' နည်းပညာ ဆိုတာ ကြားဖူးကြမှာ ယန္တရားတွေကို(Incantation) ဂါထာတွေ (Magic Spell) တွေနဲ့ နိုးထစေတဲ့ နည်းပညာတွေ ပါ ဒီနည်းပညာတွေဟာ အင်ပါယာ စစ်ပွဲတွေ မှာအသုံးချပြီး စက္ကောမ နည်းပညာ တွေကို မိခင်နိုင်ငံမှလွဲပြီး တစ်ခြားနိုင်ငံကို သယ်ယူခွင့်မရှိပါဘူး အကယ်၍ တခြားနိုင်ငံမှာ အသုံးပြုလျင် အသုံးပြုသူသေဆုံးစေပါသည်။ ဒီနည်းပညာတွေဟာ ရာမ (Rama)တို့ ဒဿဂီရိ ဒါဗီဒီယန်း (dravidian) တွေ လက်ထက် က ပညာတွေဖြစ်သည်ဟု တွေးဆ နိုင်ပါသည်အိန္ဒိယ အနောက် ဘက် Jodhpur
ဘက်မှာ တော့ တော်တော် ခေတ်စားခဲ့ပါတယ်။
( ဒါပေမဲ့ စက္ကောမ နည်းပညာ ရှိခဲ့တာ confirm တော့ မဖြစ်ဘူးနော သိသလောက်ပြောပြတာ )
အသောက မင်း ကြီးက စာအုပ် ၉ အုပ်ထဲမှ တစ်အုပ်ကို လှို့ဝှက်စွာ သိမ်းစည်းထားခဲ့ပါတယ်။
သို့သော် မူလ စာအုပ် ၉ အုပ် သည် ယနေ့အချိန်မှာ ဘယ်နေရာမှာ ရှိသလဲ တိတိကျကျ မသိနိုင်ပေမဲ့ တိဘက်/မြောက်အမေရိက နှင့် အိန္ဒိ လှို့ဝှက် စာကြည့်တိုက်တွေ ထဲမှာ ရှိနေနိုင်ပြီး အလွန်ခက်ခဲသည့် ရှေးခေတ် ဟိန္ဒူဘာသာများဖြင့် ရေးသားထားကြောင်း
ခန့်မှန်းကြသည်။
သို့သော် ကမ္ဘာ့ဆွဲအားခြေဖျက်ခြင်း နည်းပညာ အစိတ် ပိုင်း တစ်ချို့တစ်လေ ကိုတော့ရှေးခေတ်ဟိန္ဒူဘာသာတွေနဲ့ရေးထားတဲ့
Yajurveda (ရာဂျားဗီဒ)/
Mahabharata(မဟာဟာရတ)/
Samarangana(ဆာမာရန်ဂန) အစရှိ သည့်
စာအုပ်များထဲတွင် တွေ့ရနိုင်သည်။ 
1870 ခုနှစ် မတိုင်မှီ Calcutta ကောလိပ်တွင် ရှေးခေတ် အိန္ဒိယ အာကသယာဉ် ပျံသန်းမှု ဆိုင်ရာ အကိုးအကားဖေါ်ပြမှုများ ကို စာပုံနိပ် ထုတ်ဝေခဲ့ဖူးပါတယ်။
1895 ခုနှစ်မှာ ဟိန္ဒူ သိပ္ပံ နှင့်နည်းပညာ တည်ထောင်၍ ရှေးခေတ် နည်းပညာ စာအုပ်ထဲမှ ဖေါ်ပြချက် အတိုင်း စက်ယန္တရားတွေကိုလေပေါ်ပျံသန်း ဖို့ကြိုးစားကြပါသေးတယ်။
မူရင်းစာအုပ် မဟုတ်ခဲ့သည့် အတွက် အဆင်မပြေခဲ့ပေ။
1500 – 500 BC Vedic ခေတ် ကျမ်းစာအုပ်ထဲတွင် လေပေါ်မှာ ပျံသန်းနေ ၍ ဘုရားများစီးသော အာကာသ ယာဉ်တွေကို တွေ့ရှိ ရပြီး၎င်း အာကာသ ယာဉ်တွေကို Vimanas ဗီမန်နစ်တွေ လို့ခေါ်ပါတယ်။
ဟိန္ဒစတန်နီ ဘာသာ အရ Vimana vidya
ဆိုတာ ယာဉ်ပျံကြီးတွေ လို့ပြောတာပါ။
Vimanas တွေဆိုတာ ပန်းကန်ပြား ပုံစံ/
တြိဂံ ပုံစံ/ ဆေးပြင်းလိပ် ပုံစံ မျိုးစုံ ရှိပါတယ်။
တဖန်
1875 ခုနှစ် တွင် အိန္ဒိယ ဘုန်းကြီးကျောင်း တစ်ခုထဲ၌ BC 4ရာစုနှစ် ရှေး ခေတ် ဟိန္ဒူဘာသာဖြင့် ရေး ထားသော Vaimanika Shastra ဗင်မန်နီက သျှတြရ ဆိုတဲ့ စာအုပ် ကို
ရှာဖွေ တွေ့ရှိခဲ့ ရာ စာအုပ်ထဲတွင် ကမ္ဘာ့ ဆွဲအား ကို ဆန့်ကျင်ပျံသန်း နိုင်သည့် Vimanas ခေါ်သော ယဉ်ပျံများ ရဲ့ ပျံသန်းခြင်းဆိုင်ရာ နည်းလမ်းများ/ မုန်တိုင်းနှင့် တွေ့လျှင် မည်သို့မည် ပုံ လုပ်ဆောင်ရမည်
နေရောင်ခြည် စွမ်းအား အသုံးပြုပုံ နှင့် အမြင့် တွင် ပျံသန်း ရမည့် နည်းလမ်းများကို တဖန်ပြန်လည် တွေ့ရှိ ခဲ့ရပြန်ပါတယ်။
Vimanas ယုံကြည်သူ အိန္ဒိယ ပညာတက်များ နှင့် ဥယောပ တို့ပေါင်း ကာ
မာကြူရီ ဒြပ်ပေါင်းများ ဖြင့် လေပေါ်ပျံ သန်း
နိုင်သည့် နည်းလမ်း အဖုံဖုံကို ကြိုးစား တီထွင် ခဲ့ပါသေးသည်။
သို့သော် နည်းပညာပိုင်း ခြွတ်ချော် မှုများရှိခဲ့ပါသည်။
1870 နှင့်1895 ခုနှစ်တွင်အိန္ဒိယ တို့ စမ်းသပ်တည်ဆောက် ရန် ရှေးခေတ် အာကာသ ယာဉ်တွေရဲ့ Drawing နှင့်
မာကြူရီ လောင်စာ သုံးပြီး ကမ္ဘာ့ ဆွဲအားကို ဆန့်ကျင်မည့် အင်္ဂျင် ဒီဇိုင်းများကို ထဲ့သွင်းဖေါ်ပြပေးလိုက်ပါတယ်။