Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သင်္ဂါယနာ နှင့် ရခိုင် ၊ ရခိုင် နှင့် ဦးနု

သင်္ဂါယနာ နှင့် ရခိုင် ၊ ရခိုင် နှင့် ဦးနု 

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°



သာသနာနှစ် ၄၅၀ တွင် သီဟိုဋ်ကျွန်း၌ စတုတ္ထသံင်္ဂါယနာ တင်ခဲ့လေသည်။ ရဟန္တာ အရှင်မြတ်များနှင့် ပုထုစဉ် ရဟန်းတို့ ညီညီညွတ်ညွတ်ဖြင့် မာဂဓဘာသာမှ သီဟို ဘာသာသို့ ပေထက်အက္ခရာတင် ရေးသားခဲ့ကြသည်။ ထိုအချိန်က အိန္ဒိယ၌ကါး ဂိုဏ်းအမျိုးမျိုး ကွဲပြား၍ ဘေးရန်တွေ့ကါ ထေရာဝါဒ ပိဋကတ်များ မရှိသလောက် ကွယ်ပျောက်ကုန်လေသည်။ ထိုအခါ ရဟန္တာအရှင်သူမြတ်တို့ ညွန်ကြားမှုဖြင့် အရှင်မဟာ ဗုဒ္ဓဃောသကို သီဟိုကျွန်းသို့ သွားစေ၍ ပေထက်တင်ထားသော ပိဋကတ်တော် တို့ကို သီဟိုဋ်ဘာသာမှ မာဂဓဘာသာသို့ ကူးယူစေသည်။ အထာကဌာတို့ကိုလည်း သီဟိုဋ်ဘာသာမှ မာဂဓ ဘာသာသို့ ပြန်ဆို ရေးသားစေခဲ့သည်။ ယ္ခုအခါ မြန်မာပြည်၌ သုံးစွဲနေသော ပါဠိတော် အထာကဌာတို့မှာ သီဟိုဋ်မှ အရှင်မဟာ ဗုဒ္ဓဃောသ မထေရ် ဆောင်ယူခဲ့သော ပိဋကတ် များပင်ဖြစ်ပါသည်။ 



ဓည၀တီရခိုင်ပြည်တွင် ရမ္မာဝတီအပိုင် ရနီကြီး ပေါက်တူးတောင် ကျေးရွာနေ အဘ ဦးစိန်ချမ်းအောင်၏သား မောင်ကျော်လှသည် ဃောသ အမည်ဖြင့် သာမဏေဘ၀မှ ရဟန်းဖြစ်လာသည်။ စာပေအရာတွင် နှံ့စပ်သိမြင် ထိုးထွင်းဥာဏ် ရှိသော ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ထိုအချိန်၌ သီဟိုဋ်ကျွန်းတွင် စတုတ္ထသင်္ဂါယနာတင်၍ မာဂဓ ဘာသာမှ သီဟိုဋ်ဘာသာသို့ ပေထက်အက္ခရာ တင်ကြလေသည်။ ထိုအကြောင်းကို ရခိုင်ပြည်ရှိ ရဟန္တာအရှင် သူမြတ်တို့ ကြားသိလေလျှင် ဃောသ မထေရ်ကိုခေါ်၍ ရခိုင်မူနှင့် သီဟိုဋ်မူ တူမတူ ကွဲပြားခြားနားမှု ရှိမရှိ ညှိနှိုင်းရန်အတွက် သီဟိုဋ် ကျွန်းသို့ စေလွှတ်လေသည်။ ဃောသမထေရ်သည် သီဟိုသို့ရောက်လျှင် မိမိလာရသည့် အကြောင်းစုံကို ရဟန္တာ အရှင်မြတ် တို့ထံ လျှောက်ထား ပြောကြားလေသည်။ သီဟိုဋ်ရှိ ရဟန္တာအရှင် မြတ်တို့က ဃောသမထေရ်သည် ဗုဒ္ဓ၏ အမွေ အနှစ်ကို ထိမ်းသိမ်းနိုင်မည့် ပုဂ္ဂိုလ် ဟုတ်မဟုတ် သိလို၍ သဂ္ဂဓ၀ဂ္ဂသံယုဂ် ဂါထါနှစ်ပုဒ်ကို တစ်ညတည်းနှင့် ကျမ်းတစ်စောင် ပြုရန် ခိုင်းစေလေသည်။ ဃောသမထေရ်၏စိတ်တွင် ရဟန္တာ ရှင်မြတ်တို့ ပေထက်တင်ထားသော ဘုရားဟော တရားတော် များကို မကြည့်ရှုရဘဲနှင့် ကျမ်းတစောင် ပြုစု ခိုင်းခြင်းသည် သာသနာကို မညစ်နွမ်း စေလို၍ ဖြစ်မည်ဟု နှလုံး သွင်းကာ နေ၀င်ချိန် ညဦးတွင် အစပြု၍ နံသာဆီမီးဖြင့် သဂ္ဂဓ၀ဂ္ဂ သံယုဂ် ဂါထါနှစ်ပုဒ်ကို အကျယ်ဖွင့်ဆိုသော ၀ိသုဒ္ဓိမဂ်အထာကဌာကို ပါဠိဘာသာဖြင့် ရေးသား လေသည်။ ညဦးယံတွင် အချောပြီး၍ အိပ်ရာနံဘေးတွင် ထား၍အိပ်လေသည်။ တရေးနိုး လာသောအခါ ထိုကျမ်းစာမှာ မရှိတော့ပေ။ ဒုတိယတဖန် အစားထိုး၍ ရေးပြန်ရာ သန်းခေါင် ယံတွင် အချောပြီးပြန် လေသည်။ ကျမ်းစာပြီး၍ တဖန်အိပ်ပြန်လေသည်။ တရေးနိုးလျှင် ဒုတိယကျမ်းစာမှာလည်း ပျောက်ဆုံးနေပြန်လေသည်။ တတိယအကြိမ်ရေးပြန်ရာ အာရုဏ် မတက်မှီ အပြီးသို့ ရောက်ပြန်လေသည်။ ထိုပေစာကို ငါမှအပ တစ်ဦးတစ်ယောက်မှ ယူ၍ မရစေသားဟု အဓိဌာန်ပြီးလျှင် ရင်ဘတ်တွင် တင်၍အိပ်ရာ နိုးလာသောအခါ မိမိရင်ဘတ်တွင် တင်၍အိပ်သော ပေစာ အပြင် ယခင် ရေးထားသော ပေစာနှစ်ထုတ်ကို ဦးခေါင်းရင်းတွင် ပြန်၍ တွေ့ရလေသည်။ ထိုအကြောင်းကို ရဟန္တာ အရှင်မြတ်တို့ထံ လျှောက်၍ အထာကဌာ ပေမူ သုံးစုံကို တပါတည်း အပ်လေသည်။ ရဟန္တာ အရှင်မြတ် တို့သည် မာဂဓဘာသာဖြင့် ရေးထားသော ထိုအထာကဌာ သုံးစောင်ကို စစ်ဆေးကြည့်ရှုရာ ၏သည် မလွဲ အထာကဌာ သုံးစောင်မှာ တစ်ခုတည်းသာ ဖြစ်ကြောင်း တွေ့ရလေသည်။ ရဟန္တာအရှင်မြတ်တို့က ဃောသမထေရ်အား 
ဗုဒ္ဓက္ကင်္ုရ ဖြစ်၍သာ တစ်ညတည်းနှင့် ၏ သည် မလွဲ အထာကဌာ တစောင်ကို သုံးစောင် ဖြစ်အောင် ရေးသားနိုင်သော ပုဂ္ဂိုလ်ထူး အဖြစ် ချီးမွန်းကြလေသည်။ ထိုအချိန်မှစ၍ ဃောသမထေရ်မှ ဗုဒ္ဓဃောသ ဖြစ်လာလေသည်။ (ဗုဒ္ဓ က္ကင်္ုရ = ဘုရားကဲ့သို့ အလုပ်ကို လုပ်နိုင်သောသူ) ထိုရှင် မဟာဗုဒ္ဓဃောသ မထေရ်သည် မာဂဓဘာသာ ပါဠိစာပေမှ ဗုဒ္ဓတရားတော် များကို မရမာဘာသာ ရခိုင်စာပေသို့ ကူးပြောင်းပေးခဲ့သော ပုဂ္ဂိုလ်ထူးဖြစ်သည်။ နမောတသ ဘဂ၀တော အာရဟတော သမ္မာသမ္ဗုဒ္ဓသတိ တည်းဟူသော မာဂဓဘာသာစကားကို ရခိုင်အသံ ထွက်ဖြင့် အများသူငါ နားလည်အောင် မရမာဘာသာဖြင့် ရေးသားခဲ့သော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ရှင်မဟာ ဗုဒ္ဓဃောသ၏ အတ္ထုတ်ပတ္တိတို့မှာ မြောက်ဦးမြို့တော်ရှိ ကျောင်းတိုက်ကြီး ၃၅၀ နှင့် ပေစာများ ကြေးပုရပိုဒ်များကို ဗမာတို့မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် အစအန ရှာမရဘဲ သက်ကြီးစကား သက်ငယ်ကြား ဟူ၍သာ မှတ်တမ်းတင် ထားနိုင်ခဲ့ကြသည်။ 



ဦးဘစောကို သာသနာရေးဝန်ကြီးဖြစ်စေသော စာအုပ်

၁၉၅၈ ခုနှစ် ၀န်ကြီးချုပ်ဦးနုသည် သာသနာတစ်ဝက် မင်းကောင်းတစ်ဆက် ကိန်းဖြင့် ဆဋ္ဌမအကြိမ် သင်္ဃာယနာတင်ရန် စီစဉ်လေသည်။ အကြိုညှိနှိုင်း ဆွေးနွေးပွဲများကို အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော် ကြီးမှုး၍ လုပ်ဆောင်လေသည်။ ဆရာတော်မှာ သက်တော် ၀ါတော် ငယ်သော်လည်း ပိဋကတ် သုံးဘုံကို အာဂုဏ်ဆောင်နိုင်သော ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ဦးနုအစိုးရသည်လည်း လွန်စွာအခွင့်အရေး ပေးလေသည်။ သင်္ဂါယနာ မတင်မှီ အကြို ဆွေးနွေးညှိနှိုင်းပွဲ တစ်ခုတွင် ရခိုင်သား ဘုန်းတော်ကြီး နှစ်ပါး ပါဝင်လေသည်။ တစ်ပါးမှာ ရမ်းဗြဲမြို့မှ ဦးးသုန္ဒရ ဖြစ်ပြီး တစ်ပါးမှာ ဇင်ချောင်း နန်းရာကုန်း (ကုန်ဘောင်ကြီး) ရွာဖွားဖြစ်၍ှ စနဲပေါက်ပြင် ရွာတွင် ကျောင်းစားခဲ့သော ဆရာတော်ဖြစ်သည်။ ထိုညှိနှိုင်းဆွေးနွေးပွဲတွင် ပါဠိကို အနက်ပြန်ကြရာ ဆရာတော်ဝိစိတ္တသာရာဘိဝံသက ပဉ္စမသင်္ဂါယနာမူအတိုင်း ဘန္တေအရှင်မဟာကဿ ဘုရား ဟူ၍ ကဿပကို ဘုရား ဟူ၍ တိုက်ရိုက်ပြန်ဆိုလေသည်။ ထိုအခါ ရခိုင် ဆရာတော် နှစ်ပါးက ကဿပ သည် ဘုရားမဟုတ် ရဟန္တာသာဖြစ်၍ ဘန္တေ အရှင်မြတ် ကဿပ၊ ဘန္တေ အရှင်မဟာ ကဿပ၊ ဟုသာ အနက်ပြန်မှ သင့်မည် ဘုရားဟူ၍ မထည့်သင့် ဂိုဏ်းသင့်နေသည်ဟု ဆိုကြလေသည်။ ထိုအခါ ၀ိစိတ္တသာရသည် အသက်ပင် ငယ်သော်လည်း မင်းဆရာဖြစ်၍ ပညာဂုဏ်မောက်ကာ ရခိုင်မှ ဆရာတော် နှစ်ပါးကို အဖက်မတန်သော စကါးကို ပြောဆိုလေသည်။ ဆရာတော် နှစ်ပါးလည်း အားမတန်သဖြင့် ကိုယ်တော် သဘောဟု ပြော၍ ကျောင်းတိုက်သို့ ပြန်ကြွလာကြလေသည်။ မဟုတ်လျှင် ဆတ်ဆတ်ထိ မခံတတ်သော ဆရာတော်ဦးသုန္ဒရသည် ဗမာပြည်၌ ထေရာဝါဒ ဗုဒ္ဓဘာသာ သာသနာ မရှိကြောင်းကို သုတေသနပြု စာအုပ်တစ်အုပ်ကို မအိပ်မနေ ရေးသားလေသည်။ ထို့နောက်ဆရာတော်သည် တပည့်တကါတို့ ထံမှ ရသမျှငွေကြေးတို့ကို အလျှူခံ၍ စာအုပ် ၂၀၀ ထုတ်ရန် စာစီဆရာတို့ ထံတွင် အပ်နှံ လေသည်။ ထိုစာမူကို ၀န်ကြီးချုပ်ဦးနု ရရှိသွားသော အခါ ကြံရာမရ ဖြစ်သွားလေသည်။ အကယ်၍ ဤစာအုပ်သည်သာလျှင် ဗမာပြည်အနှံ့၌ ပြန့်သွားခဲ့လျှင် ဗမာတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ်မှုသည် အရှက်တကွဲ အကျိုးနဲစရာ ဖြစ်လာမည်ကို ၀န်ကြီးချုပ် ဦးနုသည် ကောင်းကောင်းကြီး သိရှိသွားလေသည်။ ထို့ကြောင့် ၀န်ကြီးချုပ် ဦးနုသည် ရမ်းဗြဲမြို့ဇာတိ အောင်စေတီရပ်ဖွား ကျောက်ဖြူမြို့မှ လွတ်တော် အမတ် ဖြစ်လာသော ပါဠိနှင့် ဗုဒ္ဓစာပေကို မတတ်ကျွမ်းသော ဦးဘစောကို သာသနာရေး ၀န်ကြီး ရာထူးကို ခန့်အပ်လေသည်။ ၀န်ကြီးဦးဘစောသည် တစ်ရပ်တည်း(တစ်ရွာတည်း)သား ဆရာတော် ဦးသုန္ဒရအား စာမူမှားကြောင်း မမှန်ကြောင်းကို ပြောဆို၍ စာအုပ်မထုတ်ပါရန် လျှောက်ထား တောင်းပန်လေသည်။ ဆရာတော်လည်း ၀ိစိတ္တ ဘာပြောသည် မှတ်သလဲ ဟုပြောခါ မဖြစ်မနေ ထုတ်ဖြစ်အောင် ထုတ်မည်ဟု ပြောဆိုလေသည်။ ပြော၍
မရသည့် အဆုံး၌ ဦးဘစောသည် ဦးနု၏ အကြံပေးချက်အတိုင်း ဆရာတော်ကို သာသနာရေး ၀န်ကြီးဌာနမှ တရားစွဲဆိုကြောင်း စာကို မိမိ ကိုယ်တိုင် ယူဆောင်၍ ပေးလေသည်။ ဆရာတော်လည်း ဖတ်ကြည့်ရာ ရုံးချိန်းရက် ပါရှိသည်ကို မတွေ့သဖြင့် တကာဦးဘစော ကိုယ်တော်လာရမည့် ရုံးချိန်းရက်ကိုသာ ပြောပါ ငါလာခဲ့မည် ဟုဆိုလေသည်။ သာသနာရေးဝန်ကြီး ဦးဘစောမှာ ဆရာတော် အကြောင်းကို ၀န်ကြီးချုပ်ထံ တင်ပြရာ ဦးနုလည်း သင်္ဂါယနာတင်ရန် ရက်လည်း နီးကပ်လာခြင်း၊ အကယ်၍ သင်္ဃယနာမတင်မှီ ဤစာအုပ်ထွက်၍ ပြည်သူတို့ လက်ထဲသို့ ရောက်သွားပြန်လျှင်လည်း ဗမာတို့ကိုးကွယ်သော ဗုဒ္ဓဘာသာ အတွက် အခက်ကြုံ မည်ဖြစ်သည်။ ထိုစာအုပ်ကြောင့် ၀န်ကြီးချုပ် ဦးနုသည် မရှုနိုင် မကယ်နိုင်ဖြစ်နေစဉ် ဦးဘစောက စာအုပ်အားလုံးကို သာသနာရေး ၀န်ကြီးဋ္ဌာနမှ ၀ယ်ယူရန်တင်ပြလေသည်။ ထိုအကြံအစည်အတိုင်း ဦးဘစောသည် ထုတ်ဝေသူထံမှ စာအုပ်အားလုံးကို ငွေလက်ငင်းပေး၍ ၀ယ်ယူပြီး ၀န်ကြီးချုပ်ထံ အပ်နှံလေသည်။ ထို့ပြင်နောက်ထပ် ဤစာအုပ်ကို သာသနာရေး ၀န်ကြီးဋ္ဌာနမှ အမိန့်စာ မရမချင်း လုံးဝမထုတ်ဝေရ ဟူ၍ တားမြစ်သွားလေသည်။ ဆရာတော်လည်း စာအုပ်ရိုက်၍ ပြီးမပြီးသိချင်၍ စုံစမ်းရန်သွားသောအခါ စာအုပ် အားလုံးကို သာသနာရေး ၀န်ကြီးဦးဘစော ၀ယ်ယူသွားကြောင်းကို သိရလေသည်။ မိမိရေးသော စာကို မိမိ ကိုယ်တိုင် မဖတ်ရသော ဆရာတော်မှာ ဒေါသထွက်၍ ဆူလေသည်။ ၀န်ကြီးဦးဘစောလည်း တစ်ရပ်တည်း တရွာတည်းသား ဖြစ်သော ဆရာတော်အား စာအုပ် ၂ အုပ်ကို လျှူလေသည်။ ဦးနုအစိုးရ၏ ညစ်ပတ်မှုကို မခံရပ်နိုင်သော ဆရာတော်သည် ထိုစာအုပ် ၂ အုပ်ကို ယူ၍ ရန်ကုန်မှ ရမ်းဗြဲမြို့သို့ ပြန်ကြွလာလေသည်။ အချုပ်ဆိုရလျှင် ပါဠိနှင့် ဗုဒ္ဓစာပေကို စနစ်တကျ မတတ်သော ဦးဘစော၏ သာသနာရေးဝန်ကြီး ဖြစ်ရခြင်းသည် ဆရာတော်ဦးသုန္ဒရ၏ စာအုပ် ကြောင့်ဆိုသည်မှာ လွန်စွာထင်ရှားလေသည်။ 



၁၉၅၈ ခုတွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုသည် သာသနာတ၀က် မင်းကောင်းတစ်ဆက် ကိန်းအရ ဆဌမ သင်္ဂါယနာ မတင်မှီ အကြိုညှိနှိုင်းပွဲတွင် ရခိုင်မှဆရာတော် များနှင့် ပြသနာ ဖြစ်ပွားခဲ့ပြီးနောက် ၀ိစိတ္တသာရာဘိဝံသ နှင့် ၀န်ကြီးချုပ်တို့ နှစ်ဦးသည် ရခိုင်မှ ရဟန်းသံဃာများ မပါဘဲ သင်္ဂါယနာတင်ရန် ကြံကြလေသည်။ သင်္ဂါယနာတင်ရာတွင် ဒုတိယခေါင်းဆောင်ဖြစ်သော မဟာစည်ဆရာတော် ဘုရား ကြီးသည် ရခိုင်မှ ရဟန်းမပါလျှင် မဖြစ်ဟူ၍ ၀န်ကြီးချုပ်ကို အကြံပေးလေသည်။ ဆရာတော်၏ အကြံပေးချက်အရ ၀န်ကြီးချုပ် ဦးနုသည် သာသနာရေးဝန်ကြီး ဦးဘစော ကို တာဝန်ပေးလျှက် သာသနာနှင့် အစိုးရကို မဆန့်ကျင်သည့် ရခိုင်ဆရာတော် တစ်ပါးပါးကို ရှာဖွေပေးရန် စေခိုင်းလေသည်။ ရန်ကုန်မြို့ ကျောက်မြောင်းတွင် သီတင်းသုံးနေတော်မူသော ရခိုင်သောတုဇန အဖွဲ့၏ ခေါင်းဆောင် တစ်ဦးဖြစ်သော မာန်အောင်သား ဦးကေသရ နှင့် ဦးဘစောသည် တွေ့ဆုံ ဆွေးနွေး လေသည်။ ဦးဘစော၏ စီစည်ပေးချက်အရ ဆရာတော် ဦးကေသရသည် ၀န်ကြီးချုပ်နှင့် တွေ့သော အခါ သင်္ဂါယနာတင်ရာတွင် ငါမည်သို့မျှမပြော ၀န်ကြီးချုပ်အနေနှင့် စစ်တွေမြို့တွင် ဆေးရုံကြီးတစ်ရုံသာ ဆောက်ပေးပါ ဟုပြောဆိုလေသည်။ ၀န်ကြီးချုပ်ဦးနုသည်လည်း သင်္ဂါယနာ တင်ပြီးလျှင် ဆေးရုံတစ်ရုံ ဆောက်လုပ်ပေးပါမည် ဟူ၍ ဂတိစကားဖြင့် ခံဝန်ပြုလေသည်။ ဗမာနိုင်ငံတော်အစိုးရ၏ ၀န်ကြီးချုပ်ဦးနုသည် ဆဌမ သင်္ဂါယနာ တင်ပြီးသည့်နောက် ဆရာတော် များကို ကမ္ဘာအေးလှိုင်ဂူတွင် ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လျှူဒါန်းလေသည်။ မာန်အောင်သား ဆရာတော် ဦးကေသရ ကိုလည်း အဂ္ဂမဟာပဏ္ဏိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လျှူဒါန်းလေသည်။ ဆရာတော်က ၀န်ကြီးချုပ်ဦးနုအား ဘွဲ့တံဆိပ်ကိုမလို ပြောဆိုကာ ဆုတံဆိပ်ကို လက်မခံခဲ့ပေ။ စစ်တွေဆေးရုံကိုသာ ငါအလိုရှိသည် တကာ ဟူ၍ တစ်နှစ် နှစ်နှစ်သာ ကြာလာသည် စစ်တွေဆေးရုံမှာ အကောင်အထည် ပေါ်မလာပဲ ရှိလေသည်။ ထိုအခါ ဆရာတော်သည် ရခိုင်သောတုဇန အဖွဲ့၊ အ၀ကျွန်းသား (ဘောရိသျှ၊ ဘင်္ဂလာဒေသ)၊ ရမ်းဗြဲသား၊ မာန်အောင်သား၊ တို့ကို စည်းရုံး၍ အ၀တ်ဖြူတွင် လူသေကောင်ကို ခွေးစားနေသော အရုပ် ဖျာဆိုးကာသော စစ်တွေဆေးရုံအရုပ် တို့ကို ပန်းချီ ရေးဆွဲလျှက် ၀န်ကြီးချုပ် ဦးနုကို ဆန္ဒပြလေ တော့သည်။
*(မှတ်ချက်။ ။ ကြေးမုံနှင့် ဗိုလ်တထေါင် သတင်းစာတွင် ပါရှိလေသည်။) 



ထို့ကြောင်းပင်လျှင် စစ်တွေပြည်သူ့ဆေးရုံကြီးကို ဗမာအစိုးရသည် မဖြစ်မနေ ဆောက်ပေးရန် ဖြစ်လာလေ တော့သည်။ ထို့နောက်ဆရာတော် ဦးကေသရသည် ဗမာအစိုးရနှင့် ပဏာမစား ဖြစ်လာသောအခါ အရှေ့ ပါကစ္စတန် (ဘင်္ဂလာဒေရှ် ) အ၀ကျွန်း(ဘောရိသျှ)ဒေသ တာတလီ(ထန်းတောအုပ်စု)နယ် ပုံစာခလာ ကျေးရွာတွင် ၀ါဆိုလေသည်။ ဦးနု အစိုးရသည် အ၀ကျွန်းရှိ ရခိုင်တို့ကို စည်းရုံးလို၍ စာကြည့်တိုက် နှင့် ဘာသာရေး အဆောက်အဦးများ ဆောက်လုပ်ရန် ငွေကြေး ထုတ်ပေး လေသည်။ တာတလီဒေသ စာကြည့်တိုက် ဖွင့်ပွဲသို့ ပါကစ္စတန်နိုင်ငံ ဆိုင်ရာ ဗမာ သံအမတ်ကြီး ဦးဖေခင်နှင့် ဒါကာမြို့ ကောင်စစ်ဝန် ဦးလှအောင် တို့တက်ရောက် ကြလေသည်။ ဦးဖေခင်နှင့် ဦးလှအောင်တို့ တာတလီရွာသို့ ရောက်ရှိလာသောအခါ ဆရာတော်၏ သင်ကြားချက် အရ လူအများသည်၊ ရခိုင် ရခိုင် အထက်တန်းမှာထိုင် ရခိုင် သတ္တိ ရှိဆရာရှိ၊ ဟူ၍ သံပြိုင် အော်ကြလေတော့သည်။ ဆရာတော်၏ ကျေးဇူးကြောင့် ရမ်းဗြဲနွယ်ဖွား အ၀ကျွန်းသား တို့ကို စည်းရုံးရန်လာသော ဗမာတို့မှာ တပ်လှန်၍ ပြန်သွားကြရ လေတော့သည်။

(ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ စာအုပ်)

စာမူ U Kyaw Khine 

•••••••••••••••••••••••••••••••••••••••••••••••••••••••
����������������
Zaw Win (ဓညဝတီတိုင်း)
post တင်သည်




Comments