Posts

(1942 )ခုနှစ် ကုလားရခိုင် အထိကရုဏ်း

Image
1942 ငြို့ကာ 1984 ဖွားဆိုတော့ သမိုင်းက ဘယ်တော့မှ ခေတ်နောက်မကျပါံံံ....... သမိုင်းနှင့်တူရိုင်းခဲ့သူများ (သမိုင်းကိုသိ၍သတိထားကြရန်လို) ÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷ 1942 မေလ 13 ရက် ရခိုင်များ  လူမျိုးတုံးသတ်ဖြတ်ခံရတဲ့နေ့။ ~~~~~~~~~~~~~~~~~~~~~~~~  နိုင်ငံတကာ သမိုင်းပညာရှင်များ မသိချင်ယောင်ဆောင်ထားတဲ့ တကယ့်ဖြစ်ရပ်မှန်။ ။ ၁၉၄၂ ခုနှစ် ရခိုင်သမိုင်းမှာ ဒီလိုပုံရိပ်တွေ ရှိခဲ့တယ်။ (1942 )ခုနှစ် ကုလားရခိုင် အထိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်။ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ဘင်္ဂလီကုလားအရပ်သားများနှင့်ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာ ရခြင်းဖြစ်လေသည်။ ယင်းပြဿနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာသီဟ ၊ ဦးသာကျော်(ဘုံပေါက်)တို့က ဖြန်ဖြေပေးသဖြင့် အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။ သို့သော် အထက်ပါမြို့နယ်များမှ ဘူးသီးတ...

သံတွဲမြို့ သရက်ပင်ကွင်း‌ကျေးရွာ အပိုင်တွင်တွေ့ရှိခဲ့သည့် အလျှား72-ပေ လုံးပါတ် 27-ပေ အလေးချိန် 80-တန်ခန့် ရှိ ဝေလငါးကြီး

Image
သံတွဲမြို့ သရက်ပင်ကွင်း‌ကျေးရွာ အပိုင်တွင်တွေ့ရှိခဲ့သည့် အလျှား72-ပေ လုံးပါတ် 27-ပေ အလေးချိန် 80-တန်ခန့် ရှိ ဝေလငါးကြီး ========================= 1987 ခုနှစ် ဇန်နဝါရီလ 19 ရက်  တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် သရက်ပင်ကွင်းကျေးရွာအုပ်စုအပိုင် အပေါ်ရေကျွန်းအနီးတွင် စူးတောင်‌ဝေလငါးကြီးတစ်ကောင်သောင်တင်သေဆုံးခဲ့သည် အဆိုပါငါးကြီးအား လုံးသာကျေးရွာသို့ မော်တော်နှစ်စီးဖြင့်ဆွဲယူကာ အုန်းဆံကြိုးစက်ရှိရာကမ်း‌ခြေတွင် လယ်ထွန်စက်နှစ်စီးဖြင့်ကမ်းပေါ်သို့ဆွဲတင်ရာ လုံးဝဆွဲတင်၍မရခဲ့ပါ  သို့ပါ၍ ပင်လယ်ရေကျချိန်တွင် ကုန်းတစ်ပိုင်းရေတစ်ပိုင်းတင်နေသောငါးကြီးအား သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများခေါ်ယူ၍ အသားများဖျက်ယူသော်လည်း ငါးအကောင်ကြီးလွန်းသဖြင့် မနိုင်ပဲ ရက်ကြာလာကာ လုံးသာရွာအားအပုပ်နံ့နံမည်စိုး၍ စက်လှေကြီးများနှင့်ပြန်လည်ဆွဲချကာ အဘဲကျေးရွာအနီးကမ်းခြေတွင်သွားရောက်ထားခဲ့ရသည် လုံးသာကျေးရွာတွင်ငါးကြီးရှိစဉ် လာရောက်ကြည့်ရှုသူများအလွန်များပြားခဲ့သည် ကျွန်တော်စာရေးသူသည်လည်း သွားရောက်ကြည့်ရှုခဲ့သည် ငါးကြီးအား‌လက်လှော်လြှေဖင့်တစ်ပါတ်ကြည့်ခသည်ပင်အတော်များသည်(မည်မျှပေးရသည်မမှတ်မိတော့) ငါးကြီးမှာ အလျှား_72-ပေ လ...

ဂန္ထဝင်မြောက် ပန်းကုံးကျမ်းပြုအကျော် ရခိုင့် သာသနာ့အာဇာနည်ဆရာတော်

Image
ဂန္ထဝင်မြောက် ပန်းကုံးကျမ်းပြုအကျော်   ရခိုင့် သာသနာ့အာဇာနည်ဆရာတော် ******************************     ပန်းကုံးဆရာတော်ဟုဆိုလျှင် ပရိယတ္တိစာသင်သားလောက၌ မသိသူ မရှိသလောက်ပင်ဖြစ်မည်ထင်သည်။အကြောင်းမူ- ပရိယတ္တိစာသင်သား အများစုသည် ဆရာတော်ရေးသားသော"မာတိကာ ဓါတုကထာပန်းကုံး"! "ယမကပန်းကုံး"!ပဋ္ဌာန်းကုံး"!"အလင်္ကာပန်းကုံး"!ဓမ္မပဒပန်းကုံး"စသည့် ကျမ်းစာများကို ပြဋ္ဌာန်းကျမ်းစာသဖွယ် လက်စွဲအသုံးပြုကြသောကြောင့် ဖြစ်သည်။အမရပူရ!မဟာဂန္ဓာရုံဆရာတော်သည်"ဘာသာဋီကာအမည်" ဖြင့် ကျမ်းဂန်များရေးသားပြုစုတော်မူသောကြောင့်" ဘာသာဋီကာ ဆရာ တော်"ဟုထင်ရှားတော်မူသလို ဆရာတော်သည်လည်း "ပန်းကုံးအမည်" ဖြင့် ကျမ်းဂန်များရေးသားပြုစုတော်မူသောကြောင့် "ပန်းကုံးဆရာတော်" ဟုထင်ရှားသည်။မြောင်းမြ!တိုက်သစ် ပဇ္ဇောတာရုံဆရာတော် !မှော်ဘီ! သာသနာ့ဝန်ဆောင်ဆရာတော်ဟုလည်း လူသိများသည်။ဝိနည်းသိက္ခာ ပုဒ်တော်များကို အထူးလေးစားသော"ဝိနည်းဓိုရ်ဆရာတော်"အဖြစ်လည်း ကျော်ကြားသည်။      ဆရာတော်သည် အလွန်တည်ကြည်၍ ကြီးမားသော  ဣနြေ္ဒတို့နှင့် ပြည့်စုံတော်မူသည်။ကျောင်းတိုက်သံဃာများ...

ရခိုင်နန်းတွင်း ဗျူဟာစက္ကိကျမ်း

Image
ရခိုင်နန်းတွင်း ဗျူဟာစက္ကိကျမ်း ••••••••••••••••••••••••••••••••••• ဗျူဟာစက္ကိကျမ်းသည် ရခိုင်နန်းတွင်းက သေနင်္ဂဗျူဟာစစ်ကျမ်းများ ထဲမှ တစ်ကျမ်းအပါအဝင်ဖြစ်သည်။ ယခုအခါ ၎င်းကျမ်းကို လေ့လာကြည့်သောအားဖြင့် ​ရှေ့ပိုင်၌ ဗမာမူပြုခံထားရသည်ကို တွေ့မြင်ရပါသည်။ ဤစစ်ကျမ်းသည် ရခိုင်မြောက်ဦးရွှေနန်းတော် မီးလောင်တိုက် အသွင်းမခံရမှီ နန်းတွင်းပိဋကတ်တိုက်မှ ဗမာများယူဆောင် သွားခဲ့သော စစ်ကျမ်းတစ်စောင်ပင်ဖြစ်ပါသည်။ ဗျူဟာစက္ကိကျမ်း https://drive.google.com/file/d/1N1jL0QME06s-oY2--uVhc8HeP_940PDp/view?usp=drivesdk Credit  မဟိံသက အဖိုးသျှင်

ဗမာတို့ မြင်ဖို

Image
12/1/2019                        *ဗမာတို့ မြင်ဖို    ့* ဗမာလူမျိုးကြီးဝါဒ ရှိနေတာ၊ အဲဒီ့လိုရှိနေတယ်ဆိုတာကို ဗမာအများစုက မမြင်တာဟာ ပြည်တွင်းစစ်သက်ဆိုးရှည်ရခြင်း၊ မငြိမ်းချမ်းရခြင်း အကြောင်းရင်းတစ်ခုပဲ။ ဒီအဆိုကို ကန့်ကွက်မယ့်၊ ငြင်းမယ့်သူတွေ အများကြီးပေါ်လာမယ်ဆိုတာ ကျမသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများစုကြီးဖြစ်တဲ့ဗမာတွေဟာ ကိုယ့်ကိုယ်ကို ဗမာလူမျိုးကြီးဝါဒီလို့ မမြင်ကြလို့ပါ။  ဗမာလူမျိုးကြီးဝါဒ ရှိတယ်လို့ ပြောတဲ့သူဟာ ဖြိုခွဲရေးသမားပဲလို့ ဗမာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုတာကိုတွေ့ရတာကြောင့် ဒီစာကို ကျမရေးဖြစ်တာပါ။ (ကျမက ကိုယ့်ကိုယ်ကို လူကို လူလို့မြင်တဲ့ လူတစ်ယောက်လို့ပဲ မှတ်ယူပါတယ်။ ဒါပေမဲ့ ရွေးချယ်ခွင့်မရှိတဲ့ မွေးဖွားခြင်းအကျိုးပေးအရ  ဗမာသွေးရာခိုင်နှုန်းများများရောနှောနေတဲ့လူတစ်ယောက်၊ National identityနဲ့ လူမျိုးစု တထပ်တည်းကျနေတဲ့ မှတ်ပုံတင်ကဒ်ပါ ဗမာ/ဗုဒ္ဓ တစ်ယောက် ဖြစ်နေတာကြောင့်၊ ဒီနေရာမှာ ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒအကြောင်း ဗမာအချင်းချင်း ဗမာတွေကို ပြောခွင့်ရှိတယ်လို့ မြင်ပါတယ်။ ဒါဟာ ပ...

ပေါ်တူဂီလူမျိုး Wouter Schouten သည် ၁၆၇၆ ခုနှစ်တွင် ရခိုင်ပြည်သို့ ရောက်ရှိခဲ့ပြီ

Image
ပေါ်တူဂီလူမျိုး Wouter Schouten သည် ၁၆၇၆ ခုနှစ်တွင် ရခိုင်ပြည်သို့ ရောက်ရှိခဲ့ပြီး သူ၏စာအုပ်တွင် ရခိုင်ပြည်အကြောင်းကို ထည့်သွင်းဖော်ပြခဲ့သည်။ သူ့စာအုပ်ကို အောက်ပါ လင့်ခ်တွင် download ရယူနိုင်ပါသည်။ https://images.app.goo.gl/fnQTYifmqDYYgKSZ6

ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ

Image
ရခိုင်ပြည်ရဲ့ အလှည့်အပြောင်း စမှတ်များ DMG ၊ စက်တင်ဘာ ၁၀ (Review/ဆောင်းပါး)  “သံမဏိလက်သီးတို့ဖြေလျှော့ချိန်” ဆိုတဲ့ စကားဟာ ၂၀၁၀ ခုနှစ် ဝန်းကျင်လောက်က အကြားရဆုံးစကားဖြစ်ပါတယ်။ အကြောင်းက စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီသို့ စတင်လျှောက်လှမ်းခြင်းလို့ ဆိုလိုတဲ့သဘော။ မြန်မာ့နိုင်ငံရေးမှာ ၁၉၄၈ ခု လွတ်လပ်ရေးရပြီးကတည်းက စစ်အုပ်ချုပ်ရေးနဲ့ပဲ အချိန်တွေကုန်ဆုံးခဲ့တယ်။ ဦးသန်းရွှေလက်ထက်ဖြစ်တဲ့ ၁၉၉၀-၂၀၁၀ အပိုင်းအခြားကာလကို စစ်အုပ်ချုပ်ရေးရဲ့ အဓိကအပြင်းထန်ဆုံးအချိန် စစ်အုပ်ချုပ်ရေးရဲ့ အဆိုးဆုံးကာလလို့ သတ်မှတ်ကြပါတယ်။ ရှိနဲ့ပြီးသား နိုင်ငံရေးပါတီတွေပါ မတရားအသင်းအဖြစ် ကြေညာခံထားရပါတယ်။ နိုင်ငံရေးပါတီဖွဲ့စည်းခြင်း၊ လူမှုအဖွဲ့အစည်းဖွဲ့စည်းခြင်းတို့ လုံးဝဆိတ်သုန်းတဲ့ကာလလည်း ဖြစ်ပါတယ်။ တော်လှန်ရေးအုပ်စုတွေကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေချိန်ဖြစ်တယ်။ ဒီလိုနဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းလဲဖို့အတွက် သူတို့စိတ်ကြိုက်ဖွဲ့စည်းပုံတစ်ခုကိုရေးဆွဲပြီး ၂၀၁၀ ခုနှစ်မှာ စတင်ရွှေ့လျား လာတယ်။ ၁၉၉၀-၂၀၁၀ ခုနှစ် ကြားကာလဖြစ်တဲ့အချိန်မှာ ရခိုင်တို့ရဲ့နိုင်ငံရေးဟာ စစ်အာဏာရှင်ဖြုတ်ချရေး၊ ဒီမိုကရေစီထွ...