Posts

ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးအိန္ဒိယအန်ဒမန်

Image
ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးအိန္ဒိယအန်ဒမန်& နီကိုဘာကျွန်းတွင်သတ်ဖြတ်ခံရမှုဖြစ်ရပ်မှန်။ "စစ်တပ်အာဏာပိုင်များက တမင်နောက်နေးအောင်လုပ်နေကြသည်။" ထိုဖြစ်စဉ်ဖြစ်ပွါးပြီး ငါးလကြာသည့်တိုင်အောင်လက်နက်များကိုCBI ထံ သို့လွှဲပြောင်းပေးရန်တောင်ဆိုသော်လည်း လွှဲပြောင်းမပေးခဲ့ပေ။ စစ် ဆင်ရေးတွင်ပါဝင်ခဲ့သောစစ်တပ်အရာရှိများအား စစ်ဆေးရန်ကြိုးပန်း သော်လည်း ထပ်ခါထပ်ခါ တားမြစ်ခံခဲ့ရသည်။ သက်ဆိုင်သောမှတ်တမ်း စာအုပ်များနှင့် စာရွက်စာတမ်းများမှာလည်း စုံစမ်းစစ်ဆေးသူများလက် ထဲသို့မရောက်သေးပေ။စစ်တပ်အာဏာပိင်ြများကတမင်နောင့်နေးအောင်လုပ်နေကြသည်ဟုCBI အရင်းမြစ်များကညီးတွားကြသည်။   ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေသည့် ထိုကစ္စများကိုအိန္ဒိယဝန် ကြီးချုပ်အားတင်ပြထားသော်လည်း ဤအမှုတွဲ၏ အခြေအနေအကြောင်းထဲထဲဝင်ဝင်စုံစမ်းစစ်ဆေးခွင့်ရရှိမည်မဟုတ်ဟုသံသယဖြစ်ကြကြောင်း CBI အရာရှိများကပြောသည်။ ထိုအမှုတွဲ၏ထိလွယ်ရှလွယ်နိုင်ပုံကို ဖမ်းဆီးခံထားရသောနိုင်ငံခြားသားများထံမှ စုံစမ်းရရှိသောအချက်အလက်များအရဆုံးဖြတ်နိုင်မည်ဖြစ်သည်။ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်ဖြစ် ပွားခဲ့သောဖြစ်စဉ်အားသူတို့ပြောပြပုံမှာ စစ်တပ်၏ FIR မှာရေးသားထားတာနှင...

ဘာကြောင့် နွားသားကို အမဲသား လို့ခေါ်ကြသလဲ....?

Image
-ဘာကြောင့် နွားသားကို အမဲသား လို့ခေါ်ကြသလဲ....? _______________________________________________  အသားစားသတ္တဝါထဲ၌တွင်..သရဲ၊ သဘက်      ဘီလူး၊ကျား၊ခြင်္သေ့..နှင့် တခြားသောမကောင်းဆိုးဝါးမိစ္ဆာများမှာ... အသားထဲ၌..နွားသာ ကိုသာ အကြိုက်ဆုံးဖြစ်သည်။ နွားသား၏ အနံ့မှာလည်းအညှီဆုံးဖြစ်သလို နွားသားစားခြင်းကြောင့်လည်းသွေးသား  အားကောင်းခြင်းကို ဖြစ်စေသည်။  ကြက်သေတော့.ကြက်သား. ဝက်သေတော့ဝက်သားလို့ခေါ်ကြသည်မှာ အမှန်တိုင်းပင်ဖြစ်သော်လည်း.. နွားသေတဲ့အသားကျတော့..အမဲသားဟူ၍.  ခေါ်ဝေါ်ခြင်းမှာ.ထူးဆန်းလှသည့်အပြင်.  ဘာကြောင့်အဲဒီလိုခေါ်ဝေါ်ခြင်းကို  မသိသူကများပါသည်။  အမဲသားဟုခေါ်ဝေါ်ခြင်းမှာ..  မကောင်းသော.အမှောင်လောကသား တို့သာ  ကြိုက်နှစ်သက်ကြသည်.စားကြသည်။ မက်မောကြသည်ဖြစ်၍သာမှန်လူသားတို့အနေနဲ့. ဖြူစင်သန့်ရှင်းသောအသား  မဟုတ်ကြောင်းကိုဆိုလိုသည်။  မသန့်ရှင်းဟုဆိုသည်မှာ... ရွံစရာကောင်းအောင်ညစ်ပတ်နေသည်ဟု  ပြောသည်မဟုတ်ပါ။  အကုသိုလ်တွေဖုံးလွှမ်းပေကျံနေသောကြောင့်..  မကောင်းဆိုးဝါးများသာ.နှစ်သက်သောကြောင့်..  မသန့်ရှင်း ၊ မဖြူစင...

သီတဂူ ဆရာတော်နှင့် ဆရာကြီး ဦးဦးသာထွန်းတို့ အမေးအဖြေ စကားပွဲ အစအဆုံးပါ

Image
သီတဂူ ဆရာတော်နှင့် ဆရာကြီး ဦးဦးသာထွန်းတို့ အမေးအဖြေ စကားပွဲ အစအဆုံးပါ ============================================== ``အဖိုးဦးသာထွန်းနှင့် မေးခွန်းကြီး (၆)ခု´´ ******************************** သီတဂူဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရနှင့် ရခိုင်ပဏ္ဍိတာ ဦးသာထွန်း  အမေး ➳ အဖြေ ******************************* ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာ ရောက်ရှိလာရတဲ့အကြောင်းအရာများ  ၁၉၈၄ ခုနှစ်ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဗမာပြည် သဲကုန်း သပိတ်အိုင် တောရဆရာတော် အရှင် ဥာဏိဿရ အမှူးပြုသော ဆရာတော်ကြီး (၄)ပါးသည် မြောက်ဦးသို့ ဘုရားဖူးရောက်ရှိကြပါသည်။ ထိုစဉ် ရခိုင်ပြည် သာသနာရေးကိစ္စနှင့် ရခိုင် -မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်း အား မေးခွန်းကြီး (၆) ခွန်း မေးခဲ့ပါသည်။ ယင်းသို့ ဆရာတော် ဦးညာဏိဿရ ( ယခုသာသနာ့ ဥသျှောင် ပီနန်ဆရာတော် (ဝါ) သီတဂူဆရာတော်ကြီး) အမေးနှင့် ဆရာကြီး၏ အပြည့်အစုံ ဖြေကြားချက်များကို ပြန်လည်၍ ဆရာကြီးက အသံသွင်းပေးခဲ့သည်။  ဆရာကြီးသည် ရခိုင်စကားဖြင့် အသံသွင်းခဲ့သည်ကို မြန်မာပြည်ရှိ တိုင်းရင်းသားများအားလုံး ဖတ်ရှုနိုင်ရန်အတွက် မြန်မာစကားပြေဖြင့် ပြန်လည်၍ ရေးသား တင်ပြလိုက်ရခြင်းဖြစ်သည်။ ဆရာတော် ဦးဥာဏိဿရ...

အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက်

Image
အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက် ✪▬▬▬▬▬▬▬๑۩۩๑▬▬▬▬▬▬✪ အာနန္ဒစန္ဒြ ကျောက်စာနှင့်ပတ်သက်၍ ယခင်မှတ်တမ်းများ အားလုံးမှာ ပါရှိတဲ့ သီဝနတ် ဆိုတဲ့    အရာတွေက   ( သက္ကရာဇ် ၆၄၉.. အာနန္ဒစနြ္ဒကျောက်စာကို မှေးမှိန်အောင်လုပ်ပစ်လိုက်လေသည်။ သီဝနတ် ဟု အဓိပ္ပာယ်အယူအဆ လွဲမှားမှု တခုက သမိုင်းတခုလုံးကို သီဝနတ်မင်းအနွယ်ဖြစ်သွား​စေတယ်။  ( ယေက်ျားအင်္ဂါ ကိုးကွယ်တဲ့ အနွယ်ယောင်ယောင်၊ မဟာယာနယောင်ယောင် ဖြစ်​သွားစေတယ် )။   သက္ကဋစာပေမှာ သီဝနတ်ကိုခေါ်တဲ့    စကားလုံးဟာ သီးခြား စာလုံးပေါင်း ပါရှိပြီးသားဖြစ်ပါတယ်။ အဲ့ဒါကို ရှေးက ဆရာတွေ သတိမပြုခဲ့သောကြောင်း အာနန္ဒစန္ဒြကျောက်စာ  တစ်ခုကို သီဝနတ် ဟုတ် လွဲမှား ဘာသာပြန်ခဲ့​မိလေသည်။  ပညာရှိသတိဖြစ်ခဲဟု ဆိုရမယ်။ မမှားသော ရှေ့နေ မရှိသလိုပဲ ယူဆရပေမယ်။ အပြစ်မဆိုသာပါ။ အာနန္ဒစန္ဒြကျောက်စာသည် သက္ကဋဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ဖြစ်သည်။ သက္ကဋ စာပေမှာ #ဂီ့ဝ နှင့် #ဤသာ( ဤဂ့ါနွယ) တို့သည် စာလုံးပေါင်းလည်း မတူသလို အနက်အဓိပ္ပာယ်လည်း မတူပဲ ဂီ့ဝ>ဂဲ့ဝါ=Shiva သျှီဝ(ရှီဝ) သီ...

စေတီပေါင်း(၁၀၀) တည်ခဲ့သော ရခိုင်ဝေသာလီတိုင်းပြည် မှ ဝီရစနြ္ဒမင်း ... သီဝနတ်မင်း မဟုတ်

Image
စေတီပေါင်း(၁၀၀) တည်ခဲ့သော ရခိုင်ဝေသာလီတိုင်းပြည် မှ ဝီရစနြ္ဒမင်း ========================================= ************************************************************* မောင်ဖြူ (ကြွီတဲကျွန်း) 6.8.2018 1း14 Am . ၀ီရစနြ္ဒမင်းသည် အာနန္ဒစနြ္ဒမင်းကျောက်စာ ကြောင်းရေ ( ၂၇ ) ဂါထာအမှတ်(၂၉) တွင် ပါရှိသော မင်းတစ်ပါးဖြစ်သည်၊ ထိုမင်းသွန်းလုပ်ခဲ့သော ဒင်္ဂါးပြားတွင် “ ဝီရစနြ္ဒ ” ဟု အမည်ပါရှိသည်။ ထိုမင်းသည် အာနန္ဒစနြ္ဒမင်းကျောက်စာ၏ ဒုတိယမင်းဆက်တွင် ( ၁၀ )ပါး မြောက် မင်းတစ်ပါးဖြစ်ပေသည်။ ဝေသာလီ စနြ္ဒမင်းဆက်တွင် နန်းသက်(၅၅)နှစ် ရှည်သော  နိတိစနြ္ဒမင်းကို ဆက်ခံသော မင်းတစ်ပါးလည်း ဖြစ်ပေသည်။ ဝီရစနြ္ဒမင်းသည် ရခိုင်ဝေသာလီပြည်ကို (၃) တိုင်တိုင် မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်စိုးစံသောမင်းလည်းဖြစ်ပါသည်။ ထိုမင်းသည် စေတီပေါင်းတစ်ရာတိတိကို တည်ထား လှူဒါန်းခဲ့သော မင်းတစ်ပါးလည်းဖြစ်ပေသည် အကျယ်သိလိုပါက  (ပုံများကိုထောက်၍ ဖတ်ရှုကြပါရန်။ ) စေတီပေါင်း(၁၀၀) တည်ခဲ့သော ရခိုင်ဝေသာလီတိုင်းပြည် မှ ဝီရစနြ္ဒမင်း =================================== **************************************************** ၀ီရစနြ...

အာနန္ဒစန္ဒမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “မဟာဝီရမင်း” မဟုတ်ကြောင်းရှင်းလင်းချက်

Image
အာနန္ဒစန္ဒမင်းကျောက်စာ (ဂါထာ-၃၃)ပါ မင်းအမည်သည် “မဟာဝီရမင်း” မဟုတ်ကြောင်းရှင်းလင်းချက် ******************************************* ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းဘုရားရှိ “အာနန္ဒစနြ္ဒမင်းသင်္ဂါယနာတင်မော်ကွန်းကျောက်စာ”တွင် ရခိုင်ဝေသာလီတွင် စိုးစံခဲ့သော မင်းဆက်သုံးဆက် ရေးထိုးပါရှိသည်။ ပထမမင်းဆက်သည် (ဂါထာ-၃)မှ (ဂါထာ- ၁၇)ထိဖြစ်ပြီး၊ ထိုမင်းဆက်၌ မင်း(၁၅)ပါး ရှိသည်။ ပထမမင်းဆက်တွင် အစဦးဆုံး မင်းအမည်မှာ ပျက်နေပြီး နောက်ဆုံးမင်းအမည်မှာ “လင်္ကီမင်း” ဖြစ်သည်။ ထိုမင်း(၁၅)ပါးတို့၏ နန်းစံနှစ်ကို  (ဂါထာ-၁၈)တွင် “ တစ်ထောင်နှစ်ထက် ဆယ်ခြောက်ခါ ပိုသည်” (၁၀၆၀) ဟူ၍ ရေး ထိုးပါရှိသည်။  ဒုတိယမင်းဆက်သည် (ဂါထာ-၁၉)မှ (ဂါထာ-၃၁)ထိဖြစ်သည်။  ဤမင်းဆက်တွင် ဒွင်္စနြ္ဒမင်းမှ  အစပြုကာ ဓရိတိစနြ္ဒမင်းထိ မင်း(၁၃)ပါး ရှိသည်။ ထိုမင်းတို့၏ နန်းစံနှစ်ပေါင်းကို (ဂါထာ-၃၂) တွင် “ တစ်ရာနှစ်ခါထက် သုံးဆယ်ပိုသည်” (၂၃၀) ဟုရေးထိုးထားသည်။ တတိယမင်းဆက်သည် (ဂါထာ-၃၃) မှ (ဂါထာ-၄၅) ထိဖြစ်သည်။ တတိယမင်းဆက်တွင် ဓမ္မရာဇမင်းမှ အစပြု ကာ အာနန္ဒစနြ္ဒမင်းထိ မင်း(၉)ပါး ရှိသည်။ ကျောက်စာတွင် ရေးထိုးပါရှိသည့် ထိုမင်းတို့၏ နန်းစံနှ...