Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြောက်ဦးရွှေနန်းတော် Arakan Kingdom

မြောက်ဦးရွှေနန်းတော်
{ အေဒီ ၁၄၃၀ မှ ၁၇၈၄ }
---------------------— 




● မြောက်ဦးရွှေနန်းတော်ဟာ စတုရန်းမိုင် ၁.၂ မိုင် ကျယ်ဝန်းပြီး 

● အမြင့်ပေ ၅၀ ခန့်ရှိပြီး ကျောက်တံတိုင်း သုံး
ထပ်ကာရံထားပါတယ် ၊ 

● အပြင်ဘက်ဆုံး တံတိုင်းဟာ တောင်မှ မြောက်သို့ ပေ ၁၆၀၆ ပေ၊ ၊ 

● အရှေ့မှ အနောက်သို့ ပေ ၁၇၄၀ ရှည်လျားပြီး ၂၅ ပေမြင့်ကြောင်း သိရပါတယ် ၊ 

● ဒုတိယတံတိုင်းမှာ တောင်မြောက် ပေ ၈၀၀ အရှေ့အနောက် ပေ ၁၀၀၀ ရှိပြီး 

● အတွင်းအကျဆုံးတံတိုင်းမှာ စတုရန်းပုံဖြစ်ပြီး 
တစ်ဖက်လျှင် ပေ ၆၀၀ခန့် ရှည်လျားပါတယ် ၊ 

● နန်းမြို့ရိုး သုံးထပ်စလုံးကို အုတ်မသုံးဘဲ၂ ပေမှ ၃ ပေခန့် ကြီးမားတဲ့ သဲကျောက် အညိုရောင်များကို သုံးထားတာ တွေ့ရပါတယ် ၊ 


● အချို့နေရာများမှာ ၆ ပေခန့်ကြီးမားတဲ့
ကျောက်တုံးကြီးများကိုပင် တွေ့ရပါတယ်၊ 

● နန်းတော်ကြီး ထဲမှာ
● ရွှေနန်း ကိုးဆောင်၊
● မြေနန်းဆောင်များ၊
● ပရိတ် ဆောင်၊
● မှန်နန်း ဆောင်၊
● နိဗ္ဗာန် ဆောင်၊
● ဗြဲတိုက် ဆောင်၊
● မြောက်စမုတ် ဆောင်၊
● တောင်စမုတ် ဆောင်၊ 
● ပွဲတော် ဆောင်၊ 
● လွှတ်တော်ရုံးများ၊ 
● ဘိသိက်သွန်းသည့် ရေကြည်တော်များ ရှိရာ နံ့သာကန်၊ 
● ဗဟိုရ် စည်တော်၊ 
● နက္ခတ်ရုံ၊ 
● ပန်းခုံတော်၊ 
● လက်နက်တော်တိုက် စသည်တို့နဲ့ ဖွဲ့စည်းထားခဲ့တယ်လို့သိရပါတယ် ၊ 

• အရှေ့ဖက်တွင်သစ်မွှေးဖြင့် ဆောက်လုပ်ခဲ့သော
စန္ဒကူးဆောင်တော်လည်း ရှိခဲ့ပြီးမြောက်ဖက်မှာ 
ဆင်ဖြူတော်ကုန်းနဲ့ မိဖုရားတို့ရဲ့ အဆောင်တော် များ တည်ရှိပြီး နန်းတော်ရဲ့ တောင်ဘက်မှာတော့ လှေတော်များ ဆိုက်ကပ်ရပ်နားရာ သိင်္ဂနဒီချောင်း
ရှိခဲ့ပါတယ်၊ 

- ရှေးရခိုင်ခေတ်မှာ ဆင်တပ် ၊ မြင်းတပ်များလည်း ရှိခဲ့ပြီး မြစ်ချောင်း ပေါများလှတာကြောင့် လှေကို
လည်း အများဆုံး အသုံးပြုခဲ့ကြဟန် ရှိပါတယ် ၊ 

- တန်ခိုးထိန်တောက် ဘုန်းလျှံမှောက်ခဲ့စဉ်က 
မြောက်ဦးနန်းတော်ကို ပုံဖော်ရမည်ဆိုပါက ရတနာ
နန်းဆောင်တော်ကို နံရံကို ရွှေပြားများနဲ့တန်ဆာ 
ဆင်ထားပြီး မျက်နှာကျက်ပေါ်မှာ ရွှေနွယ်ပင်များ၊ ရွှေဘူးသီး၊ ရွှေဖရုံသီးများ ဖူးပွင့်နေဟန်ကို ရွှေစင်ရွှေသားများနဲ့ ပုံဖော်ထားခဲ့ပြီး အသီးအရွက်များကို ရတနာ စိန်ကျောက်များဖြင့် စီခြယ်ထားခဲ့တယ်လို့ ဆိုပါတယ် ၊ 

- အဆောင်တော်တွင်း မှာလည်း သာမန်လူတစ်
ယောက် အရွယ်အစားအတိုင်း ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေရုပ်နှစ်ရုပ် ရှိခဲ့ကြောင်းဆိုပါတယ် ၊ 

● နန်းတော်အိုး ခေါင်စွန်းများတွင် 
● မကန်းကွက်
● ကြာမုံ
● ကြာချပ်
● ကိန္ဒရာ
● နတ်သားရုပ်များ
● ဥဒေါင်းရုပ်များ
● ဆည်းလည်းများ
● ခြူးပန်းနွယ်များ
● စိန်ပန်းများ
● ကျေးငှက်သာရကာ ပျော်မြူးနေကြဟန် လက်ရာများ ရှိခဲ့ကြောင်းကို ရခိုင်စာဆိုများ ဖွဲ့ဆိုခဲ့သော 
ပိုဒ်စုံ ရတုတစ်ပုဒ်မှာ ဖော်ပြထားပါတယ် ၊ 

- အေဒီ ၁၅၁၅ - ခုမှ စကာ ပေါ်တူဂီတို့နှင့် ကုန်
သွယ်ရေကြောင်း အဆက်အသွယ်များရှိလာခဲ့ရာ 
ရခိုင်နန်းတော်ကြီးကို ရောက်ခဲ့ ဖူးသည့် ပေါ်တူဂီ
ဘုန်းတော်ကြီး မန်နရိတ်,ကလည်း ရခိုင်ဘုရင်တို့ရဲ့
ရွှေနန်းတော် ခေါင်စွန်းကြီး ငါးစွန်းဟာ မိုးသို့ထိုး
ထွက်လျှက်ရှိနေပြီး ဖြောင့်တန်း ရှည်လျားသည့် 
နန်းတော်ကြီးတွင် ရွှေရောင်နောက်ခံနှင့် ဟင်္သာ
ပြဒါး အနီရောင်များ ခြယ်သ ထားသည် ၊ 

- အမိုးကိုလည်းအရောင်များ ဝင်းလက်တောက်ပ
နေသည့်ရွှေပြားကြီးများဖြင့် မိုးထားပြီး နေရောင်
အောက်မှာ ဖြိုးဖြိုးပြက်ပြက် ဝင်းလက် တောက်ပနေသည်ဟု သူ၏ မှတ်တမ်းတွင် ဖော်ပြခဲ့သည်ဟု ဆိုပါ
သည်၊ 

- ပေါ်တူဂီတို့နဲ့ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ပေါ်တူဂီတို့ဟာ မြို့ပြတည်ဆောက်ရေးနဲ့ စစ်ရေးများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ရခိုင်ရေတပ်ကြီးသည် ဘင်္ဂလားပင်လယ်အော်တွင် ခေတ်မီ ရေတပ်ကြီး
ဖြစ်ခဲ့ကြောင်း သိရပြီး ဘင်္ဂလားနယ်များကိုပင် သိမ်း
ပိုက်နိုင်ခဲ့ပါတယ်၊ 

- ရခိုင်ဘုရင်တို့ရဲ့ စစ်တပ်အတွင်းမှာပါ ပေါ်တူဂီ
စစ်သားများ ရှိခဲ့တယ်လို့ သိရပါတယ်၊ထို့နောက်
တွင် ဒတ်ခ်ျလူမျိုးတို့နဲ့ပါ အဆက်အသွယ်များ ရှိလာခဲ့ပြီး ကုန်သွယ်ကူးသန်းလာခဲ့ကြပါတယ်၊ 

- တံတိုင်း သုံးခုကျော်ဖြတ်ပြီး နန်းတော်ကုန်းအပေါ်ကို တက်ရောက်ကြည့်ရှုတဲ့အခါမှာ အဆောင်
ဆောင် အခန်းခန်း ဖွဲ့စည်းတည်ရှိခဲ့တဲ့ ခန်းဆောင်
များရဲ့ နေရာဟောင်းများကို ကြီးကျယ်ခမ်းနားစွာ တွေ့မြင်နိုင်ပါတယ် ၊ 

- အေဒီ ၁၄၃၀မှ ၁၇၈၄ထိ မြောက်ဦးမြို့ကို စိုးစံခဲ့ကြတဲ့ မြောက်ဦးခေတ် ဘုရင်နန်းဆက်ဟာ 

● ပထမမြောက်ဦးခေတ်မှာ မင်းဆက်၁၂ဆက်၊ 
● ဒုတိယမြောက်ဦးခေတ်မှာ မင်းဆက် မင်းဆက် ၉ဆက်၊
●တတိယ မြောက်ဦးခေတ်မှာ မင်းဆက်ပေါင်း ၂၈ ဆက် ရှိတယ်လို့ ရခိုင်ရာဇဝင်များက ပြဆိုကြပါ
တယ် ၊ 

- ၄င်းမင်းဆက်များထဲမှာ ဘုန်းလက်ရုံးနဲ့ ပြည့်စုံတဲ့ မင်းများ ပါဝင်ခဲ့ပြီး ရခိုင်ပြည်ကြီးကိုလည်း ကြီးကျယ် စည်ကားအောင် ကြံဆောင်နိုင်ခဲ့သလို ဘင်္ဂလား 
စစ်တကောင်းမြို့များကိုပါ အောင်နိုင်ခဲ့သူများ 
ပါဝင်ခဲ့ပါတယ် ၊ 

- ဘင်္ဂေါ ၁၂ နယ် အထိ သိမ်းပိုက် အုပ်ချုပ် နိုင်ခဲ့ရာ စစ်တကောင်းဟာ ၁၆၆၆ ခုနှစ်တွင် မဂိုတို့ မသိမ်း
ပိုက်မီ ကာလအထိ ရခိုင်ဘုရင်များ ပိုင်နက်ထဲတွင် 
ရှိခဲ့တယ်လို့ ဆိုပါတယ်၊ 

- ထို့ပြင် အနုပညာ၊ သမိုင်းလက်ရာ တန်ဖိုးများ ကြီးမားလှတဲ့ ကိုးသောင်းဘုရား၊ ရှစ်သောင်းဘုရား
(သျှစ်သောင်း) စတဲ့ စေတီပုထိုးကြီးများနဲ့ ဘုရာ
းပေါင်းများစွာ တို့ကိုလည်း တည်ထားနိုင်ခဲ့ပါတယ်၊ 


- ရခိုင် မြောက်ဦးမြို့ရဲ့ နောက်ဆုံးမင်း ဖြစ်သူ အေဒီ ၁၇၈၄ ခု၊ မဟာသမ္မတရာဇာမင်း လက်ထက်မှာ
မြောက်ဦးနန်းဆက် ပျောက်ကွယ်သွားခဲ့ရပါတယ်၊

z,m (သရက်ရွာ)
ရခိုင် ယဉ်ကျေးမှု
#3D Design by Ran Naing Linn

*************

ကျတော် အကြံပီးချက်။... 

ရခိုင်နန်းတော် 3D ကောင်းပါရေ ။ ဒေပိုင် လုပ်တတ်ကေ 

အကြံပြုချင်စွာတစ်ခုက.. စာပီ အတိုင်း ရခိုင်နန်းတော်  ပုံဖော်နိုင်ကေ ပိုကောင်းပါဖို့.. ။ ယင်းစာပီအတိုင်း ဒေပိုင် 3D လုပ်ထားကေ.. နောင်တချိန်မှာ.. ရခိုင်တိ ပြန်လည် တည်ဆောက်ရေ အခါ.. ran naing linn ပုံဖော်ထားရေ ယင်း 3D ပုံရေ အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်လို့.. ယုံကြည် မျှော်လင်မိပါရေ
ယပြီးကေ.. မြောက်ဦး ကိူလားဗျာယ်.. နန်းရာကုန်း..ပြိုဖျက်လားကေလေ့  ကျန်ခရေ မြီ ပုံစံ အနီအထား တိ လေ့လာဗျာယ် အတိအကျ အချိန်ပီးဗျာယ် လုပ်နိုင်ကေ ပိုပြီး အကျိုးပြုနိုင်ပါရေ။..။

Comments