Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ငါတို့ စာပေအက္ခရာ ပါဟု သက်သေပြနိုင်ကြပြီလား။

ငါတို့ စာပေအက္ခရာ ပါဟု သက်သေပြနိုင်ကြပြီလား။
••••••••••••••

စာပေ၏ သဘောကို ဒီလိုလေးတောင် အထောက်အထားမရှိပဲ.. မပြနိုင်ပဲ။ 
ငါစာ သူစာ အော်နေလို့တော့ ဖင်ကွဲယုံပဲရှိမယ်။ အခုဖော်ပြပါ ဇယားကွက်က.. စိတ်ကူးယဉ်ပြီး ဇယားကွက်ချ.. အက္ခရာတွေကို စီချထားပြီး.. ငါတို့စာ ဒီလိုပြောင်းလဲ့လာတယ်ဆိုပြီး.. လိုရားဆွဲ စာအုပ်ထွတ်ထားတာမဟုတ်ဘူး။  အဲ့လိုနည်းက klar လည်း လုပ်လို့ရတယ်။ လူမျိုးတိုင်းလုပ်လိုရတယ်။ အဲ့ဒါ သက်သေ အထောက်အထား မဟုတ်ဘူး။ 
ရှေးပြေးအက္ခရာတွေကို မိမိဒေသ မိမိတိုင်းပြည်မှာ မိမိလူမျိုးတွေ မိခင်စာပေသဖွယ် နှစ်ရှည်လများ အရင် အသုံးပြုခဲ့ပြီးပြီလား.. ဆိုတာ..သတိရ အတွေးပေါ်ရမည့် နံပါတ် ( ၁ )အဖြေပဲ။ 
အပေါ်မှာ ဝိုင်းပြထားတယ်.. ရခိုင်ပြည် ဘယ်ခေတ်မှာ ဘယ်လို အက္ခရာ စာပေ ဆိုတာကို အတိအကျ ဖော်ပြထားပါတယ်။ 

ဟိုလို.... အိန္ဒိယက.. ဗြဟ္မီအက္ခရာပြ.. ကုသန အက္ခရာပြပြီး.... (ကခဂဃင) စာလုံးဖြစ်ခါမှ  ပုဂံ ကို ခုံကျော်သွားသလိုလို.. မိုးပေါ်ကပဲကျလာသလိုလိုနဲ့ အဲ့လို ဖော်ပြထားတာမဟုတ်ဘူး။ 
လက်ထဲမှာ ရွံ့ခဲရှိမှ မြေအိုး ဆိုတာ လုပ်လို့ရမယ်။ ကိုယ့်ဒေသက ရွံ့ကောင်းမရှိပဲ မြေအိုးလုပ်ဖို့က သူများဆီက ဝယ်ယူ။ ဒါမှမဟုတ် အလိုက်သင့် ယူသုံး.. ဒါပဲရှိတယ်။
စာပေဆိုတာမျိုးလဲ့အဲ့လိုပဲ
ရှေးပြေးအက္ခရာမျိုးကို အရင်အသုံးမပြုခဲ့ မရှိပဲ.. (ကခဂဃင) စာပေမျိုးဟာ ငါတို့စာပေပါဟု အော်နေတာက မိုးပေါ်က ကျလာမှပဲ ရမယ်။ စာပေဆိုတာ ချိတ်ဆက်မှုနဲ့ စီးဆင်းမှုရှိတယ်။ 

ဒီလို အတွေးမျိုးက ကျောင်းစာထဲက မြန်မာစာပေအက္ခရာသမိုင်းဖတ်လို့တော့ ရလိမ့်မယ်မဟုတ်။ စာပေ သဘောကို သိနိုင်မယ်မဟုတ်။


~~~~~~~
Zaw Zaw (ရက္ခပူရတိုင်း)

Comments