Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာနန္ဒစနြ္ဒမင်းကျောက်စာပါ မင်းဆက်များအကြောင်း

အာနန္ဒစနြ္ဒမင်းကျောက်စာပါ မင်းဆက်များအကြောင်း
================================
***********************************************

အာနန္ဒစနြ္ဒမင်းကျောက်စာတွင် မင်းဆက် (၃) ဆက်ပါရှိသည်။ ထိုမင်းဆက် (၃)ဆက်တွင် မင်းပေါင်း (၃၇) ပါး ရှိသည်။ အာနန္ဒစနြ္ဒမင်းကျောက်စာပါ  မင်းဆက်များ သက်တမ်းသည် ကျောက်စာအလိုအရဆိုလျှင် ဘီစီ ( ၈) ရာစု မှ အေဒီ (၇) ရာစုအတွင်း စိုးစံခဲ့သော မင်းများ ဖြစ်သည်ဟု ယေဘူယျအားဖြင့် ပြောနိုင်ပါသည်။ သို့သော် အာနန္ဒစနြ္ဒမင်းကျောက်စာပါ ပထမမင်းဆက်ကို  (၈ ရာစု ဘီစီ ) ကဟု အဘယ် ကြောင့် ပြောနိုင်သနည်းဟု မေးစရာရှိသည်။ ယင်းမေးခွန်းကို ဖြေလိုသည်က  အာနန္ဒစနြ္ဒမင်း ကျောက်စာ အောက်ဆုံးစာကြောင်းပါ  (ဧကာဒဿမ=၁၁) ကို ခရစ်နှစ်ပြောင်းကာ  [၁၁+၆၃၈= A.D 649 ] ကို အောက် မှ အထက်သို့ မင်းတို့၏ နန်းစံနှစ်များအတိုင်း ရေတွက်လာလျှင် ပထမ မင်းဆက်၏ အပေါ်ဆုံး မင်း သည် (B.C 770) အစဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ ဖြစ်ရသည်မှာ ကျောက်စာပါ နန်းစံနှစ် (၁၂၀) အတိုင်း တွက်ယူလာသောကြောင့် အောက်ပါအတိုင်း တွေ့မြင်ရခြင်းဖြစ်ပါသည်။ မင်းဆက်ဇယား(ပုံ-၁)ကို ကြည့်ပါ။ 

**
ပထမမင်းဆက်သည် (B.C -၇၇၀) မှ (အေဒီ ၂၉၀ ) ထိ။
ဒုတိယမင်းဆက်သည် ( အေဒီ-၂၉၀ မှ ၅၂၀ ) ထိ ။
တတိယမင်းဆက်သည် (အေဒီ ၅၂၀- ၆၄၉) ထိ ဖြစ်ပါသည်။

တတိယမင်းဆက်မှ ပထမဆုံးမင်းဖြစ်သော မဟာဝီရမင်းအမည်ကို "ဓမ္မရာဇး" ဟု ပြင်ဆင်ဖတ်ရှုပါရန်။

ဤကား အာနန္ဒစနြ္ဒမင်း ကျောက်စာပါ နန်းစံနှစ်များအလို ဖြစ်ပါသည်။ပုံ-၁

အကျယ်ကိုသိလိုပါက ပုံများအောက်တွင် ဖတ်နိုင်သည်။

အာနန္ဒစနြ္ဒမင်းကျောက်စာတွင် မင်းဆက် (၃) ဆက်ပါရှိသည်။ ထိုးမင်းဆက် (၃)ဆက်တွင် မင်းပေါင်း (၃၇) ပါး ရှိသည်။ အာနန္ဒစနြ္ဒမင်းကျောက်စာပါ မင်းဆက်များ သက်တမ်းသည် ကျောက်စာအလိုအရဆိုလျှင် ဘီစီ ( ၈) ရာစု မှ အေဒီ (၇) ရာစုအတွင်း စိုးစံခဲ့သော မင်းများ ဖြစ်သည်ဟု ယေဘူယျအားဖြင့် ပြောနိုင်ပါသည်။ သို့သော် အာနန္ဒစနြ္ဒမင်းကျောက်စာပါ ပထမမင်းဆက်ကို (၈ ရာစု ဘီစီ ) ကဟု အဘယ် ကြောင့် ပြောနိုင်သနည်းဟု မေးစရာရှိသည်။ ယင်းမေးခွန်းကို ဖြေလိုသည်က အာနန္ဒစနြ္ဒမင်း ကျောက်စာ အောက်ဆုံးစာကြောင်းပါ (ဧကာဒဿမ=၁၁) ကို ခရစ်နှစ်ပြောင်းကာ [၁၁+၆၃၈= A.D 649 ] ကို အောက် မှ အထက်သို့ မင်းတို့၏ နန်းစံနှစ်များအတိုင်း ရေတွက်လာလျှင် ပထမ မင်းဆက်၏ အပေါ်ဆုံး မင်း သည် (B.C 770) အစဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ ဖြစ်ရသည်မှာ ကျောက်စာပါ နန်းစံနှစ် (၁၂၀) အတိုင်း တွက်ယူလာသောကြောင့် အောက်ပါအတိုင်း တွေ့မြင်ရခြင်းဖြစ်ပါသည်။ မင်းဆက်ဇယား(ပုံ-၁)ကို ကြည့်ပါ။
ပထမမင်းဆက်သည် (B.C -၇၇၀) မှ (အေဒီ ၂၉၀ ) ထိ
ဒုတိယမင်းဆက်သည် ( အေဒီ-၂၉၀ မှ ၅၂၀ ) ထိ
တတိယမင်းဆက်သည် (အေဒီ ၅၂၀- ၆၄၉) ထိ ဖြစ်ပါသည်။
ဤကား အာနန္ဒစနြ္ဒမင်း ကျောက်စာပါ နန်းစံနှစ်များအလို ဖြစ်ပါသည်။ပုံ-၁



အာနန္ဒစနြ္ဒမင်းကျောက်စာပါ  ပထမမင်းဆက်၏  ဖြစ်နိုင်ခြေ ၊ သမိုင်းအမြင် လက်ခံနိုင်ဖွယ် ကို တွက်ယူခြင်း
=========================================
ပထမမင်းဆက်တွင် နန်းစံနှစ် (၁၂၀) ပါသော မင်း(၇)ပါး ၊ နန်းစံနှစ် အတိအကျပါသော မင်း(၈)ပါး ရှိသည်ကိုတွေ့ရပါမည်။ နန်းစံနှစ် အတိအကျပါသော မင်း(၈) ပါး၏ စုစုပေါင်းနန်းစံနှစ်သည် (၂၂၀) နှစ်  ဖြစ်သည်ကိုလည်းတွေ့ရပါမည်။
ထိုကြောင့် ပထမမင်းဆက်တွင် နန်းစံနှစ် အတိအကျပါသော မင်း(၈)ပါး၏ နန်းစံနှစ် (၂၂၀) ကို မင်း (၈)ပါး နှင့်စားလျှင် မင်းတစ်ပါးစီ၏ ပျှမ်းမျှ နန်းစံနှစ်သည် (၂၇.၅)နှစ် ခန့် ဖြစ်သည်ကိုတွေ့ရပါသည်။ 
သို့ဖြစ်၍  နန်းစံနှစ်(၁၂၀) ပါသော မင်း(၇) ပါးတို့၏ နန်းစံနှစ်ကို (၂၇) နှစ်ပျှမ်းမျှ ထား၍ တွက်ယူမည် ဆိုပါက နန်းစံနှစ် (၁၂၀) ပါသော(၈)ပါး၏  စုစုပေါင်း နန်းစံနှစ်သည် (၂၇ x ၇= 189) ဟု နှစ် ဖြစ်ပါသည်။ ဤသို့ ကောက်ချက်ဆွဲယူမည်ဆိုပါက မယုတ်မလွန် လက်ခံနိုင်ဖွယ် ရှိမည်ဖြစ်ပါသည်။ ဤသို့တွက်ယူလျှင် အာနန္ဒစနြ္ဒမင်းကျောက်စာပါ ပထမမင်းဆက်မှ နောက်ဆုံး အာနန္ဒစနြ္ဒမင်းထိ မင်းတို့၏ သက်တမ်းသည်  အောက်ပါ အတိုင်းဖြစ် ပေသည်။ 
ပထမမင်းဆက်သည် (B.C -120) ၀န်းကျင်မှ (အေဒီ ၂၉၀ ) ထိ
ဒုတိယမင်းဆက်သည်  ( အေဒီ-၂၉၀ မှ  ၅၂၀ ) ထိ 
တတိယမင်းဆက်သည် (အေဒီ ၅၂၀- ၆၄၉) ထိ ဖြစ်ပါသည်။
ထိုကြောင့် အာနန္ဒစနြ္ဒမင်းကျောက်စာပါ မင်းတို့၏သက်တမ်းသည် ယုတ္တိ ယုတ္တံ သမိုင်းအမြင်ဖြင့် ပြောရလျှင် တစ်နည်း လူတို့လက်ခံနိုင်သော သဘောအရ ပြောရလျှင် (B.C 120 ၀န်းကျင် မှ A.D 649 A.D) ထိ ဖြစ်သည်။ သို့မဟုတ် ဘီစီ ၂ ရာစု အစပိုင်းမှ အေဒီ ၇ ရာစု အလယ်ပိုင်းထိ ဖြစ်ပါ သည်။ ပုံ(၂) ကိုကြည့်ပါ။




နောက်တစ်နည်း
အာနန္ဒစနြ္ဒမင်းကျောက်စာ တစ်ခုလုံးတွင် နန်းစံနှစ် (၁၂၀) ပါသော မင်း (၇)ပါးနှင့် နန်းစံနှစ်  အတိအကျပါသော မင်း (၃၀)ပါး ပါရှိသည်ကိုတွေ့ရ၏။  ထိုမင်းတို့၏ စုစုပေါင်း နန်းစံနှစ်ကို အခြေခံကာ တွက်ယူနည်းဖြင့် ဖေါ်ပြပေးပါမည်။
 ပထမမင်းဆက် 
နန်းစံနှစ်အတိအကျပါ မင်း (၈)ပါး    နန်းစံနှစ် -   ၂၂၀
ဒုတိယမင်းဆက်
 နန်းစံနှစ်အတိအကျပါ မင်း (၁၃)ပါး  နန်းစံနှစ် -   ၂၃၀
တတိယမင်းဆက်
 နန်းစံနှစ် အတိအကျပါ မင်း  (၉)ပါး   နန်းစံနှစ် -   ၁၂၉
                                                          -------------               
  မင်းပေါင်း     ၃၀  နန်းစံနှစ်ပေါင်း    -        ၅၇၉
 
နန်းစံနှစ်       ၅၇၉  ကို မင်း ၃၀ ပါးနှင့် စားလျှင် မင်းတစ်ပါး၏ နန်းစံ ပျှမ်းမျှနှစ်သည် (၁၉) နှစ် ခန့် ဖြစ်ပါသည်။ ထိုကြောင့် ပထမမင်းဆက်တွင် နန်းစံနှစ် (၁၂၀) ပါသော မင်း(၇)ပါးကို တစ်ပါးစီ(၁၉ ) နှစ်ထား၍ သတ်မှတ်ယူဆမည်ဆိုပါက  ထိုမင်းတို့၏ နန်းစံနှစ်သည် (၁၉ x ၇ = ၁၃၃) နှစ်ဖြစ်ပေ သည်။ 
ဤကဲ့သို့တွက်ယူလျှင် အာနန္ဒစနြ္ဒမင်းကျောက်စာပါ မင်းဆက်များသက်တမ်းသည်  (ဘီစီ ၆၃ မှ အေဒီ ၆၄၉) ထိ ဖြစ်ပေသည်။ ရာစုအားဖြင့် ပြောရလျှင် ဘီစီ ၁ ရာစုမှ အေဒီ ၇ ရာစုအလယ်ပိုင်းထိ စိုးစံခဲ့သောမင်းများဖြစ်ပါသည်။
ဘီစီအစပိုင်းရာစုများတွင် အိန္ဒိယတိုက်နယ်၊ အရှေ့တောင်အာရှ၊ တောင်အာရှ ဒေသအသီးသီးတို့တွင် လူမျိုးအမည်ဖြင့် မှည့်ခေါ်မှု ရှိမည်မဟုတ်ပေ။ ဇာတ်နိမ့် ဇာတ်မြင့် အနေဖြင့်သာ ခွဲခြားနေထိုင်ခဲ့ကြ ဟန်တူ ပေသည်။ လူမျိုးအမည်ဖြင့် မည်ခေါ်ရေးထိုးထားသော ကျောက်များလည်းမတွေ့မိချေ၊ ဗုဒ္ဓစာပေများတွင်လည်း အမျိုးလေးပါးဟုသာ ရေးသားပါရှိသည်ကိုတွေ့ရသည်။ သရေခေတ္တရာခေတ် အေဒီ 4 ရာစုမှ 8-9 ရာစုအတွင်း ရေးသားခဲ့သော ကျောက်စာမျာ၊ ရွှေပေချပ်များတွင် (ပျူ -မြန်မာ-ဗမာ) ဟူု၍ ရေးသားမပါရှိသလို ရခိုင်ဝေသာလီခေတ် အေဒီ ဘီစီ ၁ ရာစု မှ အေဒီ ၉=၁၀ ရာစု  အတွင်း ၌လည်း  ရက္ခိုင်ဟုသော ဝေါဟာရကိုကျောက်စာများတွင် ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းခေတ်ယင်းအခါက လူသားတို့သည် ဇာတ်အနေဖြင့် ခွဲခြားကာ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားကြသောကြောင့် ဖြစ်ပါသည်။ (ပုံ-၃)

သက်သေအနေဖြင့် အာနန္ဒစနြ္ဒမင်းကျောက်စာ ဂါထာ (၄၆)တွင် (ဒါသဒါသီ=ကျွန်ယောင်္ကျား ကျွန်းမိန်းမ) ဟု ရေးထိုးထားသည်က ဇာတ်ခွဲခြားမှု၏ သက်သေဖြစ်ပါသည်။ 
နိဂုံးချုပ်အနေဖြင့် ဆိုရသော်
အာနန္ဒစနြ္ဒကျောက်စာပါး မင်းဆက်များ သက်တမ်းသည် ကျောက်စာပါ နန်းစံနှစ်များအတိုင်းဆိုလျှင် 
(ပုံ-၁) အတိုင်း
ဘီစီ(၈) ရာ စု မှ အေဒီ(၇) ရာစုအတွင်းမင်းများဖြစ်ပြီး ၊
 သမိုင်းအမြင်  ပညာရှင်များ လက်ခံနိုင်သည့် ခုနှစ်သက္ကရာဇ်မှာ ပုံ -၂ နှင့် ပုံ ၃ ပါအတိုင်း ဖြစ်နေမည်ဟု ထင်မြင်မိပါသည်။

 ကျောက်စာအလို ပုံ-၁(ဘီစီ ၈ ရာစုမှ အေဒီ ၇ ရာစု )
သမိုင်းအမြင်အလို ပုံ-၂ (ဘီစီ ၂ ရာစု မှ အေဒီ ၇ ရာစု )
သမိုင်းအမြင်အလို ပုံ-၃  (ဘီစီ ၁ ရာစု မှ အေဒီ ၇ ရာစု )
ဖြစ်ပါကြောင်း မိမိနှစ်သက်သည်ကို ကောက်ချဆွဲ ယူနိုင်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)


Comments