Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သီတဂူ ဆရာတော်နှင့် ဆရာကြီး ဦးဦးသာထွန်းတို့ အမေးအဖြေ စကားပွဲ အစအဆုံးပါ

သီတဂူ ဆရာတော်နှင့် ဆရာကြီး ဦးဦးသာထွန်းတို့ အမေးအဖြေ စကားပွဲ အစအဆုံးပါ
==============================================



``အဖိုးဦးသာထွန်းနှင့် မေးခွန်းကြီး (၆)ခု´´
********************************

သီတဂူဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရနှင့် ရခိုင်ပဏ္ဍိတာ ဦးသာထွန်း 
အမေး ➳ အဖြေ
*******************************

ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာ ရောက်ရှိလာရတဲ့အကြောင်းအရာများ 

၁၉၈၄ ခုနှစ်ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဗမာပြည် သဲကုန်း သပိတ်အိုင် တောရဆရာတော် အရှင် ဥာဏိဿရ အမှူးပြုသော ဆရာတော်ကြီး (၄)ပါးသည် မြောက်ဦးသို့ ဘုရားဖူးရောက်ရှိကြပါသည်။ ထိုစဉ် ရခိုင်ပြည် သာသနာရေးကိစ္စနှင့် ရခိုင် -မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်း အား မေးခွန်းကြီး (၆) ခွန်း မေးခဲ့ပါသည်။
ယင်းသို့ ဆရာတော် ဦးညာဏိဿရ ( ယခုသာသနာ့ ဥသျှောင် ပီနန်ဆရာတော် (ဝါ) သီတဂူဆရာတော်ကြီး) အမေးနှင့် ဆရာကြီး၏ အပြည့်အစုံ ဖြေကြားချက်များကို ပြန်လည်၍ ဆရာကြီးက အသံသွင်းပေးခဲ့သည်။ 

ဆရာကြီးသည် ရခိုင်စကားဖြင့် အသံသွင်းခဲ့သည်ကို မြန်မာပြည်ရှိ တိုင်းရင်းသားများအားလုံး ဖတ်ရှုနိုင်ရန်အတွက် မြန်မာစကားပြေဖြင့် ပြန်လည်၍ ရေးသား
တင်ပြလိုက်ရခြင်းဖြစ်သည်။

ဆရာတော် ဦးဥာဏိဿရ၏ မေးခွန်းကြီး (၆) ခွန်းမှာ
**********
#မေးခွန်း(၁)➳ 
ရခိုင်ပြည် သာသနာသည် ထေရဝါဒ ဗုဒ္ဓသာသနာမှ ဆင်းသက်လာသော သာသနာမဟုတ်၊ မဟာယာန ဂိုဏ်းမှ ဆင်းသက်လာသော သာသနာဖြစ်သည်။
   ဤအကြောင်းကို ဖြေရှင်းပေးပါ။

#မေးခွန်း(၂)➳ 
ဗုဒ္ဓ၏ ပါဠိတော် အဋ္ဌကထာနှင့် သင်္ဂါယနာ ခြောက်တန် စသည်တို့တွင် မပါရှိပဲ ရခိုင်ပြည်သို့ မြတ်စွာဘုရား ကြွရောက်လာခဲ့
သည်ဟု ရခိုင်ပြည်တွင် ရေးသားပြောဆိုနေကြသည်မှာ ဘုရားဟောတရားတော်နှင့် မကိုက်ညီပါ။
   ဤအကြောင်းကို ဖြေရှင်းပေးပါ။

#မေးခွန်း(၃)➳ 
ဗုဒ္ဓ၏ပါဠိတော် အဋ္ဌကထာ စသည်တို့၌ မပါရှိပဲ မြတ်စွာဘုရားသည် 
စန္ဒသူရိယမင်းကြီးနှင့် တွေ့ဆုံပြီး မဟာမြတ်မုနိဘုရားကို သွန်းလုပ်ခဲ့သည် ဟုရေးသားပြောဆိုကြသည်။
    ဤအကြောင်းကို ဖြေရှင်းပေးပါ။

#မေးခွန်း (၄)➳ 
သင်္ဂါယနာ ခြောက်တန်သာ ကမ္ဘာက အ
တည်ပြုထားသည်။ ရခိုင်ပြည်တွင် သင်္ဂါ
ယနာတင်ခဲ့သည်ဟု ရေးသားပြောဆိုနေကြသည်။ ဤသို့ပြောဆိုနေကြခြင်းသည့်
လည်း မဟာအမှားဖြစ်သည်။
   ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။

#မေးခွန်း (၅)➳ 
  ရခိုင်ပြည်ရှိ ဓါတ်တော်များကို ကျောရိုးတော်ဓါတ်၊ ဦးရာဇ်တော်ဓါတ်၊ လည်ရိုးတော်ဓါတ်စသည်ဖြင့် အမျိုးမျိုး အမည်ပေးထားကြသည်။ ဤအကြောင်းကိုလည်း ပါဠိတော်အဋ္ဌကထာ စသည်တို့တွင် မတွေ့ရ၍ ဖြေရှင်းပေးပါ။

#မေးခွန်း (၆)➳ 
  ရခိုင်ပြည်တွင် အသုံးပြုသော ပိဋကတ် ပါဠိတော်များမှာ မြန်မာမူဖြစ်သလော၊ မည်သည့်မူ ဖြစ်သနည်း။ သင်္ဂါယနာ ခြောက်တန်တွင် ပါသောမူဖြစ်သလော ဖြေရှင်း ပေးပါ။

#ကတိနှစ်ခု တောင်းခံခြင်း#
••••••••
အရှင်ဘုရား တပည့်တော်အား မေးထား
သော မေးခွန်းများကို လွယ်ကူစွာ ဖြေရှင်းနိုင်သည်။ သို့သော် အရှင်ဘုရားက တပည့်တော်အား ကတိနှစ်ခု ပေးရပါမည်။
သို့မှသာ တပည့်တော်ဖြေကြားနိုင်ပါမည်။
ကတိများကို မယူဆိုပါလျှင် တပည့်တော်
တခွန်းမျှ ပြန်မဖြေပါ… ဘုရား။

ဆရာတော်က “မည်ကဲ့သို့ ကတိများပါသနည်း” ဟု မေးသောအခါ
#ပထမကတိမှာ “
တပည့်တော်ပြောသော စကားများကို တစ်လုံးမျှမယုံပါဘူး ဆိုသော ကတိပါ။ 
အဘယ်ကြောင့် ဤကတိမျိုးကို တောင်းရပါသလဲကို ဥပမာပြုပါမည်။ မြတ်စွာဘုရား
သခင်သည် “ကေသမုတ္တိ” သုတ္တန်ကို ကာလမပုဏ္ဏားရွာ၌ သံသယကင်းရှင်းရန်အတွက် ဟောကြားခဲ့ပါသည်။ ဆရာ၊ မိဘ
အစရှိသောသူများ အစဉ်အဆက်မပြတ်ပြောသောစကားများကို မယုံပါနှင့်၊ ငါဘုရား ဟောသည်ဟူ၍လည်း မယုံပါနှင့်၊ စာအုပ်ကြီး၌ ပါရှိသည်ဟူ၍လည်း မယုံပါနှင့်
အစရှိသည်ဖြင့် ဟောကြားခဲ့ပါသည်။
 ငါဘုရား ဟောသည်ဟူ၍လည်း မယုံပါနှင့်
ဆိုလျှင် အဘယ်ကို ယုံရပါမည်နည်း ဟုမေးစရာရှိလာပါသည်။  ဘုရားရှင်က
 ကျိုးကြောင်း စပ်မှယုံ၊ ကြောင်းကျိုးစပ်မှ ယုံ ဟုဟောကြားခဲ့ပါသည်။

ကျိုးကြောင်း၊ ကြောင်းကျိုးစပ်၍ မှန်ကန်သောစကားမှာ ဘုရားစကားသာဖြစ်ပါသ
ည်။ ဘုရား၏စကားသည် မှားသည်ဟူ၍
မရှိပါ။ ထို့ကြောင့် တပည့်တော်ပြောသော စကားများကိုလည်း ဤဥပမာ၌ ရှိသော
ယုတ္တိ သုံးပါးနှင့်တကွ ဘုရားရှင်သည် နောက်ဆုံးပရိနိဗ္ဗာန်မစံမှီ သုဘန္ဒရဟန်း ကြီးအား ဟောထားသည့်အတိုင်း 
မဟာပဒေသတရားတော် လေးပါးနှင့် ပြည်စုံပါလျှင် ယုံပါဆိုသော ကတိကို ခံစေချင်၍ ပြောကြားခြင်း ဖြစ်ပါသည်။ ထို့ကြောင့်
တပည့်တော်ပြောသော စကားရပ်
ဤအင်္ဂါရပ်နှင့် ပြည့်စုံမှသာ ယုံပါ။ မပြည့်စုံပါက မယုံပါနှင့် ဟုဆိုလိုခြင်း ဖြစ်ပါသည်.. ဘုရား။ သို့မဟုတ်ပါက တပည့်တော်မှာ အကျိုးမဖြစ်ဘဲ အပြစ်သာဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် တပည့်တော်သ
ည် ဘုရားမဟုတ်သောကြောင့်ပါ… ဘုရား။ ဗုဒ္ဓစကားသည် တခွန်းတည်းနှင့် မှန်ကန်ပါသည်။ တပည့်တော်သည် ပုထုဇဉ်ဖြစ်သောကြောင့် အမှားရှိပါမည်။ 
ယင်းအမှားကို ထောက်ပြလျှင် တပည့်တော်
၀မ်းသာပါမည်။ ထို့ကြောင့် အရှင်ဘုရားသည် တပည့်တော်ပြောသော စကားများကို
ယုတ္တိသုံးပါးနှင့် မကိုက်ညီလျှင် မဟာပဒေ
သတရားနှင့် မကိုက်ညီလျှင် အရှင်ဘုရား
ထပ်၍ မေးခွန်းထုတ်ပါ။ တပည့်တော် စကားကို ထပ်၍ မေးခွန်းမထုတ်လျှင် တပည့်တော်ပြောသော စကားကို အရှင်ဘုရား လက်ခံယုံကြည်ပြီး မှန်ကန်သည်ဟု မှတ်
ယူရပါမည်.. ဘုရား။ ဤကတိကို အရှင်
ဘုရားတို့ထံမှ ရယူပါမည်။ ထိုအခါ
စစ်ကိုင်းဆရာတော်ကြီးက ဆရာတော် အရှင်ညာဏိဿရအား ကတိခံယူရန် ပြောပါသည်။

#ဒုတိယကတိမှာ ....
ဤနေရာ၌ မပြောအပ်သော စကားဖြစ်ပါသည်။ အရှင်ဘုရားက
ပြောသာပြောပါ ကိစ္စမရှိပါဟု ဆိုလျှင် တပည့်တော် ပြောပါမည်။ ဆရာတော်ကြီးများက ပြောပါဟုဆိုသဖြင့် ဆရာကြီးကထက်၍ ပြောပါသည်။ ရခိုင်ပြည်သည် ကိုလို
နီစနစ်နှင့် အုပ်ချုပ်ပြီး ကျွန်သက်ရှည်လာ
ခဲ့သည်မှာ နှစ်ပေါင်း (၂၀၀) ရှိပါပြီ… အရှင်ဘုရား။
နှစ်ပေါင်း (၂၀၀) အတွင်း ပြည်ထောင်စု
တိုင်းရင်းသားများ မြန်မာပြည်လွတ်လပ်
ရေး တောင်းဆိုကြသောအခါ ရခိုင်လူမျိုး
များလည်း ပါ၀င်ခဲ့သည်။ လွတ်လပ်ရေးရသည့်အချိန်တွင် ရခိုင်လူမျိုးများလည်း ပြည်နယ်တောင်းခဲ့ကြပါသည်။ သို့သော် ရခိုင်ကို ပြည်နယ်မပေးခဲ့ပါ။ ဤစကားများ
ကို မပြောအပ်ဘဲနှင့် ပြောနေရပါသည်။
ရှမ်း၊ ကချင်၊ ကရင်တို့က ပြည်နယ်ရပြီး
ရခိုင်ကပြည်နယ်မရရှိခြင်းသည် စာအားဖြင့်သော်လည်းကောင်း၊ အခြေအနေအာ
းဖြင့်သောလည်းကောင်း ရခိုင်ပြည်သည်
အလွန်သေးငယ်သောကြောင့်လော၊ အ
လွန်နိမ့်ကျသောကြောင့်လော ပေးလည်း
မပေးအပ်ဟု အထင်မှား အမြင်မှား ဖြစ်ကြရပါသည်။ မဆလ အစိုးရတက်လာသောအခါ ရခိုင်ပြည်ကို ပြည်နယ်ပေးအပ်ခဲ့ပါသည်။ သို့သော် တိုင်းနှင့်ပြည်နယ် (၁၄)
ခုတွင် မဖွံ့ဖြိုး၊ မတိုးတက်ဆုံး ဖြစ်နေပါ
သည်။
အရှင်ဘုရား ယခုထိုင်နေရာနေရာမှ အနောက်သို့ နောက်ပြန်ကြည့်လိုက်ပါ။ ရှစ်သောင်းဘုရားကြီးရှိပါသည်။ ကျောက်တုံးကြီးများဖြင့် လိုဏ်အထပ်ထပ်တည်ထားပါသည်။
ထိုဘုရား၏ နောက်မှာ ထုက္ကန်သိမ်
ဘုရား၊ ရတာနပုံဘုရားနှင့် အံတော်သိမ်
များကို မြင်တွေ့ရပါလိမ့်မည်။ 
ယခုအချိန်ကဲ့သို့ မဖွံ့ဖြိုးသေးဘဲ သေးငယ်နေသောအချိန်အခါတွင် တည်ထားခဲ့သော အဆောက်အဦးများ မဟုတ်ပါ။
ဤကဲ့ကြီးကျယ်သော အဆောက်အဦမျိုး
ကို သာမန်ဘုရင်များ မတည်နိုင်ပါ။ 
နန်းတော်ကုန်းကို တည်ဆောက်ထားသော ကျောက်တုံးများကိုလည်း အရှင်ဘုရားမြင်ပြီး ဖြစ်ပါသည်။ ယင်းကြောင်း 
ဤအဆောက်အဦးများကို တည်ဆောက်ခဲ့သော အချိန်သည် ရခိုင်၌ ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်ထီး ကိုယ့်နန်းနှင့် ကိုယ့်ဘာသာ 
သာသနာနှင့် ကြီးပွားထွန်းကားနေသော အချိန်ဖြစ်နေသည်ကို အရှင်ဘုရားစိတ်မှာ မှတ်ထားရပါလိမ့်မည်။ သို့မှသာ တပည့်တော်ပြောသောစကားများကို သဘောပေါက်နားလည်ပါလိမ့်မည်။
ထို့ကြောင့် ရခိုင်တို့သည် ရှေးအခါက ခမ်းနားကြီးကျယ်ခဲ့သည်ကို စိတ်ထဲ၌ မှတ်ထားရန် ကတိကို ခံယူပါဘုရား။ ဆရာတော်များက ဒုတိယကတိကိုလည်း ခံယူကြောင်းပြောပါသည်။

ဆရာကြီး ဦးဦးသာထွန်း၏
 ပြန်လည်ဖြေကြားချက်
*********

ရခိုင်ပြည်သည် သူတပါးလက်အောက်ကျ
ရောက်သည့် ရခိုင်သက္ကရာဇ် (၁၁၄၆) ခု
နှစ် (ခရစ်သက္ကရာဇ်- ၁၇၈၄ ခုနှစ်) မှစ
၍ သာသနာညိုးနွမ်းခဲ့သည်မှာ ယနေ့တိုင်
ဖြစ်သည်။ သာသနာရေးဆိုင်ရာ စာအုပ်
တစ်အုပ်မျှ မထွက်ခဲ့ပါ။ ထိုခေတ်မှစပြီး
စာပေဝါသနာ အလွန်ပါသူများသည် ပေစာများကို တဆင့်ကူးယူပြီး စာမူတစ်ခုကို
ငါးစောင်၊ ဆယ်စောင် စသည်ဖြင့် ပွားခဲ့ကြရပါသည်။ စာပုံနှိပ်ခေတ် ရောက်သော
အခါ ဟောင်းနွမ်းနေသော စာပေများကို
လည်း ထပ်မကူး၊ ပုံနှိပ်စာအုပ်ကလည်း
မထွက်နိုင် သည့်အတွက်ကြောင့် အဟောင်း အဟောင်းဖြစ်သော စာပေများလည်းကွယ်ပြီး အသစ်အသစ်ဖြစ်သော စာပေများလည်း မထွက်သည့်အတွက်ကြောင့် ရခိုင်စာပေကွယ်ပျောက်လုမတတ် ဖြစ်ခဲ့ပါသည် ဘုရား။

သို့သော် ရခိုင် အမျိုးသား သမိုင်းသုတေ
သီများက ရခိုင်တို့၏ သာသနာရေး၊ ဘာ
သာရေးစာပေများကို သုတေသန လုပ်နည်း (၂) မျိုးရှိပါသည် ဘုရား။ တမျိုးမှာ ဝိဇ္ဇာနည်းဖြစ်၍ အခြားတနည်းမှာ သိပ္ပံနည်းဖြစ်ပါသည် ဘုရား။ သိပ္ပံနည်းမှာ ငွေကုန်များ၍ မတတ်နိုင်ပါ။ ဝိဇ္ဇာနည်းဖြင့်
သုတေသန လုပ်ခဲ့ရပါသည်။ တပည့်တော်တို့၏ ရခိုင်တွင် ရခိုင်စကားမှာ “မဆမခြေရာကောက်နည်း ( မုဆိုးမ ခြေရာကောက်
နည်း)” ဟု ခေါ်ပါသည်။ ဤနည်းဖြင့် သုတေသနရှာဖွေရပါသည် ဘုရား။ 
ဤနည်းဖြင့် တပည့်နော်တို့ရှာလိုက်သောအခါ ရခိုင်သမိုင်းတွင် မြောက်ဦးမြို့သည် နောက်ဆုံးမြို့ ဖြစ်ပါသည်။ ယခုအရှင်ဘုရားတို့ မြင်နေရသော ဘုရားစေတီများမှာ မြောက်ဦးခေတ် မင်းစောမွန် လက်ထက်ကစပြီး တည်ထားခဲ့သော ဘုရားစေတီများ ဖြစ်ပါသည်။ ဤသာသနာသည် မြောက်ဦးခေတ်တွင် စတင်ခဲ့သလော 
( သို့မဟုတ်) မည်သည့်ခေတ်ကပင် စခဲ့သည်ကို သိရှိရန်အတွက် နောက်ကို တလှမ်းဆုတ်ကြည့်ပါသည်။ 
ထိုမြောက်ဦးခေတ် မတိုင်မှီ လောင်းကြက်ရှိခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် 
မြောက်ဦးခေတ်သည် လောင်းကြက်ခေတ်မှ ဆင်းသက်လာကြောင်း သိရပါ
သည် ဘုရား။ လောင်းကြက်သာသနာကို
ကြည့်လိုက်သောအခါ ထိုခေတ်တလျှောက်
လုံး ကျောက်ဆင်းတုဘုရား၊ ကျောက်စာများကို လောင်းကြက်ခေတ် အက္ခရာများ၊
သက္ကရာဇ်များဖြင့် အတိအကျ တွေ့ရပါသည် ဘုရား။

#ရက္ခ၀ဏ္ဏအက္ခရာ


လေးမြို့ခေတ်သည် မည်သည့်ခေတ်မှ ဆင်းသက်လာသနည်း ဆိုသည်ကို နောက်သို့
တလှမ်းဆုတ်လိုက်သောအခါ ဝေသာလီခေတ်ကို တွေ့ရပါသည်။ ဝေသာလီခေတ်
ကို ရောက်သောအခါ ရခိုင်စာပေအရးအသားမှာ အက္ခရာများ ပြောင်းလဲလာပုံကို
တွေ့ရှိရပါသည်။ လေးမြို့ခေတ်အစပိုင်းမှာ ဝေသာလီခေတ်က ရွေ့လျားလာသော
ရက္ခ၀ဏ္ဏအက္ခရာဟု ခေါ်သော ရခိုင်အက္ခရာနှင့် အသုံးပြု ရေးသားခဲ့သည်။ ရခိုင်တို့၏ လေသံ။ လေယူလေသိမ်းများဖြင့် ရေးထားသဖြင့် ရက္ခ၀ဏ္ဏအက္ခရာ ဟု ခေါ်ပါသည်။ ဝေသာလီခေတ်အစပိုင်းတွင် ဗြဟ္မီပွားအက္ခရာနှင့်ပင် ဝေသာလီခေတ်တွင် ဘာသာရပ်အနေဖြင့် ဘုရားတရားစာ
ကို သက္ကတဘာသာဖြင့်ရေးပြီး အက္ခရာစာပေကို ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရေးသားစအချိန်လည်း ဖြစ်သည်။ ထိုအချိန်က သက္ကတဘာသာသည် ကမ္ဘာတွင် အင်္ဂလိပ်စာပေ လွှမ်းမိုးနေသကဲ့သို့ လွှမ်းမိုးနေသည့်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် သက္ကတဘာသာဖြင့် ရခိုင်သမိုင်းကို ရေးထိုးထားခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ ရေးထိုးထားသော ကျောက်စာ အမြှောက်အမြှားရှိပါသည်။

ဝေသာလီခေတ်မှ နောက်သို့ တလှမ်းဆုတ်ကြည့်လိုက်သောအခါ ဓည၀တီခေတ်
ကို ရောက်ရှိပါသည်ဘုရား။ ယင်းဓည၀တီခေတ်တွင်လည်း အသုံးပြုသောစ စာပေများရှိကြောင်းကိုလည်း တွေ့ရပါသည်။
ဤကဲ့သို့ မှဆင်မခြေရာကောက်နည်းဖြင့်
လေ့လာရာ ဓည၀တီခေတ်အား သိပ္ပံနည်းအားဖြင့် သမိုင်းမှတ်တိုင်နှင့် သမိုင်းရုပ်
ကြွှုင်းဖြစ်သော ကျောက်စာနှင့် ကျောက်ရုပ်ထုများကိုလည်း အထင်အရှား တွေ့ရပါသည်။ 
ထိုသမိုင်းရုပ်ကြွင်းများမှာ အစစ်အမှန်များ ဖြစ်နေပါသည်။ တပည့်တော်တို့ ပိဋကတ်စာပေမှာ ပုံနှိပ်စာအုပ်လည်း
မရှိ။ ပေစာ၊ ပုရရိုက်စာများလည်း ကွယ်
ပျောက်နေသောကြောင့် ထိုသမိုင်းရုပ်ကြွင်းများမှာ မကွယ်မပျောက် လက်တွေ့ မြင်နိုင်တွေ့နိုင်သော အရာများ ဖြစ်နေ၍ ပစ်ပယ်၍ မရကောင်းပါ ဘုရား။
ဤအပိုင်းကို ထပ်၍ ရှင်းပြပါအုန်းမည်။
တောင်ပေါက်ကြီး ကျောက်စာ
မြောက်ဦးခေတ်ကစပြီး ဓည၀တီခေတ်
တိုင်အောင် သာသနာတော် ဆင်းသက်လာပုံကို ခြေရာကောက်ယူသည့်နည်းနှင့် သုတေသနပြုလိုက်သောအခါ သာသနာသည် ဓည၀တီခေတ်တွင် ဆုံးနေပါသည်ဘုရား။ ဓည၀တီခေတ်တွင် “နမောတဿ” ဂါထာတော်ပါရှိသည့် ဗြဟ္မီအက္ခရာနှင့် ရေးထိုးထာခဲ့သော တောင်ပေါက်ကြီးကျောက်စာ ရှိခဲ့ပါသည်။ ယင်းစာကို ရေးထိုးထားသောအက္ခရာစာလုံးများကို ကြည့်လိုက်လျှင် ဘီစီ(၃၀၀) ကျော်က အသောကမင်းကြီး ရေးထိုးခဲ့သော ကျောက်စာတွင် ပါရှိသည့် အက္ခရာစာလုံးများနှင့် အတူတူဖြစ်နေသောကြောင့် တစ်ခေတ်တည်းတွင်
ရေးထိုးထားခဲ့သော ကျောက်စာဖြစ်ကြောင်း လက်ရေးလက်သား လေ့လာသော ပညာရှင်များမှ သုတေသနပြုမှတ်ချက်ချခဲ့ကြပါသည် ဘုရား။ ယင်းကြောင့် ရခိုင်ပြည် ဓည၀တီခေတ်တွင် အိန္ဒိယမြောက်ပိုင်းက အသုံးပြုသည့် ဗြဟ္မီအက္ခရာများ
၀င်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါသည် 
ဘုရား။



ဓည၀တီခေတ် တောင်ပေါက်ကြီး ကျောက်စာကို ထပ်၍ ရှင်းလင်းပါဦးမည်။ ယခုနိုင်ငံတော်က ထုတ်ဝေထားးသော
မြန်မာ့စွယ်စုံကျမ်းသမိုင်းတွင် အက္ခရာဆင်းလာပုံ၌ မြန်မာအက္ခရာ ဆင်းသက်လာပုံကို ဗြဟ္မီအက္ခရာမှတဆင့် ယခုခေတ်ထိဆင်း
သက်ပုံကို ရေးသားထားပါသည်။ မြန်မာ
အက္ခရာမှာ အိန္ဒိယ တောင်ပိုင်း ပလ္လ၀၊
ကဒမ၊ အလုကျ၊ တိလင်္ကာ ဆိုသော အက္ခရာများမှတဆင့် ဆင်းသက်လာပြီးလျှင် မြန်မာစာဖြစ်လာပါသည်။ 
ဆရာကြီး ဦးသာမြတ် ရေးသားသောစာအုပ်တွင် ဗြဟ္မီ၊ မာဂဓ၊ ပုတ္တ၊ ကြန္ဒ၊ ပလ္လ၀၊ ကဓမ ကနေပြီး ရာမညတိုင်းသို့ ဆင်းသက်လာကြောင်း ရေးသားထားပါသည်။
 တပည့်တော်တို့ ရခိုင်ဘက်မှာ ဓည၀တီခေတ်၌ ဗြဟ္မီအက္ခရာ
အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့သော် ရာစုနှစ် တစ်ခေတ်ပြီး တစ်ခေတ်
လက်ရေးပြောင်းလာသည့်အတွက် အက္ခရာပြောင်းလဲပုံမှာလည်း ပြောင်းလဲမှုရှိပါ
သည် ဘုရား။ ယင်းကြောင့် ဝေသာလီခေတ်တွင် ဗြဟ္မီ အက္ခရာမှ ဆင့်ပွားလာသော 
ဗြဟ္မီအက္ခရာဖြင့် ရေးသားထားသည်ကို
တွေ့ရပါသည်။ ဓည၀တီခေတ်တွင်
ကျမ်းဦး ဂါထာတော်အဖြစ်ဖြင့် “နမောတဿ” ဂါထာတော်ကို ဗြဟ္မီ အက္ခရာဖြင့် ပါဠိ အသံထွက်အတိုင်းဖြစ်ပါသည်ဘုရား။

ရခိုင်ပိဋကတ်ကို ဆက်ရန်......
စာပေအကြောင်းကို ခဏရပ်ထားပြီး ရခိုင်ပိဋကတ်အကြောင်းကို ဆက်ပြောပါမည် ဘုရား။ ဆရာတော်တို့သည် ပိဋကတ်တော်ကို ကျွမ်းကျင်သောပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ပိဋကတ်ကိစ္စကို ပြောရာတွင် သည်းခံပြီး နားထောင်ပါဘုရား။ ဗုဒ္ဓဘာသာ၀င်တိုင်း သိရှိကြသည့်အတိုင်း သာ၀တ္ထိမြို့က ဥပတိဿနှင့် ကောလိတညီနောင်နှစ်ဦးသည် နက္ခသဘင်ကို ကြည့်ရှုနေစဉ် ပွဲကြည့်ပရိသတ်များကို
ကြည့်ပြီး သည်လူများသည် နောက်နှစ်ပေါင်း တစ်ရာအတွင်းမှာ အားလုံးသေပျောက်ကြလိမ့်မည်။
 ငါတို့လည်းသေရလိမ့်မည်။ ယင်းကြောင့်
မသေသော တရားကို ရှာဖွေရန်အတွက် ရွာမှထွက်သွားကြပါသည်။ ထိုကဲ့သို့ တရား
ရှာဖွေကြသောအခါ သိဉ္ဇည်းပရိဗိုဇ်ထံ အတတ်ပညာများ သင်ကြားကြသောအခါ
အားလုံးတတ်သိကြလေသည်။ သိဉ္ဇည်းပရိဗိုဇ်က သင်စရာကုန်ပြီဟု ပြောသဖြင့် 
ဆရာရှာရန် ထွက်ကြပြန်သည်။
ထိုကဲ့သို့ ခရီးဆက်လာကြသောအခါ 
ရာဇဂြိုလ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။
 ထိုစဉ်ဆွမ်းခံကြွလာသော အရှင် အဿဇိမထေရ်ကို မြင်တွေ့ခဲ့ပါသည်။ ထိုအရှင်မြတ်၏ သာမဏေအိနြေ္ဒကို ကြည်ညို
သဖြင့် ငါ့ရှင်၏ဆရာက မည်သူဖြစ်သနည်း၊ အဘယ်တရားကို ဟောကြားပါသနည်း၊ အကျွန်ုပ်တို့အားတခွန်းမျှလောက်ဟောကြားပါ လော့ဟု
အစရှိသည်ဖြင့် မေးလျှောက်ခဲ့ပါသည်။
အရှင်အဿဇိမထေရ်က အကျွန်ုပ်ဆရာသည်ဘုရားသခင်ဖြစ်ပါသည်။ အကျွန်ုပ်သည် ရဟန်းဖြစ်သည်မှာ မကြာသေးသဖြင့် တရားကောင်းကောင်း မပြောတတ်သေးကြောင်း၊ သို့သော် အကျွန်ုပ် ဆရာသခင် ဟောကြားသောတရားထဲမှ အကျွန်ုပ် မှတ်မိသော တရားဖြစ်သည့် ဤမည်သော ဂါထာတော်ကို ဟောကြားပါမည်ဟုဆို၍ တရားဟောခဲ့ပါသည်။ ယင်းဂါထာတော်မှာ
‘ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတု
တထာဂတော အာဟ၊ တေသဉ္စယော နိရောဓေါ၊ ဧဝံ၀ါဒီ မဟာသာမဏော’ ဟု အရှင်အဿဇိမထေရ်က ထိုသူနှစ်ဦးအား ဟောကြားခဲ့ပါသည်။

အဓိပ္ပါယ်မှာ - မြတ်စွာဘုရားသည် ရှေး
ကပြုဖူးသော အကြောင်းကြောင်းကြောင့်
ဖြစ်ပေါ်လာသော အကျိုးတရားတို့ကို ဟောတော်မူ၏။ ထိုအကြောင်းအကျိုးတရား နှစ်ပါးတို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏ ဟု အဓိပ္ပါယ်ရပါသည် ။ အရှင်ဘုရားတို့ သိရှိတော်မူပါသည့်အတိုင်းပါ ဘုရား။
နောက်ဆုံး ထိုသူနှစ်ဦးသည် မြတ်စွာဘုရားနှင့် တွေ့ရှိပြီး ရဟန္တာ များဖြစ်ကြ၍ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလံ အဖြစ်ထင်ရှားခဲ့ပါသည်။
ဤတရားမှာ နှမ်းတစ်တောင်းကို ကြိတ်
လိုက်သောအခါ ဆီကြည်တစ်ပုလင်း နှစ်
ပုလင်း ရရှိသကဲ့သို့၊ ကျောက်စရစ် ငါးတောင်းကို ကြိတ်သော်လည်း ဆီကြည်တပေါက်မျှ မရရှိသကဲ့သို့၊ ပိဋကတ်သုံးပုံကို အဆီထုတ်လိုက်သော အခါ ‘နိဗ္ဗာန်’ ဆိုသော
တရားတလုံးသာ ရရှိပါသည်။ ယင်းတရား
တစ်လုံးကို စိတ်ဖြာလိုက်သောအခါ ‘ ဓမ္မ္မနှင့်ဝိနယ’ ရရှိပါသည်။ နောက်ထပ် စိတ်ဖြာလိုက်ပါလျှင် ‘သစ္စာလေးပါး၊ မဂ္ဂင်ရှစ်
ပါး၊ ဗောဓိပက္ခယတရားသုံးဆယ့် ခုနှစ်ပါး´ အစရှိသည်ဖြင့် နောက်ဆုံး ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သည် ပိဋကတ်သုံးပုံ၏ အဆီအနှစ်ဖြစ်ကြောင်းကို ဆရာတော်က တပည့်တော်ထက် သိပါသည်ဘုရား။
ဤယေဓမ္မာတရားသည် မဟာယာနဂိုဏ်း
သားများ အသုံးပြုသော ဂါထာတော်ဖြစ်ပါသလား၊ အရှင်ဘုရား တွေ့ဖူးပါသလား
ဟု မေးသောအခါ ဆရာတော်သည် ဖြေကြားခြင်း မရှိဘဲ တိတ်တိတ်နေခဲ့ပါသည်။
ဤယေဓမ္မာ ဂါထာကို မဟာယနဂိုဏ်း
သားများ အသုံးပြုမည် မထင်ပါ။ မဟာယာနဂိုဏ်းသားများ အသုံးပြုသည်ကို တွေ့ဖူးပါသလား ဟု ထပ်၍မေးသောအခါ ဆရာတော်မှာ တိတ်တိတ်နေမြဲ နေခဲ့ပါသည်။
နောက်တစ်ချက်မဟာယနဂိုဏ်း၊ တန္တရာဂိုဏ်း၊ မန္တရာဂိုဏ်းများ ပေါ်ပေါက်လာပါသည်။ ထိုဂိုဏ်းများမှ တဆင့် တပည့်တော်တို့ ရခိုင်ပြည်သို့ မဟာယာနသာသနာ ၀င်ရောက်လာပါသလော ဟု မေးသောအခါ ဆရာတော်မှ တစုံတရာ ပြောကြားခြင်း မပြုခဲ့ပါ။
နောက်တချက် အိန္ဒိယတပြည်လုံးကို မဂိုမင်းများ တိုက်ခိုက်သိမ်းယူလိုက်သောအခါ
ဗုဒ္ဓဘာသာ၀င်များသည် သီရိလင်္ကာနိုင်ငံ၊
တိဘက်နိုင်ငံ၊ ရခိုင်ပြည်၊ မြန်မာပြည်များ
သို့ ထွက်ပြေးကြသောအခါ မဟာယာနဂိုဏ်းသည် ရခိုင်ပြည်သို့ ၀င်ရောက်ခဲ့ပါသလား အရှင်ဘုရား။ ဆရာတော်က မည်သို့မျှ 
မပြောကြားခဲ့ပါ။ 
တိတ်တိတ်နေမြဲနေခဲ့ပါသည်။ သို့ဖြစ်လျှင် တပည့်တော်တို့ ရခိုင်ပြည် သာသနာသည် မဟာယာနဖြစ်သည်ဟု ဆရာတော် စွပ်စွဲခဲ့သည်မှ မည်သည့်အကြောင်းကြောင့်ဖြစ်ပါသလဲ ဘုရား။
ဆရာတော်လည်း မည်သည့်တစ်ခုမျှ ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။

သူရိယမင်းဆက်၊ စန္ဒြမင်းဆက်
ထိုကဲ့သို့ ရခိုင်ပြည် ဓည၀တီတောင်ပေါက်ကြီးကျောက်စာနှင့် အိန္ဒိယပြည် အာသောကကျောက်စာနှင့် တည်နေပုံကို ထောက်ရှုသောအခါ ဘီစီ (၃) ရာစုမှာ ကျောက်စာများကို ရေးထိုးလျှင် ထိုမရောက်မှီ ဘီစီ (၅) ရာစု လောက်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါသည်။ တပည့်တော်တို့ ခြေရာကောက်နည်းဖြင့် ထပ်ပြီး ကောက်ယူလျှင် ရခိုင်ပြည်၌ မင်းဆက်နှစ် ဆက်ရှိခဲ့ပါသည်။ ပထမမင်းဆက်မှာ သူရိယမင်းဆက်ဖြစ်ပြီး ဒုတိယမင်းဆက်မှာ
စန္ဒြမင်းဆက်ဖြစ်ပါသည်။ သူရိယမင်း
ဆက် (၅၅)ဆက် နောက်ပိုင်းတွင်
စန္ဒြမင်းဆက် ပေါ်လာပါသည်။ စန္ဒြမင်း
ဆက်၏ ပထမမင်းဆက်မှာ ရခိုင်သမိုင်း
တွင် မဟာသူရိယတိုင်းစန္ဒြမင်းကြီးဟုခေါ်ဆိုကြပါသည်။ ရှစ်သောင်းဘုရားကျောက်စာတွင် ဒွင်စန္ဒြ ဟု သက္ကတအက္ခရာဖြင့် ရေးထိုးထားပါသည်။

ဤမဟာတိုင်းစန္ဒြမင်း ရေးထိုးထားသည့် ယင့်ကျောက်စာနောက်ဘက်တွင် စာလေးကြောင်း ပါရှိပါသေးသည်။ ယင်းစာလေးကြောင်းမှ အထက်နှစ်ကြောင်းတွင် 
ယေဓမ္မာ ဟေတုပ္ပဘဝါ ဖြင့် အစပြုရေးသားထားပါသည်။
အဓိပ္ပါယ်ဖော်နိုင်ခဲ့ပြီး
ထိုစန္ဒြမင်းဆက် ရေးထိုးခဲ့သော ကျောက်စာမှ မဟာမုနိကုန်း ဒုတိယပစ္စယံအရှေ့မြောက်ဘက်၌ပါရှိပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက အမိုးအကာမရှိဘဲ ပက်လက်လှန်ပြီးလျှင် မိုးထဲ ရေထဲ၌ ရှိနေခဲ့သဖြင့် စာကြောင်းများမှာ ဖတ်မရနိုင်အောင် ပျက်စီးခဲ့ပါသည်။ သို့သော် ကြိုးစား
၍ မင်ကူးကူးယူသောအခါ စာလုံးအနည်း
ငယ်ကို ဖတ်ရှုပြီး အဓိပ္ပါယ်ဖော်နိုင်ခဲ့ပါ
သည်။ ရေးထားသော အက္ခရာစာလုံးမှာ
သက္ကတဖြစ်ပြီး ‘မဟာသျှူရိယော သျှန္ဒရော၊ နာမနော သျှဗဒါနေ ပကာရတေ’ ဆိုသော စာကြောင်းပါ ဘုရား။
ပါဠိဘာသာနှင့် ဆိုလျှင် ‘မဟာသူရိယော
စန္ဒရော နာမနော သဗ ဒါနော ပကာရတေ’ ဟုရပါသည် ဘုရား။
 အဓိပ္ပါယ်က မဟာသူရိယတိုင်း 
စန္ဒြမင်းကြီးသည် ဤကုန်တော်၌ 
ဒါန၀တ္ထု အစုစုကို လှုဒါန်း၍ ပြီးပြည့်စုံပြီဟု ဖြစ်ပါသည်။ ယင်းကြောင့်
ဤစာကို ထိုးထားသော ကျောက်စာပါ အရုပ်မှ မဟာစန္ဒြမင်းကြီး ကုသိုလ်ပြုစိုက်
ထူခဲ့သော အရုပ်ဖြစ်ကြောင်း သက်သေထူနေပါသည် ဘုရား။
ဤစာသည် အေဒီ (၄)ရာစု အစောပိုင်းက စာဖြစ်ပါသည်။ (၄)ရာစု အစပိုင်းမှ
နောက်ကို ဆုတ်လိုက်သည့်အခါ သူရိယမင်းဆက်က နောက်မင်းများ၏ မင်းဆက်
သက္ကရာဇ်တို့ကို ပေါင်းလိုက်သည့်အခါ
ဘီစီ (၅) ရာစုတွင် ဂေါတမ ဗုဒ္ဓနှင့် စန္ဒသူ
ရိယမင်းကြီးသက္ကရာဇ်တို့ တူညီနေသည်ကို တွေ့ရပါသည် ဘုရား။ 
ထို့ကြောင့် အထက်တွင် လျှောက်ထားခဲ့သည့်အတိုင်း တောင်ပေါက်ကြီးကျောက်စာနှင့် သိရိဓမ္မသောကမင်းကြီး၏ အိန္ဒိယကျောက်စာကို တိုက်ကြည့်လိုက်လျှင်လည်း ရေးသားပုံချင်းတူကာ အဓိပ္ပါယ်အားဖြင့်လည်း တူညီနေပါသည်ဘုရား။
ဓည၀တီသို့ဘုရားရှင်ကြွခဲ့၏
ဓည၀တီအကြောင်းကို ပြန်ဆက်ပါမည်။
ဓည၀တိ၌ ဘီစီ (၃)ရာစုမှာ သူရိယစက္ကမင်း ထီးနန်းစိုးစံလျှက်ရှိပါသည်။ ထိုမင်းကနောက်သို့ ရေတွက်လျှင်ဘီစီ (၅)ရာစု
သို့ ရောက်ပါသည်။ ယင်းကြောင့် စန္ဒသူရိယမင်းသည် ဓည၀တီ၌ ဘီစီ(၅) ရာစုတွင် အုပ်ချုပ်ခဲ့ကြောင်း သိရပါသည် ဘုရား။
ယခုလို ခြေရာကောက်နည်းဖြင့် လိုက်သောအခါ အတိအကျရရှိပါသည် ဘုရား။
ထိုအချိန်၌ အိန္ဒိယတွင် မြတ်စွာဘုရား ပွင့်နေချိန် ဖြစ်ပါသည်.။ ယင်းကြောင့် စန္ဒသူရိယ နန်းစံ၍ နှစ်ပေါင်း (၂၅) နှစ်အကြာတွင် ဗုဒ္ဓရှင်တော်သည် ဓည၀တီသို့ ကြွရောက်ခဲ့ပါသည်ဟု ရခိုင်သမိုင်းအစောင်စောင်တွင် တညီတညွတ်တည်း ဖော်ပြထားပါသည် ဘုရား။ ယင်းကြောင့် ဓညဝတီ၌ စန္ဒသူရိယမင်း အုပ်ချုပ်စဉ်တွင် မြတ်စွာဘုရား ကိုယ်တော်တိုင်
 ကြွရောက်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။
မြတ်စွာဘုရား ကြွရောက်လာသောအ ကြောင်းကို ဓည၀တီမြို့၏ အနောက်ဘက် တောင်တန်းကျောက်စာ၌ သူရိယစက္ကမင်းကြီးသည် ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားခဲပါသည်။ 
တပည့်တော် ငယ်စဉ်က ဆရာကြီး
စံရွှေဘုနှင့် အတူ ကူးယူခဲ့ပါသည်။ ထိုကျောက်ဆောင်မှာ မဟာမုနိ ကျောက်တော်လမ်းကို လုပ်သောအခါ တူးဖြိုသဖြင့်
ပျက်စီးခဲ့ရပါသည်။ ထိုကျောက်ဆောင်၌
ရေးထိုးထားသည့်စာကိုယခုခေတ်၌ ပါဠိ
ဘာသာဖြင့်ဆိုလျှင် ‘နမောတဿ ဘဂဝတော၊ အဟာရတော ၊ သမ္မာသဗ္ဗုဒ္ဓဿ။ အထခေါ ဘဂဝါ ဘိက္ခုသံဃံ ပါသာင်္ဒ အာရုပေတွာ။ ပဉ္စပါသာဒ သတပရိဝုတော ၊ ဓည၀တီရဋ္ဌံ အာကာသမဂ္ဂေန။ စာရိကံ စရမာနော ဓည၀တီ မဟာနဂရဿ ပစ္ဆိမဒိသာ ဘာဂေ။ ကစ္ဆပနဒီယာ ပုရတ္ထိမတိရေ သေလာဂိရီပဗ္ဗတဗုဒနိ သြရောဟိတွာ ပတိဌာတိ။’ ဖြစ်ပါသည်။
အဓိပ္ပါယ်အတိုကောက်မှာ။ ။
 မြတ်စွာဘုရားသည် ကောင်းကင်ခရီးဖြင့် ပြသာဒ်ရှင်ငါးရာနှင့် ကြွရောက်ပြီးလျှင် ဓည၀တီ မြို့၏ အနောက်ဘက်ဖြစ်သော ကစ္ဆပနဒီကုလားတန်မြစ်ကြီး၏ အရှေ့ဘက်ကမ်းခြေရှိသော သေလာဂိရီ မောရပဗ္ဗတ အမည်ရှိသော တောင်ထိပ်၌ ရပ်တန့်တော်မူ၏။ ရပ်တန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ဗျာဒိတ်တော်ပေးသည်ဟူ၍ ဖြစ်ပါသည်။

 ဤကျောက်စာကို ထောက်ရှုခြင်းအားဖြင့်
ရခိုင်ပြည်ကို မြတ်စွာဘုရား ကြွရောက်ခဲ့
သည်မှာ ထင်ရှားနေပါသည် ဘုရား။ ယင်းကြောင့် တပည့်တော်တို့မှာ ခြေရာကောက်နည်းဖြင့် နောက်သို့ တလှမ်းစီဆုတ်ပြီး
လိုက်သောအခါ ဗုဒ္ဓသာသနာသည်
 ကွင်းဆက်မပြတ်ဘဲနှင့် ဓည၀တီခေတ်သို့ရောက်ရှိပါသည် ဘုရား။
မဟာယာန စကားတစ်လုံးမျှ မတွေ့
မဟာတိုင်းကြီးစန္ဒြမင်းကြီးသည် သူနန်းတက်စချိန်၌ ဝေသာလီဘုရားကြီးကိုတည်ပြီး ကျောက်စာရေထိုးထားခဲ့ပါသည်။
အက္ခရာစာလုံးမှာ ဗြဟ္မီပွားဖြစ်ပါသည်။
ဤအကြောင်းအရာမှာ
 “ယေဓမ္မာ ဟေတုပ ဘဝါ” ဂါထာတော် ဖြစ်ပါသည်။ 
သက္ကတ အသံမထွက်ပဲ ပါဠိသက်သက်ပင် ဖြစ်ပါသည်။ ထိုစာ၏ နောက်ပိုင်း၌ ရေးထိုး
ထားသော ကျောက်စာများမှာ သက္ကတအသံနှင့် ရေးထိုးထားသည်ကို တွေ့ရပါသည်။
ယဓမ္မာစာလုံးများ၌ ‘မ’ အထက်တွင် ‘ရေဖ’ ခေါ်သော ‘ရ ကောက်’ ကို တင်ထားပါသည်။ ယေဓမ္မာ (ယေဓမ်မာ) လို့ဖတ်ရ
ပါသည်။ 
‘ဟေတုပဘဝါ’ စာတမ်း၌လည်း
`ပ’ စောက်အထက်တွင် ‘ရေဖ’ တင်ထား
ပါသည်။ ဟေတုပဘဝါလို့ဖတ်ရပါသည်ဘုရား။ ယင်းကဲ့သို့ အဆင့်ဆင့် သုတေသနပြုလိုက်သောအခါ မဟာယနဂိုဏ်းမှ စကားတစ်လုံးလည်း မတွေ့ပါဘုရား။
မဟာတိုင်းစန္ဒြမင်းကြီး၏ ဤကျောက်စာအောက်ဘက်တွင် “ယက္ခမဟာသေနာ
ပတိ မဟာတော” ဟုရေးသားထားပါသည်။ ဦးစံသာအောင်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်စာအုပ်တွင် ဤအကြောင်းကို ရေးသားထားသည်ကို တွေ့ရပါသည်။ ဤကဲ့သို့ ထေရဝါဒ ဗုဒ္ဓဘာသာ၏ ပိဋကတ်တော်လာ ပါဠိတော်စကားကို
တွေ့ရပါသဖြင့် ရခိုင်တို့တွင်မှာ ထိုအချိန်ကတည်းကပင် ပိဋကတ် အစစ်အမှန်ရှိကြောင်းကို တွေ့ရပါသည်ဘုရား။ 
အဘယ့်ကြောင့်ဆိုသော် အရှင် ဘုရားတို့ နှစ်စဉ်နှစ်တိုင်း ဟောကြားနေသည့် တရားများထဲတွင် ဤတရားပါသည် ဘုရား။

ယနေ့မြန်မာနိုင်ငံတော်၌ နယုန်လပြည့်နေ့ကို မဟာသမယနေ့၊ ဝါဆိုလတွင် ဓမ္မစင်္ကြာနေ့၊ ဝါကျွတ်လတွင် အဘိဓမ္မာနေ့
အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပနေကြပါသည်။ ယက္ခသေနာပတိ မဟာပဏာတောဆိုသည့် ပါဠိသည် မဟာသမယသုတ္တန်တော်တွင် နတ်များကို ဖေါ်ကျူးထားသည်
ဟု အတိအလင်းပါရှိပါသည် ဘုရား။ မဟာသမယနေ့၌ မြတ်စွာဘုရား ကိုယ်တော်
တိုင်ဟောကြားခဲ့သော မဟာသမယသုတ္တန်ကုိ ရေဒီယိုမှ ကြားနာနေရပါသည်ဘုရား။ ထိုမဟာသမယသုတ္တန်ထဲ၌ နတ်များ၏
အမည်ကို ဖေါ်ကျူးထားသော စကားများစွာရှိပါသည်ဘုရား။
“ပနာဒေါ - သပမညောစ၊ ဒေ၀သူတောစမာတလိ” ဟူသော ဂါထာနှင့်တွေ့ရပါသည်ဘုရား။ 
ထိုနတ်များထဲ၌ ပနာဒေါနတ်မင်းကို ဖော်ကျူးထားသော ဂါထာတော်
မှာ အပိုဒ်-၂၂ တွင်တွေ့ရှိနိုင်ပါသည်ဘုရား။ ဤမဟာသမယသုတ္တန် တော်မှာ ထေရဝါဒ ဗုဒ္ဓဘာသာ၀င်တို့၏ ပိဋကတ်တော်လာ သုတ္တန်ဖြစ်ပါသည် ဘုရား။ မြတ်စွာဘုရားသခင် ဟောကြားတော်မူသော ထေရဝါဒအစစ်မှလာသည့် မဟာသမယသုတ္တန်ဖြစ်သည့်အတွက် ပါဠိတော် အဋ္ဌကထာအစရှိသော ပိဋကတ်သုံးပုံ၌ လည်း
 ရခိုင်၌မဟာယာနမရှိကြောင်း ထင်ရှားနေခြင်းကို ပြန်လည်ဖြေကြားပါသည် ဘုရား။

ထေရဝါဒကို ယုံကြည်သောမင်းများ
နောက်တချက်မှာ ဝေသာလီခေတ်တွင်
အုပ်စိုးခဲ့ကြသော မင်းများဖြစ်ကြသည့် နိတိစနြ္ဒား၊ ဝီရစနြ္ဒား အစရှိသောမင်းများ
သည် သူတို့ကုသိုလ်ပြုတည်ထားခဲ့သော စေတီများတွင် “ယေဓမ္မာ” ဂါထာတော်ကို
ရေးထိုးထားသည့် ကျောက်တုံးများ၊ စတူပါများကို ဋ္ဌာပနာတည်ထားခဲ့ကြပါသည်ဘုရား။ ထိုကျောက်တုံးနှင့် စတူပါများ၌ ရေးထိုးထားသောစာများကို ယခုမြောက်ဦးပြတိုက်တွင် သိမ်းဆည်းထားရှိပါသည်ဘုရား၊ တပည့်တော် အထက်ကတင်ပြခဲ့ သည့်အတိုင်း ဗုဒ္ဓတရားတော်၏ အဆီအနှစ်ဖြစ်ကြသော နိဗ္ဗာန်ကို လက်ခံယုံကြည်သည့်
အတိုင်း ထေရဝါဒသာသနာကို လက်ခံယုံကြည်သောမင်းများဖြစ်ကြသည်။ ဤယေဓမ္မာဂါထာတော်ကို ဝေသာလီမင်းများ အသုံးပြုနေကြခြင်းပင်ဖြစ်ပါသည် အရှင်ဘုရား။

ယင်းကြောင့် မဟာသူရိယတိုင်း စန္ဒြမင်းမှစ၍ (ဝေသာလီခေတ် အေဒီ (၄) ရာစု
စန္ဒြမင်းအဆက်ဆက်တို့ ယုံကြည်ကိုးကွယ်ခဲ့ကြသော သာသနာမှာမဟာယန
သာသနာ မဟုတ်ဘဲ စစ်မှန်သောထေရဝါဒ သာသနာတော်ဖြစ်ကြောင်းမှတ်ယူ ရပါမည်ဘုရား။
သီဟိုဠ် (သီရိလင်္ကာ)နှင့် ဝါဒချင်းတူ
တပည့်တော် ပထမချပြခဲ့သော 
ဥပတဿနှင့် ကောလိတကြောင်းတွင် အရှင် အဿဇိမေထရ် ဟောကြားခဲ့သော ‘ယေဓ္မ’ ဂါထာတော်သည် ဝေသာလီသို့ ရောက်ရှိခဲ့ပါသည်။ ယင်းပြီးနောက် ဝေသာလီမင်းများသည်သီဟိုဠ် (သီရိလင်္ကာ)နှင့် သာသနာရေးကိစ္စများကို အပြန်အလှန်သွားရောက် ဆောင်ရွက်ကြောင်းနှင့် အာနန္ဒစန္ဒမင်းကြီးသည် သီဟိုဠ် (သီရိလင်္ကာ) သို့ 
အလှူပစ္စည်းများ ပို့သည်ဟု ကျောက်စာတွင် တွေ့ရှိရပါသည်။ သီဟိုဠ်သာသနာမှာ ထေရဝါဒဖြစ်၍ တပည့်တော်တို့ ဝေသာလီတွင်လည်းထေရဝါဒသာသနာထွန်းကားကြောင်း သိနိုင်ပါသည် ဘုရား။ ထို့ကြောင့် တပည့်တော်တို့ ရခိုင်ပြည်သာသနာသည် မဟာယနဂိုဏ်းမှဆင်းသက်လာသော မဟာယနဂိုဏ်း မဟုတ်ပဲ ဓည၀တီခေတ် ဘုရားကိုယ်တော်တိုင် ကြွရောက်ခဲ့စဉ်ကစပြီး ဖြစ်ပေါ်ဆင်းသက်လာသော ထေရဝါဒဗုဒ္ဓဘာသာဖြစ်ကြောင်း တပည့်တော် လျှောက်ထားအပ်ပါသည် ဘုရား။
သမိုင်းရုပ်ကြွင်းက သက်သေခံ
ယင်းကဲ့သို့ ကျောက်စာ၊ ကျောက်ရုပ်၊ ပေစာများ အတိအလင်းရှိသော်လည်း ယခုခေတ်ရိုက်နှိပ်သော ပုံနှိပ်စာအုပ်တွင် မပါ
၍ မယုံ၊ မှားယွင်းသည် ဆိုလျှင်လည်း မတတ်နိုင်ပါဘုရား။ တပည့်တော်တို့မှာ သမိုင်းရုပ်ကြွင်းဖြစ်သော ကျောက်စာ၊ ကြေးပြား၊ ရွှေပြားစာ၊ ငွေပြားစာတို့ကသာ
သက်သေခံနေပါသဖြင့် ယင်းစာများကမှားပြီး ယခုပုံနှိပ်တိုက်မှ ရိုက်နှိပ်သော စက္ကူတွင် ရေးသားထားသည့်စာကသာ မှန်သည်ဟုဆိုလျှင်လည်း တပည့်တော်တို့ ပြောစရာမလိုတော့ပါဘုရား။ ထို့ကြောင့် တပည့်တော်တို့မှာ ပါဠိတော်အဋ္ဌကထာမှာ
ပါရန်လိုအပ်မည် မထင်ပါဘုရား။ သက်သေခံသမိုင်းရုပ်ကြွင်း အထောက်အထားက ခိုင်မာနေပါပြီဘုရား။
ဟုတ်မဟုတ်ကိုလည်း တပည့်တော်အား ပြန်မေးမြန်းပါဘုရား။ မမေးလျှင် တပည့်
တော်က မှန်သည် လက်ခံသည်ဟု ယူဆရ
ပါမည်ဘုရား။ မဟာယနဂိုဏ်းဟု စွပ်စွဲချက်ကို ယေဒမ္မာတပုဒ်တည်း ဆင်းသက်ပုံ
ခြေရာကောက်နည်း သုတေသနပြုလုပ်ပုံဖြင့် ရခိုင်ပြည်သာသနာသည် မဟာယနဂိုဏ်းမှ ဆင်းသက်လာသော မဟာယနသာသနာမဟုတ်ပဲ ထေရဝါဒဗုဒ္ဓသာသနာမှ
ဆင်းသက်လာသော သာသနာဖြစ်ကြောင်းနှင့် မေးခွန်း (၁)ကို ဖြေကြားအပ်ပါ
သည်ဘုရား။

#မေးခွန်းနံပါတ်(၂)
 ဗုဒ္ဓ၏ ပါဋ္ဌိတော် အဋ္ဌကထာ စသည်တို့တွင် မပါရှိဘဲ မြတ်စွာဘုရားသည် ဓည၀တိပြည်သို့ ကြွရောက်ခဲ့ပြီး ကျောက်တော်တောင်၌ တန့်ရပ်သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ရှင်းလင်းပေးပါ။

#မေးခွန်းနံပါတ်(၃) 
ဗုဒ္ဓ၏ ပါဋ္ဌိတော် အဋ္ဌကထာ စသည်တို့တွင်မပါရှိဘဲ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းကြီးနှင့် တွေ့ဆုံပြီး မဟာမုနိဘုရားကို သွန်းလုပ်ခဲ့သည် ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်း ပေးပါ။

ဆရာကြီး ဦးဦးသာထွန်း ( ရခိုင်မြန်မာ ပဏ္ဍိတ )။                ။ အရှင်ဘုရား၏ မေးခွန်းနံပါတ် (၂) နှင့် (၃) ကို တစ်ပေါင်းတည်း ဖြေကြားလိုပါသည်။ မေးခွန်းများမှာ တစ်သဘောတည်း ဖြစ်နေခြင်းကြောင့်ပါဘုရား။ တပည့်တော်သည် ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာ ရောက်လာခဲ့ပုံကို နံပါတ် (၁) မေးခွန်းအပေါ် အသေးစိတ် ရှင်းလင်းလျှောက်ထားပြီး ဖြစ်ပါသည် ဘုရား။ နောက်ထပ် လျှောက်ထား ပါမည်ဘုရား။

            တပည့်တော်တို့ ရခိုင်ပြည်တွင် ယခုလိုကိုးကွယ်နေသော ဗုဒ္ဓသာသနာမှာ မြောက်ဦးခေတ် ဘုရင်များ အုပ်စိုးခဲ့သော ကာလ မှ ဆက်ခံယူခဲ့သော ဗုဒ္ဓအယူဝါဒ ဖြစ်ပါသည်။

            မြောက်ဦးခေတ် မတိုင်မီ လောင်းကြက်မြို့ ရှိခဲ့ပါသည်။ ထိုမြို့ကို အုပ်စိုးခဲ့သော ဘုရင်များမှာလည်း ဗုဒ္ဓဘာသာမင်းများဖြစ်ပါ ၍သာသနိက အဆောက်အဦးများစွာ တည်ဆောက်ခဲ့ပါသည်။ ရဟန်းပညာရှိများ ထွန်းကားခဲ့ပါသည်။ ဤလောင်းကြက်ဘုရင်များ သည် ဗုဒ္ဓဘာသာကို နေရဉ္စရာမြို့တွင် အုပ်စိုးခဲ့သော ဘုရင်များမှတဆင့် လက်ခံယူခြင်းဖြစ်ပါသည်။ နေရဉ္စရာမြို့တွင်ထွန်းကားခဲ့ သော ဗုဒ္ဓသာသနာမှာ ပုရိန်မြို့မှ ဆင်းသက်လာသော ဗုဒ္ဓဘာသနာဖြစ်ပါသည်။ ပုရိန်မြို့တွင်အုပ်စိုးခဲ့သော ဘုရင်များသည် ပဉ္စာမြို့မှ ဗုဒ္ဓသာသနာကို တဆင့်လက်ခံယူခဲ့ကြပါသည်။ ပဉ္စာမြို့ ဗုဒ္ဓသာသနာမှာလည်း ဝေသာလီမြို့မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ ဝေသာလီမြို့ကို စတင်တည်ထောင်သော 
မဟာတိုင်းစန္ဒြမင်းကြီးသည် မဟာမုနိဘုရားတွင် ကုသိုလ်ကောင်းမူပြုခဲ့ပါသည်။ သိမ်တော်နှင့် ပလ္လင်တော်များကို အသစ်တဖန်တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများ ၌တွေ့ရပါသည်။ တပည့်တော် ရှေ့က လျှောက်ထားခဲ့သည့်အတိုင်း ထိုမင်းကြီး ကုသိုလ်ကောင်းမူ ပြုခဲ့သည်ကို မဟာမုနိကုန်းတော် ဒုတိယဆင့် အရှေ့တောင်ထောင့် ရှိ ယက္ခသေနာပတိ ပနာဒရုပ်တုတွင် စာရေးထိုးခဲ့ပါသည်။

အမှန်ရှိခဲ့သော မြို့တော်

       ဤကဲ့သို့ မဟာတိုင်း စန္ဒြမင်းကြီးသည် မဟာမုနိသိမ်တော်ကို အသစ်တဖန်တည်ဆောက်ခဲ့သည်ဟု ဆိုသဖြင့် မဟာတိုင်း စန္ဒြမင်းကြီး မတိုင်မီကပင် သိမ်တော်အဟောင်းနှင့် မဟာမုနိရုပ်ရှင်တော်မှာ ရှိနှင့်နေပြီးကြောင်း သိရှိရပါသည်ဘုရား။ ယင်းသို့ဖြစ်လျှင် ဝေသာလီခေတ် မတိုင်မီ မည်သည့်ခေတ်ရှိခဲ့သည်ကို ခြေရာကောက်နုတ်အတိုင်း လိုက်ပါလျှင် ဓည၀တီခေတ် ကို တွေ့ပါသည်ဘုရား။ ဓည၀တီမြို့တော်မှာ စိတ်ကူးယဉ်ပြီး ရေးသားခဲ့သော မြို့တော်မဟုတ်ကြောင်း လေယဉ်မှ ရိုက်ကူးသော ဓါတ်ပုံကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်ဘုရား။ အမှန်တကယ်ရှိခဲ့သော မြို့ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ သမိုင်းပညာရှင်များက လက်ခံကြပါသည်ဘုရား။

သပ္ပဒါနပကာရနကျမ်းမှာရှိ

တပည့်တော်တို့၏ သမိုင်းများတွင်လည်း တတိယ ဓည၀တီမြို့တော် ကို စန္ဒသူရိယမင်း တည်ခဲ့ကြောင်း ဖတ်ရူရပါသည်။ ဤ စန္ဒသူရိယမင်း ဓည၀တီ၌ အုပ်စိုးစဉ်ကာလမှာ မြတ်စွာဘုရားရှင် အနောက်မဇ္ဈိမဒေသ၌ ရှိနေချိန်ဖြစ်ပါသည်။ တပည့်တော် လက်ထဲတွင် ရှိနေသော သပ္ပဒါန ပကာရနကျမ်းတွင် စန္ဒသူရိယမင်းလက်ထက် ဘုရားရှင်ကိုယ်တော်တိုင် ဓည၀တီသို့ကြွရောက်ပြီး မဟာမုနိရုပ်ရှင် တော်ကို သွန်းခဲ့ကြောင်း အသေးစိတ်ရေးသားထားပါသည်။ 

ကျောက်စာက သက်သေခံ


၄င်း ပြင်တောင် ပေါက်ကြီး ကျောက်စာကလည်း သက်သေခံနေပါသည်ဘုရား။ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းအား ဓမ္မစကြာတရားတော်နှင့် ရုပ်ထုဆင်းတုတော်များကို တည်ထားကိုးကွယ်ခြင်းဖြင့် ရရှိအပ်သော အကျိုးတရားများကို သတ္ထုဗိမ္ဗပူဇနိယနိ သေသသုတ္တန်ဖြင့် ဟောကြားခဲ့ပါသည်။ ဤသုတ္တန်မူရင်းပေစာလည်း ရှိပါသေးသည်ဘုရား။


ဂုဏ်ပြုထားသည့် ရုပ်တု စန္ဒသူရိယမင်းအား မြတ်စွဘုရား ဓမ္မစကြာတရားတော်ကို ဟောကြားနေဟန် ထုလုပ်ထားသော ကျောက်ပြားတစ်ချပ်ကို လည်း တွေ့ရှိရပါသည်။ ဝေသာလီ မဟာတိုင်း၊ စန္ဒြမင်းကြီးက ရှိရပါသ စန္ဒသူရိယမင်းကြီးအား ဂုဏ်ပြုထုလုပ်ထားသော ရုပ်ထုဖြစ် ဟန်ရှိပါသည်။

မြတ်စွာဘုရားရှင်သည် ရခိုင်ပြည် ဓည၀တီသို့ ကြွရောက်ခဲ့စဉ်က သေလာဂီရိတောင်ပေါ်၌ ရပ်တန့်ခဲ့ပြီး ဗျာဒိတ်တော်ချမှတ်ခဲ့ ကြောင်း သပ္ဗဒါနပကာရကျမ်းတွင် အသေအချာ ဖော်ပြထားပါသည်။ “ချစ်သား အာနန္ဒာ၊ ငါသည် ဘုရားဖြစ်ရန်အတွက် ဆယ်ပါးသော ပါရမီတော်ကြီး နှင့် သုံးဆယ်သော ပါရမီတော်ငယ်များကို ဖြည့်ဆည်းခဲ့သော ကာလ၌ ဤ ဓည၀တီပြည်တွင် အလီလီ လူအဖြစ်ကျင် လည်ခဲ့သည်။ ယခု ငါရပ်တန့်နေသော သေလာဂီရိတောင်၏ အနီးပတ်၀န်းကျင်တွင် ပန်းပွတ်သမားအဖြစ်နှင့် ငါနေထိုင်ခဲ့သည်။ ငါ ဘုရားပရိနိဗ္ဗာန်စံလွန်ပြီး နောက်ကာလ၌ ငါ၏ ကျောရိုးတော်ဓာတ်ကို ဋ္ဌာပနာ၍ စေတီတည်လတ္တံ၊” ဟု ဗျာဒိတ် ပေးခဲ့သည်။ ထိုဓါတ် တော်ကို နောက်ကာလတွင် ကျောက်တော်ဓါတ်စေတီဟု ခေါ်တွင်ခဲ့ပါသည်။ ထိုနာမည်ကို အစွဲပြု၍ မြတ်တစ်ဖက်ရှိ မြို့ကိုလည်း ကျောက်တော်မြို့ ဟု ခေါ်တွင်ခဲ့ပါသည်။ 

ရုပ်ရှင်တော်သွန်းကြောင်း ယုံကြည်

ဤကဲ့သို့ ဘုရားဗျာဒိတ်၀င် ဓါတ်တော်စေတီ ၂၄၈ ဆူရှိခဲ့ပါသည်။ စာအုပ်
https://drive.google.com/file/d/1AjfR0jmvLmlL_DkBuifDXeSez1MAqoMB/view?usp=drivesdk



ဤဓါတ်တော်စေတီများကို ဝေသာလီပြည်ရှင် မဟာတိုင်း စနြ္ဒမင်းကြီးသည် ပြန်လည်ပြုပြင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရပါသည်။ ဤအကြောင်းကို ထောက်ရူ၍လသည်း ထိုဓါတ်တော် စေတီများမှာ ဝေသာလီခေတ် မတိုင်မီကပင် ရှိနှင့်ခဲ့ပြီးကြောင်း သိရှိနိုင်ပါသည်။ ရခိုင်းသမိုင်း စာပေနှင့်လည်းကောင်း၊ ရုပ်၀တ္ထု သက် သေဖြင့်လည်းကောင်း၊ ကိုက်ညီနေပါ၍ စန္ဒသူရိယမင်းလက်ထက် မြတ်စွာဘုရားရှင် ဓည၀တီသို့ ကြွရောက်ပြီး မဟာမုနိရုပ်ရှင် တော်မြတ် ကို သွန်းလုပ်ခဲ့ကြောင်း ယုံကြည်ပါသည် ဘုရား။

#မန္တလေးမဟာမုနိ ဘယ်ကရပါသလဲ့


နောက်တစ်ချက်က ဆရာတော်တို့ မန္တလေးမြို့တွင်ရှိနေသော မဟာမုနိဘုရားကို ဘယ်ကရယူခဲ့သလဲဘုရား၊ ဤမဟာမုနိ ဘုရားကို ဘိုးတော်ဘုရား၏ သားတော်ကြီး ဥပရာဇာသည် ရခိုင်ပြည်က ပင့်ယူခဲ့ခြင်း မဟုတ်ပါလား ဘုရား။ ဤ ဘုရားကြီးသမိုင်းမှာ လည်း ရခိုင်ပြည် ဓည၀တီပြည်ရှင် စန္ဒသူရိယ မင်း သွန်းလုပ်ခဲ့ကြောင်း ရေးထားပါသည်ဘုရား။ သမိုင်းအစောင်စောင်၌လည်း မဟာ မုနိဘုရားကို ဓည၀တီပြည်ရှင် စန္ဒသူရိယ မင်းသွန်းလုပ်ခဲပကြောင်းသာ တညီတညွတ်တည်း ဖော်ပြထားကြပါသည် ဘုရား။ ယင်းမြတ်စွာဘုရား ကိုယ်တော်တိုင် ရခိုင်ပြည်သို့ ကြွရောက်ခဲ့၍ သေလာဂီရိတောင်ပေါ်၌ တစ်ထောက်ရပ်တန့်ခဲ့ပြီး စန္ဒသူရိယ မင်းလျှောက်ထားသဖြင့် နန်းတော်သို့ ကြွရောက်သီတင်းသုံးပြီး မဟာမုနိရုပ်ရှင်တော်ကို သွန်းလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဖြေကြားလိုပါသည် ဘုရား။

ဆရာတော်အရှင်ဥာဏီသာရ။              ။ မေးခွန်းနံပါတ် (၄) သင်္ဂါယနာခြောက်တန်၌ မပါဘဲလျှက် ရခိုင်ပြည် ဝေသာလီ ရွှေတောင် ကြီး၌ စတုတ္ထသင်္ဂါယနာကို တင်ခဲ့သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ဖြေရှင်းပါ။

ဆရာကြီး ဦးဦးသာထွန်း ( ရခိုင်မြန်မာ ပဏ္ဍိတ )။                ။ ဤအကြောင်းနှင့်ပတ်သက်၍ တပည့်တော် အရှည်ဖြေကြားရမည် ဖြစ် ပါသည် ဘုရား။ ဘုရားသခင် ဘုရားပရိနိဗ္ဗာန်စံလွန်ပြီး မကြာမြင့်မီကာလတွင် အဇာတသတ်မင်းကြီးသည် ပထမအကြိမ် သင်္ဂါယနာကို တင်ခဲ့ပါသည် ဘုရား။ တင်ရသော အကြောင်းရင်း၊ တင်ခဲ့သော နေရာနှင့် တိုင်းပြည်၊ တင်ရာ၌ အားပေးအားမြှောက်ပေးသောဘုရင်၊ တင်ရာ၌ ပါ၀င်သော ရဟန္တာများ၊ ဦးဆောင်သော ရဟန္တာ၊ ရည်ညွှန်းသော ဂါထာပုဒ်၊ ပါဋ္ဌိတော် စသည်အားဖြင့် အင်္ဂါဆယ်တန်နှင့် ပြီးအောင်တင်ခဲ့ကြောင်း၊ ဖတ်ရူရပါသည်။ 

သင်္ဂါယနာတင်

            တပည့်တော်တို့ ရခိုင်ပြည်ဘက်က စာပေတို့မှာ သင်္ဂါယနာအကြောင်းနှင့် ပတ်သက်၍ သင်္ဂါယနာကြီး၊ သင်္ဂါယနာငယ် ဟူ၍ နှစ်မျိုးနှစ်စား တွေ့ရှိရပါသည်။ သင်္ဂါယနာကြီးများကို နံပါတ်စဉ်အတိုင်း ရေတွက်ပြီးလျှင် သင်္ဂါယနာငယ်များကိုတော့ မိမိတို့၏ တိုင်းပြည် အတွင်း၌ နံပါတ်စဉ် တပ်ထားခဲ့ကြပါသည်။  လေးမြို့ခေတ် ပဉ္စာမြို့၌ ဘုရင် မင်းရင်ဖြူ သည် ဧကဒသမမြောက် သင်္ဂါယနာကို တင်၏ ဟူ၍ ရေးသားချက်ကို တွေ့ရပြီးလျှင် ယင်းမင်းသည် ပဉ္စမမြောက် သင်္ဂါယနာကို လည်း တင်၏ ဟု ရေးသားထားပါသည်။ ဘုရင်တစ်ပါး တည်း သင်္ဂါယနာ နှစ်ကြိမ်တင်ကြောင်း သိရှိရပါသည်။ ဤသို့ဖြစ်လျှင် လေးမြို့ခေတ် ပဉ္စာမြို့၌ ဘုရင် မင်းရင်ဖြူသည် သင်္ဂါယနာကြီးကို ပဉ္စမအကြိမ်တင်ပြီးလျှင် သင်္ဂါယနာငယ်ကို တစ်ဆယ့်တစ်ကြိမ်မြောက် တင်မည်ဟု မှတ်သားရပါသည် ဘုရား။ 

 သမိုင်းမှတ်တမ်းမှာတွေ့

  တပည့်တော်တို့ သင်္ဂါယနာတင်ခြင်း ဆိုင်ရာ ရခိုင်ပြည်သို့ စီးဆင်းလာသော ရေစီးကြောင်းကိုသာ လျှောက်ထားပါသည်ဘုရား တပည့်တော် ရှေ့က လျှောက်ထားခဲ့သည့်အတိုင်း တပည့်တော်တို့ ရခိုင်တွင် မိမိတို့၏ သာသနာ ဆိုင်ရာ ဆင်းသက်ပုံသည်လည်း ကောင်း၊ မိမိလူမျိုး ဆင်းသက်ရာလည်းကောင်း၊ မြို့ပြအုပ်ချုပ်ရေး ရှင်ဘုရင်းမင်းဆက်များ၊ စဉ်ဆက် ဆင်းသက်လာပုံကို သီးခြားတွေ့ ရှိရပါသည်။ ဤအကြောင်းများကို မိမိတို့၏ သမိုင်းမှတ်တမ်းများမှာသာ တွေ့ရှိရမည်ဖြစ်ပါသည် ဘုရား။

            မြတ်စွာဘုရား ပရိနိဗ္ဖာန်စံလွန်ပြီးနောက် မကြာမီကာလတွင် ပထမအကြိမ် သင်္ဂါယနာကို ရာဇဂြိုလ်၌ ကျင့်ပပြုလုပ်ခဲ့ပါသည်။ အဇာတသတ်မင်းကြီးက အထောက်အကူပြုပြီး အရှင်မဟာကဿပ ဦးဆောင်ခဲ့ပါသည်။ အရှင်မဟာကဿပ မေးသမျှ အရှင်အာနန္ဒာ ဖြေကြားပြီး နုတ်ထွက်ရွက်၍ သင်္ဂါယနာတင်ခဲ့ပါသည်။ အဘယ်ကြောင့် သင်္ဂါယနာတင်ခဲ့ပါသည်ဆိုသော် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန် သောအခါ အလောင်းတော်ကို နံသာထင်းများစုပုံပြီး မီးသဂြိုလ်ရန်အတွက် မီးရှို့သော်လည်း ထင်းများမှာ မီးမလောင်ပါ ဘုရား။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်၏ တပည့်ကြီးဖြစ်သော အရှင်မဟာကဿပ မရောက်သေးကြောင့်ပါ ဘုရား။ တပည့်ငါးရာဖြင့် ခရီးလမ်းမှာ ရှိနေပါသေးသည်။ အရှင်မဟာကဿပ ၏ တပည့်ရဟန်းများမှာ ပုထုဇဉ်များဖြစ်ကြသည့်အတွက် ဘုရားရှင် ပရိနိဗ္ဗာန်စံ လွန်ပြီးကြွင်းကျန်ရစ်သော ဓါတ်တော်များကိုသာ မြင်ရလျှင် ဘုရား၏ ကိုယ်ကာယမှဖြစ်သော ဓါတ်တော်များကို ယုံမှားသံသယ ဖြစ်ဖွယ်ရှိပါသည် ဘုရား။ မိမိမျက်မြင်ကိုယ်တွေ့မှသာ မြတ်စွာဘုရား၏ ကိုယ်ကာယတော်မှ ဓါတ်တော်များကြွင်းသည်ကို ယုံကြည်ကြမည် ဖြစ်ပါသည်ဘုရား။ နောက်တစ်ချက်က ရဟန်းတော်များသည် မြတ်စွာဘုရားကို အသက်ရှင်စဉ်က ဖူးမြော်ရသော် လည်း ပရိနိဗ္ဗာန်စံလွန်သောအလောင်းတော်ကို ဖူးမြော်ရလျှင်လည်း ဘုရားရှင်အပေါ် ပိုမိုကြည်ညိုသဒ္ဒါပွားများ စေရန်အတွက် မီးမလောင်ခြင်းဖြစ်ပါသည် ဘုရား။  အရှင်မဟာကဿပ နှင့် ရဟန်းများ ကုဿိနာရုံပြည်သို့ လာရာလမ်းတွင် တစ်ခုသော သစ်ပင်ရင်း၌ နားနေတော်မူခဲ့ပါသည်။ ထိုအချိန်၌ တက္ကတွန်း တစ်ယောက်သည် မန္ဒာရ၀နတ်ပန်းကို ထီးလုပ်၍ ဆောင်းပြီးလျှင် ကုဿိနာရုံပြည်ဘက် မှ ပါဝါပြည်ဘက်သို့ လာနေသည်ကို အရှင်မဟာကဿပ မြင်ခဲ့ပါသည်။ ထိုတက္ကတွန်း၏ ပြောချက်အရ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန် ကြောင်းကြားသိရသောအခါ အရှင်မဟာကဿပ နှင့် ပါလာခဲ့သော သုဘဒ္ဒရဟန်းသည် ဘုရားပရိနိဗ္ဗာန်စံလွန်သဖြင့် ငိုကြွေးနေကြ သော ရဟန်းတို့အား မငိုကြရန်ပြောပြီး ဂေါတမ မြတ်စွာဘုရားသည် ရဟန်းများကို ဤသည်သောအရပ်ကို မရပ်ရ၊ ဤသည်သော အကျင့်ကို မကျင့်ရာ စသည်ဖြင့် ငါတို့အားချုပ်ချယ်ခဲ့သည်။ ယခု ငါတို့ပြုလိုရာ ပြုနိုင်ပြီဟု ဆိုခဲ့ပါသည်။

           
 ပထမသင်္ဂါယနာတင်

            ထိုသုဘဒ္ဒရဟန်း၏ စကားကို ကြားမိသော အရှင်မဟာကဿပသည် များစွာတုန်လှုပ်မိခဲ့သည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်သည်မှာ ခုနှစ်ရက်တစ်ပါတ်သာ ရှိသေးသည်။ ဘုရားဟော တရားတော်များနှင့် ဝိနည်းတော်များကို မျက်ကွယ်ပြုမည့် အရိပ်အရောင် ပေါ်နေပြီ၊ သာသနာတော် ဆုတ်ယုတ်ရန်အကြောင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု စိတ်၌မှတ်သားမိခဲ့ပါသည် ဘုရား။ ယင်းကြောင့် ဘုရားရှင်ဟောသမျှကို ရဟန်းသံဃာတော်များမှ စုပေါင်း၍ ပြန်လည်ရွက်ဆိုသင်္ဂါယနာတင်ရန် အကြံဖြစ်ခဲ့ပါသည်ဘုရား။ ယင်းကြောင့် အရှင်မဟာကဿပ အမူးပြုသော ရဟန္တာငါးရာတို့သည် ပထမသင်္ဂါယနာကို တင်ခဲ့သည် မဟုတ်ပါလားဘုရား။

ဒုတိယသင်္ဂါယနာတင်

            မြတ်စွာဘုရားပရိနိဗ္ဗာန် စံလွန်၍ နှစ်ပေါင်းတစ်ရာကြသောအခါ ဝိဇ္ဇီတိုင်းသား ရဟန်းတို့သည် ဝိနည်းသိက္ခာပုဒ်တော်များ၌ ပြင်ဆင်ချက် ၁၀ ချက်ကို ပြုလုပ်ခဲ့ပါသည်။ ဘုရားရှင်၏ ဝိနည်းတော်ကို ဖီဆန်၍ လာခဲ့ကြသည်။ ယင်းကြောင့် ဝေသာလီပြည်တွင် ကာလာသောကမင်း က တကာပြု၍ အရှင်မဟာကဿပအမူးပြုကာ ရန္တာခုနှစ်ရာတို့သည် ဒုတိယအကြိမ် သင်္ဂါယနာကို တင်ခဲ့ ကြပါ သည် ဘုရား။

တတိယအကြိမ်သင်္ဂါယနာတင်

            တတိယအကြိမ် သင်္ဂါယနာကို ပါဋလိပုတ်ပြည်ရှင် အသောကမင်းကြီးက တကာပြု၍ ရဟန္တာအရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်ကြီးအမူးပြုလျှက် ရဟန်းတစ်ထောင်ဖြင့် တင်ခဲ့ပါသည်။ ဤသည်တို့မှာ မဇ္ဈိမဒေသ၌ တင်ခဲ့သော သင်္ဂါယနာ သုံးတန်ဖြစ် ပါသည်။

စတုတ္ထသင်္ဂါယနာတင်

            တပည့်တော်တို့ ရခိုင်ဝေသာလီတွင် စတုတ္ထအကြိမ် သင်္ဂါယနာတင်ခဲ့ကြောင်း ကို လျှောက်ထားပါမည် ဘုရား။ ဝေသာလီ ခေတ်သည် အေဒီလေးရာစုမှကိုးရာစုအထိ ထွန်းကားခဲ့သော ခေတ်ဖြစ်ပါသည်။ ထိုဝေသာလီမင်းများသည် ထေရဝါဒ ဗုဒ္ဓဘာသာ၀င် မင်းများဖြစ်သဖြင့် သီဟိုဋ္ဌ်နိုင်ငံ နှင့် လူမူ့ရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ ဆက်ဆံမူ ရှိခဲ့ပါသည်။ ယင်းကြောင့် ဝေသာလီဘုရင် သီရီစနြ္ဒမင်း ( သီရိဓမ္မဝိဇယမင်း ) သည် သီဟိုဋ္ဌ်မှ ရဟန်းသံဃာတစ်ထောင်၊ သံဃာတော် နှစ်ထောင် တို့ဖြင့်  သင်္ဂါယနာကို ဝေသာလီရှိ ရွှေတောင်ကြီးတွင် ကျုင့်ပခဲ့ပါသည်။

ရခိုင်နိူင်ငံတော်၏စတုတ္ထမြောက် သင်္ဂါယနာ
”မဟာမဟိန္ဒ၊ ထေရဘုန်းစည်၊
တည်နေဖြန့်စင်၊သီဟိုဠ်ခွင့်၌၊
နောင်တွင်ဆောင်ရွက်၊ လွန်ခဲခက်၍၊
မေထက် အက္ခရာ၊ သင်္ဂါယနာ၊
စတုတ္ထမြောက်၊ တင်ပြီးနောက်မှ၊
တမ်းမှောက်ညစ်ကျူး၊ ဝါဒထူးဖြင့်၊
ကူးလူးမယှဉ်၊ အစိုင်တည်တံ့၊
အရှည်ခံဟု၊ ကူပံ့ဖြန့်ဖြူး၊
မြတ်ကျေးဇူးဟိ၊ ရဘိရည်ညွတ်၊
လွတ်လပ်ပြုထ၊ သီဟဠနန့်၊
ဝါဒတူညီ၊ တို့သိင်္ဂီကား၊ ပဉ္စမီထပ်၊
ကြီးနီချပ်လျှင်၊ ရွှီကွပ်တင့်သား၊
ငါးထောင်အားဖြင့်၊ ရွှီးသားသီချာ၊
သုံးနှစ်ကြာလျှင်၊ ကောင်းစွာသီးသီး၊
အောင်မြင်ပြီး၍.......”

(မေဓပညာမော်ကွန်း)

မေဓပညာမော်ကွန်းမှာ အကြီးအမူးပြုသော ပုဂ္ဂိုလ်မှာ စူဋ္ဌရေ၀ ရဟန္တာမထောရ်ကြီးဖြစ်ပါသည်။ သုံးနှစ်ကြာအောင် ကြေးပြားငါးထောင် ပေါ်တွင် ရေးသားပြီး သင်္ဂါယနာတင်ခဲ့ကြောင်း မေဓမော်ကွန်းစာတွင် တွေ့ရပါသည်ဘုရာ။ သံဃာတော်များ သီတင်းသုံးနေနိုင်ရန်အတွက် ရွှေတောင်ကြီး ကို ညီစွာညှိပြီး ကျောင်းတော်ကြီး ငါးဆောင် ဆောက်လုပ်ခဲ့ကြောင်း ထိုမော်ကွန်းအရ သိရှိရပါသည်။ ယနေ့တိုင် ကျောင်းတော်ရာများကို တွေ့နိုင်ပါသည်ဘုရား။ မဇ္ဈိမဒေသတွင် အသောကမင်းကြီး တင်ခဲ့သောသင်္ဂါယနာမှာ တတိယအကြိမ်ဖြစ် သဖြင့် ထိုတတိယအကြိမ်မှ ဆက်လက်ရေတွက်ခဲ့သောကြောင့် ဝေသာလီတွင်တင်ခဲ့သော သင်္ဂါယနာမှာ စတုတ္တအကြိမ် ဖြစ်ပါသည် ဘုရား။

သင်္ဂါယနာကြီး

            သင်္ဂါယနာကြီးတင်ရာတွင် ဘုရား၏ ပိဋကတ်တော်များကို သိကျွမ်းနိုင်သော ရဟန္တာများပါ၀င်မှာသာ အထမြောက်ကြောင်း သိရှိရပါသည်ဘုရား။ ယင်းကဲ့သို့ ရဟန္တာများပါ၀င်၍ တင်ခဲ့သော သင်္ဂါယနာများကို ရခိုင်တို့က သင်္ဂါယနာကြီးဟုခေါ်ပါသည်။ ဝေသာလီ တွင်တင်ခဲ့သော သင်္ဂါယနာနှင့် ရခိုင်ပြည်မှ ဝိပဿနာဓူရ ရဟန်းငါးရာ ဂန္ဓဓူရ ရဟန်းငါးရာ ပါ၀င်ပြီး သီဟိုဋ္ဌ်မှ ရဟန်းသံဃာတစ်ထောင်၊ သံဃာတော် နှစ်ထောင် ပါ၀င်ခဲ့ကြောင်း မော်ကွန်းအရ သိရှိရပါသည်ဘုရား။ ဤအကြောင်းများကို တပည့်တော်တို့မှာ ဆင်ရဲမွဲတေနေ၍ ပုံနှိပ်ထုတ်ဝေဖို့ မတတ်သေးပါဘုရား။ ထုတ်ဝေဖို့ ပုဂ္ဂိုလ်လည်း မရှိသေးပါဘုရား။ ယင်းကဲ့သို့ စာပုံနှိပ်ပြီး မထုတ်ဝေနိုင်သဖြင့် သိရှိသူ နည်းပါးနေပါသည်။ ရှိလျှက်နှင့် နည်းနေခြင်းသာဖြစ်ပါသည်ဘုရား။ တချိန်ချိန်မှာ ထွက်ပေါ်လာပါလိမ့်မည်။

သင်္ဂါယနာတင်သည့်ကိစ္စနှင့် တပည့်တော်တစ်ခုလျှောက်ထားလိုပါသည်ဘုရား။ သင်္ဂါယနာတင်ခြင်းမှာ မြတ်စွာဘုရား သဗ္ဗညုတရွှေဉာဏ်တော် ရသည်မှစပြီး ဝါဆို လကပင် ပရိနိဗ္ဗာန်စံသည်ကာလအထိ လေးဆယ့်ငါးဝါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို သင်္ဂါယနာတင်ခဲ့ပါသလား။ သို့မဟုတ် သီရိဓမ္မသောကမင်းကြီးလက်ထက် ဗုဒ္ဓသာသနာတော်ကို သန့်စင်ခဲ့ သည့်အကြာင်းများကိုပါ တတိယအကြိမ် သင်္ဂါယနာတင်သည်မှာ ထည့်သွင်းပါသလား ဘုရား။ ထိုနည်းတူ သီဟိုဋ္ဌ်တွင် စတုတ္ထသင်္ဂါ ယနာတင်ခဲ့သော ၀ဋ္ဋဂါမဏိ မင်းကြီး၏ ဆောင်ရွက်ချက်များကိုပါ စတုတ္ထသင်္ဂါယနာတွင် ရေးသားမှတ်တမ်း တင်ခဲပပါသလားဘုရား။ တပည့်တော်တို့ ဝေသာလီတွင်တင်ခဲ့သော သင်္ဂါယနာအကြောင်းကို စာပေများ၌လည်းကောင်း၊ သမိုင်းရုပ်ကြွင်း အထောက်အထားများ ဖြင့်လည်းကောင်း၊ တွေ့ရှိရပါ၏၊ တပည့်တော်တို့နှင့်တကွ နိုင်ငံခြားသုတေသီတို့ လက်ခံထားပါသည်ဘုရား။

ဆရာတော်အရှင်ဥာဏီသာရ။              ။ မေးခွန်းနံပါတ် (၅) ရခိုင်ပြည်ရှိ ဓါတ်တော်များကို ကျောက်ရိုးတော်ဓါတ်၊ ဦးရာဇ်တော်ဓါတ်၊ လည်ရိုးတော်ဓါတ် စသည်ဖြင့် အမျိုးမျိုးအမည်ပေးထားကြသည်။ ဤအကြောင်းကိုလည်း ပါဋ္ဌိတော် အဋ္ဌာကထာတွင်တွေ့ရ၍ ဖြေရှင်း ပေးပါ။

ဆရာကြီး ဦးဦးသာထွန်း ( ရခိုင်မြန်မာ ပဏ္ဍိတ )။                ။ ဘုရားသခင် ပရိနိဗ္ဗာန်စံလွန်၍ မီးလောင်ကျွမ်းသောအခါ ဓါတ်မွေတော် နှစ်မျိုးကြွင်းကျန်ပါသည်။ တစ်မျိုးမှာ အသမ္ဗန္နဓါတ်တော် နှင့် နောက်တစ်မျိုးမှာ သမ္ဗန္နဓါတ်တော် များဖြစ်ပါသည်ဘုရား။ အသမ္ဗန္န ဓါတ်တော်များမှာ နဖူးသင်းကျစ်တော်တစ်ဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ စွယ်တော်လေးဆူ ဖြစ်ပါသည်။ သမ္ဗန္န ဓါတ်တော်များမှာ အရောင်သုံး မျိုးနှင့် အရွယ်အစားသုံးမျိုးကြွင်းကြောင်း ရခိုင်ဓာတု၀င်ကျမ်း၌ ရေးသားထားပါသည်။ မြတ်စွာဘုရား၏ တစ်ကိုယ်လုံးမှာ ဓါတ်တော် ပေါင်း ရှစ်စရွက်ကြွင်းပါသည်။ ကွမ်းစာအားဖြင့် တစ်ဆယ်ခြောက်ကွမ်းစာ ဖြစ်ပါသည်။ အရောင်အဆင်းအားဖြင့် ရွှေရောင်၊ ပွတ်သစ်စ ခရုသွင်းရောင်၊ ချရားစေ့ရောင် တို့ဖြစ်ပါသည်။ ဘုရားရှင်၏ ကြွင်းကျန်ရစ်သော ဓါတ်တော်များကို နှစ်ပြည်ထောင်မင်းတို့အား ဒေါနပုဏ္ဏားက ဝေပေး၏။ မိမိတို့အရပ်ဒေသများတွင် ကိုးကွယ်ခဲ့ကြပါသည်။ ထိုဓါတ်တော်များကို မကြာမီအဇာတသတ်မင်းသည် တိုက်ယူပြီး ရာဇဂြိုလ်ပြည်မှာ မြေထဲစေတီတည်၍ ထားခဲ့ပါသည်။ ဓါတ်တော်အကြောင်း ဤနေရာတွင် ဆုံးနေပါပြီ၊ ဤသည်ကား ပေါင်တော်ဓါတ်၊ မျက်လုံးတော်ဓါတ်၊ လည်ရိုးတော်ဓါတ် စသည်ဖြင့် အဋ္ဌကထာတွင် မပါရှိပါ။

            ဓါတ်တော်များ ရောက်ရှိလာပုံ

            သို့သော် ထိုဓါတ်တော်များမှာ ယနေ့ထိ ရခိုင်ပြည်၌ အမည်နာမ နှင့်တကွ တည်ရှိနေသေးသည်။ ဤဓါတ်တော်များ ရခိုင်ပြည် သို့ အဘယ်ပုံရောက်ရှိလာသည်ကို ရှင်းလင်းလျှောက်ထားပါမည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီး နှစ်ပေါင်း ရှစ်ရာတစ်ဆယ်ရှစ်နှစ် အကြာတွင် ပါဋလိပုတ်ပြည်၌ သီရိဓမ္မသောကမင်းကြီး ထီးနန်းစိုးစံခဲ့ပါသည်။ ထိုမင်းကြီးသည် ဓမ္မာခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို ရည်စူးပြီး စေတီတည်လိုသဖြင့် မြတ်စွာဘုရား၏ ဓါတ်မွေတော်များကို ရှာဖွေခဲ့ပါသည်။  အဇာတသတ်မင်း ပြုထားခဲ့သော ဓါတ်တော် များကို တူးဖော်ယူခဲ့ပါသည်။ ထိုဓါတ်တော်များမှာ ရွှေပန်းကန်တွင် အားလုံးတစ်စုတစ်ပေါင်းတည်း ဖြစ်နေပါသည်။ ထိုဓါတ်တော်များကို အသျှင် မောဂ္ဂလိ ပုတ္တတိဿ မထေရ်သည်အသားမှာ ဖြစ်လာသောဓါတ်၊ အရိုးမှ ဖြစ်လာသောဓါတ်၊ အသွေးမှဖြစ်လာသောဓါတ် စသည်ဖြင့် ခွဲခြားခဲ့ပါသည်။ အသေးစိတ်အားဖြင့် ဦးခေါင်းတော်ဓါတ်၊ ဦးနှောက်တော်ဓါတ်၊ မျက်လုံးတော်ဓါတ် စသည်ဖြင့် မြတ်စွာဘုရား ၏အင်္ဂါကြီးငယ်မှ ဖြစ်သော ဓါတ်တော်များကို တစ်ခုချင်းခွဲခြမ်းပြီး သီရိဓမ္မသောကမင်းအား ပေးခဲ့ပါသည်။  သီရိဓမ္မသောကမင်းကြီးသည် ဓါတ်တော်များကို ရရှိသောအခါ ဋ္ဌာမနာသည်။ ဤစေတီ တည်ရမည့်နေရာဒေသများကို အသျှင် မောဂ္ဂလိပုတ္တတိဿအား မေးလျှောက် ခဲ့ပါသည်။ ထိုအခါ အသျှင်မာဂ္ဂလိပုတ္တတိဿက တကာတော်မင်းကြီး ဤဓါတ်တော်များကို ဋ္ဌာပနာပြီးစေတီတည်ရန်နေရာဒေသများမှာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ဗျာဒိတ်တော် ချမှတ်ခဲ့သော နေရာတိုင်းတွင် စေတီတည်ရမည်ဟု ပြောခဲ့ပါသည်။ ထို နေရာများကို စေတီတည်ရန်အတွက် ဓါတ်တော်များပို့ဆောင်ရမည်ဖြစ်ကြောင်း မိန့်မြွတ်ခဲ့ပါသည်။ ထိုအခါ အသျှင်မောဂ္ဂလိပုတ္တတိဿ မထေရ်သည် အသျှင်ဗာဟုလမထေရ် နှင် အသျှင် တိဿမထေရ်တို့အား မြတ်စွာဘုရား ဗျာဒိတ်တော်ချမှတ်ခဲ့သည့် ရခိုင်ပြည်ရှိနေရာ များတွင် စေတီတည်ထားရန် ဓါတ်တော်များကို ပို့စေခဲ့ပါသည်။

            သူရိယစက္ကမင်းလက်ထက်မှာ

            ထိုအသျှင်တို့သည် ကောင်းကင်ခရီးဖြင့် ရခိုင်ပြည်သို့ ကြွရောက်ခဲ့ပါသည်။ ယင်းအချိန်တွင် ရခိုင်ပြည် ဓည၀တီတွင် သူရိယစက္ကမင်းကြီး မင်းပြုလျှက်ရှိပါသည်။ ထိုဓါတ်တော်များကို အသျှင်ရှစ်ပါးသည် သူရိယစက္ကမင်းကြီးအား ပေးအပ်ပြီး စေတီတည်ရ မည့်အရပ်ဒေသများကိုလည်း ပြောခဲ့ပါသည်။ သူရိယစက္ကမင်းကြီးသည် ဓါတ်တော်များ လက်ခံပြီး မူးကြီး မတ်ကြီး စစ်သူကြီးများကို စေတီတည်ရန်အတွက် ဓါတ်တော်များကို ပေးအပ်ပြီး မြတ်စွာဘုရား ဗျာဒိတ်တော်မြွတ်ဆိုခဲ့သည့်နေရာတိုင်းသို့ သွားရောက်၍ စေတီ ကိုတည်စေပါသည်ဘုရား။ မြတ်စွာဘုရား၊ ရခိုင်ပြည်သို့ ကြွရောက်ခဲ့သောအခါ ရပ်တန့်တော်မူပြီး ဗျာဒိတော် ပေးခဲ့သော သေလာဂီရိ တောင်၌ ကျောက်ရိုးတော်ဓါတ်ကို ဋ္ဌာပနာပြီး စေတီတည်ခဲ့ပါသည်။ မဉ္စူပဗ္ဗတတောင်တွင် ချက်တော်ဓါတ်ကို ဋ္ဌာပနာ၍ စေတီတည်ခဲ့ ပါသည်။ မိဂပဗ္ဗတတောင်၌ သင်းကျစ်တော်ဓါတ်ကို ဋ္ဌာပနာ၍ စေတီတည်ခဲ့ပါသည်။

            တစ်ပြည်လုံးမှာ

            ဤသို့ဖြင့် ရခိုင်ပြည်တစ်ခုလုံးတွင် ဗျာဒိတ်၀င်စေတီ ၂၄၈ ဆူကို တည်ခဲ့ပါသည်။ ဓါတ်တော်များကို မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်ပြီးမှ လာတည်ရခြင်းဖြစ်သောကြောင့် မြတ်စွာဘုရားသည် ဓါတ်တော်များကို ဤသည်ကား ဦးခေါင်းတော်ဓါတ်၊ ဤသည်ကား ဦးနှောက်တော်ဓါတ်၊ ပေါင်တော်ဓါတ်၊ ခြေသလုံးတော်ဓါတ် စသည်ဖြင့် ခွဲခြမ်းဟောကြားခြင်းကို မပြုနိုင်တော့ပါဘုရား။ ယင်းကြောင့် ဘုရားဟော ပါဋ္ဌိတော် အဋ္ဌကထာ စသည်တို့မှာ မပါရှိခြင်းဖြစ်ပါသည် ဘုရား။

            အမှန်တည်သောဓါတ်တော်များ

            အဋ္ဌာကထာ စသည်တို့မှာ မပါရှိသော်လည်း ယနေ့တိုင် ကျောက်ရိုးတော်ဓါတ်၊ လည်ရိုးတော်ဓါတ်၊ ချက်တော်ဓါတ်၊ လျှာတော်ဓါတ် စသည်ဖြင့် တည်ရှိနေပါသည်။ ဤဓါတ်တော်အမည်များကိုလည်း ဓည၀တီခေတ်မှစပြီး ခေတ်အဆက်ဆက်၏ ဘုရင်များ ပြန်လည်ပြုပြင်ခဲ့သည်ကို ကဗ္ပည်းကျောက်စာတို့ ထားခဲ့ပါသည်ဘုရား။ ယင်းကြောင့် ဘုရားဟောပါဋ္ဌိတော် အဋ္ဌာကထာ စသည်တို့မှာ မပါသော်လည်းအမှန်စင်စစ် တည်ရှိသော ဓါတ်မွေတော်များဖြစ်ကြောင်း လျှောက်ထားပါသည် ဘုရား။ ဓါတ်မွေတော် စေတီများမှာ ကစ္ဆပနဒီ ခေါ် ကုလားတန်မြစ်၏ ဝဲယာတစ်လျှောက်၌ လည်းကောင်း၊ အညှာနဒီခေါ် လေးမြို့မြစ်၏ ဝဲယာတစ်လျှောက် ၌လည်းကောင်း၊ သရီရနဒီခေါ်  သရီချောင်း၏ ဝဲယာတစ်လျှောက်၌ လည်းကောင်း၊ ရန္ဒနဒီခေါ် ရမ်းချောင်း၏ ဝဲယာတစ်လျှောက်၌ လည်းကောင်း၊ ရမ်းဗြဲကျွန်း၊ ဖရုံကာကျွန်း၊ သံတွဲစသော နေရာဒေသအနှံ့ ရခိုင်တစ်ပြည်လုံးတွင် မြတ်စွာဘုရား၏ တစ်ကိုယ်လုံးရှိ ဓါတ်တော်များ တည်ရှိခဲ့ပါ၏။ ဗုဒ္ဓ၏ဓါတ်တော်နိုင်ငံ ဟုလည်း ခေါ်သင့်ပါသည်။

ဆရာတော်အရှင်ဥာဏီသာရ။              ။ မေးခွန်းနံပါတ် (၆) ရခိုင်ပြည်တွင် အသုံးပြုသော ပါဠိတော်များမှာ မြန်မာမူဖြစ်သလော၊ မည်သည့်မူနည်း၊ သင်္ဂါယနာခြောက်တန်တွင် ပါသောမူ ဖြစ်သလော၊ ဖြေရှင်းပေးပါ။

ဆရာကြီး ဦးဦးသာထွန်း ( ရခိုင်မြန်မာ ပဏ္ဍိတ )။                             ။ တပည့်တော်တို့ ရခိုင်ပြည်တွင် အသုံးပြုခဲ့သော ပိဋကတ်ကို ကြိုးတန်းပိဋကတ်တော်ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံ ကို ရောက်ရှိလာသော ပိဋကတ်တော်မှာ သတုံကတစ်ဆင့် အနော်ရထာမင်း ယူခဲ့သော ပိဋကတ်ဖြစ်ကြောင်း သိရှိရပါသည်။ သထုံပိဋကတ်မှာလည်း သီဟိုဠ်မှတဆင့် ရောက်လာသော ပိဋကတ်ဖြစ်၍ သီဟိုဠ်ပိဋကတ်ခေါ်ကြောင်း သိရပါသည်ဘုရား သီဟိုဠ်မှာလည်း သျှင်မဟာ ဗုဒ္ဓဃောသပိဋကတ် နှင့် သီဟိုဠ်နိုင်ငံသားတို့အခေါ် စရိယပိဋကတ်ဟူ၍ ရှိခဲ့ပါသည် ဘုရား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုတို့မှာ ရှိသော ပိဋကတ်ကို ဇင်းမယ်ပဏ္ဏာသ ပိဋကတ်တော်ဟု ခေါ်ကြောင်း သိရှိရပါသည်။

 ကြိုးတန်းပိဋကတ်

            တပည့်တော်တို့ ရခိုင်ပိဋကတ်ကို အဘယ့်ကြောင့်ကြိုးတန်းပိဋကတ်ဟု ခေါ်ရခြင်းကို ရှင်းပါမည်ဘုရား၊ ပထမအကြိမ် သင်္ဂါယနာမူအတိုင်း ဒုတိယအကြိမ် သင်္ဂါယနာတင်ပါသည်။ ဒုတိယအကြိမ် သင်္ဂါယနာမူအတိုင်း တတိယအကြိမ် သင်္ဂါယနာတင်ခဲ့ပါသည်။ ရခိုင်ပြည်တွင်လည်း စတုတ္ထအကြိမ်သင်္ဂါယနာတွင် တတိယအကြိမ်မူအတိုင်း သင်္ဂါယနာတင်ခဲ့ပါသည် ဘုရား။ ဤကဲ့သို့ မူရင်းအတိုင်း အဆင့်ဆင့် စတုတ္ထအကြိမ်အထိ ဆင်းသက်လာသော်လည်း ပိဋကတ်တော်များကို ဖြည့်စွပ်ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းလုံ၀ မပြုပြင်ဘဲ တစ်သဝေမတိမ်း ရခိုင်အခေါ် စာမျဉ်းအချွတ် ပင်လျှင် မှန်ကန်သော ပိဋကတ်တော် ဖြစ်ပါသည်။ စာမျဉ်းဆိုသည်မှာ မျဉ်းကြောင်းကို ခေါ်ခြင်းဖြစ်ပါ သည်။ ရှေးစကားမှာ မျဉ်းကြောင်းကို ကြိုးတန်းဟုခေါ်ပါသည်။ ဥပမာအားဖြင့် သစ်တုံးတစ်တုံးကို လွှဆရာက ဗဟိုခွဲလို လျှင်သစ်တုံးခေါင်းမှနေ မီးသွေးသုတ်လိမ်းထားသောကြိုးကို အလယ်ကျအောင်ထားပြီး အခြားတဖက်မှ လူတစ်ဦးကကြိုး ကိုတင်းနေအောင်ကိုင်၍ ကြိုးကိုဆွဲရိုက်ရပါသည်။ ထိုအခါ မီးသွေးသုတ်လိမ်းထားသော ကြိုး၏ အကြောင်းသည် သစ်တုံး ပေါ်၌ ထင်းရှားစွာပေါ်နေပါသည်။ လုံးဝကောက်ကွေ့ခြင်း မရှိပါ။ ထိုးနည်းတူစွာ ရခိုင်ပြည်ရှိ ပိဋကတ်တော် များ မှာလည်း ကြိုးတန်းသည်အကွေ့အကောက်မရှိသကဲ့သို့ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ နုတ်ပယ်ခြင်းတည်းဟူသော ချို့ယွင်းချက် အကောက်အကွေ့ မပါရှိသဖြင့် ကြိုးတန်းပိဋကတ်ဟု အမည်ပေးထားပါသည် ဘုရား။

            ပိဋကတ်တိုက်လေးဆယ့်ရှစ်ခု



            ရှေးရခိုင်ဘုရင်အုပ်စိုးသောခေတ်က မြောက်ဦး၏ ပတ်၀န်းကျင်တွင် သံဃာတော်တစ်ထောင်ဆံ့သော ကျောင်းတော်ကြီး သုံဆယ့်ခြောက်ကျောင်း ရှိခဲ့ကြောင်း မှတ်သားရပါသည်။ ထိုကျောင်းတော်ကြီးများ၌ ဗုဒ္ဓစာပေကို သင်ကြားနေသော သံဃာတော်ကို သည်ကြိုးတန်းပိဋကတ်တော်ကို စံထား၍လေ့လာကြပါသည်။ ထိုပိဋကတ်တော်များ ထားရှိရန်အတွက် ပိဋကတ်တိုက်ခေါ် ပုထိုးများကို မြောက်ဦးမြို့နေရာအနှံ့တွင် တွေ့ရှိရပါသည်။ သမိုင်းအဆိုအရ ပိဋကတ်တိုက်ပေါင်း လေးဆယ့်ရှစ်ခုရှိကြောင်း သိရပါသည်။ ယခုအခါပြိုပျက်သွားသဖြင့် အချို့အ၀က်ကိုသာ တွေ့ရပါ သည်။ ယခုထက်တိုင် အကောင်းပကတိတွေ့ရသော ပိဋတိုက်မှာ ချိန်ကိုက် ပိဋကတ်တိုက်၊ ဘက်တော် ပိဋကတ်တိုက်၊ မယ်တော်ကူ ပိဋကတ်တိုက် တို့ဖြစ်ပါသည်။ ယင်းကြောင့် ရှေ့ခေတ်ရေးသားခဲ့သော စာပေများ၌ ဝေသာလီတွင် သင်္ဂါယနာ တင်ခဲ့စဉ်က မူအဖြစ်ထားခဲ့သော ကြိုးတန်းပိဋကတ်တော်မှ တဆင့်ရေးကူးခြင်း ဖြစ်ကြောင်းကို ပေစာ၏အဆုံး ၌ကြိုးတန်းပိဋကတ်တော်အတိုင်း ရေးကူးခြင်းဖြစ်ပါသည်ဟု ရေးထားသည်ကို ယနေ့တိုင်ပေစာများတွင် များတွင် တွေ့ရှိ နိုင်ပါသေးသည်ဘုရား။

            တပည့်တော်သည် အရှင်ဘုရား၏ မေးခွန်းများကို ရှင်းလင်းဖြေဆိုခဲ့သည်မှာ လေးနာရီခန့်ကြာမြင့်ခဲ့ပါပြီ၊တပည့် တော်၏ ရှင်းလင်း ဖြေဆိုချက်များကိုလည်း သဘောပေါက်လက်ခံလိမ့်မည်ထင်ပါသည်။ အရှင်ဘုရားတို့မှာ ဘုရားဖူးရန်လည်း ရှိနေပါသေး၍ တပည့်တော်၏ ရှင်းလင်းဖြေဆိုချက်များကို အဆုံးသတ်ခွင့် ပြုပါဘုရား။

            ဆရာကြီး၏ ဦးဦးသာထွန်း (ရခိုင်မြန်မာ)ဖြေကြားလျှောက်ထားချက်အပေါ် အရှင်ဉာဏိဿရ ဆရာတော်ကြီးမှ နောက်ထပ်မေးမြန်းခြင်း မပြုတော့ဘဲ ဘုရားဖူးရန်အတွက် ညနေ (၅) နာရီခန့်တွင် ရှစ်သောင်းပုထိုးတော်ကြီးမှ ကြွသွားခဲ့ပါသည်။

Comments