​ဗမာတွေ မှားရင်းနဲ့ ဆက်မှား နေကြပုံ။

ဗမာတွေ အမှားက

၁..အမှားက သမိုင်းက အရှိတရားကို လက်မခံပဲ ပုဂံခေတ် အရည်းကြီး ဆိုတာကို ရှက်ကန်ကန်ဖြစ်ပြီး  သမိုင်းဖျောက်ဖျက်ချင်နေတာ။ 

၂..အမှားက.. ရွှေတိဂုံဘုရားကို ဗမာ တည်တယ် ဆိုပြီး လုပ်တာ။

၃..အမှားက.. ဗမာဟာ ရခိုင်ထက် နှစ်ပေါင်းထောင်ချီနောက်ကျပြီးမှ ၉.. ၁၀ ရာစုလောက်မှ တရုတ်ပြည်က ပြေးဝင်လာပြီး.. ရခိုင်ဒေသိယစကား ကို ပြောဆိုနေတာကို.. ရခိုင်စကားဟာ ဗမာဒေသိယစကား ဖြစ်တယ်ဆိုပြီး ပြောင်းပြန်သီအိုရီတွေနဲ့ လူမျိုးကြီး လုပ်ချင်နေတာ။ 

၄..အမှားက..  ရခိုင်က ဘုရားတွေ စာပေတွေ ကျမ်းကန်တွေ ယူပြီးမှ ရခိုင်ကို စော်ကားပြီး.. ဗမာမူလုပ်ချင်တာ။

၅... အမှားက..ပျူ ပစ္စည်းကို ဗမာ ပစ္စည်းလုပ်ချင်တာ။ 

၆.. အမှားက..  ပျူ ဘုရား ငွေဗောဓိဘုရား ပလ္လင်က.. ​ရှေ့စာသား.. နောက်စာသားကို မဖတ်နိုင်ပဲ အလယ်က
( ပုရမီ )ဆိုတဲ့ စကားတစ်လုံးကို ဗမာ ဆိုပြီး ဘာသာပြန် အတင်းလုပ်ယူတာ။ 

၇.. အမှားက.. မြန်မာ ဆိုတဲ့ အမည်တစ်လုံးကို..  မြန်လည်းမြန်တယ် မာလည်းမာတယ် ဆိုပြီး 
အတင်း ဗမာအဖြစ်လုပ်ယူတာ။

၈.. အမှားက.. မြန်မာနိုင်ငံမှာ မြန်မာ ဆိုတာ ဗမာတစ်ခုတည်းပဲဆိုပြီး ပြောဆိုကျင့်သုံးနေတာ။ 

၉.. အမှားက...ဗမာက  ပျူနဲ့လည် တူချင်ပြီး.. ရခိုင်နဲ့လည်းတူချင်..  ထားဝယ်ကိုလည်း ဗမာလုပ်ချင်.. ပျူ ကို ဗမာ လုပ်ချင်ပြီး ရှေးစကား နောက်စကားကို မသိပဲ ရခိုင်ကိုပါ ဗမာလုပ်ချင်နေတာ ။

၁၀... အမှားက..ပျူတွေ ပြောစကားလေသံနဲ့ ဗမာစကား ​လေသံနဲ့ ဘာမှ မတူ. မဆိုင်တာကို ပျူ ဗမာ အတင်းဖန်တီးယူတာ။

၁၁.. အမှားက ဗမာမှာ ဘာမှ မရှိတာကို သူများတွေဆီကယူပြီး အတင်း ဗမာလုပ်ချင်တာ။ 

၁၂.. အမှားက.. ဗမာ အကအဖြစ် ၁၉၂၀ မှ ကာတွန်းဆရာ မွတ်ဆလင်( KaLer) ဦးဘကလေးက မောင်ရွှေရိုး အကို တီထွင်ပေးခဲ့တယ်.. ဒါကို လက်မခံပဲ ခြင်းနေတာ။

၁၃.. အမှားက.. ပုဂံဒေသမှာ  ဗုဒ္ဓဘာသာဟာ.. ရခိုင်က စာပေအရေးအသားယူပြီးရေးတာကို မွန်ကယူတယ် ပြောပြီး အဲ့အချိန်အခါ ခေတ်မှာကိုပဲ.. ပါဠိရေးနည်းတွေက.. လက်ရှိ အက္ခရာတွေ   ရေးနည်းအတိုင်းဖြစ်နေတာကို သတိမထားခြင်း။ 

၁၄... အမှားက.. မြန်မာနိုင်ငံမှ တွေ့ရသော ကျောက်စာရှိ ဘာသာစကားများမှာ.. ပါဠိ၊ သက္ကဋ ၊ ရခိုင်၊ ပျူ ၊ မွန် စသည့် ဘာသာစကားသာရှိပြီး.. မြန်မာဘာသာစကားရေးထိုး ကျောက်စာ မရှိဘူးဆိုတာကို မသိကြပဲ.. ရခိုင်ဘာသာစကားရေးထိုးတဲ့ ပုဂံကျောက်စာတွေကို မြန်မာအမည်တပ်တာ။ 

၁၅.. အမှားက.. ပုဂံမှာ စာပေဟာ အဆင့်ဆင့်ပြောင်းလဲ့လာပုံ ကျောက်စာအထောက်အထား မရှိပဲ။ စိတ်ကူးနဲ့ ဇယားတွေလုပ်ပြီး အဆင့်ဆင့် ဒီလိုကနေ ပုဂံမှာ မြန်မာစာပေ ပေါ်လာတယ်ဆိုပြီး အတင်းလုပ်ယူတာ။

၁၆..အမှားက..ကျောင်းစာတွေမှာ.. မြန်မာသမိုင်း မြန်မာသမိုင်း ပြောပြီး.. အနော်ရထာ ကျန်စစ်သား ဘုရင့်နောင် စသည့် မြန်မာအမည်ခံ ဗမာသမိုင်းတွေပဲ လူမျိုးတိုင်း ခေါင်းထဲကို ရိုက်သွင်းခဲ့တာ။

၁၇.. အမှားက..တခြားလူမျိုးတွေ၏ အောင်မြင်မှုတွေ ယဉ်ကျေးမှုတွေကို နိုင်ငံတကာထိ မြန်မာ မြန်မာ ဆိုပြီး ဂုဏ်ယူပြပြီး.. နောက်ဆုံး မြန်မာဟာ ဗမာပဲကွာဆိုပြီး လုယူသွာတာ။ 

၁၈.. အမှားက.. ရာဇကုမာရ် ကျောက်စာမှာ ရခိုင်ဓညဝတီ ဆိုတာ တစ်လုံးမပါပဲ.. ရခိုင်ဟာ ပုဂံအင်ပါယာတွင်ပါတယ်..ရာဇကုမာရ်ကျောက်စာမှာ ပါတယ်ဆိုပြီး.. မျိုးဆက်သစ်တွေကို.. သမိုင်းလိမ် ရိုက်သွင်းတာ။ 

၁၉.. အမှားက.. ခေတ်အဆက်ဆက် မတရားလုပ်ခဲ့တာကို ဖုံးကွယ်ချင်တာနဲ့ မောင်ဝိုင်းဟာ ရခိုင်တွေကို မသတ်ခဲ့ကြောင်း မဟာမုနိကို ခိုးတာ လုတာ မဟုတ်ပဲ သင်တော်တဲ့နေရာမှာ စံမြန်းတာ ဆိုပြီး အမှားကို ဖုံးဖိချင်တာ။

၂၀.. အမှားက.. ဗမာပြည်မှာ အတွင်းအပြင် ၃၇ မင်းနှင့် အရက်သမား နတ်တွေကို အိမ်ပေါ်က မကျသေးပဲ ဗုဒ္ဓဘာသာဖြစ်ကြောင်း ကြေညာနေတာ။

၂၁.. အမှားက.. ဗုဒ္ဓသည် ဗမာ လူမျိုးဆိုပြီး အတင်းလုပ်ယူတာ။

၂၂.. အမှားက.. သာကီမျိူးဟေ တို့ဗမာ ဆိုပြီး ဝါဒ ရိုက်သွင်းတာ။

၂၃.. အမှားက.. တကောင်းနဲ့ ဗမာ ဘာမှ မဆိုင်ပဲ.. ကံရာဇငယ် နဲ့ အနော်ရထာ ဘာမှ သားစဉ်မြေးဆက် ဆက်စပ်မှု မရှိပဲ။ 
ဗမာ အစ တကောင်းက လုပ်တာတို့.. ဗမာဟာ သာကီဝင် လူပ်တာတို့။



Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား