Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးအိန္ဒိယအန်ဒမန်

ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးအိန္ဒိယအန်ဒမန်& နီကိုဘာကျွန်းတွင်သတ်ဖြတ်ခံရမှုဖြစ်ရပ်မှန်။

"စစ်တပ်အာဏာပိုင်များက တမင်နောက်နေးအောင်လုပ်နေကြသည်။"

ထိုဖြစ်စဉ်ဖြစ်ပွါးပြီး ငါးလကြာသည့်တိုင်အောင်လက်နက်များကိုCBI ထံ
သို့လွှဲပြောင်းပေးရန်တောင်ဆိုသော်လည်း လွှဲပြောင်းမပေးခဲ့ပေ။ စစ်
ဆင်ရေးတွင်ပါဝင်ခဲ့သောစစ်တပ်အရာရှိများအား စစ်ဆေးရန်ကြိုးပန်း
သော်လည်း ထပ်ခါထပ်ခါ တားမြစ်ခံခဲ့ရသည်။ သက်ဆိုင်သောမှတ်တမ်း
စာအုပ်များနှင့် စာရွက်စာတမ်းများမှာလည်း စုံစမ်းစစ်ဆေးသူများလက်
ထဲသို့မရောက်သေးပေ။စစ်တပ်အာဏာပိင်ြများကတမင်နောင့်နေးအောင်လုပ်နေကြသည်ဟုCBI အရင်းမြစ်များကညီးတွားကြသည်။
  ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေသည့် ထိုကစ္စများကိုအိန္ဒိယဝန်
ကြီးချုပ်အားတင်ပြထားသော်လည်း ဤအမှုတွဲ၏ အခြေအနေအကြောင်းထဲထဲဝင်ဝင်စုံစမ်းစစ်ဆေးခွင့်ရရှိမည်မဟုတ်ဟုသံသယဖြစ်ကြကြောင်း CBI အရာရှိများကပြောသည်။ ထိုအမှုတွဲ၏ထိလွယ်ရှလွယ်နိုင်ပုံကို
ဖမ်းဆီးခံထားရသောနိုင်ငံခြားသားများထံမှ စုံစမ်းရရှိသောအချက်အလက်များအရဆုံးဖြတ်နိုင်မည်ဖြစ်သည်။ဖေဖော်ဝါရီလ(၉)ရက်နေ့တွင်ဖြစ်
ပွားခဲ့သောဖြစ်စဉ်အားသူတို့ပြောပြပုံမှာ စစ်တပ်၏ FIR မှာရေးသားထားတာနှင့်လုံဝကွဲပြားခြားနားနေခဲ့ပါသည်။
       ထိပ်တိပ်တွေ့ဆုံမှုမရှိခဲ့ဟု ထိမ်းသိမ်းခံထားရသူများက ပို့ဘလဲမြို့
မှအန်ဒါမန်(ကပ္ပလီ)ရဲများအားပြောကြားခဲ့သည်။သွေးအေးအေးနှင့်လူ
သတ်ခဲ့ခြင်းသာဖြစ်သည်ဟုသူတို့ကဆိုသည်။
  သူတို့၏ဇာတ်လမ်းမှာ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင်စတင်ခဲ့သည်။သူ
တို့သည်တိုင်းရင်းသယးများအပေါ် ဗမာလူမျိူးများ၏အိုးဇာလွှမ်းမိုးမှုနှင့်
မြန်မာအစိုးရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိူးရေးကောင်စီကို
တိုက်ပွဲဝင်နေသော AA (ရခိုင်တပ်မတော်)မှအဖွဲ့သယးများဖြစ်ကြသည်။သူတို့အဖွဲ့တွင် ဗဗနှင့်အတူစစ်အစိုးရအားတော်လှန်သည့်မဟာမိတ်
ကရင်အမျိုးသားတပ်မတော်သားအချို့လည်းပါဝင်သည်။
  "ကျွန်တော်တို့ရဲ့ခေါင်းဆောင်ခိုင်ရာဇာနှင့်အတူ ထိုင်း_မြန်မာနယ်စပ်
ကနေထွက်လာခဲ့တယ်။ လန်းဖော့ကျွန်းကျရင်ဘာပြဿနာမှမရှိဘူး
အိန္ဒိယအစိုးရကနေကျွန်တော်တို့ကိုအမြဲတမ်းခွင့်ပြုထားတယ်လို့ ကျွန်တော်တို့ရဲ့
ခေါင်းဆောင်ကျွန်တော်တို့ကိုပြောခဲ့ပါတယ် ဟု အထိမ်းသိမ်းခံရသူတဦး
ကပြောပြသည်။
  ထိုင်းရေပိုင်နက်မှခေတ်မီလက်နက်များတင်ဆောင်လာသောစပိဘုတ်
(၂)စင်းနှင့်သူတို့လူဦးရေ(၄၃)ဦးထွက်လာခဲ့ကြသည်။လန်းဖေါ့ကျွန်တွင်
ခေတ္တရပ်နားပြီးဘင်္ဂလားဒေ့ရ်ှနိုင်ငံကော့ဘဇားမြို့သို့ဆက်လက်ထွက်ခွာ
ကြမည်ဖြစ်ပြီးထိုမှတဆင့်ရခိုင်ရိုးမရှိသူတို့၏ရဲဘော်များထံသို့လက်နက်များတင်ပို့မည်ဖြစ်သည်။
  လန်းဖေါ့ကျွန်းသို့အလာလမ်းတွင် တငါသည်(၃၆)ဦးလိုက်ပါလာသော
ထိုင်းငါးဖမ်းသင်္ဘော ၂  စင်းအား  AAသို့ဆပ်ကြေးမပေးသဖြင့် ချဉ်းကပ်
ဖမ်းဆီးခဲ့သည်။ ထိုနောက်စုစုပေါင်းအင်အား(၇၉) ဦးသည်လှေ (၄) စင်း
   ဖြင့်ဆက်လက်ထွက်ခါလာရာ ဖေဖော်ဝါရီလ (၉)ရက်နေ့ညနေ (၇)နာ
ရီတွင်နာကွန်ဒွန်ကျွန်းသို့ရောက်ရှိလာခဲ့သည်။
       လန်းဖေါ့ကျွန်းတွင် အိန္ဒိယသင်္ဘောများစခန်းချထားသည်ကိုသူတို့
သိရှိပြီးဖြစ်သည်။သာမန်အမဲလိုက်မုဆိုးများနှင့်မှောင်ခိုတင်သွင်းသူများဆိုလျှင်ချက်ခြင်းထွက်ပြေးမည်ဖြစ်သော်လည်း ထိုလှေများသည်ယုံ
ြက်ြည်စိတ်ချစွာဖြင့်စောင့်ဆိုင်းနေခဲ့သည်။NUPA ၏အရေးပါအရာရောက်သောအဖွဲ့ဝင်တဦးဖြစ်ပြီးရခိုင်တပ်မတော်၏စစ်သေနာပတိဖြစ်သူခိုင်
ရာဇာသည်လှေများနာကိုဒွန်ကျွန်းသို့မဆိုက်ကပ်မည်အချိန်အတွင်းသူ
၏လက်ထောက်နံပါတ်(၂)စောထွန်းနှင့်ရေဒီရိုကြေးနန်းမှတဆင့်စကား
ပြောခဲ့သည်။သူတို့၏အစီအစဉ်အတိုင်းစောထွန်းသည် ရခိုင်လှေများကို
လက်ခံမည့်အိန္ဒိယစစ်တပ်အရာရှိများနှင့်အတူ လန်ဖေါ့ကျွန်းသို့ကြိုတင်
ရောက်နှင့်နေသည်ဟုထိမ်သိမ်းခံသူများကရှင်းပြသည်။နီကိုဘာကျွန်းသို့ရောက်ရှိသောအခါတွင် ခိုင်ရာဇာက စောထွန်းကို VHF နှင့်ထပ်မံ
ဆက်သွယ်ပြီးသူရောက်ရှိသည့်အကြောင်း အကြောင်းကြားခဲ့သည်။
ထို့နောက်ဘာမှမဖြစ်ခဲ့ပေ။
   "ထိုညကကျွန်တော်တို့နီကိုဘာကျွန်းနားမှာအိပ်ခဲ့တယ်" ဟုထိမ်းသိမ်းခံထာသူတဦးကပြောပြသည်။
နောက်နေ့မနက်(၁၀)နာရီတွင်ကြိုးမဲ့ကြေးနန်းမှစတင်လှုပ်ရှားသံကြားရသည်။တဖက်မှလန်ဖေါ့ကျွန်ကဆက်နေသော စောထွန်းဖြစ်ပြီး သု့ထံမှ
အချက်ပြမှု လက်ခံရရှီပြီးနောက် လှေများကိုကျောက်ချခဲ့သည်။Volvo
အင်ဂျင်များတပ်ဆင်ထားပြီးတနာရီတွင်ရေမိုင်(၃၅)သွားနိုင်သည်။
ပိုမိုသေးငယ်သောစပိဘုတ်ကဦးစွာထွက်ခွာခဲ့သည်။ထိုစပိဘုတ်ပေါ်တွင်ခိုင်ရာဇာနှင့်သူ၏အရင်းနှီးဆုံးလုပ်ဖေါ်ကိုင်ဖက်များဖြစ်သည့်ဖဒိုမူလေ
(ကရင်အမျိုးသားသားတပ်မတော်၏ပင်လယ်ရေကြောင်းပို့ဆောင်ရေးတာဝန်ခံ)ဗိုလ်မှူးကြီသိန်းအောင်ကျော်(NUPAဗဟိုကော်မတီဝင်)ဗိုလ်
ကြီးမြင့်ဆွေ (ကရင်အမျိုးသားတပ်မတော် KNLA)နှင့်ရေယာဉ်မောင်း
ဖိုးချိုတို့စီးနှင်းလိုက်ပါခဲ့သည်။
    စပိဘုတ်များနှင့်နောက်မှလိုက်ပါလာသောလှေများသည်။ပိတ်ဆို့ထားသည့်ရေတပ်သင်္ဘောများကြားမှရဲဝင့်စွာဖြတ်သန်လာခဲ့ပြီး ညနေတွင်လန်ဖေါ့ကျွန်းသောရောက်ရှိလာခဲ့သောအခါတွင်ဒုတိယဗိုလ်မှုကြီးဂရိဝဲလ်
ပါဝင်သောကြိုဆိုရေးအဖွဲ့ကနွေးထွေးစွာကြိုဆိုခဲ့ကြသည်။လက်ဆွဲနှုတ်
ဆက်မှုများပွေ့ဖက်မှုများပြုလပ်ခဲ့ကြသည်။ရမ်(၅)ပုလင်းဖွင့်ပြီးဂဏ်ပြုခဲ့ကြသည်။စခန်းချဖို့နေရာလေးတခုရှင်လင်းကြ၊အစားအသောက်များစီမံကြပြီးမီးပုံပွဲလုပ်၍ထိုညကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။
   ထိုညနေတွင်သူတို့၏လက်နက်များကိုပြသခိုင်းခဲ့ကြသည်။အဆိုပါတောင်းဆိုမှုကိုနိမိတ်လက္ခဏာမကောင်းသောတောင်းဆိုမှု သို့မဟုတ်မ
သင်ခါဖွယ်ကောင်းသောတောင်းဆိုမှုအဖြစ်သူတို့မရိပ်မိကြပေ။အိန္ဒိယ
စစ်သားများရျှေ့မှာက်တွင်စပိဘုတ်ပေါ်မှလက်နက်များကိုသယ်ယူပြီး
ကမ်းစပ်တွင်ချဲ့ကြသည်။
    ဖေဖော်ဝါရီလ(၁၁)ရက်နေ့(၁၀)နာရီတွင်အိနဓိယရေတပ်သင်္ဘောတစင်းသည် လန်ဖေါ့ကျွန်းအနီးတွင်နေရာယူထားသည်ကိုတွေ့ရှိခဲ့ရသည်။
မသင်္ကာမဖြစ်သောရခိုင်စစ်သားများအား မကြာခင်အိန္ဒိယခေါင်းဆောင်တဦးရဟတ်ယာဉ်ဖြင့်လာရောက်မည်အကြောင်း မနက်စာကိုအတူတူစားမည်အကြောင်းမြန်မာလ်ိုပြောခဲ့သည်။မကြာခင်တွင်အိန္ဒိယစစ်သား(၂)ဦးက AAမှထိပ်တန်းခေါင်းဆောင်(၆)ဦးအား "ရဟတ်ယာဉ်ဆင်းသက်မည့်နေရာတွင်ခေါငါးဆောင်အားသွားရောက်ုကိုဆိုရန်အတွက်"
တောအုပ်သို့ခေါ်ဆောင်သွားခဲ့သည်။ထို(၆)ဦးတွင် ခိုငါရာဇာ၊စောထွန်း
နှင့်ဖဒိုမူလေတို့ပါဝင်သည်။
   ထို(၆)ဦးတောထဲသို့ရောက်သွားပြီးပြီးချင်း အိန္ဒိယလုံခြုံရေးဝမ်များက
၎င်း၏ကာပိုင်သေနပ်များဖြင့်ခြိမ်းခြောက်ပြီး အားလုံးကိုလက်မြှောက်ခိုင်းခဲ့သည်။သူတို့မှာရွေးချယ်စရာလမ်းမရှိ သူတို့လက်ေုမှာက်ပြီးမတ်တပ်ရပ်လိုက်သည်နှင့်သူတို့၏မျက်လုံးအားအဝတ်ဖြင့်စည်းပြီးလက်များကိုကြိုးတုက်လိုက်ကြသည်။ထိုနောက်ရဟတ်ယာဉ်ဆင်းသံဟုယူဆရသောအသံကိုကြားလိုက်ရပြီးသေနတ်သံများပီပီသသကြားခဲ့ကြသည်။ခေါ်
ဆောင်သွားခဲ့သောထို(၆)ဦးကိုထပ်မံမတွေ့တော့ပေ။
    ဘာဖြစ်လို့ကာကွယ်ရေးအဖွဲ့များက စီဘီအိုင်စုံစမ်စစ်ဆေးရေးကို
တားဆီးနေတာလဲ။သူ၏ FIR ထဲမှာတပ်စခန်းမှုးစွပ်စွဲထားသလို ထိုလက်
နက်မှောင်ခိုသူများကအိန္ဒိယကို "စစ်ပွဲဆင်နေ"သည့်သူတွေလား ဒါမှမ
ဟုတ် သူတို့ဟာအိန္ဒိယကာကွယ်ရေးဌာနှင့်အဆက်အသွယ်ရှိသည့်ရခိုင်တပ်မတော်ကလူတွေလား။အိန္ဒိယနိုင်ငံကမြန်မာစစ်အစိုးရကို မျက်နှ့ာ
လုပ်ဖို့အတွက်ရခိုင်သူပုန်အဖွဲ့ကိုသုတ်သင်ရှင်းလင်းဖို့ဆုံးဖြတ်ချက်ချလိုက်တာလား။
    ပြည်ထဲရေးဝန်ကြီး B P Singh ကတော့အိန္ဒိယကြည်းတပ်သည်
လက်နက်တင်ပို့မှုအကြောင်းမြန်မာအာဏာပိုင်များကသတင်းပေးပို့သည်ကိုလက်ခံရရှိခဲ့သည်ဟုတရားဝင်ပြောဆိုခဲ့သည်။ ကာကွယ်ရေးတပ်ဖွဲ့များသည် အဆိုပါသတင်းပေါ်အခြေခံပြီး လှုပ်ရှားခဲ့သည်ဟု
Singh ၏ပြောကြားမှုအရသိရသည်။
   သို့သော်လည်း NUPA မှအိန္ဒိယကာကွယ်ရေးဝန်ကြီးထံသို့ဧပြီလ(၂၅)
ရက် ရက်စွဲဖြင့်ပေးပို့ခဲ့သောစာတွင်မူ အချက်အလက်မှားယွင်းနေမှုများကိုထောက်ပြထားခဲ့သည်။NUPA ၏နိုင်ငံခြားရေးရာတာဝန်ခံ ခင်မောင်
ရေးသားခဲ့သောစာမှာအောက်ပါအတိုင်းဖြစ်သည်။
  "ဒီနှစ်ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင်အနဒါမန်(ကပ္ပလီ) ကျွန်းစုများထဲတွင် ဖြစ်ပွားခဲ့သော "မျွှော့စစ်ဆင်ရေး" ဖြစ်စဉ်တွင်အဖမ်ခံခဲ့ရသူများသည်ကျွန်တော်တို့၏NUPAနင့်AAအဖွဲ့အစည်းမှအဖွဲ့ဝင်များဖြစ်သည်။
သူတို့သည်လက်နက်မှောင်ခိုသမားများမဟုတ်သလို အိန္ဒိယအရှေ့မြောက်ပိုင်းဒေသမှ သူပုန်များကိုလက်နက်တင်သွင်းသူများမဟုတ်ကြပါ။"
    "သူတို့သည်ဗမာကိုလိုနီအုပ်ချုပ်သူများအား တော်လှနသည့် ရခိုင်လွတ်လပ်းရေးအတွက်ကျွန်တော်တို့၏ပိုင်ဆိုင်မှုများကို သယ်ဆောင်လာသည့်သူများသာဖြစ်ပါသည်။"
   ထို့နောက်NUPA နှင့်AA တို့၏ရင်းနှီးမှုများကိုဖော်ပြသည့်ထူးခြားသည့်အချက်(၃)ချက်ကိုထည့်သွင်းဖော်ပြပြီး မျှော့စစ်ဆင်ရေးကြောင့် ရှုပ်ထွေးသွားသောလက်နက်တင်ပို့မှုခရီးစဉ်တွင် အိန္ဒိယာကွယ်ရေးအဖွဲ့ကကြံရာပါဖြစ်သည်ဆိုသည်ကိုပါဖော်ထုတ်ခဲ့သည်။
   စာတွင်ဤကဲ့သို့ဖော်ပြထားပါသည်။ "အိန္ဒိယစစ်တပ်ထောက်လှမ်းရေးအရာရှိဒုတိယဗိုလ်မှူးကြီးGreawal အားအဆိုပါဖေဖော်ဝါရီလ(၈)ရက်နေ့ AA ခရီးစဉ်အကြောင်ပြည်စုံစွာသတင်းပေးပို့ခဲ့ပြီးဖြစ်သည်။ တိုက်ပွဲထောက်ပံ့ရေးပစ္စည်းများနှင့်တိုက်ပွဲအတွက်မဟုတ်သောထောက်ပံ့ရေးပစ္စည်ျးား၏အသေးစိတ်ဓါတ်ပုံများနှင့်လှေပေါ်တွင်ပါလာမည့်လူဦးရေစာရင်းကိုသူထဲသို့ပေးပို့ထားပြီဖြစ်သည်။"
   "  စစ်တပ်အချင်းချင်းအပြန်အလှန်ဆက်ဆံနိုင်ရန်အွက် NUPA၏CEC
နှင့်AAစစ်ဖက်ကော်မတီအဖွဲ့ဝင် စောထွန်းအား စစ်သံရာထူးနှင့်ကိတ်ညီသောရာထူးဖြင့်အိန္ဒိယကာကွယ်ရေးအရာရှိများများနှင့်ဆက်ဆံရန်
(၁၉၉၇)ခုနှစ်ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်စေလွှတ်ခဲ့ပါသည်"။
   အဆိုပါခရီးစဉ်သည် ဒုတိယဗိုလ်မှုကြီးGrewal မှတဆင့်အိန္ဒိယကာ
ကွယ်ရေးဌာဏနှင့် ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။ကျွန်တော်တို့ထံတွင်ထိုNUPA စာနှင့်ပူးတွဲပါရှိသောAAတိုက်ပွဲဝင်များနှင့် လက်နက်များစာရင်း၏မိတ္တူလည်းရှိပါသည်။(၁၉၉၇)ခုနှစ်ဖေဖော်ဝါရီလ(၁၃)ရက်စွဲဖြင့်  ု
ခိုင်ရာဇာမှစောထွန်းအား အိန္ဒိယအရာရှိများနှင့်ဆက်ဆန်ရန်တရားဝင်လုပ်ပိုင်ခွင့်ပေးခဲ့သည့်စာ၏မိတ္တူလည်းရှိပါသည်။
      ထိုစာကိုရေးသောNUPA၏နိုင်ငံခြားရေးတာဝန်ခံခင်မောင်နှင့်လည်း
ကျွန်တော်စကားပြောခဲ့ပါသည်။ထိုင်းနိုင်ငံတွင်ဇန်နဝါရီလကဒုတိယဗိုလ်မှုကြီးGrewalအားAAခရီးစဉ်အကြောင်းအသိပေးခဲ့သည်ကိုသူကဘာကြောင့်သိနေသလဲ။အဲဒီတုန်းကကျွတော်ရှိတယ်ဟုခင်မောင်က
ပြောသည်။Grewalကဗန်ကောက်မှာဇန်နဝါရီ(၈)ရက်က(၁၀)ရက်နေ့ထိ
ဟိုတယ်တခုမှာတည်းပြီး စောထွန်းနှင့်အစီအစဉ်ကိုဆွေးနွေးခဲ့ကြတယ်။
   အဲဒါဆိုရင်GrewalကAA၏စစ်ဖက်ရေးရာကော်မတီက  ရာထူးကြီးအ
ဖွဲ့ဝင်စောထွန်းနှင့်ဗန်ကောက်မှာဘာသွားလုပ်သလဲ၊ထို့ပြင်လန်ဖေါ့ကျွနးတွင်ရခိုင်သူပုန်ခေါင်းဆောင်အသတ်မခံရခင်(၆)ရက်အလိုဖေဖော်ဝါရီလ(၅)ရက်နေ့ကဒေလီမြို့မှာ စောထွန်းနှင့်ဘာသွားလုပ်တာလဲ။
     ဒေလီမြို့ကသတင်းရင်းမြစ်တွေပြောကြားချက်ရစောထွန်းသည်ထိုနေ့ကမြို့တော်တွင်ရှိနေပြီး ကြည်းတပ်အရာရှိတဦးနှင့်တွေ့ဆုံခဲ့သည်။
နောက်နေ့မနက်(ဖေဖော်ဝါရီလ ၆ ရက်နေ့)တွင်စောထွန်းသည် အိန္ဒိယလေတပ်လေယာဉ်ဖြင့် ဒေလီမြို့မှထွက်ခွာခဲ့သည်ဟုသတင်းရင်းမြစ်များကပြောကြားကြသည်။
   ေ လီမြို့မှ ဘယ်နေရာသို့စောထွန်ူထွက်ခွာသွားသည်ကိုသူတို့မပြောနိုင်ကြသော်လည်ခိုင်ရာဇာဦးဆောင်သည့်ရခိုင်စစ်ရေးလှုပ်ရှားမှုခရီးစဉ်ကို
အိန္ဒိယကာကွယ်ရေးအရာရှိများနင့်အတူ ကြိုဆိုရန်အတွက်လန်ဖေါ့ကျွန်းသို့ရောက်ရှိနေရမည်ဆိုသည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုကြ
သည်။ထိုအချက်သည် အထိမ်းခြံရသူများ၏ပြောကြားချက်များနှင့်ကိတ်
ညီသည်မှာထင်ရှားပေသည်။
    FRIနှင့်အတူ တပ်စခန်းမှူးတင်သွင်းသောဖမ်းဆီးရမိသည့် လက်နက်များစာရင်းသည် အမှန်တရားကိုအင်မတန်သိသာစေခဲ့ပါသည်။"Exhibit D အောက်ရှိတခြားအရာဝတ္ထုများစာရင်းတွင် ဖော်ပြထားသော ပစ္စည်းများထဲ၌ ရခိုင်တပ်မတော်ကျည်ကာဝတ်စုံ(၅၀)နှင့်ရခိုင်တပ်မတော်ယူနီဖေါင်း(၁၂)စုံ(ဘောင်းဘီနှင့်ချပ်အင်္ကျီ)တို့လည်းပါဝင်သည်။
ထို့ပြင်မြန်မာပြည်မြေပုံဇယားများလည်းသိမ်းဆည်းရမိခဲ့သည်။ ထိုအရာဝတ္ထုများက ကြည့်ခြင်းအားဖြင့် ထိုလူများသည် AA တပ်ဖွဲ့ဝက်များဖြစ်
ကြောင်းအင်မန်သိသာထင်ရှားစေပါသည်။
   
   
 "  ထိုသို့ဆိုရင် လန်ဖေါ့ကျွန်းးတွင်ဘာတွေဖြစ်ခဲ့သလဲ"

အန်ဒမန်နှင့်နီကိုဘာကျွန်းA&N တပ်စခန်းမှူးရေတပ်ဗိုလ်မှူးချုပ် A S Rai
ပြောကြးသည်နှင့် အဖမ်းခံထားရသူများ ပြောကြားသည်တို့မှာ အရမ်းကို
ကွဲပြားနေသည်။ အသတ်ခံလိုက်ရသောသူများသည် NUPA ကအခိုင်
အမာပြောဆိုသလို အိန္ဒိယကြည်းတပ်နှင့် တနှစ်နီးပါးအဆက်အဆံလုပ်ခဲ့သလား။FRI တွင်ရေးထားသလိုထို(၆)ဦးသည်ထိပ်တိုက်ရင်ဆိုင်မှုတွင်သေဆုံးခဲ့တာလား ဒါမှမဟုတ် အဖမ်းခံရသူများပြောသလို မိတ်ဆွေအဖြစ်ကြိုဆိုလက်ံပြီးမှ ပစ်သတ်ခံလိုက်ရတာလား။မျေှာ့စစ်ဆင်ရေးသည် နိုင်ငံတကာလက်နက်မှောင်ခိုသူများကို အနိုင်ရခဲ့သည်ဟုယုံကြည်လက်ခံနိုင်သည့်အောင်ပွဲတခုလား။ သို့မဟုတ် အရမ်းကိုစက်ဆုတ်ဖွယ်ကောင်းသောလု့အခွင့်ရေးချိုးဖောက်မှုဖြစ်ပွားခဲ့တာလား။ သို့ဆိုရင် ဘာလို့ ကာကွယ်ရေးအာဏာပိုငများက CBIမှစ ုံစမ်းစစ်ဆေးရန်ကြိုးပမ်းချက်များ အလဟသဖြစ်အောင်လုပ်နေတာလဲ။
  ထိုဖြစ်စဉ်ဖြစ်ပွားခဲ့သည်မှာ(၅)လကြာမြင့်ခဲ့ပြီး CBI မှသတ်မှတ်ထားသည့် ရက်(၉၀)အတွင်းတရားစွဲဆိရန်ပျက်ကွက်ခဲ့သည့်အတွက် အဖမ်းခံထားရသည့်သူများကို အာမခံဖြင့် လွှတ်ပေးလိုက်ပြီဖြစ်သည်။ သို့သော်လည်းထိုအဖမ်းခံထားရသည့်လူများကို လွှတ်ပေးပြီးမှတရားမဝင်ဝင်ရောက်မှုဖြင့်ထပ်မံဖမ်းဆီးထားလိုက်ကြသည်။
  အခုအချိန်မှာ ဗဟိုအစိုးရမှကြားဝင်ဖို့အချိန်သင့်ပြီထင်ပါသည်။ အမှန်
တရားအားလုံးကိုတိုင်ပြည်ကသိသင့်ပါသည်။
   (ဤဆောင်းပါးသည် အိန္ဒယနိုင်ငံထုတ် Sunday မဂ္ဂဇင်းတွင် ဗိုလ်ရာဇာအပါအဝင် ခေါင်းဆောင်ခြောက်ဦးကိုသတ်ဖြတ်ပစ်ခဲ့သည့်  အိန္ဒိယမျှော့စစ်ဆင်ရေးနှင့်ပတ်သက်ပြီး အဖြစ်မှန်ကိုရေးသားဖွင့်ချထားသောဆောင်ပါးဖြစ်ပါသည်။အိန္ဒိယစစ်တပ်၏အကောက်ကြံသတ်ဖြတ်မှု
ဗိုရာဇာအပါအဝင်ခေါင်းဆောင်(၆)ဦးသေဆုံးခဲ့သည်မှာ(၁၉)နှစ်ကြာမြင့်
ခဲ့ပြီးဖြစ်သည်။သမိုင်းတွင်အမှန်တယ်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်တခုကိုအများပြည်သူများသိသင့်သည်ဟုယူဆသဖြင့်တင်ပြပေးခြင်းဖြစ်ပါ
သည်။ယ္ခုဆောင်းပါးကိုNarinjara Newsမှာမဖတ်ရသေးသူမိတ်ဆွေများကိုဖတ်စေချင်လွန်းလို့တင်ပြပေးရခြင်းဖြစ်ပါသည်။အထူးသဖြင့်ရခိုင်
လူမျိုးများ၊ဖိနှိပ်ခံဘဝတူတိုင်းရင်းလူမျိုးများသိစေချင်တာကြေင့်ရယ်ကျွန်
တော်ကိုတိုင်ခေါင်ဆောင်ကြီးဗိုလ်ရာဇာနှင့်အန်ဒမန်ကျွန်းမှာကျဆုံးသွား
သောရခိုင်၊ကရင်ခေါင်းဆောင်များကိုလေးစားလွန်းလိုတင်ပြရခြင်းဖြစ်
ပါသည်။ကူးယူဖေါ်ပြခွင့်ပြုသော Narinjara News ကိုလည်းအထူးကျေးဇူးတင်ရှိပါသည်။
Credit






Comments