Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

Flying boat စစ်တွေကို ၁၉၂၅ ခုကပင် ပြေးဆွဲခဲ့တယ်။


ရခိုင်ပြည် စစ်တွေမြို့ 
ပွိင့်ကမ်းခြေကိုသွားတဲ့ ရှုခင်းသာလမ်း မြစ်ကမ်းဘေးက (ပုံမှာပါတဲ့)အုတ်ပုံပျက်တွေဟာ..ဘာတွက်လုပ်ခဲ့သလဲ့ဆိုတာ အခု မျိုးဆက်တွေ မသိတော့ပါဘူး။
အဲ့ အုတ်ပုံပျက်တွေဟာ ရေမှာ
ဆင်းသက်လို့ရတဲ့ Flying Boat ခေါ် လေယာဉ်ပျံ (Sea Plane,သင်္ဘောပျံလို့လည်းခေါ်ကြတယ်)ကခရီးသည်တွေ ဆင်းတက်တဲ့ ဖေါင်တော်က အောက်ခံတိုင်တွေဖြစ်တယ်။
Flying boat စစ်တွေကို ၁၉၂၅ ခုကပင် ပြေးဆွဲခဲ့တယ်။ လန်ဒန်..ဆစ်ဒနီထိ ပြေးဆွဲတဲ့ခါ စစ်တွေမှာ ရပ်တန့်တယ်။ Imperial Airways ကဆွဲခဲ့တာ ၁၉၃၉ ခု ခါ
 British Overseas Airways Corporation (BOAC)လို့နာမည်ပြောင်းပြီး ပြေးဆွဲခဲ့သေးတယ်။
Credit ..( I Love AKYAB) Page







Comments