Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

၁၇၄၂ နိုဝင်ဘာ ၂၇ မှာ သီဟိုဠ်ဘုရင်ရဲ့ အမိန့်နဲ့ သီဟိုဠ် ဝန်ကြီးချုပ်က မဒရပ်မှာရှိတဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီ ကုန်သည်ချုပ် Tomby Chitty ဆီကို စာပို့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အလိုက ရခိုင်သံဃာတော်တွေ သီဟိုဠ်ဘုရင်ဆီကြွရောက်လာပြီး ခေတ္တသီတင်းသုံးသွားခဲ့တဲ့အကြောင်း၊ အခု သီဟိုဠ်မင်းကြီးက အဲဒီရခိုင်သံဃာတော်တွေကို တွေ့လိုတဲ့ဆန္ဒပြင်းပြနေတဲ့အတွက် ပင့်ဆောင်နိုင်ရေး ကူညီပေးနိုင်ဖို့ရာ ရေးထားတာဖြစ်ပါတယ်။

*သီဟိုဠ်-ရခိုင် ဘာသာရေးကူးလူးဆက်သွယ်မှုအကြောင်းကို ရခိုင်ရာဇဝင်မှာလဲနည်းနည်းတွေ့ရသလို သုတေသနစတမ်းတချို့လဲ ရှိနေပြီးဖြစ်ပါတယ်။ ဒါမဲ့ ဒီ primary source ကိုကြုံတုံးလေး မမေ့ခင် လာမှတ်ထားတာပါ။

diary and consultation book of 1743madr.pdf👇👇

https://drive.google.com/file/d/17592VoeDyXKnKqnsmlTMA6EvZGQ7joPN/view?usp=drivesdk

Credit.. Remrat Mog

Comments