Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြန်မာပြည်ကို ဗမာတွေ ပိုင်သလား

ကောင်းလိုက်တဲ့ ပိုစ့်
ဖတ်ကြည့်လိုက်ကြပါ အမျိုးများ...

မြန်မာပြည်ကို ဗမာတွေ ပိုင်သလား
"""""""""""""""""""""""""""""""""""""""""""""
ခိုင်နှင်းမောင်

ဒီမေးခွန်းဟာ 
ခေတ်အဆက်ဆက် တိမ်ကောနေခဲ့တယ်။
မြန်မာပြည်ကို 
ဗမာတွေ ပိုင်သလားဆိုတဲ့ မေးခွန်းဟာ
ခုအချိန်မှာ 
မြန်မာပြည် သေရေးရှင်ရေးတမျှ 
အရေးတကြီးမေးဖို့ လိုလာတယ်။ 
တိုင်းသားပြည်သူ 
သိအောင် အရေးတကြီးဖြေဖို့ လိုလာတယ်။ 

တစ်ခု ပြောချင်တာက 
တိုတိုနဲ့ ထိထိမိမိစာတွေကိုပဲ 
လူတွေ သဘောကျလေ့ ရှိတယ်။ 
နားလည်အောင် အသားပေး ရေးချင်တာမို့ 
ခုစာက နည်းနည်းတော့ ရှည်မယ်လို့ 
တင်ကြိုပြီး ပြောချင်တယ်။

တကယ်က 
မြန်မာဆိုတာ ဗမာရဲ့နာမည်သာ 
ဖြစ်နေတဲ့အတွက် 
မြန်မာပြည်ကို ဗမာတွေ ပိုင်သလား ဆိုတဲ့
မေးခွန်းဟာ ဒဲ့ကိုလည်တာ။ 
တိုင်းသားပြည်သူတွေ လည်း
ဒဲ့ကို လည်နေကြတယ်။ 
မြန်မာပြည်ကို ဗမာသာပိုင်တယ် လို့ 
အထင်စွဲတဲ့ ဗမာတွေရှိတယ်။ 

တိုင်းရင်းသား ပြည်သူတစ်ချို့လည်း 
အဲသလို ထင်နေတာ ရှိတယ်။ 
မြန်မာပြည်ကို ဘယ်သူပိုင်တယ် ဆိုတာ
မြန်မာနိုင်ငံရေးကို အာရုံရှိတဲ့ သူတွေသာ 
ဘယ်လိုလဲဆိုတာ သိကြတယ်။

စစ်အစိုးရရဲ့ 
တစ်နပ်စာ၊ တစ်ကိုယ်စာ အတွေးနဲ့
လွဲမှားစွာ ဝေခွဲမရအောင် ဝါဒအမှောင်ဖုံးပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် 
မြန်မာပြည်ဟာ 
ဘယ်လိုမှ ဖြေရှင်းလို့ မရလောက်နှိုင်တော့ တဲ့ 
အရှုပ်ထုပ်ကြီး ပိနေတဲ့ဒဏ် 
ခုမြန်မာပြည်ဟာ ခံလာနေရတယ်။

ကဲ တိုင်းနဲ့ပြည်နယ်ကို ပေါင်းပြီးမှ 
မြန်မာနိုင်ငံလို့ သတ်မှတ်ခေါ်ဆိုမယ် လို့ 
လွတ်လပ်ရေးခေတ်ဦးက 
ဦးနုတို့ သူတို့သဘောနဲ့ သူတို့ လုပ်ခဲ့ကြတယ်။ မြန်မာဆိုတဲ့ နာမည်ဟာ 
ပုဂံခေတ်ကတည်းက ပုဂံမှာ ထင်ရှားနေခဲ့တဲ့ 
ဗမာနာမည်သာဖြစ်တယ်ဆိုတဲ့ ဗမာအဘိဓာန်ကို
တိုင်းသားပြည်သူသိအောင် မကြေငြာခဲ့ဘူး။

မြန်မာဆိုတာ ဗမာနာမည်ဖြစ်ကြောင်း
ဗမာတွေပဲ သိတယ်။
ငါတို့ဗမာဆိုတာ မြန်မာပဲ။ 
ဒီတော့ မြန်မာနိုင်ငံဆိုတာ ငါတို့ဗမာ အပိုင်ပေါ့။ 
အဲဒီလိုစွဲလာကြတယ်။ 
ဒီမှာတင်ပဲ ဗမာဟာ 
တစ်ခြား တိုင်းရင်းသားပြည်သူတွေ နဲ့ 
ပြဒါးတစ်လမ်း သံတစ်လမ်း
ဖြစ်ကြရတော့တယ်။

တကယ်က အင်္ဂလိပ်ခေတ်မှာ
YNBA (ကလျှာန ယုဝ အသင်း)ဆိုတဲ့ 
အသင်းကြီး တစ်သင်းရှိတယ်။
ဒီအသင်းကလည်း 
တက္ကသိုလ်ကျောင်းသားချင်း အတူတူ 
အင်္ဂလိပ်ကျောင်းသားတွေ ဆီမှာ 
မန္တလေးက တက္ကသိုလ်ကျောင်းသားတွေ 
အနှိမ်ခံရလွန်းလို့ 
အဲဒီအဖွဲ့ ပေါ်ပေါက်လာခဲ့တာ။ 
နိုင်ငံရေးစွပ်ဖက်တဲ့ အသင်း မဟုတ်ဘူး။ 
ကျောင်းသားအခွင့်အရေးကို 
ခုခံကာကွယ်မယ့် အသင်း။

ဒီအသင်းကို 
ရခိုင်ဆရာတော် ဦးဥတ္တမ က 
တော်လှန်ရေး ဇာတ်သွင်းပြီး
မျက်စိဖွင့်ပေးခဲ့တယ်။ 
"ဟေ့
ကောင်တွေ ဒီအတိုင်း ငြိမ်ခံမနေကြနဲ့ ကျွန်ပြုခံရင် တော်လှန်ရတယ်။ 
တော်လှန်လို့ ရတယ်။ 
တော်လှန်ကြမယ်လို့ တော်လှန်ရေးသွေး 
ရခိုင်ဆရာတော် ဦးဥတ္တမက စပေးခဲ့တာ။ 
အဲဒီတုန်းက ဘာလူမျိုးကမှ
အင်္ဂလိပ်ကို တော်လှန်ရကောင်းမှန်းမသိဘူး။
အင်္ဂလိပ်ကို အင်အားကြီးသူအဖြစ်၊ 
သခင်အဖြစ်ပဲ ထင်နေကြတာ။ 
မြန်မာပြည်တင်ပဲလားဆို မဟုတ်ဘူး။ 
အာရှမှာ 
တော်လှန်ရေး(Revolution) ဆိုတဲ့စကား
အဲဒီတုန်းက မပေါ်သေးဘူး။ 

အိန္ဒိယနဲ့ တရုတ်ကို
အင်္ဂလိပ်ကို တော်လှန်ဖို့ 
ဦးဥတ္တမ ပေါင်းကူးပေးခဲ့တယ်။ 
လာအို၊ ဗီယက်နမ်၊ ဂျပန်ထိ ဦးဥတ္တမ 
ခြေဆန့်ပြီး 
အင်္ဂလိပ်တော်လှန်ရေး တရား ဟောခဲ့တယ်။
အကုန်သူလည်းသိပါတယ်။ 
မြန်မာနိုင်ငံမှာ နိုင်ငံရေးမှုနဲ့ 
ပထမဆုံး ထောင်ကျတာ 
ရခိုင်ဆရာတော် ဦးဥတ္တမ ပဲလို့။

ပဲခူး၊ ဧရာဝတီ၊ စကိုင်း၊ စတဲ့ 
နယ်မြေတွေကို သွားပြီ 
YNBA(ကလျှာနယုဝအသင်း)ကို 
ရခိုင်ဆရာတော် ဦးဥတ္တမ က 
အင်အားဖြစ်စေဖို့ တော်လှန်ရေး တရားတွေ
နယ်လှည့်ဟောခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ
အဲဒီတုန်းက 
နတ်မောက်မှာ လွယ်အိပ်ကလေးနဲ့ 
ကျောင်းတက်တုန်းပဲ။ 
YNBA အသင်းကနေပြီး 
တို့ဗမာ အစည်းအရုန်းကို ပေါက်ဖွားတယ်။ 
အဲဒီအချိန် 
တော်လှန်ရေးမျက်စိတွေ ပွင့်ကုန်ကြပြီ။ 
တို့ဗမာ အစည်းအရုန်းက နေပြီးတော့မှ တစ်ဆင့် 
ရန်ကုန်မှာ ကျောင်းသားသမဂ္ဂ အုပ်စု ဖြစ်လာတဲ့ 
အောင်ဆန်း၊ သန်းထွန်း၊ ဦးနု တို့က 
တို့ဗမာအစည်းအရုန်းနဲ့ ချိတ်ဆက်မိပြီး 
အောင်ဆန်းပါဝင်တဲ့ 
ရဲဘော်သုံးကျိတ် ဆိုတာ ဖြစ်ခဲ့တာ။

ဒီတော့ 
မြန်မာပြည်ကို တော်လှန်ရေးမျိုးစေ့
ချပေးခဲ့တာ၊ 
တော်လှန်ရေး မျက်စိဖွင့်ပေးခဲ့တာ 
ရခိုင်ဖြစ်တဲ့ ဆရာတော်ဥတ္တမပဲ။ 
ဗမာကျေးဇူး ရခိုင်မှာ ရှိတယ်လို့ 
ဗမာတွေ ပြောနေကြတယ်။ 
တကယ်က
ရခိုင်တွေရဲ့ ကျေးဇူးသာ ဗမာတွေဆီမှာ 
ဗမာတွေ ဆပ်မကုန်နိုင်အောင် ထိ ရှိခဲ့တာ။ 
ထိုင်းဇင်းမယ် ကို
သွားတိုက်ရတော့လည်း ရခိုင်။ မင်းကွန်းခေါင်းလောင်း ဟာလည်း 
ရခိုင်ထီးနန်း ခေါင်မိုး။ 
မင်းကွန်းခေါင်းလောင်း ကို သွန်းလုပ်တော့လည်း ရခိုင်။ 
မိတ္ထီလာကန်ကို တူးတော့လည်း ရခိုင်။ 
ပြီးတော့ အဲဒီရခိုင်တွေ အကုန်လုံးကို သတ်ပစ်တယ်။ 

ခုကျနော်ပြောနေတဲ့ သမိုင်းဟာ 
စာထဲမှာ မသင်ရတဲ့ ဗမာတော်လှန်ရေး
သမိုင်းထဲက 
ဗမာသမိုင်းဆရာတွေ ရေးတဲ့ 
သမိုင်း အစစ်အမှန်ပဲ။ 
ဗမာတော်လှန်ရေး သမိုင်းစာအုပ် စာပေတွေ 
ဖတ်ကြပေါ့။ 
ဒီတော့မှ မသိသေးတဲ့ သူတွေ
သိကြလိမ့်မယ်။

ဗမာတွေ အပေါ် ရခိုင်တွေ ကျေးဇူးရှိတယ် လို့ 
ဗမာတစ်ချို့ ပြောနေတာက 
ကုလားအရေးအခင်းနဲ့ ပတ်သက်ပြီး 
ပြောနေတာ။ 
ဗမာတွေ သိတဲ့ ကုလားအရေး နဲ့ 
တကယ့်လက်တွေ့ ကုလားအရေးဟာ မတူဘူး။ 
ဗမာဖြစ်တဲ့ စစ်အုပ်စုက လာလ်စားပြီး 
ဘူးသီးတောင် မောင်တောကို 
တံခါးမရှိ ဓားမရှိ ဖွင့်ထား ခဲ့လို့၊ 
၁၉၉၀ ခုနှစ်မှာ 
ဦးနု မဲအနိုင်လိုတဲ့ အတွက်ကြောင့်
ကုလားတွေကို မှတ်ပုံတင် ထုတ်ပေးခဲ့လို့ ကုလားတွေ ရခိုင်မြေမှာ နေပြီး 
ဗမာအုပ်ချုပ်သူ စစ်အစိုးရ အားကိုးနဲ့ 
ရခိုင်တွေကို ဒုက္ခပေးနေနိုင်တာ။ 
ဗမာအုပ်ချုပ်သူတွေ ကြောင့်သာ
ကုလားဒုက္ခပေးလို့ ရခိုင်ဒုက္ခ ရောက်ရတာ။ 
ကုလားအရေးမှာ အလှူငွေ ထည့်ရုံလောက်နဲ့
ဗမာတွေအပေါ်မှာ ရခိုင်တွေ 
ကျေးဇူးရှိတယ် အော်မနေကြနဲ့။

ဧရာဝတီ နာဂစ်မုန်တိုင်းဒဏ်ကို 
ဗမာပြည် ခံရတုန်းက ရခိုင်တွေ ထမင်းတစ်နပ် လျှော့စားပြီး ဝက်ဝက်ကွဲ 
ကယ်ဆယ်ရေး ပေးခဲ့ကြတာကို 
မေ့နေကြလေ ရော့သလား။

တစ်ချို့ စစ်လော်ဘီကြီးတွေ ကလည်း 
စာမဖတ်၊ ပေမဖတ်တတ်လား၊ 
စာမတတ် ပေမတတ်လား၊ 
စစ်ကျွန်ခေတ်မှာ ကျွန်ပညာရေးဒဏ်ပိပြီး ဦးနှောက် မဖွံ့ဖြိုးနှိုင်ပဲ စဉ်းစားတွေးခေါ်ညာဏ် ပိန်နေကြလေသလား မသိ။

ကချင်နို်င်ငံထူထောင်မယ် ကြေငြာတော့ 
လွတ်လပ်ရေးကို 
ကချင်လူမျိုးပဲ တိုက်ခဲ့တာလားတဲ့။ 
အဲဒီလို စကားကို Like 1k 2k ရတဲ့ထိ
အောင်မြင်တဲ့ စစ်လော်ဘီကြီးတွေက ပြောကြတယ်။
အတော်ခွကျတဲ့၊ 
ကလေးကလားဆန်တဲ့၊ 
မသိမလည်ဝေတဲ့ သူတွေကသာ 
နမော်နမိတ်နဲ့ ပြောတဲ့စကားပဲ။
ရခိုင်ကိုလည်း 
အဲဒီစကားနဲ့ ထစ်ငေါ့နေကြတာကို တွေ့ရတယ်။

"အေးပါ။ ကချင် ရခိုင်ချည်း မြန်မာပြည်
လွတ်လပ်ရေးကို တိုက်ခဲ့တာ မဟုတ်ဘူး"လို့ ကပ်ချွဲရတော့မလို။ 

မြန်မာပြည် လွတ်လပ်ရေးကို 
တစ်ပြည်လုံး အုံကြွ 
တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြတယ်။ 
ဗမာချည်း သက်သက်လည်း 
လွတ်လပ်ရေးကို ယူပေးခဲ့တာ မဟုတ်ဘူး။

ဒီတော့ မြန်မာပြည်ကို 
ဗမာအပါအဝင် တိုင်းရင်းသားတွေ အားလုံး တန်းတူညီမျှပိုင်တယ်။

အင်္ဂလိပ် ဂျပန်ကို 
ရခိုင်မှာ ရဲရဲတောက် တော်လှန်ခဲ့တဲ့ 
ဦးစိန္ဒာခေါင်းဆောင်တဲ့ တော်လှန်ရေးအဖွဲ့ကို 
လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်း ဦးနုက လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ကြမယ်။ 
လက်နက်စွန့်ကြလို့ အယုံသွင်းပြီး လိမ်ခေါ်ခဲ့တယ်။ 
ယုံစားပြီး ပုံအောလိုက်တာ 
Democracy ကို မပြောနဲ့ 
ရခိုင်တွေ ပြည်နယ် အဆင့်ကို တောင် အသက်ပေးပြီး တောင်းခဲ့ရတယ်။

အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ
Plan ရေးဆွဲခဲ့တဲ့ ပင်လုံစာချုပ်ဟာ တိုင်းခုနစ်တိုင်း နဲ့ ပြည်နယ် ခုနစ်ပြည်နယ် မဟုတ်ဘူး။ 
မြန်မာပြည်မှာ ပြည်နယ် ၈ ခု ဖွဲ့စည်းမယ်။ 
ကယား၊ ကရင်၊ ကချင်၊
ချင်း၊ ရခိုင်၊ ဗမာ၊ မွန်၊ သျှမ်း။ ၈ ပြည်နယ်။ 
၈ ပြည်နယ်က ခေါင်းဆောင်တွေ 
Federal မူဝါဒစနစ်နဲ့ လွတ်တော်ကို တက်ပြီး 
တိုင်းပြည်ကို တည်ဆောက်မယ်။ 
အခွင့်အရေး တန်းတူ ညီမျှစွာ ရကြမယ်။ 

ဒါကို မလိုလားတဲ့ မဟာဗမာဝါဒ တွေက 
အောင်ဆန်းကို နိုင်ငံရေး သတ်ကွင်းထဲ ထည့်ပြီး 
ထိုးကျွေးပစ်တယ်။ 

အောင်ဆန်းသေတော့ 
ပင်လုံဆိုတာလည်း ကြက်ပျောက် ငှက်ပျောက်။ 

ဒီတော့ ဦးနုတို့က 
မြန်မာပြည်မှာ တိုင်းခုနစ် တိုင်း 
ပြည်နယ် ခုနစ်ပြည်နယ် ရေးဆွဲပြီး 
တစ်ဖက်သက် သတ်မှတ်တယ်။ 
တိုင်း ခုနစ်တိုင်းကို 
ဗမာပြည်အဖြစ် ပြဌာန်းပြီး ဗမာ အပိုင်ယူတယ်။ 
တိုင်း တစ်တိုင်းနဲ့
ပြည်နယ်တစ်ပြည်နယ်ကို လွှတ်တော်မှာ Power 
အချိုးကျ ယူတယ်။

ဆိုလိုတာက 
Federal (ဖယ်ဒရယ်)မူဝါဒအရသာ ဆိုရင် 
လွှတ်တော်ကို ဗမာပြည် ဗမာလူမျိုးက လွှတ်တော်ကို ၈ ယောက်တက်ရင် ကျန်တဲ့ပြည်နယ်တွေ ကလည်း 
တစ်ပြည်နယ် ၈ ယောက်စီ 
လွှတ်တော် တက်ရမယ်။

ခုက လွှတ်တော်ကို 
ပြည်နယ် တစ်ခုက ၈ ယောက် တက်ရရင် 
တိုင်း တစ်တိုင်းကလည်း ၈ ယောက်
လိုက်တက်တယ်။ 
တိုင်း ခုနစ်တိုင်းဆိုတော့ လွှတ်တော်မှာ
တစ်ခြားလူမျိုး ပြည်နယ် ခုနစ်ခုနဲ့ 
ဗမာလူမျိုး တိုင်းခုနစ်တိုင်းဟာ 
လွှတ်တော်မှာ အချိုးကျ ညီမျှသွားတယ်။ 
တိုင်းခုနစ်တိုင်းက ဗမာပြည်နယ်ကြီးလေ။
ဒါနဲ့ မရောင့်ရဲဘူး။ 
လွှတ်တော်မှာ ဗမာတပ်မတော်သားတွေကို 
အဆစ်ထည့်ထားလိုက်သေးတယ်။

ရခိုင်တစ်ကျပ်၊ 
သျှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ် ဆိုတာ
တန်းတူညီမျှ အာဏာခွဲဝေယူပြီး 
လွှတ်တော်မှာ အတူတကွ 
တိုင်းရေးပြည်ရေး လုပ်ကြဖို့ကို ခေါ်တာ။
ခုက မြန်မာပြည်မှာ 
ဘယ်လို ဖြစ်သွားသလဲ ဆိုတော့
သျှမ်းတစ်ကျပ်၊ ဗမာတစ်ကျပ်။ 
ရခိုင်တစ်ကျပ်၊ ဗမာတစ်ကျပ်၊ 
မွန်တစ်ကျပ်၊ ဗမာ တစ်ကျပ် 
ဝေငှလည်း ပြီးကော 
ပြည်နယ်တွေက တစ်ကျပ်စီသာ ရပြီး။
ဗမာက ခုနစ်ကျပ် ရသွားတယ်။ 
ခု လွှတ်တော် ၄ ရပ် စလုံးရဲ့ စနစ်ဟာ
ဒီအတိုင်းပဲ။ 

မြန်မာပြည်ဟာ
Democracy ပါလို့ လာမပြောနဲ့။ လွှတ်တော်တောင် Federal မစစ်ဘူး။ 
ဒါဟာ ၂၀၁၈ အခြေခံဥပဒေကို
ပြင်ရုံနဲ့လည်း မပြီးဘူး။ 
တိုင်း ခုနစ်တိုင်း ကို ဖျက်ပြီး
တနင်္လသာရီတိုင်းကို 
မြိတ်နဲ့ ထားဝယ် ကို အပိုင်ပေး၊ 
ဧရာဝတီကို ရခိုင်နဲ့ ကရင်ကို ပြန်ပေးပြီး ဗမာပြည်နယ်တစ်ခု သက်သက် သတ်မှတ်မှ 
Federal ဖွဲ့စည်းပုံ မှန်မယ်။

အဲဒါသာ ကြည့်တော့။ 
လွတ်လပ်ရေး ယူခဲ့စဉ်က 
ပင်လုံကတ်ကဝက်နဲ့ ခုရောက်ရှိနေတဲ့ မြန်မာပြည် အခြေအနေနဲ့ 
ဘယ်လောက်ထိ အလှမ်းကြီး ကွာဝေး နေသလဲ။ 
ဒါဟာ မြန်မာတစ်ပြည်နယ်လုံးမှာ ရှိတဲ့
လူမျိုးတွေကို ဗမာပြုချင်လို့၊ 
ဗမာလူမျိုးကြီး ဝါဒ ကြီးစိုးချင်လို့ 
မြန်မာပြည်ကို Burmain Zation လုပ်ဖို့
ဆင်ကြံကြံတဲ့ အကွက်ကြီးဖြစ်တယ်။ 

အလွန်မှ အန္တရယ်များ တဲ့ 
မဟာ ဗမာဝါဒအကြံဆိုးကြီးဟာ 
ပြီးမြောက်အောင်ထိ အောင်မြင်ဖို့ဆိုတာ 
ဘယ်နည်းနဲ့မှ ဖြစ်နှိုင်မှာ မဟုတ်ဘူး။ 

မြန်မာနိုင်ငံသာ ဗုံးတစ်လုံးလို ပေါက်
ထွက်သွားမယ်။ 
အောင်မြင်ခဲ့မှာတော့ မဟုတ်ဘူး။
ခု အဲဒီ Burmain Zation ဗမာမူပြုရေး 
Policyကြောင့်ပဲ အမဲကို ခွေးဖျက်သလို 
တစ်စတစ်စ မြန်မာပြည် ပျက်လာနေတယ်။ 
ထပ်ပြီးလည်း အပျက်ကြီး 
ပျက်မယ့် ကိန်းပဲ ရှိတော့တယ်။

ဗမာတွေအနေနဲ့လည်း
မြန်မာပြည်ကို ပြည်နယ်တွေနဲ့ အာဏာခွဲဝေပြီး
တိုင်းပြည်ကို တန်းတူညီမျှ ပေးဝေ
အုပ်ချုပ်တည်ဆောက်ဖို့ဆိုတာ 
ဘယ်နည်းနဲ့မှ ဖြစ်နှိုင်မှာ မဟုတ်လေတော့ 
မဝေးတော့တဲ့ တစ်နေ့မှာ 
မြန်မာပြည်
ပေါက်ကွဲထွက်တော့မယ်ဆိုတာ
ရေးရေးကြီး မြင်ယောင်မိပါသေးတယ်ဗျာ။ ။

24/1/2019

ပိုစ့်ပိုင်ရှင် ဆရာ ခိုင်နှင်းမောင် အား
အထူးလေးစားစွာဖြင့်






#မင်းမြတ်ခိုင်

Comments