ပုဂံခေတ် အရည်းကြီး တို့၏ ပေမူ ကျမ်းစာ " အာကာဝရတာသုတ် ”

ပုဂံခေတ် အရည်းကြီး တို့၏ ပေမူ ကျမ်းစာ " အာကာဝရတာသုတ် ”
▂ ▃ ▄ ▅ ▆ ▆ ▅ ▄ ▃ ▂ ▂ ▃ ▄ ▅ ▆ ▅ ▄ ▃ ▂ 



ပုဂံပြည်၌ သမုဒ္ဒရာဇ်မင်းကစ၍ အနော်ရထာမင်းစောတိုင်အောင်သော မင်းဆက်ဆက်တို့သည် သမထီးအရပ်၌နေစမှတ်ပြုသော အရည်းကြီးသုံးကျိပ်နှင့် တပည့်အရည်းခြောင်းသောင်းတို့ အဆုံးအမကိုခံယူ၍ ယူမှားကြကုန်၏။ 
ထိုအရည်းကြီးတို့ အယူကား သူအသက်ကိုသတ်မိသော သူသည် ဤ အာကာဝရတာသုတ်(ပရိတ်)ကိုရွတ်ဖတ်သော် ကမ္မပထမှ လွတ်၏။ မိဘကို သတ်မိသော သူသည် ဤ အာကာဝရတာသုတ်(ပရိတ်)ကိုရွတ်ဖတ်သော် ပဥ္စာနန္တိရိယကံမှ လွတ်၏။ ဤသို့အစရှိသော မဟုတ်မလျားသော အဓမ္မတို့ကို ဓမ္မဟူ၍ဟောကြား၏။ ထိုမှ တစ်ပါးလည်း မင်းအစရှိသော အမှူးအမတ်ကလံသံပြင် သူဌေးသူကြွယ် ပြည်သူပြည်သားတို့ သားသမီးကို ထိမ်းမြားမင်္ဂလာပြုအံ့သောအခါ ဆရာတို့အား ပန်းဦးပေးသည်ဟူ၍ ညဦးက ထိုသူတို့ထံသို့ ပို့ရလေ၏။ မိုးသောက်၍ လွှတ်လိုက်မှ ကြင်သူနှင့် ထိမ်းမြားရ၏။ ဆရာက ပန်းဦးမဆွတ်ဘဲကို ထိမ်းမြားခဲ့သော် အစဥ်အလာကိုပျက်သည်ဟု ကြီးစွာသော မင်းပြစ်ဒဏ်ကို ခံရသောဟူ၏။
တစ်ဖန် အရည်းကြီးတို့၏ ဝတ်စားဆင်ယင်ပုံနှင့် ပတ်သက်၍ ...ရှင်ယောင်အရည်းတို့မှာ ဘန်ရည်စွန်းမဝတ်၊ မဲထည်မဲပြာအနက်အမဲကိုသာ ဝတ်သည်။ ဆံလေးသစ် တဝါးထားသည်ဖြစ်၍ ဟူ၍လည်းကောင်း၊ ထိုအရည်းကြီးတို့၏ ကျမ်းစာနှင့် ပတ်သက်၍လည်း ထိုရောအခါ ပုဂံပြည်တွင် ရှင်ယောင်အရည်းတို့သည် သံဃာတော်ဟု ” သုံးဆယ်စီ အစုအသင်းဖွဲ့လျက်နေကြကုန်၏။
ပုဂံခေတ် အရည်းကြီးတို့သည် ခေသူမဟုတ့ကြောင်း လောကီအတတ်ပညာများကိုလည်း တစ်ဘက်ကမ်းခတ် တတ်မြောက်ကြကြောင်း

အပြည့်အစုံအောက် စာမျက်နှာများတွင် ဖတ်ပါ။
••••👇👇👇👇👇👇👇












ပုဂံမှ အရည်းကြီး ခေါ် ရှင်ယောင်ရဟန်း တစ်ဦး ရက္ခပူရတိုင်း ရက္ခိုင်ပြည်သို့ ရောက်လာကြောင်း မဟာပညာကျော်လျှောက်ထုံး၌လည်း ဤသို့ တွေ့ရ၏။ 
"••••••👇👇👇👇👇👇👇




ရခိုင်ရာဇာဝင် သစ်ကျမ်း၌လည်း ဤသို့တွေ့ရ၏"••••••••••••••••
ရခိုင် ပဉ္စာမင်းဆက် ပုဏ္ဏကမင်းလက်ထက်မှာ ပုဂံမင်းသည် သူလျှိအရည်းကြီး ရှင်ယောင် များလွှတ်ပြီး မဟာမုနိသိမ်ကို မီးရှို့ခိုင်းကြောင်းကိုလည်း
ရခိုင်ရာဇာဝင် သစ်ကျမ်း၌လည်း တွေ့ရ၏။ "••••••👇👇👇👇👇👇👇👇👇

 






 ✎﹏﹏﹏﹏﹏﹏﹏﹏﹏៚ 
Zaw Wong (ဓညဝတီတိုင်း)

Comments

Popular posts from this blog

မာဂီစံ ( ရခိုင်သက္ကရာဇ်)

ဓညဝတီ ရက္ခိုင်ပြည်မှ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာ သက်သေတည်။

ရခိုင် အကြောင်း စာအုပ်များ