A Genocide Record ရခိုင်လူမျိုးများအား မျိုးတုန်းသတ်ဖြတ်ခံရမှုမှတ်တမ်းကျောက်စာ
ပေါ်လာပြီ သက်သေတချို့
ဗမာက ရခိုင်ကို မျိုးတုန်းအောင် သတ်ဖြတ်မူတွေကို ရခိုင်တွေက ဗမာတွေကိုပြောပြတော့ ပါးစပ် ရာဇဝင် ဆိုပဲ... ပြုလုပ်သူ ဗမာတွေက အခု မယုံဘူးဆိုပဲ ။
ပြုလုပ်သူတို့မေ့နိုင်ပေမယ့်။ ခံရသူတွေကတော့ forever forget ။ Never forget ၊ ပဲ
______
#The_Eastern_Frontier_of_British_India
၁၉ရာစုမှာအင်္ဂလိပ်တို့သည် ကိုလိုနေ နယ်ချဲ့ရင်း အိန္တိယတနိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။
ဗမာဘုရင်ဗဒုံမင်း မောင်ဝိုင်းသည် ၁၇၈၅ မှာရခိုင်နိုင်ငံကိုကျူးကျော်သိမ်းပိုက်လိုက်တယ်။
ယင်းကြောင့်အင်္ဂလိပ်ကိုလိုနေ နယ်ချဲ့နဲ့ ဗမာပဒေသရာဇ်နယ်ချဲ့တို့သည်
နယ်စပ်ချင်းထိစပ်လို့ထိပ်တိုက်တွေ့လာခဲ့ကြတယ်။
ယင်းကြောင့်အင်္ဂလိပ်မြန်မာစစ်ပွဲတွေဖြစ်ခဲ့တယ်။အဲ့ဒါကိုA C BanerjeeကThe Eastern Fronter of British India နာမည်နဲ့သမိုင်းစာအုပ်တစ်အုပ်ရေးခဲ့သည်။
ဗမာတွေ ရခိုင်ပြည်ကိုသိမ်းပြီးတဲ့ခါ လူမဆန်တဲ့ ရက်စက်မှုတွေနဲ့မျိုးတုန်းသတ်ဖြတ်ခံရတယ်။
ယင်းစစ်မှာ လူတွေကိုတိုင်မှာ ချည်နှောင်ပြီ်သတ်တာတွေ၊ခေါင်းတစ်လုံးဖေါ်လို့မြေ မှာမြုတ်ထားပြီး ထွန်နဲ့တိုက်သတ်တာတွေ၊မိန်းမ၊ယောက်ျား၊ကလေးငယ်ထောင်ပေါင်းများစွာကို သွေးအအေးနဲ့သတ်ခဲ့တာတွေကိုလည့် ဒီစာအုပ်မှာဖေါ်ပြထားတယ်။ရခိုင့်တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်ဖြစ်တယ် အပိုလောင်းက ၁၇၉၄ မှာယောက်ျား၊မိန်းမ၊ကလေး၂သိန်းလောက်အသတ်ခံရတယ်။ အဲ့အရေအတွက်နဲ့တူတူ သုံပန်းအဖြစ်ဖမ်းခံရတဲ့၊တောတွေတောင်တွေမှာ ပုန်းနေတဲ့လူတွေလည့် အဖမ်းခံအသတ်ခံရတယ်၊တချိုလေ့ကျားစားလို့သေရတယ်လို့ပြောတာကို သံသယဖြစ်စရာမရှိလို့ ဗြိတိသျှအရာရှိတစ်ယောက်က အစီရင်ခံတာတွေကိုဖေါ်ပြထားတယ်။ ဗြိတိသျှမော်ကွန်းတိုက်မှာသိမ်းထားတဲ့ ရခိုင်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချင်းပျံက ဗြိတိသျှအာဏာပိုင်တွေကို ပေးတဲ့စာတွေကိုလည့် ကိုးကားဖေါ်ပြထားတယ်။
ရှားပါးစာအုပ်ဖြစ်တယ် ဒီစာအုပ်ကိုရချင်ဖတ်ချင်ရင်
ဒီLink ကယူပါ။
The Eastern Frontier Of British India pdf-12 MB
by Banerjee, Anil Chandra
https://archive.org/download/in.ernet.dli.2015.24759/2015.24759.The-Eastern-Frontier-Of-British-India.pdf
Credit kyaw maung
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။