Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်က ဟံသာဝတီ ထီးနန်းကို မီးရှိုးတယ်ဆိုတဲ့ (ဂျင်းသမိုင်း)

ရခိုင်က ဟံသာဝတီ ထီးနန်းကို မီးရှို့တယ်ဆိုတာ ဘယ်ကျမ်းက ထွတ်တာလဲ့..ရှိရင်ပြပေးပါ.. ယခုမှ​ရေးပြီး စာအုပ်​ထုတ်​​နေတဲ့ သမိုင်းစာအုပ်​လိုလို စာအုပ်​က စာ​တွေ​ကို​တော့ လာမပြနဲ့

ရခိုင်က ဟံသာဝတီ ထီးနန်းကို မီးရှို့တယ် ဆိုတဲ့ ဂျင်း သမိုင်းတွေ ဟုတ်သလား မဟုတ်သလား သိစေရန်
✏ ✏ ✏ 

ရခိုင်က ဟံသာဝတီ ထီးနန်းကို  မီးရှိုးတယ်ဆိုတဲ့ (ဂျင်းသမိုင်း)
✈ ✈ ✈ ✈ ✈ ✈ ✈ ✈ ✈ ✈ ✈ ✈ ✈ 
းးးးးးးးးးးသမိုင်းးးးးးလိမ်၊းးးးးးးးးဂျင်းးးးးးးးသမိုင်းးးးးးးးးးး

ကျတော်တို့ ဗမာအများစုဟာ ရခိုင်က ဟံသာဝတီ ထီးနန်းကို မီးရှိုးခဲ့တယ်လို့ ထင်နေကြတယ် ။ ဒါဘယ်သူက အစဖော်လိုက်တာလည်းတော့ မသိဘူး၊ ရခိုင်က ဟံသာဝတီနန်းကို မီးရှိုးခဲ့တယ်ဆိုတာ ဘယ်ကျမ်းမှာ ပါတာလည်းဗျာ သိရင် ပြပေးစမ်းပါ ဖတ်ကြည့်ချင်လို့ ။

အတိုချုပ်ပြောရရန်>>>
အမှန်တော.. မြောက်ဦး သက္ကရာဇ်​ ၉၅၅ ရခိုင်ဘုရင် မင်းရာဇာကြီးလက်ထက်မှာပေါ့ ။
°°°°°°°°°°
 သက္ကရာဇ်​ ၉၅၉ ခုတွင် မင်းရဲကျော်ထင် အမည်ရှိသော တောင်ငူမင်း သီဟသူသည် ဘကြီးတော် ကျော်ထင်အနော်ရထာ၏သား ဟံသဝတီပဲခူးမင်းကို လုပ်ကြံလို၍ ရခိုင်ဘုရင်မင်းရာဇာကြီးကို လက်ဆောင်ဘဏ္ဍာ နှင့်  အကူအညီလာတောင်းသည်။

တောင်ငူမင်းသီဟသူက ရခိုင်ဘုရင်မင်းရာဇာကြီးအား  ပဲခူးမြို့ကို ကူညီတိုက်တော်မှု၍ ပေးတော်မူပါ ပဲခူးမြို့ကိုရလျှင် သမီးကညာ နှင့် ဆင်ဖြူရတနာကို ဆက်သက်ပါမည်ဟု ရခိုင်ဘုရင်ထံ အကူအညီလာတောင်းသည် ရခိုင်ဘုရင်မင်းရာဇာကြီးက တောင်ငူမင်းသီဟသူတောင်းခံမူကို လက်ခံပြီး ရခိုင်ဘုရင်မင်းရာဇာကြီး နှင့် တောင်ငူမင်းသီဟသူ တို့ပေါင်းပြီး ဟံသာဝတီပဲခူးမြို့ကို တိုက်ခိုက်သိမ်းပစ်လိုက်တယ် အောင်မြင်တော်မှု၍ တောင်ငူမင်းသီဟသူသည် ရခိုင်ဘုရင်မင်းရာဇာကြီး တပ်တို့ကို အထူးထူးသော ပစ္စည်းများ ဆက်သက်ပြီး ဟံသာဝတီထီးနန်း ဘဏ္ဍာ အသီးသီးနှင့်တကွက် ပဲခူးမင်းသမီး ခင်မနှောင်းကို ရခိုင်ဘုရင်မင်းရာဇာကြီးကို ဆက်သက်လိုက်တယ်။ 

ယင်းအချိန် ယိုးဒယားဘုရင် ဗြနရာဇ်သည်  ဟံသာဝတီ ၊ တောင်ငူ စသည်တွေကို စစ်ချီလာသည် ။ ထိုအခါ ရခိုင်ဘုရင်မင်းရာဇာကြီး၏သား မင်းခမောင်းက ရိက္ခာပို့လာသော တပ်ကို တိုက်ပြီး ရှေ့တန်းယိုးဒယားတပ်ကို ရိက္ခာဖြတ်ထားလည်သည် 
တစ်လခန့်ကြာသော်.. ယိုးဒယားတပ် တောင်ငူက ခွာပြီး အပြန် သက်မင်းတပ်က လမ်း၌ ဆို့၍ တိုက်၏ ယိုးဒယားမင်းညီ ဗြသမွန်ကို ရ၍ ပြည်ရှင်မင်းရာဇာကြီးသို့ ဆက်သက်လိုက်၏ ယိုးဒယား ဗြသမွန်ကို ကောင်းစွာထား၍ ယိုးဒယားပြည်ရှိ လက်နက် ဘဏ္ဍာများကို တောင်းရာ ယိုးဒယားဘုရင်က ရခိုင်ဘုရင်အား ပြောင်းလက်နက်အမျိုးမျိုးကို ဆက်သက်လိုက်၏ ရခိုင်​ဘုရင်ကလည်း ယိုးဒယားမင်းညီတော်ကိုလည်း ပြန်လွတ်ပေးလိုက်သည်။

တောင်ငူမင်းကလည်း  ဟံသာဝတီဘကြီးတော် အနော်ရထာတုန်းက ယူထားသော ယိုးဒယားကြေးရုပ်များနှင့် ရွှေငွေဘဏ္ဍာအသီးသီးကို  ရခိုင်ဘုရင်မင်းရာဇာကြီးအား ဆက်သက်လိုက်တယ် ။

ယိုဒယား ၊ တောင်ငူ တို့ကဆက်သက်သော ဘဏ္ဍာ​များကိုယူဆောင်ပြီး ရခိုင်ပြည်သို့ ပြန်လည်ချိန် မော်တင်စွန်းတွင် အမတ် မဟာပညာကျော် ကွယ်လွန်တော်မူ၏ ။

ဤသည်မှာ ရခိုင်ဘုရင်မင်းရာဇာကြီးကို တောင်ငူမင်းသီဟသူ၏ အကူအညီတောင်းခံမှုကြောင်း ဟံသာဝတီသို့ စစ်ချီရခြင်း အကြောင်းအရာပင်ဖြစ်သည်။

ဘယ်​မှာလဲ ဟံသာဝတီထီးနန်း ရခိုင်ကမီးရှိုးတယ်ဆိုတာ ရခိုင်သာ မောင်ပိုင်စီးလိုစိတ်ရှိခဲ့ရင် တောင်ငူမြို့ ဟံသာဝတီပဲခူးမြို့တွေ 
ရခိုင်ပိုင်နယ်မြေ ဖြစ်ခဲ့တာကြပြီ။ ဟံသာဝတီထီးနန်းပြီးရင်လည်း  နောက်ထက် မင်းဆက် ပြုတ်ခဲ့တာကြာပေါ့ ။ အခုတော့ ဗမာဘုရင် မင်းတွေ အဆက်ဆက် စိုးစံခဲ့ကြတာပဲ မဟုတ်လား ။ 

ဒီတော့ ရခိုင်တို့က သမိုင်းအဆက်ဆက်ကနေ ဒီနေ့အခ်ျိန်ထိ မကောင်းကြံ မတရားလုပ်ခဲ့တာ မရှိသေးပါဘူး ။ ရခိုင်တွေဟာ သာကီဝင် ပီပီ ဗြဟ္မာစိုးတရားနဲ့အုပ်ချုပ် စီရင်ခဲ့တာပဲ ။ ဒါကြောင်းလဲ့ ရခိုင်တို့ကို ဗြဟ္မာစိုးတရားကလာတဲ့ မရမာ>မြမ္မာ ဆိုပြီးရှိခဲ့တာပေါ့ ။ ဒီိနေ့အချိန်ထိ ဘင်္ဂလားဒေရှ် ၊ အိန္ဒိယ တခွင်နေထိုင်သော ရခိုင်တွေကို  မရမာ (ခေါ်) မောဂ် (ခေါ်) ရခိုင် ဆိုပြီး ခေါ်ဝေါ်နေတုန်းပါပဲ ။ ဒါကိုအခု ဗမာတွေက မြန်မာဆိုတာ ဗမာလူမျိုး ဆိုပြီး လုပ်နေကြတာတွေ တွေ့နေရတာပဲ ။ ဒါက လမ်းကြုံလို့ ပြောလိုက်တာပါ ။ အဲ့အကြောင်းတွေကို ပြောပြထားသော post တွေလည်း အ​မြောက်​အများ ရှိနေပါတယ် ။ 

ကောင်းပါပြီ ရှေ့စကား ဆက်ရမယ် ဆိုရင်

ရခိုင်က ရခိုင့်ဆန္ဒအတိုင်း ဟံသာဝတီထီးနန်းကို မတရားလုပ်ခဲ့တာလည်း မရှိခဲ့ဘူး ။ ထီးနန်းကို မီးရှိုးခဲ့တယ်ဆိုတာလည်း ဘယ်ကျမ်းမှာမှ မပါဘူး ထင်ပါတယ် ။ ယိုးဒယား စစ်ချီလာတဲ့ ရန်ကို ရခိုင်က ကာကွယ်ပေးခဲ့လို့  တောင်ငူ နှင့် ဟံသာဝတီပဲခူး တို့ ယိုးဒယားလက်အောက် မရောက်ခဲ့တာ သိသာထင်ရှားပါတယ် ။ ရခိုင်ပြည်သို့ အပြန်မှာ မဟာပညာကျော်ကွယ်လွန်၍ ရခိုင်အပိုင်ဖြစ်တဲ့ ယခု ဧရာဝတီတိုင်းအပိုင် မော်တင်စွန်းမှာက သက်သေပြုနေပါလိမ့်မယ် ။ မဟာပညာကျော်အမတ် အုတ်ဂူ ရှိနေဆဲပါပဲ ။ ယနေ့အချိန်ထိ.. ရခိုင်တွေ ရမ်းဗြဲရခိုင်စကားပြော မော်တင်စွန်းမှာ ရှိနေဆဲပါပဲ 

ရခိုင်ဘုရင်မင်းရာဇာကြီးက ဟံသာဝတီထီးနန်းကို စစ်ချီထွတ်တဲ့ အ​ကြောင်းအရာအပြည့်အစုံကို အောက်ပါ Photo စာများတွင် ရှင်းရှင်း ဖတ်နိုင်ပါတယ်။


သမိုင်းမှန်တွေနဲ့ ရှင်သန်နိုင်ကြပါစေ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ 
Credit 
Zaw Win (ဓညဝတီတိုင်း)










ဘယ်​သူ လုပ်​ခဲ့တာလဲ့ဆိုတာ ဒီမှာကြည့်. ဟံသာဝတီဆိုတာ မွန်ပြည် ၊ ဒါကြောင်း မွန်တွေတောင် အထိမ်းမှတ်​နေ့ အဖြစ် လုပ်ပြီးနေပြီ..