Posts

Showing posts from March, 2019

ဗမာက ရခိုင်ကို မျိုးတုန်းအောင် သတ်ဖြတ်မူ

Image
ပေါ်လာပြီ သက်သေတချို့  ဗမာက ရခိုင်ကို မျိုးတုန်းအောင် သတ်ဖြတ်မူတွေကို ရခိုင်တွေက ဗမာတွေကိုပြောပြတော့ ပါးစပ်​ ရာဇဝင် ဆိုပဲ...  ပြုလုပ်သူ ဗမာတွေက  အခု မယုံဘူးဆိုပဲ ။ ပြုလုပ်သူတို့မေ့နိုင်ပေမယ့်။ ခံရသူတွေကတော့ forever forget ။ Never forget ၊ ပဲ _________ #The_Eastern_Frontier_of_British_India ၁၉ရာစုမှာအင်္ဂလိပ်တို့သည် ကိုလိုနေ နယ်ချဲ့ရင်း အိန္တိယတနိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။ ဗမာဘုရင်ဗဒုံမင်း မောင်ဝိုင်းသည် ၁၇၈၅ မှာရခိုင်နိုင်ငံကိုကျူးကျော်သိမ်းပိုက်လိုက်တယ်။ ယင်းကြောင့်အင်္ဂလိပ်ကိုလိုနေ နယ်ချဲ့နဲ့ ဗမာပဒေသရာဇ်နယ်ချဲ့တို့သည် နယ်စပ်ချင်းထိစပ်လို့ထိပ်တိုက်တွေ့လာခဲ့ကြတယ်။ ယင်းကြောင့်အင်္ဂလိပ်မြန်မာစစ်ပွဲတွေဖြစ်ခဲ့တယ်။အဲ့ဒါကိုA C BanerjeeကThe Eastern Fronter of British India နာမည်နဲ့သမိုင်းစာအုပ်တစ်အုပ်ရေးခဲ့သည်။ ဗမာတွေ ရခိုင်ပြည်ကိုသိမ်းပြီးတဲ့ခါ လူမဆန်တဲ့ ရက်စက်မှုတွေနဲ့မျိုးတုန်းသတ်ဖြတ်ခံရတယ်။ ယင်းစစ်မှာ လူတွေကိုတိုင်မှာ ချည်​​နှောင်​ပြီ်သတ်တာတွေ၊ခေါင်းတစ်လုံးဖေါ်လို့မြေ မှာမြုတ်ထားပြီး ထွန်နဲ့တိုက်သတ်တာတွေ၊မိန်းမ၊ယောက်ျား၊ကလေးငယ်ထောင်ပေါင်းများစွာကိ...

မြန်မာစာဆိုတာ ရခိုင့်စာကို ဗမာမှုပြုခြင်း

Image
(မြန်မာစာဆိုတာ ရခိုင့်စာကိုဗမာမှုပြုခြင်း) ★ ★ ★ ★ ★ ★ သမီးမျောက်သား ။....။ လက်ရှိစာပေ အက္ခရာဟာ ရခိုင့်စာပေ အက္ခရာလား ။ ဗမာ့စာပေ အက္ခရာလား ဆိုတာ သိစေဖို့။ ဗမာပြည်၌ ဗမာကျောက်စာဆိုတဲ့ အထဲက ဝေါဟာရ တစ်ခုလောက် ပြပါရစေ။ သမီးမျောက်သား ။..။ သမီးမျောက်သား ဆိုတာ ဗမာစကားလား ရခိုင်စကားလားဆိုတာ လူတိုင်း သိပါလိမ့်မယ်။  ဗမာမှာ ညီအစ်​ကို ဝမ်းကွဲ ခေါ်တယ်။ ရခိုင်မှာ သမီးမျောက်သား ခေါ်တယ်။ ဒီတော့ သမီးမျောက်သားဆိုတာ ရခိုင်စကား စစ်စစ်ဖြစ်တယ်ဆိုတာ ဘယ်ပညာရှင် သုတေသီကမှ မငြင်းနိုင်ပါဘူး။ ဒါကြောင်း ပုဂံပြည်​ခေတ်ထိုး အကုန်​လုံး  ကျောက်စာ၏ စာပေအက္ခရာ( လက်ရှိမြန်မာအက္ခရာ) ဝေါဟာရများသည် ရခိုင့်စာပေ ရခိုင်စကား ရခိုင့်ဝေါဟာရများ ဟုသက်သေပြနေကြတာ အလကား မဟုတ်ပါ ၊ ဒါတစ်ခုတည်းမဟူတ်ပါဘူး.. ကျောက်စ အကုန်​လုံး တစ်ခုလုံး.. ၉၅ % လောက်တောင် လက်ရှိ ရခိုင်တွေ စကားဖြစ်နေသေးတယ်.. အဲ့အချိန်အဲ့ကာလ ဆိုရင် ၁၀၀% အပြည့်ဖြစ်နေတာပေါ့ .. အောက် ပုံ ၁၃ ကနေ အဆုံးထိ အကုန်နီးပါး ရခိုင်တိုင်း ဖတ်တတ်လိမ့်မယ် ထင်တယ်.. ကျတော်လေ့ သမိုင်းဆရာမဟုတ်.. ဒါပေမယ့် ဖတ်တတ်နေတာ ဘာကြောင်းများလဲ့.. မိမိစကား မိမိစာပေ ဆိုရင် မြင်လိုက်တာနဲ့ တန်း...

တရိဂံကျောက်စာနှင့် မြစေတီကျောက်စာပါ အက္ခရာများကို နှိုင်းယှဉ်တင်ပြခြင်း

Image
တရိဂံကျောက်စာနှင့် မြစေတီကျောက်စာပါ အက္ခရာများကို နှိုင်းယှဉ်တင်ပြခြင်း ********************************* ================================= ယနေ့ Facebook လောကတွင် မြန်မာစာဟုခေါ်တွင်နေသော အက္ခရာကို ငါတို့လူမျိုးအရင်ရေးသည်၊ဒါကြောင့် ဤစာပေသည် ငါတို့စာပေဖြစ်သည်။ မင်းတို့စာပေမဟုတ်။မင်းတို့က ငါတို့ဆီ ကယူသွားတာ အခြေအတင် အမိအဖ မောင်နှမအတူ မဖတ်နိုင်သော အဆဲကွန်မန့်များဖြင့် လက်စွမ်းပြ ပညာပြလျှက် ရေးသား နေကြ သည်ကိုတွေ့မြင်နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်မိ၏ ။ ထိုသို့ ကြမ်းတမ်းရိုင်းစိုင်းသော ကွန်မန့်များ ရေးသားခြင်း၏ အကျိုးရလဒ်သည် တိုင်းရင်းသားလူမျိုး တစ်ခု နှင့်တစ်ခုကြား တစ်ဦးကိုတစ်ဦး မမြင်ဖူး၊ မသိကျွမ်းကြဘဲ အမုန်းတရားသာကို ဖြစ်ပေါ်စေပါသည်။ စာပေဟူသည် လူ့လောကကို ကောင်းကျိုး သာဖြစ်စေသည်ဟု ဖတ်မှတ်ဖူးပါသည်။ စာပေအကြောင်းကို ဆွေးနွေးသော်လည်း ကောင်းသောရလဒ်သာ ထွက်သင့်သည်ဟု ထင်မြင်မိသည်။ ယခုအွန်လိုင်းတွင် စာပေကြောင်း ဆွေး နွေးနေကြသည်မှာ လောက ကကောင်းကျိုးမပေးသည့်အပြင် တစ်ဦးနှင့်တစ်ဦး အမုန်းပွါး များကြခြင်း ကိုသာ မြင်တွေ့ရသည်မှာ လွန်စွာ ရုပ် ဆိုး အကျဉ်းတန်လှပါသည်။ ဆွေးနွေးကြသော တတ်သိပညာရှင်များ ဆင်...

Prof.Dr,Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြကျောက်စာ ပါမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း တင်ပြခြင်း 

Image
Prof.Dr,Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြကျောက်စာ ပါမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း တင်ပြခြင်း ( Seminar on Sanskrit Literature of Rakhine) ရခိုင် သက္ကတစာပေဆိုင်ရာ စာတမ်းဖတ်ပွဲ တစ်ခုကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦးဆောင် ဦးရွ က်ပြုပြီး ကျင်းပခဲ့ပါ သည်။ စာ တမ်းဖတ်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အာနန္ဒစန္ဒြကျောက်စာကို MOW ဟု ခေါ်သောကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းခြင်းနှင့် မြောက်ဦးမြို့ကို World Heritage ဟုခေါ်သော ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရန် သာသနာ ရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြိုးပမ်းနေသည့်ကိစ္စတွင် အထောက်အကြူ့ပုရန်ရည်ရွယ်သည့်ဟုသိရပါသည် စာတမ်းဖတ်ပွဲတစ်ခုကို 24.1.2018 နေ့ နံက် 9း00 မှ ညနေ 4း00 နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Taw Win Garden Hotel , ၈ လွှာ , ပုဂံခမ်းမတွင် ကျင်းပပြုလုပ်သွားခဲ့ပါသည်။ ထိုစာတမ်းဖတ်ပွဲတွင် သီးသန့် ဖိတ်ကြား ထားသူများသာ အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ပြီး ၊စိတ်ပါဝင်စားသူများ တက်ရောက် နားေ ထာင်လိုပါက တစ်ဦး လျင် ၃၀၀၀၀ ကျပ်ဖြင့် စာတမ်းဖတ်ပွဲကျင်းပသည့် နေ့တွင် စာရင်းသွင်း တက်ေ ရာက်နိုင်ပါ...

လွတ်ငြိမ်းချမ်းသာအစ အာနန္ဒစန္ဒြမင်းက

Image
လွတ်ငြိမ်းချမ်းသာအစ အာနန္ဒစန္ဒြမင်းက ===========================  ပြတျဟံ နေ့စဉ်မပြတ် ၊ ဂါသာယံ တရားခမ်းမကြီး၌ ၊ သတြံ စည်းဝေးတိုင်ပင်ခြင်းကို  ၊ သဒါ  အခါခပ်သိမ်း၊   ပြ၀တ္တိတမ် အမြဲလုပ်လေ၏ ။အတိဝဓျာဂ္စ အလွန်သေထိုက် သတ်ထိုက်သော သူတို့ ကိုလည်း ၊ဂရုဏျာ သနားကြင်နာစွာဖြင့် ၊ ဘက္တ ထမင်းအစာ၊ ပြာဏိနော သောက်ရေပေးကာ၊သဒါး အခါခပ်သိမ်း၊ မောစိတာ  လွှတ်တော်မူလေသည်။  ************************************ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၅၈)သည် အာနန္ဒစန္ဒြမင်းကျောက်စာ၏ စာကြောင်းရေ (၅၉-၆၀)တွင်ရှိ သည်။ အာနန္ဒစန္ဒြမင်းကြီးသည် မင်းတကာ့မင်းတို့ ပြုနိုင်ခဲ့သော  သမိုင်းဝင်ဘာသာရေး ပွဲတော်ကြီးဖြစ်သော သင်္ဂါယနာတင်ပွဲကို ကျင်းပပြီး ၊ အထူးထူးအပြားပြား များပြားစွာသောကုသိုလ် ကောင်းမှုများကို အလွန်စင်ကြယ်သောစိတ်ဖြင့် ပြုလုပ်ခဲ့သည့်ကြောင်းကို ဂါထာပုဒ်(၄၅)မှ (၅ရ)ထိတွင် ရေးထိုးပါရှိသည်။  ** ယခု ဤဂါထာတွင် အာနန္ဒစန္ဒြမင်းကြီးသည် ဒါန သီလ ကုသိုလ် ကောင်းမှု များကို အမြဲပြုလုပ်နေသူဖြစ်သောကြောင့် အကုသိုလ် အမှုဖြစ်သည့် သူ တစ်ပါးအသက်ကို သတ်ခြင်း ၊ ပုတ်ခြင်း ၊နှိပ်စက်ခြင်းများကို လုံးဝေ...

ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း နှင့် ဒီဇင်​ဘာလ ၃၁ နောက်ပိုင်း

Image
ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း ရှေးဟောင်းမြောက်ဦးမြို့တော်။ ဓါတ်ပုံ - သန်းစိုး အောင်လှသိန်း ရေးသားသည် “ဇာတိပုညဂုဏ်မာန” တို့နှင့် ပြည့်စုံလှသည်ဟု ဘင်္ဂလားပင် လယ်ကမ်းခြေတွင် နာမည်ထင်ရှားလှသည့် ရခိုင်လူမျိုးတို့၏ သမိုင်းသည် ဂုဏ်ယူဝင့်ကြွားဖွယ်ရာများနှင့် ပြည် စုံကုံလုံလှပေသည်သာမက အာရှနှင့်အရှေ့တောင်အာရှတို့၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ တက်တက်ကြွကြွ ပါဝင်ပတ်သက်နေခဲ့ပေသေးသည်။ ရှေးရခိုင်ကြီးတို့ နှစ်ပေါင်းရာစုများစွာ ပြုစုပျိုးထောင်ခဲ့သော ရခိုင်ပြည်ကြီးသည် အရှေ့တောင်အာရှဒေသသို့ ဗုဒ္ဓသာသနာတော် စတင်ဖြန့်ချိရာ ဘုမိနက်သန်အရပ်တစ်ခုလည်း ဖြစ်ခဲ့ပေ၏။ အေဒီလေးရာစုမှစ၍ ရခိုင်၌ လျှမ်းလျှမ်းတောက်ထွန်းကားခဲ့သော ဝေသာလီသည် အနောက်လက်တစ်ကမ်းရှိ အိန္ဒိယယဉ်ကျေးမှုကို အရှေ့အရပ်ရှိ ဧရာကမ်းသို့ရောက် ပေါက်အောင် တစ်နည်းတစ်ဖုံပျံ့နှံ့စေခဲ့ပေ၏။ ထို့အပြင် ကုန်သွယ်မှုကြား စခန်းတစ်ခုလည်း ဖြစ်ခဲ့ပေ၏။ ဓည၀တီသားတို့ ကြိုးစားလုံ့လပြုကာ ပြန်ဆိုခဲ့သော အန္ဒိယဂန္ဓ၀င် ၀တ္ထုပုံပြင်များ ကျမ်းဂန်များတို့ကိုလည်း အရှေ့အရပ်သို့ စေတနာဗလပွဖြင့် လက်ဆောင်ပေးခဲ့ပေ၏။ ရခိုင်ဘုရင် ပရိမ်ပြည်ရှင် ပဒေသရာဇာ(၁၁၂၃-၁၁၃၉) မင်ြး...