Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

တရိဂံကျောက်စာနှင့် မြစေတီကျောက်စာပါ အက္ခရာများကို နှိုင်းယှဉ်တင်ပြခြင်း

တရိဂံကျောက်စာနှင့် မြစေတီကျောက်စာပါ အက္ခရာများကို နှိုင်းယှဉ်တင်ပြခြင်း
*********************************
=================================
ယနေ့ Facebook လောကတွင် မြန်မာစာဟုခေါ်တွင်နေသော အက္ခရာကို ငါတို့လူမျိုးအရင်ရေးသည်၊ဒါကြောင့် ဤစာပေသည် ငါတို့စာပေဖြစ်သည်။ မင်းတို့စာပေမဟုတ်။မင်းတို့က ငါတို့ဆီ ကယူသွားတာ အခြေအတင် အမိအဖ မောင်နှမအတူ မဖတ်နိုင်သော အဆဲကွန်မန့်များဖြင့် လက်စွမ်းပြ ပညာပြလျှက် ရေးသား နေကြ သည်ကိုတွေ့မြင်နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်မိ၏ ။ ထိုသို့ ကြမ်းတမ်းရိုင်းစိုင်းသော ကွန်မန့်များ ရေးသားခြင်း၏ အကျိုးရလဒ်သည် တိုင်းရင်းသားလူမျိုး တစ်ခု နှင့်တစ်ခုကြား တစ်ဦးကိုတစ်ဦး မမြင်ဖူး၊ မသိကျွမ်းကြဘဲ အမုန်းတရားသာကို ဖြစ်ပေါ်စေပါသည်။ စာပေဟူသည် လူ့လောကကို ကောင်းကျိုး သာဖြစ်စေသည်ဟု ဖတ်မှတ်ဖူးပါသည်။ စာပေအကြောင်းကို ဆွေးနွေးသော်လည်း ကောင်းသောရလဒ်သာ ထွက်သင့်သည်ဟု ထင်မြင်မိသည်။ ယခုအွန်လိုင်းတွင် စာပေကြောင်း ဆွေး နွေးနေကြသည်မှာ လောက ကကောင်းကျိုးမပေးသည့်အပြင် တစ်ဦးနှင့်တစ်ဦး အမုန်းပွါး များကြခြင်း ကိုသာ မြင်တွေ့ရသည်မှာ လွန်စွာ ရုပ် ဆိုး အကျဉ်းတန်လှပါသည်။ ဆွေးနွေးကြသော တတ်သိပညာရှင်များ ဆင်ခြင်ကြပါရန် မေတ္တာ ရပ်ခံ အပ် ပါတယ်။
ဤပို့စ်သည် မြန်မာစာသည် ငါတို့လူမျိုးစာ၊ မင်းတို့လူမျိုးစာမဟုတ်ဟု မူလအစကို ရှာဖွေနေကြ၊ ငြင်း ခုံနေကြသော အွန်လိုင်းဆရာကြီး ပညာရှင်များအတွက် အထောက်အကူဖြစ်စေရန် ရွယ်ရည်ပြီး တင်ခြင်းဖြစ်ပါ သောကြောင့် ပိုစ့် အောက်တွင် ရိုင်းစိုင်းသောကွန်မန့်များ၊ လူမျိုးတစ်ခုနှင့်တစ်ခုကြား အမုန်းပွါးစေနိုင်သော ကွန်မန့်များကို မရေးကြပါနဲ့ မေတ္တာရပ်ခံပါတယ် ၊ ရေးမိသည်ရှိသော်လည်း ဖျက်သွားပါမည်။ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေး ပျူငှ စွာ ပြောဆိုဆွေးနွေး အဖြေရှာကြမည်ဆိုပါက မြန်မာစာ၏ မူလအစမှာ ( - - - ဖြစ်သည်) ဟု အဖြေသည် လက်တစ်ကမ်းအကွာတွင် ရှိနေမည်ဟု ယုံကြည်ပါသည်။
သို့ပါသောကြောင့် ပုဂံကကျောက်စာတစ်ချပ်နှင့် ရခိုင်က ကျောက်စာ တစ်ချပ်ကို နှိုင်းယှဉ်တင်ပြသွားပါမည်။
တရိဂံကျောက်စာ( 9-10 ရာစုအေဒီ)
==================
***************************
ရခိုင်ပြည်နယ်မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ရခိုင်ဝေသာလီခေတ်နှောင်း အေဒီ ၉ ရာစု ၁၀ ဟု ရှေးဟောင်းသုတေသနဌာန မြောက်ဦးပြတိုက်၌ ပြသထားသော ကျောက်စာတစ်ချပ် ရှိပေသည်။ ထိုကျောက်စာသည် သုံးမြှောင့် သဏ္ဍာန်ရှိသောကြောင့် သုံးမြှောင့်ကျောက်စာဟူ၍၄င်း၊တရိဂံ ကျောက် စာဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ဤကျောက်စာတွင် ရေးထိုးထား သည့်အကြောင်းအရာမှာ ရခိုင်ဝေသာလီခေတ်က အမှတ်အသား တစ်ခုဖြစ်သည့် ယေဓမ္မာဂါထာကို ပါဠိ ဘာသာ သီးသန့်ဖြင့် ရေးထိုး ထားခြင်းပင်ဖြစ်ပါသည်။ ယေဓမ္မာဂါထာ၏ အနက်အဓိပ္ပါယ်ကို အားလုံးသိရှိပြီး ဖြစ်မည်ဟုယူဆသောကြောင့် မရေးတော့ပေ။ ထိုကျောက်စာပါ အက္ခ ရာများသည် ရက္ခ၀ဏ္ဏအက္ခရာ ခေါ် ရခိုင်စာပေအရေး အသား ထဲတွင် အစောဆုံး ကျောက်စာ တစ်ချပ် ဖြစ်ပါသည်။ ဤကျောက် စာကို ဗြုန်းကနဲ ကြည့်မည်ဆိုပါက အလွန်ရှေး ကျသော ဝေသာလီခေတ်က ကျောက်စာဟု ယူဆသွားနိုင်သည်။သို့သော် အသေ အချာ အသေး စိတ် ကြည့်ပါက လေးမြို့ခေတ် မြောက်ဦးခေတ် ယနေ့ခေတ်၌ သုံးစွဲသော အက္ခ ရာတို့၏ ရှေးပြေးအက္ခရာ ဖြစ်နေသည့် ပုံ သဏ္ဍာန်ကိုတွေ့မြင်နိုင်ပေသည်။ တရိဂံကျောက်စာတွင် ရေးထားသည့်စာမှာ
( ယေဓမ္မာဟေတုပ္ပဘာဝါ တထာဂတော အာဟာတေသည္စယောနိရောဓေါ ဧ၀ံဝါဒီ မဟာ သာမဏ )
-----------------------------------------------------------------------
မြစေတီကျောက်စာ ( 12 ရာစု အေဒီ)
မြစေတီကျောက်စာကို မြန်မာသက္ကရာဇ် ၄၇၄ ၊ ခရစ်သက္ကရာဇ် ၁၁၁၂ ခု၊ သာသနာသက္ကရာဇ် ၁၆၂၈ ခုနှစ် တွင် ရာဇကုမာရ်ရေးထိုးခဲ့ေ သာေ ကြာင့် ရာဇကုမာရ် ကျောက်စာဟုလည်း ခေါ်သည် ။ ရာဇကုမာရ် ကျော က်စာတွင်မျက်နှာလေးဖက်ပါရှိပြီး ပါဠိ၊ မွန်၊ ပျူ နှင့် မြန်မာဘာသာ တို့ဖြင့် ရေးထိုး ထားသည်။ ကျောက်စာ တိုင်သည် အမြင့် ၅၅ " ၊ အကျယ် ၁၄ " ရှိသည်။ 
ရာဇကုမာရ်ကျောက်စာမြန်မာပြန်အဓိပ္ပါယ်
သီရိ။ နမောဗုဒ္ဒါယသိဒ္ဒံ။ ဘရားသခင်သာသနာ၊ အနှစ်တစ်ထောင်ခြောက်ရာနှစ်ဆယ့် ရှစ်နှစ် လွန် လေ ပြီးသောအခါ၊ ဤအရိမဒ္ဒနာပူရ အမည်ရသောပြည်၌၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် တြိဘုဝ နာ ဒိတျဓမ္မရာဇာ (ကျန်စစ်သား၏ဘွဲ့ အမည်)မည်ေ သာ မင်းကြီးစိုးစံ၏။ ထိုမင်း၏ မိဖုရားတစ်ပါးကား၊ တြိ လော က၀ဋံသကာဒေ၀ီ (သမ္ဘူလမိဖုရား) အမည်ရှိ ၏။ ထို မိဖုရား၏ သားတစ်ယောက်မှာ ရာဇကုမာ ရမည်၏။ ထိုမင်းကား ကျွန်သုံးရွာကို၊ မိဖုရားအား ပေး၏။ ထိုမိဖု ရား သေလွန်ခဲ့သောအခါ၊ မိဖုရား၏သား၊ ရာဇကုမာရအား၊ မင်းကြီးက ပေးအပ်ခဲ့၏။ ထိုမင်းသည် နှစ်ပေါင်းနှစ်ဆယ့်ရှစ်နှစ် မင်းပြုခဲ့ပြီးနောက်၊ မကျန်း မမာ ဖျားနာ၍ နတ်ရွာစံကာနီး သောအခါ ထိုရာဇကုမာရ အမည်ရှိသော သားသည်၊ မိမိအားမွေးကျွေး ပြုစု စောင့် ရှောက်ခဲ့သော ဖခမည်းတော်မင်းကြီး၏ ဂုဏ်ကျေးဇူးကို အော က် မေ့သတိရ၍ ရွှေသား အစစ် ဖြင့်ပြီးသော ဗုဒ္ဒရုပ်ပွား တော်ကို ထုလုပ်ပြီးနောက်၊ မင်းကြီး၏ထံပါး သို့ ၀င် ပြီး၊ ဆက်သသောအခါ၊ ဤသို့ လျှောက်ထား၏။ ဤရွှေဘုရားကား မင်းကြီးအဖို့ သားတော်ပြုလုပ်ပါသည်။ သားတော်အား၊ ဖခမည်း တော် မင်းကြီး ပေးအပ်ထားခဲ့သော၊ ကျွန်သုံးရွာကို ဤရွှေဘုရားအား၊ သား တော် လှူဒါန်းပါသည်။ '' ထိုအခါ ကျန်စစ်သားမင်းကြီးသည် နှစ်လိုရွှင်လန်း ၀မ်းမြောက်၍ ကောင်းလေစွ၊ကောင်း လေးစွ ဟု သာဓု ခေါ်တော် မူ၏။ ထို့နောက် သံဃာတော်၊ ဆရာတော်ကြီးများဖြစ်ကြသော ရှင်အရဟံမဟာ ထေရ် မောဂ္ဂလိပုတ္တတိ ဿ ထေရ်၊ သုမေဓပဏိတထေရ်၊ ဗြဟ္မပါလထေရ်၊ ဗြဟ္မဒေ၀ထေရ်၊ သောန ထေ ရ်၊ သင်္ဃသေ န၀ရပဏိတထေရ် တို့၏ရှေ့မှောက်တွင် ကျန်စစ်သားမင်းကြီး ရေစက်ချ အမျှပေးဝေ ၏။ နောင် အခါတွင် ရာဇကုမာရ မင်းသား သည် ရွှေဘုရားဆင်းတုတော်ကို၊ ထာပနာ၍၊ ရွှေ အထွတ် ဖြင့် ဂူဘုရားတည် ပြီး နောက်၊ သက် မုန လွန်တစ်ရွာ၊ ရပါယ်တစ်ရွာ၊ ဟေန်ဗိုင်တစ်ရွာ ထိုကျွန်သုံး ရွာနှင့် ရွာသားများကို ဂူဘုရား အား လှူဒါန်းပြီး၊ ရေစက်သွန်းချစဉ်၊ ဤသို့ ဆုတောင်း မိန့်ဆိုခဲ့၏။ ဤင့ါကောင်းမှုကား၊ သဗ္ဗညုတ ဥာဏ်ပ ညာ ရအံ့သောအကြောင်း ဖြစ်ပါစေသတည်း။ ငါမရှိတော့သော နောင်အခါတွင်၊ ငါ့သားသည်လည်းကောင်း၊ ငါ့မြေးသည်လည်းကောင်း၊ သူတထူးသည်လည်းကောင်း၊ ငါလှူခဲ့သော ကျွန်တို့အား၊ နှိပ်စက်ပြုမူခဲ့လျှင်၊ အရိမေတ္တယျ ဘုရားသခင်ပွင့်သောအခါ ဘုရားမြတ်စွာအား မဖူးမြော်ကြရပါစေသတည်း။
-----------------------------------------------------------------
အကျယ်ကို သိလိုပါက ပုံများကိုထောက်ပြီး ဖတ်ပါ။



နှိုင်းယှဉ်ချက်
********
မြောက်ဦးမြို့ရှိ ရှေးသု ပြတိုက်တွင် ပြသထားသော တရိဂံကျောက်စာနှင့် ရာဇကုမာရ်ကျောက်စာ၌ ပါဠိလို ရေး သား ထားသော စာလုံးများမှ ထုတ်နှုတ်၍ နှိုင်းယှဉ်တင်ပြသွာပါမည်။ ဤ ပိုစ့်သည် ကျောက်စာ လေ့ လာ နေသူ များအတွက် အထောက်အကူဖြစ်ရန် ရွယ်ရည်ပြီးတင်ပေးခြင်းဖြစ်သည်။ ကိုယ်နိုင် သူမုန်း၊ ကိုယ်ရှုံး သူနိုင် အငြင်းပွါး၊ ဆဲနေကြဖို့ရန် အတွက်မဟုတ်ပါ။ မတူကွဲပြားခြင်းများကို အဖြေရှာပီး သမိုင်းမှန်တစ်ခုကို အတူတူ လျောက်လှမ်းနိုင်ကြပါစေရန် ကျောက်စာနှစ်ခု၏ ထူးခြားချက်ကို သိရှိနိုင်ဖို့အတွက် စာရေးသူသည် ပထမ သုံးမြောင့်ကျောက်စာမှ အက္ခရာများကို တစ်လုံးချင်း ပုံမှာမြင်ရသည့်အတိုင်း ထွင်းယူသည်။ ထိုသို့ထွင်းယူရရှိထားသော အက္ခရာများနည်းတူ မြန်မာတိုင်းရင်းကျောက်စာများ စတုတ္ထထုပ် ရာဇကု မာရ်ကျောက်စာ၏ ပါဠိမူမှ စာလုံးများကို ထွင်းယူလိုက်ပါသည်။ ကျောက်စာနှစ်ခုမှ ရရှိလာသော အက္ခရာ တူစာလုံးများကို အပေါ်အောက် ယှဉ်တွဲ၍ နှိုင်းယှဉ်ကြည့်သောအခါ ကွဲပြားခြားနားမှုများကို ဖေါ်ပြပါ ပုံများ အတိုင်းတွေ့မြင်ရပါသည်။





တရိဂံကျောက်စာနှင့် ရာဇကုမာရ်ကျောက်စာကွဲပြားချက်များ
၁။ တရိဂံကျောက်စာတွင်ပါသော (ေ) သဝေထိုးစာလုံးများနှင့် ရာဇကုမာရ်ကျောက်စာတွင်ပါသော (ေ) သဝေထိုးတို့သည် မတူကွဲပြားမှုကို တွေ့ရသည်။ ယင်းကွဲပြားမှုမှာ ရာဇကုမာရ်ကျောက်စာတွင် လက်ရှိ ယနေ့ အသုံးပြုနေသော (ေ)သဝေထိုးကဲ့သို့ဖြစ်နေပြီး တရိဂံကျောက်စာတွင်(ေ)သဝေထိုး၏အောက် အလိပ်ကလေး ကို ပြောင်းပြန်ရေးထားသည်။ တရိဂံကျောက်စာ၌ (ေ)သဝေထိုးကို ( ယေ-ဟေ-တော-တေ- ယော-ရော-ဓော ) အက္ခရာတို့တွင် တွေ့မြင်နိုင်သည်။ ဤကားကျောက်စာနှစ်ခု၏ ပထမကွဲလွဲချက်တည်း။





၂။ တရိဂံကျောက်စာတွင်ပါသော ( -ာ) ရေးချ စာလုံးများနှင့် ရာဇကုမာရ်ကျောက်စာတွင်ပါသော (--ာ) ရေးချစာလုံးတို့သည် မတူကွဲပြားမှုရှိသည်ကို တွေ့ရသည်။ ယင်းကွဲပြားမှုမှာ ရာဇကုမာရ်ကျောက်စာတွင် ( -ာ ) ရေးချ စာလုံးသည် ယနေ့အသုံးပြုနေသော (-ာ) ရေးချ ကဲ့သို့ဖြစ်နေပြီး တရိဂံကျောက်စာ၌ (-ာ) ရေးချစာလုံး သည် ( ဒ ) သို့မဟုတ် အင်္ဂလိပ်ဂဏန်း “3” ကဲ့သို့ ဖြစ်နေသည်ကို ပုံတွင်ပြထားသည့် (-ာ) ရေးချပါသော (မာ-ဘာ-၀ါ-ထာ- ဓေါ- အာ- ယော-ရော ) စာလုံးများတွင် တွေ့မြင်ရသည်။ ဤကား ကျောက်စာနှစ်ခု၏ ဒုတိယ ကွဲလွဲချက်တည်း။



၎။ တရိဂံကျောက်စာတွင်ပါသော ( -ိ) လုံးကြီးတင် စာလုံးများနှင့် ရာဇကုမာရ်ကျောက်စာတွင်ပါသော (-ိ ) လုံးကြီးတင် စာလုံးတို့သည် မတူကွဲပြားမှုရှိသည်ကို တွေ့ရသည်။ ယင်းကွဲပြားမှုမှာ ရာဇကုမာရ်ကျောက်စာတွင် ပါသော ( -ိ ) စာလုံးသည် ယနေ့အသုံးပြုနေသော (-ိ) လုံးကြီးတင် စာလုံးကဲ့သို့ ဖြစ်နေပြီး တရိဂံကျောက်စာ ၌ (-ိ) လုံးကြီးတင် စာလုံးသည် ရခိုင်ဝေသာလီခေတ် လုံးကြီးတင်ကဲ့သို့ ထိပ်စ အပိတ်မဖြစ်သေးသည်ကို ( နိ -ဒီ ) အက္ခရာများတွင် တွေ့မြင်ရသည်။ ဤကား ကျောက်စာနှစ်ချပ်၏ တတိယကွဲလွဲချက်တည်း။
၎။ တရိဂံကျောက်စာတွင်ပါသော( န ) နငယ်အက္ခရာစာလုံးနှင့် ရာဇကုမာရ်ကျောက်စာတွင်ပါသော( န ) အက္ခ ရာ စာလုံးတို့သည် မတူကွဲပြားမှုရှိသည်ကို တွေ့ရသည်။ ယင်းကွဲပြားမှုမှာ ရာဇကုမာရ်ကျောက် စာတွင် ပါသော ( န ) စာလုံးသည် ယနေ့အသုံးပြုနေသော ( န) စာလုံးကဲ့သို့ ဖြစ်နေပြီး တရိဂံကျောက်စာ ၌ ( န ) စာလုံးသည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန္ဒြမင်းကျောက်စာပါ (န) ကဲ့သို့ ဖြစ်နေသည်ကို တွေ့မြင်ရ သည်။ဤကား စတုတ္ထကွဲလွဲချက်တည်း။



၅။ တရိဂံကျောက်စာတွင်ပါသော ( သ) အက္ခရာ စာလုံးများနှင့် ရာဇကုမာရ်ကျောက်စာတွင်ပါသော ( သ ) အက္ခရာ စာလုံးတို့သည် မတူကွဲပြားမှုရှိသည်ကို တွေ့ရသည်။ ယင်းကွဲပြားမှုမှာ ရာဇကုမာရ်ကျောက်စာတွင် ပါသော ( သ ) စာလုံးသည် ယနေ့အသုံးပြုနေသော (သ) စာလုံးကဲ့သို့ ဖြစ်နေပြီး တရိဂံကျောက်စာ ၌ (သ) စာလုံးသည် ရခိုင်ဝေသာလီခေတ် အရေးမျိုးကျန်နေသည်ကို တွေ့မြင်ရသည်။ဤကား ပဉ္စမကွဲလွဲချက်တည်း။
၆။ တရိဂံကျောက်စာတွင်ပါသော (၀) စာလုံးများနှင့် ရာဇကုမာရ်ကျောက်စာတွင်ပါသော (၀ ) စာလုံးတို့သည် မတူကွဲပြားမှုရှိသည်ကို တွေ့ရသည်။ ယင်းကွဲပြားမှုမှာ ရာဇကုမာရ်ကျောက်စာတွင် ပါသော ( ၀ ) စာလုံးသည် ယနေ့အသုံးပြုနေသော ( ၀ ) စာလုံးကဲ့သို့ ဖြစ်နေပြီး တရိဂံကျောက်စာ ၌ ( ၀ ) စာလုံးသည် ( ဓ) ကဲသို့ ဖြစ်နေသည်ကို (၀ံ-၀ါ ) စာလုံးတို့တွင် တွေ့မြင်ရသည်။ဤကား ကျောက်စာနှစ်ချပ်၏ ဆဌမကွဲလွဲချက်တည်း။
၇။ တရိဂံကျောက်စာတွင်ပါသော ကျန်အခြားအက္ခရာစာလုံးများနှင့် ရာဇကုမာရ်ကျောက်စာပါ စာလုံးများမှာ ကွဲပြားမှုမရှိ တူညီနေမှုရှိသည်ကိုတွေ့ရသည်။ လက်ရေးလှသည်နှင့် မလှသည်သာကွဲပြားခြင်းဖြစ်သည်ကို တွေ့ရသည်။ ဤကာ ကျောက်စာနှစ်ခု၏ မတူကွဲပြားမှု ထူးခြားချက်များပင်တည်း။ မြန်မာစာ၏ မူလအစကို အမြန်ရှာဖွေတွေ့ရှိနိုင်ကြပါစေဟု မျှော်လင့်ရင်း 
မောင်ဖြူ(ကြွီတဲကျွန်း)
2.10.2018
ကိုးကား၊
မြန်မာတိုင်းရင်းကျောက်စာများ၊စတုတ္ထထုပ်၊ ရန်ကုန်တက္ကသိုလ်
တရိဂံကျောက်စာ -မြောက်ဦးပြတိုက်။
Source:http://myanmarclassic.multiply.com/journal?&show_interstitial=1&u=%2Fjournal