Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

Prof.Dr,Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြကျောက်စာ ပါမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း တင်ပြခြင်း 


Prof.Dr,Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြကျောက်စာ ပါမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း တင်ပြခြင်း



( Seminar on Sanskrit Literature of Rakhine) ရခိုင် သက္ကတစာပေဆိုင်ရာ စာတမ်းဖတ်ပွဲ တစ်ခုကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦးဆောင် ဦးရွ က်ပြုပြီး ကျင်းပခဲ့ပါ သည်။ စာ တမ်းဖတ်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ အာနန္ဒစန္ဒြကျောက်စာကို MOW ဟု ခေါ်သောကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းခြင်းနှင့် မြောက်ဦးမြို့ကို World Heritage ဟုခေါ်သော ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းရန် သာသနာ ရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ကြိုးပမ်းနေသည့်ကိစ္စတွင် အထောက်အကြူ့ပုရန်ရည်ရွယ်သည့်ဟုသိရပါသည်
စာတမ်းဖတ်ပွဲတစ်ခုကို 24.1.2018 နေ့ နံက် 9း00 မှ ညနေ 4း00 နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ Taw Win Garden Hotel , ၈ လွှာ , ပုဂံခမ်းမတွင် ကျင်းပပြုလုပ်သွားခဲ့ပါသည်။ ထိုစာတမ်းဖတ်ပွဲတွင် သီးသန့် ဖိတ်ကြား ထားသူများသာ အခမဲ့ တက်ရောက်နိုင်မည်ဖြစ်ပြီး ၊စိတ်ပါဝင်စားသူများ တက်ရောက် နားေ ထာင်လိုပါက တစ်ဦး လျင် ၃၀၀၀၀ ကျပ်ဖြင့် စာတမ်းဖတ်ပွဲကျင်းပသည့် နေ့တွင် စာရင်းသွင်း တက်ေ ရာက်နိုင်ပါကြောင်း စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီ၏ Facebook စာမျက်နှာ ( Rakhine Research Society) တွင် ရေးသားကြေ ငြာထား သည်ကို တွေ့ရပါသည်။
ဖတ်ကြားမည့်ခေါင်းစဉ်နှင့် စာတမ်းရှင်များ
Prof.Dr,Arlo Griffiths New perspectives on Arakan in the first millennium: its name, dynastic history and Buddhist culture. ---------------------------------------------------------------------- Prof.Dr, Suchandra Ghosh Arakan and Southeastern Bengal: Historical Perspectives ---------------------------------------------------------------------- U Maung Phru ( Aryanar Literature Group) New Dating and Findings on Anandacandra Stone Inscription.
သဘာပတိအဖြစ် ဆောင်ရွက်ပေးကြသူများမှာ
Prof.Dr,Jacques P.Leider ,Dr အေးချမ်း ၊ ဒေါက်တာ နုမြဇံ တို့ ဖြစ်ကြပါသည်။


အဆိုပါ ( Seminar on Sanskrit Literature of Rakhine) ရခိုင် သက္ကတစာပေဆိုင်ရာ စာတမ်းဖတ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြိုးမင်းသိမ်းမှ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားကာ ရခိုင်တိုင်း ရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း ရခိုင်သမိုင်းကြောင်းအကျဉ်းနှင့် အာနန္ဒစန္ဒြမင်း ကျောက် စာ ၏ သမိုင်းတန်ဖိုးကြီးမားပုံကို အမြွက်ပြောကြားသွားပေသည်။ ထိုစာတမ်းဖတ်ပွဲသို့ ရခိုင်မျိုးနွယ်စု ၀င် များဖြစ်သော ခမီလူမျိုးစု၊ မြိုလူမျိုးစု၊ သက်လူမျိုးစု၊ ဒိုင်းနက်(သက္ကမ) လူမျိုးစုများ၊ အခြားသော မြန်မာ တိုင်း ရင်းသားများလည်း ရိုးရာဝတ်စုံကိုယ်စီဝတ်ကာ တက်ရောက်ကြသည်ကို မြင်တွေ့ရပါသည်။ ထိုအပြင် ရခိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)မှ အဖွဲ့ဝင်တော်တော်များများတက်ရောက်ကြသည်ကိုလည်းတွေ့ရပြီ၊ နယ်ပယ်ရပ်အလိုက် ထူးချွန်ကြ သည့် ပုဂ္ဂိုလ်များ၊ ရခိုင်တက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြား ထားသူများ၊ အယနာစာပီအဖွဲ့(ရန်ကုန်) အဖွဲ့ဝင်များ၊ရဟန်းသံဃာများ စုံစုံညီညီတက်ရောက်ကြ သည် ကိုမြင်တွေ့ရသည်မှာ အားရစရာကောင်းလှပါသည်။
စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ဆောင် ရွက်သော Prof.Dr,Jacques P.Leider မှ Prof.Dr, Arlo Giffiths ၏ ကိုယ်ရေးအကျဉ်းကိုဖတ်ကြားတင်ပြခဲ့သည်။ြ့ပီးလျှင် Prof.Dr, Arlo Giffiths မှ သူ၏ စာတမ်းဖြစ်သော( New perspectives on Arakan in the first millennium: its name, dynastic history and Buddhist culture.) ကို တစ်နာရီခန့် Powerpoint များဖြင့် ရှင်းလင်းတင်ပြ ဖတ်ကြားသွားပါသည်။ Prof.Dr, Arlo Griffiths စာတမ်း ဖတ် ပြီးသောအခါ သမိုင်းပညာရှင် ဒေါက်တာေ အးချမ်းမှ သဘာပတိအဖြစ်ဆောင်ရွက်ကာ Prof.Dr, Suchandra Ghosh ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားတင်ပြသည်ကိုတွေ့ရသည်။ ထိုနောက် Prof.Dr, Suchandra Ghosh မှ သူ၏စာတမ်း (Arakan and Southeastern Bengal: Historical Perspectives) ကို Powerpoint မျာဖြင့် တစ်နာ ရီခန့် ဖတ်ကြားတင်ပြသွားအခါ စာတမ်းဖတ်ပွဲ ခေတ္တရပ်နားကာ တက်ရောက်လာသူများအား နေ့လည်စာဖြင့် တော်ဝင်ဂါးဒင်းဟိုတယ်၏ (၄)လွှာ တွင် တည်ခင်းဧည့်ခံကျွေးမွေးသည်ကို တွေ့ရသည်။
ထိုနောက် နေ့လည် တစ်နာရီတွင် စာတမ်းဖတ်ပွဲကို ပြန်လည်စတင်ကာ သဘာပတိအဖြစ်ဆောင် ရွက်သော ဒေါက်တာ နုမြဇံ မှ ဦးမောင်ဖြူ၏ ကိုယ်ရေးအကျဉ်းကိုဖတ်ကြားပြီး ဦးမောင်ဖြူ (အယနာစာပီအဖွဲ့)မှ သူ၏ စာ တမ်းဖြစ်သော (New Dating and Findings on Anandacandra Stone Inscription.) စာတမ်း ကို ဖတ် ကြားသွားပေသည်။ ဦးမောင်ဖြူ မှ အဓိက ဖတ်ကြားတင်ပြသွားသည်မှာ အာနန္ဒစန္ဒြ မင်း ကျောက်စာ၏ ရေးထိုး ခုနှစ်၊ ပထမမင်းဆက်၏ နန်းစံနှစ်(၁၀၆၀) ဖြစ်ကြောင်း ၊ စန္ဒြဘွဲ့ခံမင်း(၁၆)ပါး ရှိ ကြောင်း၊ စန္ဒြဘွဲ့ခံမင်းများသည် သီဝနတ်မင်းအနွယ်က ဆင်းသက်လာခြင်း မဟုတ်ကြောင်း၊ မူလကျောက် စာပါ အက္ခရာနှင့် ဒင်္ဂါးပါ အက္ခရာများ ကွဲလွှဲမှု၊ အဓိပ္ပါယ်ကွဲလွဲမှုများကို Power point Slide show များဖြင့် အသေးစိတ် ရှင်းလင်းသွားပေသည်။
စာတမ်းရှင်များအသီးသီးမှ သူတို့၏ သုတေသနစာတမ်းများကို ဖတ်ကြားပြီးသောအခါ အမေးအဖြေကဏ္ဍကို စတင်ကြသည်။ ပထမဆုံးမေးခွန်းရှင်မှာ ရခိုင်လူငယ်တစ်ယောက်ဖြစ်သော ကိုကောင်းထွန်းကျော်မှ Prof.Dr,Arlo Griffiths ၏ တင်ပြသော စာတမ်းပါ ဒင်္ဂါးနှစ်ပြားသည် ဝေသာလီခေတ်ဒုတိယမင်းဆက်မှ ဒါလစန္ဒြမင်း ဒင်္ဂါးဖြစ် သည်ဟု ဆိုသည်နှင့် ပက်သက်၍ မေးမြန်းသွားသည်ကို စာတမ်းရှင် Prof.Dr,Arlo မှ ပြန်လည် ဖြေကြား သွားပေ သည်။ နောက်တစ်ခါ ရခိုင်စာပေယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ ဒေါ်မေဦးသိန်းညွန့်မှ စာတမ်းရှင် ဦးမောင်ဖြူ တင်ပြ သော အာနန္ဒစန္ဒြကျောက်စာ အောက်ဆုံးစာကြောင်းပါ ဂဏန်း(၁၁)သည် ရေးထိုးခုနှစ်လော၊ သို့မဟုတ် မည်သည့် ဂဏန်းဖြစ်ပါသနည်းဆိုသည်ကို နိုင်ငံခြားပညာရှင်များမှ ထင်မြင် ချက်ပေးပါရန် မေးမြန်းခဲ့ပါသည်။ ဤမေးခွန်းနှင့် ပက်သက်၍ နိုင်ငံခြားပညာရှင်များမှ သဲသဲကွဲကွဲ ရှင်းလင်းဖြေ ကြားသွားသည်ကို မတွေ့ရပေ။
နောက်တစ်ခါ ရခိုင်သမိုင်းနှင့် သက္ကတစာပေကို လေ့လာနေသော ဒိုင်းနက်(သက္ကမ)ဦးပဉ္ဇင်းတစ်ပါးမှ Prof.Dr, Arlo တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးနှင့် ပက်သက်၍ ဦးမောင်ဖြူ၏ အမြင်ယူဆချက်ကို မေးမြန်းရာ ဦးမောင်ဖြူမှ နိုင်ငံခြား သားသက္က္တတ ပညာရှင်တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြမင်းကျောက် စာပါ ဒုတိယမင်းဆက်မှ မင်းတစ် ပါး၏ ဒင်္ဂါးဖြစ်ဖို့ လက်ခံရန် ခက်ခဲ့ပါကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ထိုဒါလစန္ဒြမင်း ဒင်္ဂါးသည် ဒုတိယ မင်းဆက် မှ စန္ဒြဘွဲ့ခံမင်းများအားလုံး၏ ဒင်္ဂါးများနှင့် အချက် (၅) လောက် ကွဲလွဲမှု ရှိနေကြောင်း တင်ပြသွား ပေ သည်။ ထိုနောက် စာတမ်းဖတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးေ ကြာင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင် ရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ နှုတ် ဆက်စကားပြောကြားကာ ရုပ်သိမ်းလိုက်ကြပေသည်။
ဤ( Seminar on Sanskrit Literature of Rakhine) ရခိုင် သက္ကတစာပေဆိုင်ရာ စာတမ်း ဖတ်ပွဲ တွင် နိုင်ငံတကာသက္ကတပညာရှင် Prof.Dr Arlo Griffiths စာတမ်း၌ အာနန္ဒ စန္ဒြကျောက်စာပါ ဒုတိယ မင်းဆက်မှ ဒါလစန္ဒြဒင်္ဂါးနှစ်ပြား အသစ်တွေ့ရှိသည်ဟု တင်သွင်း ဖတ်ကြားခဲ့သည်ကို အမှန်ပင် ဘ၀င် မကျဖြစ်ခဲ့ရပါသည်။ ထိုကြောင့် Prof.Dr, Arlo Griffiths တင်သွင်းဖတ်ကြားခဲ့သော ဒါလစန္ဒြဒင်္ဂါးနှင့် ပက်သက်၍ အနည်းငယ် ရေးသား တင်ပြလိုပါသည်။ မှား၏မှန်၏ကို ကျွန်ုပ် မပြောလိုပါ။ စာဖတ်သူများ သုံးသပ်ဆင်ခြ င်နိုင်ပါစေရန် တင်ပြလိုက်ပါသည်။
Prof.Dr, Arlo Griffiths စာတမ်း၌ ဖတ်ကြားတင်ပြသော ဒါလစန္ဒြဒင်္ဂါးများ



Prof.Dr, Arlo Griffiths စာတမ်း၌ ဖတ်ကြားတင်ပြသော အာနန္ဒစန္ဒြကျောက်စာဂါထာ(၂၃) ပါ ဒါလ စန္ဒြမင်းဟု ဆိုသည်ကို မင်းစဉ်အလိုက် မင်းအမည် ကို တန်းစီမည်ဆိုလျှင် (ပုံ-၂)တွင် ပြထား သည့်အတိုင်း ဒါလစန္ဒြသည် အမှတ်စဉ် (၃) တွင် စီတန်းရမည် ဖြစ်ပေ သည်။


(ပုံ-၂)
အာနန္ဒစန္ဒြမင်းကျောက်စာ ဒုတိယမင်းဆက်တွင် စန္ဒြဘွဲ့ခံမင်း (၁၃) ပါး ရှိပေသည်။ ရှာဖွေတွေထားသမျှ စန္ဒြဘွဲ့ခံမင်းများ ခပ်နှိပ်ခဲ့သောဒင်္ဂါးအရေအတွက်မှာ မင်းအမည် ရေးထိုးပါရှိသောဒင်္ဂါး(၁၁)ပြားနှင့် မင်း အမည် စာမပါ သော (ခရုသင်းတံဆိပ်-ကင်းပြီးကောက်တံဆိပ်)ပါ (၂) ပြား စုစုပေါင်း (၁၃) ပြားကို တွေ့ရှိပြီးဖြစ်၍ ထိုဒင်္ဂါးပြားများကို စာအုပ်စာတမ်း အများအပြားတွင် ဖေါ်ပြပြီးဖြစ်ပါသည်။ ထိုဒုတိယမင်းဆက်ပါ မင်းအမည် ပါ သော ဒင်္ဂါးများကို အစဉ်အတိုင်း မင်းစဉ်အလိုက် စီတန်းမည်ဆိုလျှင် (ပုံ-၃ ကို ရှုပါ) အ တိုင်း စီးတန်းရပေမည်။ ဤသို့ဆိုလျှင် Prof.Dr, Arlo တင်ပြသော ဒါလစန္ဒြ ဒင်္ဂါးသည် ဒုတိယနေရာ၌ ကျနေသည် ကို တွေ့ရပေမည်။ အာနန္ဒစန္ဒြမင်းကျောက်စာ ဒုတိယမင်းဆက်တွင် မင်းအမည် အက္ခရာပါသောမင်းသည် ရာဇစန္ဒြမှ စပြီး ဓရိတိ စန္ဒြမင်းထိ မင်း(၁၁)ပါးရှိရာ မင်းတစ်ဆယ့်တစ်ပါး၏ ဒင်္ဂါး များကို ရှာဖွေတွေ့ရှိခဲ့ပြီးလည်းဖြစ်ပေသည်။ အာနန္ဒစန္ဒြ ကျောက်စာဂါထာ(၂၃) ပါ မင်းတစ်ပါး၏ ဒင်္ဂါးပြားကို ယနေ့တိုင် မတွေ့ရှိသေးပေ။ ထိုမတွေ့ရသေးသော ဒင်္ဂါးနေ ရာ တွင် Prof.Dr, Arlo Griffiths က ထိုမင်း သည် ဒါလစန္ဒြဖြစ်ကြောင်း ထိုဒါလစန္ဒြမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးဆိုပြီး ရန်ကုန်မြို့ တော်ဝင်ဂါးဒင်း ဟိုတယ်တွင် 24.1.2018 နေ့က ပြုလုပ်သော စာတမ်းဖတ်ပွဲတွင် တင်သွင်းဖတ် ကြား သွား လေသည်။ အဆိုပါ ဒင်္ဂါးပြားပါ မင်းအမည်သည် ဒါလစန္ဒြ မဟုတ်သလို၊ ထိုဒင်္ဂါးပြားသည်လည်း အာနန္ဒ စန္ဒြမင်းကျောက်စာ ဂါထာ(၂၃)ပါ မင်း၏ဒင်္ဂါးပြားမဟုတ်ကြောင်း ၊ ကျောက်စာပါမင်းအမည်မှာလည်း ရာလစန္ဒြသာ ဖြစ် ကြောင်း ဦးမောင်ဖြူမှ ကျောက်စာအထောက်အထားများဖြင့် သက်သေပြကာ (ပုံ-၃)ပါအတိုင်း တင်ပြခဲ့ ပါသည်။


(ပုံ-၃)
Prof.Dr, Arlo Griffiths တင်ပြသော ဒါလစန္ဒြ ဒင်္ဂါးသည် အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၂၃)ပါ မင်းးခပ်နှိပ်ခဲ့ သော ဒင်္ဂါးမဟုတ်ကြောင်း အောက်ပါအချက်အလက်များကို သက်သေပြု၍ တင်ပြ လိုက်ပါသည်။ အာနန္ဒစန္ဒြမင်းကျောက်စာ ဒုတိယမင်းဆက်ပါ မင်းများခပ်နှိပ်ခဲ့သောဒင်္ဂါးနှင့် ကွဲလွဲသည့်အချက်များ (၁) ဒင်္ဂါးပါ အက္ခရာ ကွဲလွဲမှု၊ (၂) မင်းအမည် အပေါ် အောက် နေရာ ကွဲလွဲနေမှု ၊ (၃) နွားလည်ပင်း၌ ပုတီးကုံးပါမလာမှု၊ (၄) နွားမျက်နှာ လှည့် မတူမှု၊ (၅) ခေတ်ကာလကွဲလွဲမှု တို့ ဖြစ်ပါသည်။
ကွဲလွဲမှု(၁) အက္ခရာကွဲလွဲမှုကို တင်ပြခြင်း
ဒင်္ဂါးကို ကွန်ပျူတာဖြင့် ပုံကြီးချဲ့ပြီး ဒင်္ဂါးပါ အက္ခရာ ပုံဖေါ်ရေးလိုက်သောအခါ ထွက်လာသောအက္ခရာမှာ ပုံ-၄ တွင် ဖေါ်ပြထားသည့်အတိုင်း သာဖြစ်ပေသည်။ ထိုကြောင့် Prof.Dr, Arlo တင်ပြသော ဤဒင်္ဂါးပြားပါ စာသည် ( ဒါလစန္ဒြ ) အမည် မဟုတ်ကြောင်း ပထမကွဲလွဲချက်ဖြစ်ပေသည်။ (ပုံ-၄ ရှု)


(ပုံ-၄)
ကွဲလွဲချက် (၂) ဒင်္ဂါးပါ မင်းအမည်စာလုံးများ အပေါ် အောက်ကွဲလွဲမှုကို တင်ပြခြင်း
Prof.Dr, Arlo တင်ပြသော တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးဟု ဆိုသော ဒင်္ဂါးပြား၌ မင်းအမည်ကို နွားလားဥဿဘ၏ အောက်တွင်ရေး ထိုးထားသည်ကို အထင်းသားတွေ့မြင်ရပေသည်။ အာနန္ဒစန္ဒြကျောက်စာ ဒုတိယမင်းဆက် ၌ရှိ သော စန္ဒြဘွဲ့ခံမင်းများ ခပ်နှိပ်ခဲ့ကြသော ဒင်္ဂါးများတွင် မင်းအမည်ရေးထိုးထားသော နေရာသည် ဒင်္ဂါး၏အထက် ပိုင်း(သို့) နွားလားဥဿဘ၏ အပေါ်ပိုင်းတွင်သာ ရေးထိုးလေ့ရှိကြသည်ကို စန္ဒြဘွဲ့ခံမင်းများခပ်နှိပ်ခဲ့သော ဒင်္ဂါး(၁၁) ပြားက သက်သေခံနေပေသည်။ (ပုံ ၅ ရှု ) ဤကား ဒါလစန္ဒြမင်းဒင်္ဂါး မဖြစ်နိုင်ကြောင်း ဒုတိယကွဲလွဲချက်ပေတည်း။


(ပုံ-၅)
ကွဲလွဲချက်(၃) နွားလည်ပင်း ပုတီးကုံး ပါ - မပါ ကွဲလွဲမှုကို တင်ပြခြင်း
ကွဲလွဲချက်(၃)၌ တင်ပြလိုသည်မှာ Prof.Dr, Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးဟုဆိုသော ဒ င်္ဂါးပြား ၌ နွားလားဥ ဿဘ ၏ လည်ပင်းတွင် ပုတီးကုံးမပါရှိပေ။ အာနန္ဒစန္ဒြကျောက်စာ ဒုတိယမင်း ဆက် ၌ရှိသော စန္ဒြဘွဲ့ ခံမင်းများ ခပ်နှိပ်ခဲ့ကြသော ဒင်္ဂါးများအားလုံးတွင် နွား၏လည်ပင်း၌ ပုတီးကုံး ပါရှိနေသည်ကို အတိုင်းသား မြင်နေ ရပေသည်။ ထို့ကြောင့် Prof.Dr, Arlo Griffiths တင်ပြသော ဒင်္ဂါးသည် အာနန္ဒစန္ဒြ မင်းကျောက်စာပါ မင်းတစ်ပါး၏ ဒင်္ဂါးမဖြစ်နိုင်ကြောင်း ကွဲလွဲချက် (၃) ပေတည်း။ ( ပုံ ၅ - ၆ ရှု)



(ပုံ-၆)
ကွဲလွဲချက်(၄) နွားမျက်နှာလှည့် ကွဲလွဲမှုကို တင်ပြခြင်း
Prof.Dr, Arlo တင်ပြသော တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးဟု ဆိုသော ဒင်္ဂါးပြား၌ နွားရုပ်၏ မျက်နှာသည် ရှေ့တည့် တည့်သို့ မျက်နှာမူလျှက် တစောင်းဝပ်နေသည်ကို တွေ့မြင်ရပေမည်။ အာနန္ဒစန္ဒြကျောက်စာ ပါ မင်းများခပ်နှိပ်ခဲ့ သော ဒင်္ဂါးများအားလုံးတွင် နွားရုပ်သည် လူဖက်သို့ မျက်နှာမူလျှက် လှည့်ကြည့်နေသည်ကို တွေ့မြင်ရပါသည်။ ထိုကြောင့် Prof.Dr, Arlo Griffiths တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးသည် အာနန္ဒစန္ဒြမင်း ကျောက်စာပါမင်းများ ခပ်နှိပ်ခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း ကွဲလွဲချက် (၄)ပေတည်း။ (ပုံ- ၇ ရှု)
နွားမျက်နှာလှည့် မတူကွဲပြားမှုကို မြင်ရပုံ


(ပုံ-၇)
ကွဲလွဲချက်(၅) ခေတ်ကာလ ကွဲလွဲမှုကို တင်ပြခြင်း
Prof.Dr, Arlo တင်ပြသော တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါးဟု ဆိုသော ဒင်္ဂါးပြား၌ နွား၏ အရုပ်တွင် လည်ပင်း၌ ပုတီးကုံးမပါသည်ကို ကွဲလွဲချက်(၃) တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ အာနန္ဒစန္ဒြမင်းကျောက်စာတွင် တတိယမင်း ဆက်၌ မင်း(၉)ပါး ပါရှိသည်။ ထိုမင်းတို့၏အမည်များမှာ (၁) မဟာဝီရ၊ (၂) ဝြယဇပ် (၃) သေ၀င်္င်္ရေင် ၊(၄) ဓမ္မ သူရ၊(၅) ၀ဇြသတ္တိ၊(၆) ဓမ္မ၀ိဇယ(ရ) နရေန္ဒစန္ဒြ၊ (၈) ဓမ္မစန္ဒြ၊(၉) အာနန္ဒစန္ဒြ)တို့ ဖြစ်ကြပါသည်။ ထိုမင်းကိုးပါးတွင် ဓမ္မ၀ိဇယ၊ ဓမ္မစန္ဒြ၊ အာနန္ဒစန္ဒြ မင်း ၃ ပါးတို့၏ ဒင်္ဂါးများကို တွေ့ရှိပြီးဖြစ်ပါသည်။ ထိုမင်းသုံးခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ ဓမ္မစန္ဒြမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးတွင် နွား၏လည်ပင်း၌ ပုတီးကုံးမပါသည်ကို အစောဆုံးမြင်တွေ့ရပေသည်။သို့သော် မင်း၏အမည်ကို နွားလားဥဿဘ၏ အပေါ်တွင်သာ ရှိနေသေးသည်ကို တွေ့ရပြီး Prof.Dr, Arlo တင်ပြသော တင်ပြသော ဒါလစန္ဒြမင်းဒင်္ဂါတွင် မင်း၏အမည်သည် နွားရုပ်၏အောက်တွင် ရှိနေသည်ကို သတိပြုလိုပါသည်။ နွား၏အရုပ်သည်လည်း တော်တော်ကွဲပြားနေသေးသည်ကို တွေ့နေရသေး၏။ (ပုံ-၈ ရှု)



(ပုံ-၈)
Prof.Dr, Arlo Griffiths တင်ပြသည့် ဒါလစန္ဒြမင်းဒင်္ဂါးဟုဆိုသော ဒင်္ဂါးသည် အာနန္ဒစန္ဒြကျောက်စာတွင် ထိုမင်း အမည် မပါ မတွေ့ရသေးသော ဒင်္ဂါးပြားတစ်ချပ်နှင့် အနီးစပ်ဆုံး တူနေသည်ကို သတိပြုမိပါသည်။ ထိုဒင်္ဂါးကား မေဒစ ( န္ဒြ ) ဟု ဖတ်နိုင်သော ဒင်္ဂါးပြားဖြစ်ပါသည်။ Prof.Dr, Arlo Griffiths တင်ပြသည့် ဒါလစန္ဒြမင်းဒင်္ဂါးကဲ့သို့ ထို မေဒစ (န္ဒြ) ဒင်္ဂါးသည် မင်း၏အမည်ကို နွားလားဥဿဘ ၏ အောက်တွင် ရေးထိုးထားပြီး နွား၏လည်ပင်း တွင် လည်း ပုတီးကုံးမပါရှိသော ဒင်္ဂါးဖြစ်ပေသည်။ သို့သော် နွား၏ မျှက်နှာ ဘယ်လှည့် နှင့် ညာလှည့် ကွာနေသည် ကို တွေ့ရသေးသည်။ နွားရုပ်၏သွင်ပြင်လက္ခဏာလည်း အများကြီးကွာနေသေးသည်ကို သတိပြုမိကြလိမ့်ဟု ယူဆမိ ပါသည်။ ဤကား ခေတ်ကာလ ကွဲလွဲချက်တည်း (ပုံ ၉- ၁၀- ရှု )


(ပုံ-၉)
Prof.Dr, Arlo Griffiths တင်ပြသော ဒင်္ဂါးကို ဒါလစန္ဒြဟု ထိုနေ့စာတမ်းဖတ်ပွဲတွင် မဟုတ် မှန်ကြောင်းကို မချပြနိုင် ခဲ့ပါက ပါမောက္ခဂျွန်စတင် ရေးသားခဲ့သော ကာလစန္ဒြ နှင့် နှစ်ပေါင်း ၇၀ ကျော် စာအုပ် စာတမ်းများ၌ ရခိုင်သမိုင်း ကို ရေးခဲ့ကြသလို ယခုတစ်ခါလည်း ဒါလစန္ဒြဒင်္ဂါးနှင့် ရေးသားဖေါ်ပြလာကြမည်ကို စိုးရိမ်မိေ သာကြောင့် စာတမ်း ရှင် Prof.Dr Arlo Griffiths ရှေ့မှောက်၌ပင် ဒါလစန္ဒြဒင်္ဂါး မဟုတ်မှန်ကြောင်း အထက် ဖေါ်ပြပါ ကွဲလွဲချက်များကို အထောက်အ ထား ပြ၍ တင်ပြနိုင်ခဲ့ပါသည်။ Prof.Dr, Arlo Griffiths မှ သူတင်ပြသော ဒင်္ဂါးသည် ဒါလစန္ဒြဒင်္ဂါးဟု သေချာနေလျှင် ချက်ချင်းကန့်ကွက်မည်မှာ အမှန်ဖြစ်ပေသည်။ ယခုမူကား Prof.Dr, Arlo Griffiths သည် ဒါလ စန္ဒြဖြစ်ကြောင်း နောက်ထပ် အထောက်အထားပြ၍ သေချာရှင်းပြခဲ့သည်ကို မတွေ့လိုက်ရပေ။


(ပုံ-၁၀)
ထိုကြောင့် Prof.Dr, Arlo Griffiths တင်ပြသည့် ဒါလစန္ဒြမင်းဒင်္ဂါးဟုဆိုသော ဒင်္ဂါးပြားသည် အာနန္ဒစန္ဒြမင်း ကျောက်စာ အနောက်ဖက်မျက်နှာတွင် မင်းအမည်မပါဝင်သော အခြားသောမင်းတစ်ပါး ခပ်နှိပ်ခဲ့သော ဒင်္ဂါးသာ ဖြစ် နိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့ (ရန်ကုန်)
3.2.2018