မြန်မာစာဆိုတာ ရခိုင့်စာကို ဗမာမှုပြုခြင်း
(မြန်မာစာဆိုတာ ရခိုင့်စာကိုဗမာမှုပြုခြင်း)
★ ★ ★ ★ ★ ★
သမီးမျောက်သား ။....။
လက်ရှိစာပေ အက္ခရာဟာ
ရခိုင့်စာပေ အက္ခရာလား ။ ဗမာ့စာပေ အက္ခရာလား ဆိုတာ သိစေဖို့။ ဗမာပြည်၌ ဗမာကျောက်စာဆိုတဲ့ အထဲက ဝေါဟာရ တစ်ခုလောက် ပြပါရစေ။
သမီးမျောက်သား ။..။
သမီးမျောက်သား ဆိုတာ ဗမာစကားလား ရခိုင်စကားလားဆိုတာ လူတိုင်း သိပါလိမ့်မယ်။
ဗမာမှာ ညီအစ်ကို ဝမ်းကွဲ ခေါ်တယ်။
ရခိုင်မှာ သမီးမျောက်သား ခေါ်တယ်။
ဒီတော့ သမီးမျောက်သားဆိုတာ ရခိုင်စကား စစ်စစ်ဖြစ်တယ်ဆိုတာ ဘယ်ပညာရှင် သုတေသီကမှ မငြင်းနိုင်ပါဘူး။
ဒါကြောင်း ပုဂံပြည်ခေတ်ထိုး အကုန်လုံး ကျောက်စာ၏ စာပေအက္ခရာ( လက်ရှိမြန်မာအက္ခရာ) ဝေါဟာရများသည် ရခိုင့်စာပေ ရခိုင်စကား ရခိုင့်ဝေါဟာရများ ဟုသက်သေပြနေကြတာ အလကား မဟုတ်ပါ ၊ ဒါတစ်ခုတည်းမဟူတ်ပါဘူး.. ကျောက်စ အကုန်လုံး တစ်ခုလုံး.. ၉၅ % လောက်တောင် လက်ရှိ ရခိုင်တွေ စကားဖြစ်နေသေးတယ်.. အဲ့အချိန်အဲ့ကာလ ဆိုရင် ၁၀၀% အပြည့်ဖြစ်နေတာပေါ့ ..
အောက် ပုံ ၁၃ ကနေ အဆုံးထိ အကုန်နီးပါး ရခိုင်တိုင်း ဖတ်တတ်လိမ့်မယ် ထင်တယ်.. ကျတော်လေ့ သမိုင်းဆရာမဟုတ်.. ဒါပေမယ့် ဖတ်တတ်နေတာ ဘာကြောင်းများလဲ့..
မိမိစကား မိမိစာပေ ဆိုရင် မြင်လိုက်တာနဲ့ တန်းသိတယ်ဆိုတာ ဒါကို ပြောတာ..
..အနီနဲ့မျှားပြထားတယ်
သမီးမျောက်သားကို== ရခိုင်စကား ရခိုင့်စာပေ..၊
မွန်လူမျိုးမှာလည်း ဒီစကား မရှိဘူး။ ဗမာမှာလည်း ဒီစကားမရှိဘူး။
ဒါကြောင်း>လက်ရှိ မြန်မာစာခေါ် စာပေ ၊ အက္ခရာဟာ ရခိုင့်စာပေ ရခိုင့်စကား သာဖြစ်ပြီး ။ ရခိုင်စာပေ ရခိုင့်စကားကို ယခုအခါ ဗမာအသံထွတဖြင့် ဗမာမှုပြုလိုက်တာပဲဖြစ်ပါတယ်။
♥ ♥ ♥ ♥ ♥ ♥ ♥
Zaw Zaw (ရက္ခပူရတိုင်း) (မှန်ကန်တဲ့ တရားသည် ပျောက်ရိုးထုံးစံမရှိပဲ)