Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရန်သူလက်မှ လွတ်မြောက်သော ဘုရားနှစ်ဆူ

ရန်သူလက်မှ လွတ်မြောက်ခြင်း ဘုရားနှစ်ဆူ

®®®®®®®®®®®®®®®®®®®

ဘိလပ်မြေ အင်္ဂတေအုပ်ထားလို့ ဗမာဘုရင်တွေ လုယက်ယူငင်တာာမှာမပါခဲ့တဲ့ ဘုရား( ၂)ဆူ
@@@@@@@@@@@@@@@@





၁၉၇၈-ခုကဆရာကြီးဦးစံသာအောင် မြောက်ဦးကိုသုတေသနခရီးသွါးတဲ့ အခါ လိုက်ပါသွားပါတယ်။ဆရာကြီးက၁၇၈၅-ခုကဗဒုံမင်းမောင်ဝိုင်း ရခိုင်ကဘုရားတွေ ကိုလုယက်သိမ်းယူသွားတဲ့ခါ ဥာဏ်တော်ကြီး ကြီးဘုရား
တစ်ဆူလည့် မကျန်ခဲ့ဘူး လားလို့ဆရာကြီးဦးဦးသာထွန်းကိုမေးတဲ့ အခါ။ ဆရာကြီးဦးဦးသာထွန်းကတစ်ဆူကျန်ခဲ့တယ် ဆိုပြီး စန္ဒာမုနိ ဘုန်းကြီးကျောင်းကိုခေါ်သွားပါတယ်။ စန္ဒာမုနိ ကျောင်းတောင်ဖက်အစွန်းမှာ အကာအရံမရှိပဲ အမိုးအကာ သံဖြူကွာနေတဲ့ အဆောင်တစ်ခုမှာ အင်္ဂတေနဲ့ဘုရားတစ်ဆူတွေ့ရပါတယ်။အဲ့ဘုရားဟာအင်္ဂတေမံထားတဲ့ကြေးဘုရားဖြစ်တယ်။ မောင်ဝိုင်း လက်ထဲ ပါမသွားအောင်လုပ်ထားလို့ကျန်ခဲ့တာလို့ရှင်းပြပါတယ်။ 


ဆရာကြီးဦးစံသာအောင်က အင်္ဂတေမံထားလို့ ဗမာလက်မပါခဲ့တဲ့ နောက်ဘုရားတစ်ဆူ ယိုဒယားမှာ လဲ့ ရှိတယ်လို့ပြောပြပါတယ်။ မြောက်ဦးမြို့ စန္ဒာမုနိ ကျောင်းကဘုရားအင်္ဂတေခွါပြီးတဲ့အချိန်မှ စန္ဒမုနိလို့လူတွေဖူးတွေ့ရပါတယ်။

ယိုးဒယားဘုရားကကုန်းဘောင် ဗမာမင်း၁၇၆၇ခုမှာ အယုဒယကိုတိုက်ခိုက်သိမ်းပိုက်တဲ့ခါ အင်္ဂတေမံထားလို့လုယက်ယူငင်မခံရပဲ ကျန်ခဲ့တဲ့ ( #ရွှေ ၅ တန် )ရှိတဲ့ ဘုရားပါ။၁၈၀၁ခုမှာ ရာမ(၁)ဘုရင်ဘန်ကောက်မြို့ကိုတည်ထောင်လို့ ပြောင်းတဲ့အခါ မြို့ပျက်ကနေ ဘုရားတွေကိုလဲ့ပြောင်းယူခဲ့ပါတယ်။ နှစ်ပေါင်း၂၀၀ကျော်လူမသိပဲ ရှိနေတာက ၁၉၅၅ခု မေလ၂၅နေခါအဆောင်သစ်ကိုပြောင်းခါမှ ရွှေ ဘုရားလို့သိကြတာပါ။အခု ဘန်ကောက်မြို့သရီမတ်ဘုရားကျောင်းမှာ
ဖူးတွေ့နိုင်ပါတယ်။

Photo ( ၁ )က ရခိုင်က ဘိလပ်မြေ အင်္ဂတေအုပ်ထားလို့ ဗမာဘုရင်တွေ လုယက်ယူငင်တာာမှာမပါခဲ့တဲ့ ဘုရား(၁)ဆူဖြစ်တဲ့ စန္ဒမုနိ ဘုရား ဖြစ်ပါတယ် ။

Photo ( ၂) က ထိုင်းနိုင်ငံက ဘိလပ်မြေ အင်္ဂတေအုပ်ထားလို့ ဗမာဘုရင်တွေ လုယက်ယူငင်တာာမှာမပါခဲ့တဲ့ ဘုရား(၁)ဆူ ဖြစ်ပါတယ်

Characteristics 
The statue weighs 5.5 tonnes (5.4 long tons; 6.1 short tons). 
( The statue measures 3.91 meters from base to top,
and 3.10 meters across the lap from knee to knee.) 
It can be disassembled into nine pieces. 
At US$1,400 per troy ounce, the gold in the statue (18 karat) is estimated
to be worth 250 million dollars. The body of the statue is 40% pure, 
the volume from the chin to the forehead is 80% pure, 
and the hair and the topknot, weighing 45 kg, are 99% pure gold.
https://steemit.com/travel/@worathi/the-golden-buddha-weighing-5-tons-was-covered-with-plaster-for-a-long-time

မှုရင်း >> https://m.facebook.com/story.php?story_fbid=209636689487169&id=100013225188733





Comments