Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဝေသာလီခေတ် သီရိလင်္ကာသို့ ရခိုင်မှ သာသနာပြုအဖွဲ့စေလွှတ်သည့် ကျောက်စာသက်သေ

ဝေသာလီခေတ် သီရိလင်္ကာသို့ ရခိုင်မှ သာသနာပြုအဖွဲ့စေလွှတ်သည့် ကျောက်စာသက်သေ
°°°°°••••°°°°°°°°••••••••°°°°°°•••••

ရခိုင် ဝေသာလီပြည့်ရှင် အာနန္ဒစန္ဒြမင်းကြီးသည် ကောဇာသက္ကရာဇ် (၂ - ၁၁) (အေဒီ ၆၄၀-၆၄၉) ( သာသနာသက္ကရာဇ် -၁၁၈၄-၁၁၉၃) တွင်   ရခိုင်ပြည်မှ ရဟန်းတော်များကို အလွန်လိမ္မာသော ဆင်မယဉ်သာတစ်ကောင်၊  တရားဟောပလ္လင် ၊ တောက်ပသစ်လွင်သော ပိုးသင်္ကန်းများကို သီလာမေဃ ခေါ် သီဟိုဠ် -သီရိလင်္ကာတိုင်းပြည်၏ မင်းထံသို့ သာသနာပြုစေလွှတ်တော်မူသည်ကိုေ ရးထိုးထားသော ဂါထာဖြစ်ပါတယ်။

ကိုးကား။
အာနန္ဒစန္ဒြမင်းကျောက်စာ စာကြောင်းရေ (၆၂-၆၃-၆၄ )
အာနန္ဒစန္ဒြကျောက်စာ ဂါထာအမှတ်(၆၁)

မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့ (ရန်ကုန်)

Comments