Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သင်္ဂါယနာတင်မော်ကွန်း ကျောက်စာ

အာနန္ဒစန္ဒြမင်းကျောက်စာသည် သြဘာစာမဟုတ်၊ သင်္ဂါယနာတင်မော်ကွန်းကျောက်စာရာ ဖြစ်တေ။

=*******************

ရှေးကပညာရှင်တိက အာနန္ဒစန္ဒြမင်းကျောက်စာကို ယေဘူယျအားဖြင့် "သြဘာစာ" လို့ရာ အမှန်တရားနန့် ကင်းကွာရေ  အခေါ်အဝေါ်မျိုးနန့်  ပြောဆို ရွီးသားခကတ်ပါရေ ။ 

အဂု
အာနန္ဒစန္ဒြမင်းကျောက်စာရေ ကျောက်စာပါအထောက်အထားတိအရ  သင်္ဂါယနာတင်ခစွာကို ရွီးထိုးထားရေ "သင်္ဂါယနာတင် မော်ကွန်း" ကျောက်စာတစ်ခုရာ ဖြစ်တေဆိုစွာကို သိကတ်စီချင်ပါရေ။

ယင်းအတွက်နန့်  အာနန္ဒစန္ဒြမင်းကျောက်စာကို " သြဘာစာ" လို့ ရွီးဖို့နေရာမှာ အာနန္ဒစန္ဒြမင်း၏ "သင်္ဂါယနာတင် မော်ကွန်းကျောက်စာ" လို့   ရွီးကတ်ဖို့စွာကို အသိပီး တိုက်တွန်းလိုပါရေ။

ပြောရေအခါ ၊ ခေါ်ရေအခါလည်း 
"အာနန္ဒစန္ဒြမင်း သင်္ဂါယနာတင်မော်ကွန်းကျောက်စာ" လို့ ခေါ်ဝေါ်ပြောဆိုနိုင်လောက်တေ ကျောက်စာ အထောက်အထား ခိုင်ခိုင် လုံလုံ ဟိနိန်ကြောင်းကို  အသိပီးအပ်ပါရေ။ အမျိုးရို့

မိုးထက်က ပျော်ရေဆိုစွာ အေကိစ္စကြောင့်ပါအမျိုးရို့

မောင်ဖြူ (ကြွီတဲကျွန်း)