အာနန္ဒစန္ဒြကျောက်စာပါ စာကြောင်းရေ (၇၃)ပါ (ဧကာဒဿမ =၁၁) သည် Year လား Era လား

ဆရာကြီး ဦးအောင်လှသိန်း (စစ်တွေ) အမေး(၂)ကို ဖြေကြားခြင်း

အာနန္ဒစန္ဒြကျောက်စာပါ စာကြောင်းရေ (၇၃)ပါ (ဧကာဒဿမ =၁၁) သည် Year လား Era လား 
-------------------------------------------------
မောင်ဖြူ (ကြွီတဲကျွန်း) အဖြေ

ဧကာဒဿမ သည် Year လား Era သက္ကရာဇ်လား ဆိုသည်ကို ဖြေရမည်ဆိုလျှင် စာကြောင်းရေ (၇၂) ပါ အကြောင်းအရာနှင့် ဆက်စပ်ကာ ဖြေရမည်ဟု ယူဆပါသောကြောင့် စာကြောင်းရေ(၇၂) ပါ ဂြီကိက္တိသံပုဏ၀ိဇယ စာသား၏ အဓိပ္ပါယ်မှာ ( ကျက်သရေရှိစွာ ပေါ်လွင် ထင်ရှား၍ ပြည့်စုံစွာ ပြီးမြောက်အောင်သတည်း) ဟုဆိုသောကြောင့် ယနေ့ လူတို့လောက၌ အလှူမှတ်တမ်းများ ရေးရာတွင်လည်း စာပြီးဆုံးကြောင်း လက္ခဏာဖြစ်သော ငါ၏ကောင်းမှုအလှူကို နောင်လာနောက်သားသိစေသော်၊ နိမ္ဗာနပစ္စယောဟောတု၊ နတ်လူသာဓုခေါ်စေသော်၊ ရေးကြသကဲ့သို့ အဝေးရောက်နေသူများ မိသားစုဆီကို စာရေးသားကြရာ၌ စြာ့ပီးဆုံးကြောင်း အမှတ်လက္ခဏာအဖြစ် အောက်
တွင် မိမိ၏အမည်၊ ခေတ္တရောက်နေသောအရပ်၊ ရက်စွဲ ၊ ကျန်းမာပါစေ၊ သတိရလျှက်၊ အမှတ်တရ တို့ကို ရေးမှတ်လေ့ရှိသကဲသို့၊ ရုံးစာ ရေးရာ၌လည်း စာပြီးဆုံးလျှင် ထိုစာ၏အောက်ဆုံးတွင် လျောက်ထားသူအမည်၊ လက်မှတ် (၀ါ) လူကြီးအမည် လက်မှတ် ရက်စွဲ ရေးထိုးသကဲ့သို့ ဝေသာလီပြည့်ရှင် အာနန္ဒစန္ဒြမင်းကြီး သည်လည်း သူ၏ အနွယ် ဘိုးလောင်းတော်၊ဘေး
လောင်းတော်များ၏အမည်နှင့် နန်းစံများကို နှောင်းလူများသိရှိစေရန်နှင့် သူ၏ ကောင်းမှု ပြုလုပ်ဆောင်ရွက်ချက်များကို နောက်လာနောက်သားများ သိရှိစေရန်အတွက် ကျောက်တုံးတွင် ကမ္ဗည်းထိုးမှတ်တမ်းတင်ကာ ပြီးဆုံးသည့် ခုနှစ်သက္ကရာဇ်ကို အောက်ဆုံးတွင် ရေးထိုးထားခြင်း သာဖြစ် ပါကြောင်း ဖြေကြားအပ်ပါသည်။ 
အာနန္ဒစန္ဒြ ကျောက်စာကြောင်းရေ (၇၃) ပါ ဧကာဒဿမ သည် ရခိုင် သက္ကရာဇ် (၁၁) ခုနှစ် သာဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

ထိုကဲ့သို့ အလားတူ စာပြီးဆုံးကြောင်းကို မြောက်ဦးခေတ်မင်းတစ်ပါးဖြစ်သော မင်းတိက္ကော ဘုရင်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ကိုးသောင်းဘုရားတည် ရွံ့ပြားစာကို သက်သေတည်၍ ဖြေကြားအပ်ပါသည်။

( ကိုးသောင်းရွံ့ပြားစာကို ရှု )

ကျွန်တော်၏ ဖြေကြားချက်များမှာ လက်ခံနိုင်ဖွယ် ရပ်ခံအပ်ပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)



Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား