ဟိန္ဒူ ဗြဟ္မဏ ဘာသာရေးဆိုင်ရာများရရှိခြင်း ရခိုင်များ နာစရာ မဟုတ်
ရခိုင်များ  နာစရာ မဟုတ်
======================
ရခိုင်ပြည်တွင် ဟိန္ဒူ ဗြဟ္မဏ ဘာသာရေးဆိုင်ရာများရရှိခြင်းကို ဗမာအပါအဝင် အခြားသောလူမျိုး သမိုင်းလေ့လာသူ နှင့် သမိုင်းဆရာများက ရခိုင်သည် ရှေးတုန်းက ဟိန္ဒူဗြဟ္မဏ အယူဝါဒ ၊ မဟာယနဟုစွပ်စွဲ ပြောဆိုနေခြင်းတို့ကို ရခိုင်တွေ (နာစရာ) မဟုတ်ချေ။
ယင်းအရာများသည်ပင် ရခိုင်​သည် ရှေးကျခြင်း၊
မြင့်မြတ်ခြင်း တို့ကို ဖော်ပြနေခြင်းပင်ဖြစ်သည် ။
ယင်းအရာများသည်ပင် ရခိုင်လူမျိုးသည် အိန္ဒိယတိုက် မဂဓတိုင်းနှင့် ဆက်စပ်နေကြောင်း
ဂေါတမဘုရား မပွင့်ခင်ကတည်းက ရခိုင်လူမျိုးသည် ရှေးနှစ်များစွာကပင် ယခုရောက်ဆဲနှစ်နဲ့တွက်မည်ဆိုလျှင် လွန်ခဲ့သောနှစ်ပေါင်း
နှစ်ထောင်ငါးရာကျော်မတိုင်မီ BC ခေတ်ကာလ ကတည်းက ရခိုင်ဟုသောလူမျိုးသည် ရှိနေခဲ့ကြောင်း ဤဟိန္ဒူဗြဟ္မဏ အယူဝါဒ အထောက်ထားများက သက်သေပြနေခြင်းဖြစ်ပါသည် ။
အဘယ်ကြောင်းဆိုသော အိန္ဒိယတိုက် ဟိန္ဒူအမျိုးအနွယ် ဗုဒ္ဓဘုရား မပွင့်ခင်တည်က ဇာတ်မြင့် ဇာတ်နိမ့် ခွဲခြားသတ်မှတ်၍ ရှိနေကြသည် ။
ရှေးက. .အိန္ဒိယ မှာ ဇာတ်လေးမျိုးခွဲ ထားရာမှာ.
ခတ္တိယ (ဗုဒ္ဓဘုရား အနွယ်) မင်းမျိုးတွေ ကို..ဗြဟ္မဏ ပုဏ္ဏား တွေက
ဝေဒ ကျမ်းဂန်တွေနဲ့ အကြံပေး. ပညာသင် ပေးခဲ့တယ်။
အိန္ဒိယဇာတ်မျိုးလေးပါးထဲမှာ ဗြဟ္မဏက အမြင့်ဆုံး အမြတ်​​ဆုံး ဟုသတ်မှကြသည် ၊ ဗြဟ္မဏမျိုး ကိုသတ်လျှင် အပြစ်က အကြ်ီးဆုံးဟု သတ်မှတ်ကြသည်
အရှင်သာရိပုတ္တရာဟာ ဗြဟ္မဏမျိုးဖြစ်တယ် ။
* ဗြဟ္မဏပုဏ္ဏား*
ဟိမဝန္တာတောင်ပေါ်မှာ. တရားအားထုတ်ပြီး
ဈာန် အဘိညာဉ် တန်ခိုးရထားတဲ့
;လူတွေရဲ့ အနာဂတ် ကံကြမ္မာကို
ကြည့်ပြီး ဘယ်လူဟာ ဘယ်အခြေအနေ မျိုးပါရင်
ဘာဖြစ်မယ်. . ဘာဖြစ်နိုင်မယ် ဆိုတဲ့. .
ဝေဒကျမ်းဂန်တွေကို ရေးသားပြုစုခဲ့ကြသည်
ဗေဒင် ဆိုတဲ့ ဝေဒကျမ်းဂန်တွေဟာ
ယင်းနည်းတူ ရခိုင်တို့သည်လည့် ဒီလို အမတ်ပညာရှိများ အတိတ် နိတ်မိကြည့်တတ်ခြင်း  စစ်မထွတ်မည်အတိတ် နိတ်မိ ကောက်၍ ဘုရင်ကို လျှောက်တင်ကြရသည် ၊ အမတ်ပညာရှိ လျှောက်ထုံးများစွာ ရှိသည် ဥပမာပြရလျှင် ဗျိုင်းနား၍ ခေါင်းမိုး ပျက်သည်ကိုမြင်၍ ဘုရင်အား အမတ်ပညာရှိများ လျှေက်တင်တာတွေ  ရှိခဲ့ကြတယ်။ ဤပညာတို့သည် ​ဗေဒင်​ဆိုတဲ့ ဒေဝကျမ်းဂန်တွေထဲက ဗြဟ္မဏမျိုးနွယ် တွေရဲ့ ပညာရပ်ပင်ဖြစ်သည် ။
ယင်းကြောင်းပင် ရခိုင်သည် ရှေးကျခြင်း မြင့်မြတ်ခြင်း ပညာရှိများ ပွားခြင်း စသည်များက သက်သေပြနေသည်။ ပုရောဟိတ်ရှစ်တိုင်း ၊ ပုဏ္ဏားစကြာဝတေး၊ဗေဒင်တတ်၊ဆေးသမား၊ ယောင်္ကျား မိန်းမ၇၇၀၀ ၊ ရဟန်း ရှင်လူ စသည့် ပညာရှိများ
၎င်းပညာရှိများနှင့်တိုင်ပြည်၏ စစ်အင်္ဂါရပ်များအား သက္ကရာဇ်​ ၁၁၄၉ တ​ပေါင်းလတွင် အမရပူရမင်း သိမ်းသွားလည်သည် ။ (ရခိုင်ရာဇဝင်သစ်ကျမ်း)
သျှစ်သောင်းပုထိုးတော်ထဲ၍ တွေ့ရသော ဘီစီ ၃ရာစုဖြစ်သော
အသောကခေတ် မောရိယအနုပညာကျောက်ချပ်တစ်ခုတွေ့ရသည်
ဤကျောက်ချပ်ရှိပုံတွေကို Dr.Forchammar က ဗြဟ္မဏဝါဒကို ကိုယ်စားပြုသော ခရုသင်းမှ ဗုဒ္ဓကိုယ်စားကြာပန်းပုံ ထွင်းထုလာပြီး ဗုဒ္ဓတရားတော်ကိုယ်စား ဓမ္မစင်္ကြာအဝိုင်းထွင်းထုထားသည့် ရှေးကျသော ခြေတော်ရာဖြစ်ကြောင်း မောရိယအနုပညာလက်ရာဖြစ်ကြောင်း မောရိယအနုပညာခေတ်သည် ဘီစီ ၃ ရာစုဖြစ်သောကြောင့် ရခိုင်ရှိခြေတော်ရာသည် ဘီစီ ၃ ရာစုဟုသတ်မှတ်ရမည်ဖြစ်သည်၊
ဘုရားမပွင့်ခင် ဘယ်သူမှ ဗုဒ္ဓဘာသာမဟုတ်ချေ ။
ဘုရားပွင့်ပြီးမှသာ ဗုဒ္ဓဘာသာတစ်ဖြည်းဖြည်း ဖြစ်တည်လာခြင်းဖြစ်သည် ။ ရခိုင်တွင် လူတိုင်းသိတဲ့အတိုင်း စန္ဒသူရိယမင်းနဲ့ခေတ်ပြိုင် ဗုဒ္ဓဘုရားသည် ဒေသစာရီ ကြွချီလာကြောင်း  ကျောက်စာအခိုင်အမာ ရှိနေသည်။
ဤသည်မှစ၍ ရခိုင်သည် ဗုဒ္ဓဘာသာများဖြစ်ပြီး ခေါ်တိုင်း ဘုရားထူးသော လူမျိုးဖြစ်လာသည် ၊
မြင့်မြတ်သော
သာဂီဝင်များဖြစ်သောကြောင်းလည့် ဗုဒ္ဓဝင်လင်္ကာမှဤသို့ဆိုထားသည်>>
ကျွန်းတွင်ဇမ္ဗူ  ၊ လူတွင်ရက္ခိုင် ၊ ကြိုင်ဘိသတင်း ၊
ကင်းဘိအပြစ် ၊ ချစ်သည့်အမျိုး ၊ ကြိုးသည့်လုံလ ၊
မြတ်စာဂနှင့် ၊ နစ်ဝနတ်လူ ၊ ချစ်ကြည်ဖြူသည် ၊ နိမ္ဗူဆုတောင်းပြည့်အံ့တည်း..။
(ဗုဒ္ဓဝင် လင်္ကာ)
ဤသို့သော ရခိုင်ပြည်မှ ရရှိသော အိန္ဒိယ မဂဓတိုင်းမှ ဟိန္ဒူဗြဟ္မဏအယူဝါဒဆိုင်ရာများ ၊ အသောကခေတ် မောရိယအနုပညာကျောက်ချပ် ၊ ဗုဒ္ဓဘုရားရှင် တိုင်းဓညဝတီသို့ ဒေသစာရီ ကြွချီလာကြောင်း တောင်ပေါက်ကြီးကျောက်စာများ စသည့်စသည့်များတို့၏ သက်သေများက ရခိုင်သည်  လွန်ခဲ့သောနှစ်ပေါင်း
နှစ်ထောင်ငါးရာကျော်မတိုင်မီ BC ခေတ်ကာလ ကတည်းက ရခိုင်ဟုသောလူမျိုးသည် ရှိနေခဲ့ကြောင်း သက်သေပြနေခြင်းဖြစ်ပါသည် ။
~~~~~~~~~~
Zaw KoKo (မဟိံသကတိုင်း)
Comments
Popular posts from this blog
ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ
ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်
ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)