Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြန်မာ ဇာတ် သမိုင်းမှန်


မြန်မာ ဇာတ် သမိုင်းမှန်

--------------------------

ဗမာသမိုင်းဆရာများအမည်ခံ ဒေါက်တာသန်းထွန်း ဘုန်းတင့်ကျော် ၊ဈာန်သစ်အောင် စသည့် ဗမာသမိုင်းဆရာ အမည်​ခံများ ကိုယ်တိုင် ပြောနေသော မြန်မာ ဆိုသော လူမျိုးတဲ့၊ မြန်မာကို ဗမာ မှတ်ပြီး အကုန်​လုံး ဆွဲယူနေတာကို

၊ဗမာဆရာများ ပြောနေသော(ဝန်ခံနေသော post တွေပါပဲ ����������

ဗမာဆရာများ ပြောနေသော(ဝန်ခံနေသော post တွေပါပဲ ����������

[{#ဗမာ ဆရာများပြောနေသော post > အရပ်ဒေသ >����

#ဗမာ ဆရာများပြောနေသော post > အရပ်ဒေသ >����

၁ စာပိုဒ်​ > မြန်မာအစု ဆိုတာ မြန်မာလူမျိုးစု၊ မြန်မာလူမျိုးလို့ ဆိုလိုတာ တဲ့။

အဲဒီ မြန်မာအစုထဲမှာ ရခိုင်၊ ရမ်းဗြဲ၊ မြိတ်၊ ထားဝယ်၊ ချောင်းသား၊ အနောက်သား၊ မြောက်သား၊ ဇဘိန်း၊ ယော၊ ဓနု၊ တောင်းရိုး၊ အင်းသား စသဖြင့် ပါဝင်ပါတယ်။ ရခိုင်၊ ရမ်းဗြဲ၊ မြိတ်၊ ထားဝယ်၊ ချောင်းသား၊ အနောက်သား၊ မြောက်သား ဇဘိန်း၊ ယော၊ ဓနု၊ တောင်းရိုး၊ အင်းသား တို့ဟာ လူမျိုး မဟုတ်ပဲ နေထိုင်ရာ ဒေသကို ခေါ်တာဖြစ်တယ်။

အဲ့ဒီဒေသမှာ နေထိုင်တဲ့ အသံဝဲမြန်မာစကား (ဒေသိယမြန်မာစကား) ပြောသူတွေဖြစ်လို့ သူတို့ဟာ မြန်မာလူမျိုး တွေပါ တဲ့။

ထိုမူရင်းစာတမ်းကို ဦးရည်စိန်ရဲ့ လက်ရွေးစင်စာတမ်းများ (နှာ-၃၃၁) မှာ ဖတ်ရှုနိုင်တယ်။

������

$၁.စာပိုဒ်​ အဖြေက မည့်သည့်အရပ်တိုကို မြန်မာဟု ညွှန်းဆိုသနည်းဆိုသော်

မြန်မာနိုင်ငံအနောက်ဘက်ဒေသ၊ ရှေးအခေါ် ရက္ခပူ

ရတိုင်း(ယခု ရခိုင်ပြည်)ရှိ မင်းနှင့်ပြည်သူတို့ကို

ရည်ညွှန်းပြောဆိုပါသည်။ ထိုဒေသ ထိုနေရာသို့ ယခင်

ရှေးနှစ်ပေါင်းများစွာက မြန်မာတို့အခြေချနေထိုင်ခဲ့

သည်ကတော့ အမှန်။အမှန်ဖြစ်ကြောင်းကိုလည်း

ပထမဆုံး ရခိုင်ရာဇ၀င်မှတ်တမ်းများတွင်ဖော်ပြထား

ခဲ့သည်။ ထိုစဉ်က ရက္ခပူရတိုင်းမင်းနှင့် ပြည်သူတို့သည်

မိမိကိုယ်မိမိ “မြန်မာ”ဟု ရည်ညွှန်းခေါ်ဆိုကြောင်းကို

သက်၊ ပျူ၊ တလိုင်း၊ ဒိုင်းနက် စသည့်လူမျိုးအမည်များ

ကွဲပြားစွာမှတ်တမ်းတင်ခဲ့သည်။

ရခိုင်သည် ရခိုင်တို့နေထိုင်သည့် အရပ်ဒေသကို မြန်မာဟုခေါ်ဆိုပြီး အဲ့စာပိုဒ်မှာလဲ့ ရမ်းဗြဲသား အနောက်သား၊ချောင်းသား၊ ဇဘိန်း ဆိုတာ ရဘိန်းကို ပြောတာထင်တယ် ၊ ဒါတွေက ရခိုင်​တွေပဲ ၊ တောင်ရိုး ၊ ထားဝယ် မြိတ် ဆိုတာတွေလဲ့ ရခိုင်နဲ့ ​ဆွေမျိုးမကင်းဘူး ၊ အဆက်အစပ်ရှိတယ် ။ ဗမာတွေ တစ်သက်တကိုယ် မနေခဲ့ဖူးတဲ့ နေရာတွေပဲ ဖြစ်ပါတယ် ၊ ဘယ်မှာ ဗမာတွေ နေတဲ့ နေရာကို မြန်မာ ခေါ်ဆိုကြောင်း ဗမာသမိုင်းဆရာတွေကိုယ်တိုင် ရှေးကျမ်းများကိုင်ပြီး ပြောနေသော အပေါ် စာပုဒ် ၁ post မှာ မြန်မာဆိုတဲ့ နေရာဒေသမှာ ဗမာဆို လူမျိုး မပါဝင်ပါလား ။

ဒါ မြန်​မာဆိုတာ အခု ဗမာလူမျိုးမဟုတ်ကြောင်း သက်သေ သာဓက တစ်ခုပဲ ။

#ဗမာဆရာများပြောနေသော မြန်မာအနွယ်ဝင် ����

၂။ မြန်မာ အနွယ် သက်နှင့်ရခိုင်-နှိုင်းပြိုင်တောင်သူ-ပြူ- ကမ်းယံ-ယော-ထားဝယ် နှောကမျိုးသတ္တတဲ့ ။

�� ၂ စာပိုဒ်​ အဖြေက > ဗမာတွေဟာ မြန်မာဆိုတာ လူမျိုးတစ်ခု ထင်နေတာကို ၊ ကဲ့ မြန်မာ့ ဇာတ်အနွယ်ဝင် သက်နှင့်ရခိုင်-နှိုင်းပြိုင်တောင်သူ-ပြူ- ကမ်းယံ-ယော-ထားဝယ် နှောကမျိုးသတ္တတဲ့ ။ ဆိုတဲ့ ရှေးကျမ်းဟောင်းကြီး စာရင်းမှာတောင် မပါဝင်ပါလား ။ မြန်မာ ဆိုတာ အဲ့ မျိုးသတ္တ Group ကြီးကို မြန်မာဇာတ်အနွယ် မြန်မာ ဟုခေါ်တာ ၊ ၊ ဒါကို မြန်​မာဆိုတာ ဗမာ ၊ ဗမာကနေ ရခိုင် သက် ပြူ ကမ်းယံ စသည်တွေ ခွဲသွားတာ ဆိုပြီး အတင်းယူဆွဲပြီး ရှေးကျမ်းဟောင်းကြီး တွေကိုတောင် ပြောင်းချင်နေတာပါလား ။ ဘယ်​မှာလဲ ဗမာဟာ မြန်မာ ဖြစ်ကြောင်း ၊ မနေ့တစ်နေ့က စာအုပ်ကို လာမပြနဲ့ ၊ သမိုင်းဆိုတာ ဟိုး....ရှေးရှေးက အစတည်တာကို ဆိုလိုတယ် ။

ဒါ မြန်မာဟာ ဗမာ မဟုတ်​ဘူး ဆိုတာ ပြနေတဲ့ သက်သေ သာဓက တစ်ခုပါပဲ ။

ဗမာဆိုသော အမည်လည် အစမှုလ မဟုတ်သေးပါဘူး ။

အင်္ဂလိပ်တွေအုပ်ချုပ်နေစဉ်

နိုင်ငံကို Burme ခေါ်ရာကနေ ၊ ဗမာလူမျိုးတစ်ခုအဖြစ် လုပ်လာတယ် ။ အခု မြန်​မာနိုင်​ငံ ပြောင်းလိုက်ပြန်တော့လဲ့ ဗမာကိုပျောက်ချင်ပြီး မြန်မာဆိုတာ ငါတို့ပဲ လို့လုပ်ချင်လာတယ် ၊ ကဲ့ ဒီလိုမျိုး ဝါဒတွေကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ် ။ လူမျိုးအမည် မရှိသေးပါဘူး ။ ပုဂံသား ဆိုရင်တော့ ဟုတ်ဒုတ်ဒုတ်ပဲ ။

#ကိုယ့်ဟာကို မြန်မာ မဟုတ်ကြောင်း ဝန်ခံထားမှန်းမသိပဲ ဗမာဆရာများပြောနေသော မြန်မာလူမျိုး မြန်​မာ့စာပေ post ပါပဲ ����

၃.စာပိုဒ်>​ ဓညဝတီ အရေးတော်ပုံ ပိုဒ်ရေ ၄၃၊ (နှာ ၅၃) မှာ ရုံး (ကုလား)ပြည်က ကုလားမင်းသားကို ရက္ခပူရတိုင်းရဲ့ ဘာသာစကား၊ စာပေအက္ခရာ သင်ပေးတဲ့ အကြောင်းအရာကို “မြန်မာဘာသာ အက္ခရာများ” သင်ကြား စေသည်တဲ့။

ဒါဟာ ရက္ခပူရတိုင်းသားတွေဟာ မိမိကိုယ်ကို မြန်မာဖြစ်ကြောင်း ဖော်ပြ နေတာပါ။

၃.စာပိုဒ်​ အဖြေက >

(ကုလား)ပြည်က ကုလားမင်းသားကို ရက္ခပူရတိုင်းရဲ့ ဘာသာစကား၊ စာပေအက္ခရာ သင်ပေးတဲ့ အကြောင်းအရာကို “မြန်မာဘာသာ အက္ခရာများ” သင်ကြား စေသည့်ဟု ပြောပြနေတာ အဖြေက ရှင်းနေပါတယ် ၊ ရခိုင်စာပေ ရခိုင်လူမျိုး တို့ကိုပဲ မြန်မာ့စာပေ အက္ခရာ ၊ မြန်မာလူမျိုး ဟု ပြောနေတာပါပဲ ၊ ဒါကိုပင် မြန်မာဆိုတာ ဗမာပဲ လိုရာ ဆွဲယူပြီး ကောက်ပြောနေတော့ အဖြေက ထွတ်မလာပဲ ရှုပ်​နေတာပေါ့ ၊ ကုလားမင်းသား ပြောတဲ့ ရက္ခပူရတိုင်း ဘာသာစကား စာပေအက္ခရာ

၊ ရခိုင်တွေနေတဲ့ အဲ့နေရာ အဲ့ဒေသက စာပေကို အခုပြောနေသော မြန်မာ ဗမာ ဟု ပြောရလောက်အောင်လဲ့ အဲ့အချိန်အခါ အဲ့နေရာမှာ ဗမာဆိုတဲ့ လူမျိုး မရှိတာကိုက ခက်နေတာပါပဲ �� ။ ဘယ်ဟာကို ကောက်ပြီး မြန်မာ ဗမာ စာ လုပ်နေပါသလဲ့ ။ မြန်မာဆိုတဲ့ လူမျိုးဟာ A ဟု ဖြစ်နေပါလျှက်နဲ့ မြန်မာ့ အက္ခရာ စာပေ ဟာ B က လာသည်ဟု ဖြစ်ပါမလား ။ အဖြေက ရှင်းရှင်းလေးပါ...မြန်မာ လူမျိုးဟာ A ဟုဖြစ်နေလျှင် မြန်မာ့ ခေါ်တဲ့ အက္ခရာကလဲ့ A ကပဲလာတာပေါ့ ။ ဗြဟ္မီပွား အက္ခရာ တွေကနေ ပြောင်းလဲ့လာပုံ အထောက်ထားတွေ ရခိုင်မှာအများကြီးပါ ၊ ဗြဟ္မီပွား အက္ခရာ ကျောက်စာတွေ မရှိပဲနဲ့ ၊ မိုးပေါ်ကကျလာသလို စာအုပ်မှာ ကောက်ရေးပြီး မလုပ်ကြနဲ့။

ဒါဟာ မြန်မာ ဆိုတာ ဗမာမဟုတ်ဘူးနဲ့ မြန်မာအက္ခရာ ဆိုတာလဲ့ ဗမာ မဟုတ်ဘူး ဆိုတာပြနေတဲ့ သက်သေ သာဓကပါပဲ ။

#ဗမာဆရာများပြောနေသော ဗြဟ္မာ > မြန်​မာ ����

၎၊စာပိုဒ် > မြန်မာဆိုတာ ဗြဟ္မာကလာတယ်တဲ့ ဗြဟ္မာ>မရမ္မာ>မရမာ>မြမ္မာ >မြန်မာ တဲ့ ။

၎.စာပိုဒ် အဖြေက ရခိုင်ကို

စလွယ်တင် ဗြဟ္မဏပုဏ္ဏားမျိုး ဟု၍လည် ခေါ်သည့် ၊ ဒါကြောင်းလဲ့ ရှေ့ ရခိုင်သားတွေ စလွယ်တင်ကြတယ် ဒီနေ့အချိန်ထိ တွေ့နိုင်သေးတယ် ၊ အနောက်ပြည် (ဘင်္ဂလားဒေရှ် ) အိန္ဒိယ တြိပူရထိတွင် ဒီနေ့အချိန်ထိ စလွယ်တင် ရခိုင်သားများ ရခိုင်စကားပြော ရခိုင်ရိုးရာနဲ့ ရှိနေသေး ၊ (မရမာ )ဟု၍လည်း ခေါ်သည် ၊( မောဂ် ) ဟု၍လည် ခေါ်သည်။ ဗမာဆရာများပြောနေသော ဗြဟ္မာ မရမာ မြမ္မာ မြန်မာ ဆိုတာတွေ ပါပဲ ၊

အမှန်တော့ ဗြဟ္မဏ ကို ဗမာတွေက ဗြဟ္မာ ဗြဟ္မာ နဲ့ လုပ်နေကြတာ ၊ဗမာသမိုင်းဆရာလုပ်နေသောလူတွေက ဗြဟ္မဏ နဲ့ ဗြဟ္မာ နဲ့တောင် မကွဲချာဘူး ။

( ရှေ့ဟောင်းသုတေသန နိုင်ငံတော်အကြံပေး ပုဂ္ဂိုလ်။)

ရခိုင်သမိုင်းသုတေသီပညာရှင်

ဆရာကြီး ဦးဦးသာထွန်း ကိုယ်တိုင်ကလဲ့ ရခိုင်တွေဟာ စလွယ်တင် ဗြဟ္မာဏပုဏ္ဏားမျိုး ဖြစ်တယ်လို့ ပြောခဲ့သည် ။

အခု TV ရုပ်သံတွေမှာ ပါနေတဲ့ အိန္ဒိယရာဇဝင် တွေမှ ကြည့်ပါ စလွယ်တင် ဗြဟ္မာဏပုဏ္ဏားမျိုးတွေ ကြိုးစ လေးကို ကျစ်ပြီး ဘယ်တင် ညာကျ တွေ့ရလိမ့်မယ် ။ ရခိုင်တွေဟာ ရှေးရှေးကပင် အိန္ဒိယနဲ့ ကူးသန်း​ရောင်းဝယ်​ လမ်းကြောင်းအရရော ယဉ်​​ကျေးမှု အရရော ၊ ဘာသာဗေဒ အရပါ အများကြီး ဆက်နွယ်နေတယ် ။ ဒါကြောင်းလဲ့ ရခိုင်တွေကို အာရိယာန်က ဆင်းသက်လာ ဟုတင်စားနေတာ မှားသော အရာ မဟုတ် ။

ဘယ်မှာလဲ့ စလွယ်တင် ဗြဟ္မဏ ဗမာများ

ဗမာသည် စလွယ်တင် ဗြဟ္မဏပုဏ္ဏားမျိုး မဟုတ် ၊ တင်လဲ့ မတက်ဖူး ၊ ကြားလဲ့ မကြားဖူး ၊ မြင်လဲ့ မမြင်ဖူး ၊

ဘယ်မှာလဲ့ ဗမာတွေ ဗြဟ္မာ မရမာ မြမ္မာ ဆိုတဲ့ အရာနဲ့ ပတ်သတ်သော အထောက်ထား ။

ဗြဟ္မဏနဲ့ ဗြဟ္မာ တောင် မကွဲသေးဘူး။

ဒါဟာ မြန်မာဟာ ဗမာ မဟုတ်ကြောင်း သက်သေ သာဓက တစ်ခုပါပဲ ။

��ဗမာသမိုင်းဆရာလုပ်နေသော ဒေါက်တာသန်းထွန်း ၊ ဘုန်းတင့်ကျော် ၊ တို့ကိုယ့်တိုင် ပြောနေသောအရာပဲ ကိုဟာကို မြန်မာ မဟုတ်ဘူး ဟုဝန်ခံထားမှန်း မသိပဲ ၊ စာအုပ်တွေ ထုတ်နေ ၊ မြန်မာဆိုတာ လူမျိုးတစ်ခုလား ၊ ဇာတ်အနွယ်လားတောင် မသိပဲ ပြောနေတာက အလွန်ဝမ်းနည်းစရာ ရှက်စရာပဲ ။

ဗမာသမိုင်းဆရာလုပ်နေသော ဒေါက်တာသန်းထွန်း ၊ ဘုန်းတင့်ကျော် ၊ တို့ကိုယ့်တိုင် ပြောနေသောအရာပဲ ကိုဟာကို မြန်မာ မဟုတ်ဘူး ဟုဝန်ခံထားမှန်း မသိပဲ ၊ စာအုပ်တွေ ထုတ်နေ ၊ မြန်မာဆိုတာ လူမျိုးတစ်ခုလား ၊ ဇာတ်အနွယ်လားတောင် မသိပဲ ပြောနေတာက အလွန်ဝမ်းနည်းစရာ ရှက်စရာပဲ ။

သက်သေအထောက်အထားတွေနဲ့ အကျဉ်းချုပ်​လိုက်ရင်

မည်သည့်နေရာကို မြန်​မာ ဟုခေါ်သနည်း ရခိုင်တွေနေတဲ့ အရက္ခပူရတိုင်း အနောက်အရပ်ဒေသ ခေါ်သည် ။ မြန်မာ သတ္တ အနွယ်ဝင် ရခိုင် ပါဝင်တယ်၊ ဘာကြောင်း စလွယ်တင်သလဲ့ ရခိုင်တွေဟာ ဗြဟ္မဏပုဏ္ဏားမျိုး ဖြစ်လို့ စလွယ်တင်တယ် ။ ဗြဟ္မဏ ဆိုတာဘာလဲ့ ဗြဟ္မဏပုဏ္ဏားမျိုးဖြစ်တယ် ။ Brahmin>

ဗြာဟ္မဏနွယ်ဝင်ပုဏ္ဏား။ ဒါကြောင်းလဲ့ ဒီနေ့အချိန်ထိ မရမ္မာ> မရမာ ဟုရခိုင်တွေကို ခေါ်နေတာ။

ဒါက ဇာတ်အမျိုးအနွယ် တစ်ခု ကိုခေါ်တာ ၊

အခုလိုပြောနေတာ မြန်မာ ဆိုတဲ့ အရာကို ရခိုင်က လိုချင်လို့ ပြောနေတာလဲ့မဟုတ်ဘူး ၊ လိုလဲ့ မလိုချင် သုံးလဲ့ မသုံးချင်ဘူး ၊ ရခိုင်က မြန်မာ ဆိုတဲ့ အရာထက် ရက္ခိတ = အာရက္ခမြေ=ရက္ခိုင် စသည့်တွေကို ပိုကြိုက်တာ ဒါလေ့ သမိုင်းခေတ်ကနေ လာတာပဲ.. မြန်မာဆိုတဲ့ စကားလုံးကို ရခိုင်က မကြိုက်လို့ မသုံးတာ ရှေ့ပဝေသဏီကနေမသုံးတာ ကြာနေပါပြီ ၊ ရက္ခပူရတိုင်း၊ အာရက္ခမြီ ၊ရက္ခိတ(အမျိုးသီလ နှစ်ဌာကို ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းခြင်း) အာရီယာန်(Arakan) ဒါတွေက ပိုပြီး အနှစ်သာရ ပြည့်စုံတယ် ကျတော်တို့ရခိုင်တွေနဲ့.

ရက္ခိတ အမျိုးသီလ နှစ်ဌာနကို စောင့်သောလူမျိုးဖြစ်သောကြောင်း ရက္ခိတ ရက္ခိုင် ရခိုင် ဖြစ်လာတာ ၊ ရခိုင်က မြန်မာဆိုတဲ့ အရာထက် ရခိုင် ရက္ခိုင် ဆိုသော အရာက ရခိုင်တွေ အတွက် လိုက်ဖက်ညီသည် ပို၍ သဘောတွေ့သည် ၊ ဒါကြောင်းလဲ့ ရခိုင် ဖြစ်လာတာ ။

ကိုယ်လိုရာ ဆွဲချပြောနေသော သူတွေ ကိုယ့်ဟာကို မြန်​မာမဟုတ်ဘူးဟု ဝန်ခံထားမှန်းမသိဖြစ်နေကြောင်း လူတွေကို ထောက်ပြရင်း

မျိုးဆက်သစ်တွေ သမိုင်းအမှန်ကို သိစေချင်လို့ပဲ ။

ကျောင်းစာတွေမှာပါ အစ သမိုင်းလိမ်များ ဝင်နေသော ဦး​ဏှောက်​တွေကို သမိုင်းအမှန်နဲ့ ထိုးစစ်ဆင်ရန် ရခိုင်သားများ တာဝန်များဖြစ်နေသလား ။��

~~~~~~~~~

Zaw Koko -(အာရက္ခမြီ)

Photo စလွယ်တင် ရခိုင်သား

U Kyaw Khine ဖြစ်ပါသည်







Comments