Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြစေတီကျောက်စာ လေ့လာချက်

မြစေတီကျောက်စာ လေ့လာချက်-
★★★★★★★★★★★

ခုခေတ်၊ မြန်မာနိုင်ငံမှာ 
  ၁။ အင်္ဂလိပ် စာပေ
  ၂။ မြန်မာ စာပေတွေ 
  ၃။ ပါဠိ စာပေ
  ၄။ မွန်စာပေတွေ ပြဌာန်းသလိုပေါ့။

ကုန်းဘောင်ခေတ်မှာလည်း
    ၁။ ပါဠိ စာပေ
    ၂။ သက္ကဋ စာပေ
     ၃။ မြန်မာ စာပေ
     ၄။ မွန် စာပေတွေ ပြဌာန်းခဲ့ပါတယ်။

အဲလိုပဲ ပုဂံခေတ်မှာလည်း
     ၁။ ပါဠိ စာပေ
     ၂။ ပျူ စာပေ
     ၃။ မွန် စာပေ
     ၄။ မြန်မာ စာပေတွေဟာ ထိပ်ဆုံးက ရှိခဲ့ဟန် တူပါတယ်။

        ဒါကြောင့် ရာဇကုမာရ်ကျောက်စာကို ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ လေးဘာသာဖြင့် ရေးထိုးခဲ့တာ ဖြစ်ပေလိမ့်မယ်။
       
         ကျနော်ခန့်မှန်းတာ မှန်မယ် ဆိုရင်..
         ပျူစာပေဟာ ပုဂံခေတ်သုံး စာပေ မဟုတ်သလို
         ပျူစကားဟာလည်း ပုဂံသူ/သားတွေ ဟြေတဲ့ စကား မဟုတ်နိုင်ပါ။ မဖြစ်နိုင်ပါ။
         ပါဠိစကား၊ မွန်စကားတွေလို ပုဂါရာမ ပြင်ပမှ လာသော စကား (externally language)သာ ဖြစ်ပေလိမ့်မယ်။

          စကားမတူရင် လူမျိုး မတူ'ဟု ယူဆပါက
ပျူဟာ ဗမာစကားဟြေအုပ်စုထဲက မဟုတ်၊  ကိုယ်ပိုင်စကား ကိုယ်ပိုင်စာပေဖြင့် ရပ်တည်ခဲ့သော မွန်လို အုပ်စု တစုသာ ဖြစ်ပေလိမ့်မယ်။

          ပျူဟာ  ဗမာစကားဟြေ အုပ်စုထဲက ဆိုရင် ရာဇကုမာရ်ကျောက်စာမှာ ပျူဘာသာဖြင့် သီးခြား ရေးထိုးခဲ့ရန် အကြောင်း မရှိနိုင်လို့ပါ။

Credit ကောင်း စံ ဝေ
��

~~~~~~~~~~������~~~~~~~~~~

အဲ့အချိန် မွန် ပါဠိ ပျူ  စာတွေကအရေးပါနေကြတယ် (မွန်တွေ အဲ့အချိန် အင်အားနည်းသွားပဲမယ့်လည့် မွန်စာပေက ပုဂံပြည်​မှာ ရောနှော အသုံးပြုနေဆဲ ၊ အသုံးတည့်နေသော စာပေတစ်ခုကို အပြီးသတ်​ပျောက်ပြီး ကိုယ်ပိုင်စာကို သုံးမယ်ဆိုတာ နှစ်ပေါင်း ရာချီကြလိမ့်မယ် ၊

( ပါဠိ ဆိုတာက အဲ့အချိန်အခါ သိတဲ့ အတိုင်း ကမ္ဘာသုံးဖြစ်နေတာပဲ ၊ 
ဒါပေမယ့် ပါဠိ ဘာသာကို ရေးထိုးတဲ့လူက အင်္ဂလိပ်ဆိုရင် အင်္ဂလိပ်သုံးတဲ့ သူစာပေအက္ခရာနဲ့ ထိုးမှာပဲ ၊ အိန္ဒိယလူမျိုးဆိုရင် အိန္ဒိယစာပေသုံး  အက္ခရာနဲ့ ထိုးမှာပဲ ၊ထိုနည်းတူစွာပါပဲ  မွန်လူမျိုး ၊ပျူလူမျိုး သာဖြစ်ခဲ့ရင် အဲ့တိုင်း ကိုယ်ပိုင်စာပေနဲ့ထိုးမှာပါပဲ ၊ အခုတော့ ဗမာ လူမျိုးထိုးတော့ ပါဠိ အသံထွတ်ကို ဗမာတွေ အသုံးပြုနေတဲ့ မြန်မာစာ ခေါ် အက္ခရာနဲ့ ရေးထိုးတာပါပဲ ။

(ပျူ ဆိုတာကလဲ့ အဲ့အချိန်ထိ အပေါ်ကပြောခဲ့သလို မွန် နည်းတူပဲ ၊ ပျူတွေ ရှိနေဆဲ စာပေ သုံးနေဆဲ ဆိုတာ အဲ့အချိန်ထိုး ကျောက်စာက သက်သေပါပဲ

မြန်မာအက္ခရာ ဆိုတာက အပေါ်က ပါဠိ အ​ကြောင်းအရာနဲ့ ပြောတဲ့အထဲ ပါသွားပါပြီး ၊ သဘောပေါက်မယ် ထင်တယ် ။

ဒါကြောင်းလဲ့ပဲ မြန်​မာနိုင်​ငံမှာ  စာပေတွေများနေလို့လဲ့ ဗမာတွေ အုပ်ချုပ်နေစဉ် မြန်မာစာသည် ရုံးသုံးစာ ဖြစ်ရမည်ဟု သတ်မှတ်ခဲ့ကြတာပဲမလား ။

ဒါဟာ ပျူ နဲ့ ဗမာ မတူ မဟုတ်ကြောင်းပြနေတာပါပဲ ၊ နောက်ပိုင်း ရောသွားတာတော့ လူတိုင်း လက်ခံပါတယ် ။
ဒါပေမယ့် ပျူပစ္စည်းက ပျူပစ္စည်းပါပဲ ။ ဗမာပစ္စည်း မဟုတ်ပါဘူး ။ ဒါကို သဘောပေါက်ကြလိမ့်မယ် ထင်တယ် ၊ ဒီအကြောင်းအရာ တွေကို ပြောပြထားတာတွေလဲ့ post တွေ အများကြီးရှိပါတယ် ။

တိုင်းပြည်တစ်ခု၏ သဘာဝ   လူနေမှုတွေ ၊ အခြားနိုင်ငံတွေရဲ့ လူမျိုးခြားတွေပါ ရောနှော နေမှုတွေ စသည့် သဘောတရားတွေကို နားလည်ထားရင် ဒါတွေက ရှင်းလင်းပါတယ်

ဒါတွေဟာ ဟုတ်မဟုတ်
အောက်ပုံတွင် အဖြေတွေ့နိုင်သည် ၊သေချာကြည့်ပါ 

မြန်​မာနိုင်​ငံမှာ အင်္ဂလိပ်ခေတ်မှတောင် ဘယ်လိုအခြေအနေရှိနေသလဲ့ ဆိုတာ မျက်စိမှာ ပုံရိပ် ပေါ်နိုင်ပါတယ်

Zaw Koko (မဟိံသကတိုင်း)����

Comments