အိန္ဒိယ၌ ရခိုင်ကုသိနာရုံဆရာတော် ဦးစန္ဒြမဏိ ကျေးဇူး
ပေါ်တူဂီတွေအိန္ဒိယ နယ်မြေတွေကို သိမ်းလိုက်ပြီး
တဲ့နောက်မှာ သီဟိုဠ်ကိုမျက်စိကျလာတယ်။ သာ
သနာသက္ကရာဇ် ၂၀၄၉ မှာသီဟိုဠ်မှာ ဓမ္မပရက္ကမ
ဗာဟုမင်း အုပ်စိုးတဲ့အချိန် ပေါ်တူဂီတွေ ရောက်လာတယ်။ စိတ်ကောင်းနလုံးကောင်းရှိတဲ့ ဓမ္မပရက္ကမ
ဗာဟု မင်းကပေါ်တူဂီတွေလက်ခံထားတယ်။
နောက်ပိုင်းမှာ သီဟိုဠ်ကိုကျူးကျော်ဖို့ အထိ စိတ်ကူးလာတယ်
လက်တွေ့ လည်း ကျူးကျော်လိုက်တာပေါ့။ အဲဒီအချိန် သီဟိုဠ်မှာ ညီညွတ်မှုတွေပျက်ပြားတင်မက အချင်းချင်း ကိုက်နေတဲ့အချိန် ဖြစ်တယ်။ ပေါ်တူဂီတွေ
က နိုင်ငံရေးအရတင်မကဘူး ဘာသာရေးအရပါ
သာသနာပြုလိုက်တယ်။ ဗုဒ္ဓဘာသာ ဓာတ်ခံမရှိတဲ့
သူတွေက အားလုံး ခရစ်ယာန်ဖြစ်ကုန်တယ်။
သီဟိုဠ်ဘုရင် ဘုဝနေကမင်းကြီးကိုလည်း ပေါ်တူဂီတွေလုပ်ကြံလိုက်တယ်။ နောက်သီဟိုဠ်သားတွေကို
ပေါ်တူဂီတွေက အတင်းသာသနာပြုလိုက်တော့
နောက်ပိုင်းမှာဗုဒ္ဓဘာသာမှိန်ကျသွားတာပါဘဲ။
အခုသီဟိုဠ်သာသနာက ရခိုင်ဝေသာလီခေတ်က
ရဟန်းသံဃာတွေ အားကြိုးမာန်တက်သာသနာ
ပြုထားလို့  သီရိလင်္ကာမှာ ပြန်လည်သာသနာ
ထွန်းကားနေတာပါဘဲ။
အိန္ဒိယမှာလည်း ရခိုင်ကုသိနာရုံဆရာတော်
ဦးစန္ဒြမဏိ ကသာသနာစပြုခဲ့လို့သာ အိန္ဒိယမှာ ဗုဒ္ဓဘာသာပြန်လည်တွေ့ မြင်နေရခြင်းဖြစ်တယ်။ ဆရာတော်
စန္ဒြမဏိကျေးဇူးကြောင့် မဟာဗောဓိကို အခုဗုဒ္ဓဘာသာတွေ ဖူးနေရတာဖြစ်တယ်။ တကယ်လို့ သာ
မဟာဗောဓိကို ဆရာတော်စန္ဒြမဏိ ဝင်မလုံးခဲ့ဘူး
ဆိုရင် ဗုဒ္ဓဘာသာတွေ ဗုဒ္ဓကိုဖူးရမှာမဟုတ်ဘူး။
ဂျိန်းဘုရားနဲ့ ဟိန္ဒူဘုရားကိုဘဲဖူးရမယ်။
အားလုံးဟာ ဖြစ်ပျက်နှင့် သင်ခန်းစာတွေပါဘဲ။
Credit အရှင် ဥာဏိဿရ
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။