ရခိုင်သမိုင်းထဲက ရေအောက်မြို့တော်

ရခိုင်သမိုင်းထဲက ရေအောက်မြို့တော်

--------------------------------------

         ကမ္ဘာသမိုင်းထဲ့၌ရေအောက်မြို့တော် အတော်များများရှိသည်။၂၀၁၅ ခုနှစ် တွင်လည်း အင်ဒိုနီးရှာနိုင်ငံ၌ ရေအောက်မြို့တော် တစ်ခုသဖွယ် ဗုဒ္ဓရုပ်ပွားတော်များဖြင့် ပြည့်နက်နေသော နေရာတစ်ခုရှာတွေ့ကြောင်းသတင်းpost တစ်ခု ဖတ်ရသည်။ 

         ရခိုင်သမိုင်းတွင်လည်း ရေအောက်၌ နစ်မြုပ် ပျောက်ကွယ်သွားသော ကောတုံကရာဇ်တိုင်းဟူ၍ မြို့တော်တစ်ခု ရှိကြောင်းသိရသည်။

သက္ကရာဇ် အခိုင်အမာ မရှိသော်လည်း သမိုင်းစာ

ပေ အချို့တွင်ဖော်ပြပါရှီပါသည်။

      ကောတုံကရာဇ်တိုင်း၏ အကျယ်အဝန်းမှာ အရှေ့ဖက်သို့ မော်တင်စွန်းအထိနှင့် အနောက် ဖက်တွင် ဘင်္ဂလား ပင်လယ်အော်တို့ တည်ရှိ နေသည်။အဆိုပါတိုင်ပြည်ကြီးတွင် မဒ္ဒရာဇ်မင်းကြီး စိုးစံခဲ့လေသည်။ဘုရင်ကြီးနတ်ရွာ

စံလေသောအခါ သားတော် ၃ယောက်က ဆက်ခံကြလေသည်။သားတော်၃ ယောက်မှာ နောင်တော်ကြီး နောင်တော်လေး နှင့် အာဝ တို့ဖြစ်ကြပြီး ဖခင်နတ်ရွာစံသောအခါ အကြီးဆုံး သားတော် နောင်တော်ကြီး ကဘုရင်ဖြစ်လာသည်။ ညီတော်လတ်က အိမ်ရှေ့မင်းအရာယူပြီး ညီတော်ငယ် အာဝ မင်းသားအား စစ်သူကြီးရာ ထူးကိုခွဲယူစေကာ အုပ်ချုပ်ကြလေသည်။

       ထိုသို့အုပ်ချုပ်နေစဉ် အတွင်း ပြည့်ရှင်မင်း ဖြစ်သော နောင်တော်ကြီးမှာ ဥပုသ်ဆောင် ဝင်လိုလှသော အာသီတစိတ် ပြင်းထန်လာသဖြင့်

ညီတော်လတ်ဖြစ်သည့် နောင်တော်လေး အိမ်ရှေ့

မင်းသားအား နန်းအပ်ထားခဲ့ကာ တောအရပ်သို့ ထွက်ခွာသွားတော်မူလေ၏။

        ထို့နောက်နှစ်လများစွာ ကြာလတ်သော

အခါနောင်တော်လေး သည်လည်း အစ်ကို နောင်တော်ကြီး နည်းတူပင် တောအရပ်သို့မှီ လေတော့သည်။ ထီးနန်းအားညီတော်အငယ်ဆုံး

က အုပ်ချုပ်လေတော့သည်။သို့နှင့်နောင်တော်ကြီး

လာရာအရပ်သို့မှန်း၍ နောင်တော်လေး လိုက်လေသော် တိုင်းပြည်နှင့်အလွန် ဝေးသော တောင်တန်းတစ်ခုတွင် ဆုံတွေ့ကြလေသည်။

     နောင်တော်လေးအား နောင်တော်ကြီးက တရားအားထုပ်လိုသော် ဟိုဘက်တောင်တန်းမှာ နေလေတော့ဟု ညွန်ကြား လိုက်လေ၏။ နောင်အခါ နောင်တော်ကြီးနေခဲ့သောတောင်အား နောင်တော်ကြီး နောင်တော်လေးနေခဲ့သော တောင်အား နောင်တော်လေး ဟုတွင်လေသည်။

     ထိုစဉ် တိုင်းပြည်၌ ဘုရင် အဖြစ်ကျန်ရှိနေခဲ့သော အာဝမင်းသားသည် မင်းကျင့်တရားနှင့်ညီ

ညွတ်စွာမအုပ်ချုပ် တိုင်ပြည်လည်း ခိုးသားဓါးပြ ရောပြွန်းလာ၍ ငတ်မွတ်ခေါင်းပါးသော ကပ်ဆိုးဘေး ကြီးဆိုက်လေတော့သည်။

      ပြည်သူ များလည်း အကျင့်သီလပျက်ပြား ကြလေကုန်၏။ထိုတိုင်းပြည်တွင် တိုင်းသူပြည်သား တို့ကိုးကွယ်သော တန်းခိုးကြီး ရုပ်ပွားတော် တစ်ဆူ(အချို့ ၂ဆူ)ရှိလေသည်။ထို

တန်းခိုးကြီး ရုပ်ပွားတော်ကြီးအား မရိုမသေ မကိုင်း

မရှိုင်းကြပဲ မသင့်မလျော်ပြုကြလေကုန်၏။သို့သော် သီလသမာဓိမြဲသော ငပု အမည်ရှိ အဘိုးအိုလင်

မယားနှစ်ဦး က ထိုသို့မပြုကျင့် ရန်ပြောဆိုကြပါ

သော်လည်း မရပေ။ငပုလင်မယားမှလွဲ၍ သားသမီး များသည်ပင် မကောင်းသောအမူ ဖြင့် ဘုရား၌ ပြုကျင့်ကြကုန်၏။  

     တညသောအခါ ငပု လင်မယား အိပ်ပျော်နေ

စဉ် နတ်များကလာပြီး ဤကောတုံကရာဇ်တိုင်း အားနဂါးတို့ ရေနှစ်ကစားတော်မည် ထို့ကြောင်း ဘုရားအားပင့်ဆောင်၍ ယူကာ မည်သူမျှ အသိ မပေးပဲ ပြေးကြလေကုန်ဟု အိမ်မက်လာပေး

လေ၏။အဘွား အိုက သားသမီးများကိုပြောမိ၍ ပထမနေ့တွင် ဘုရားအားပင့်မရဘဲ ဒုတိယနေ့တွင် မည်သူမျှ မပြောတော့ဘဲ ဘုရားအား ပင့်လေမှ ရရှိ၍ ထွက်ပြေးလာကြလေ၏။ထိုသို့ထွက်လာ ယင်းပင် ယခုလိပ်ခမော် ရွာဟောင်းအနီး တောင်ငယ် တစ်ခုသို့ရောက်ရှိ၍ အပန်းဖြေရပ်နား ကြလေ၏။၎င်းတောင်ကို ယခုတိုင် ငပုတောင်မော် ဟု ခေါ်တွင်ကြလေ၏။ 

        အဘိုအိုလင်မယား သည် မိမိတို့လာရာ လမ်းအား ပြန်လှည့်ကြည့်လိုက်သောအခါ ကောတုံကရာဇ်တိုင်းနေရာတွင် ရေပြင်အတိ သာ မြင်တွေ့ကြရတော့၏။

        ထိုကမ်းစပ်တွင် ယခု ဂေါ်တူခေါ် ရွာငယ်တစ်ရွာ ရှိလေသည်။တခါတရံ အလွန်ဖြားစစ်ချိန်(ဒီရေကျချိန်)တွင် ပင်လယ် သမုဒ္ဒရာထဲရှိ နန်းခေါင်တိုင်အား မြင်ကြရကြောင်း ကြားဖူးခဲ့ရလေသည်။ 

          ရခိုင်ဒေသသည် မီးတောင်းရပ်ဝန်းဒေသ ဖြစ်ပြီး ကောတုံကရာဇ်တိုင်း အမှန်ရှိခဲ့ပါက မီးတောင်းပေါက်ကွဲမူ ကြောင်းနစ်မြုပ်သွားခြင်း လည်းဖြစ်နိုင်ပေသည်။၁၇၆၂ ခုနှစ် ဧပြီလ ၂ရက်နေ့တွင် ရခိုင်ပြည်၌ မြေငလျင် လူပ်ခဲ့ဖူးသည်။ဘင်္ဂလားဒေရှ် နှင့် ရခိုင်ရိုးမ တစ်ခုလုံး

တုန်ခါသွားသည် ရခိုင်ကမ်းခြေ၏ အစိပ်ပိုင်းအချို့ ရေထဲနစ်မြုပ်သွားပြီး အချို့နေရာတွင် မြေပြင်မြင်းတက်လာသည်။ဆက်လက်၍ မီးတောင်ပေါက် ကွဲမူလည်း ဖြစ်ပေါ်လာသည်ဟု မြန်မာ့ ငလျင်သမိုင်းတွင် ဖော်ပြထားသည်။

        "ရမ္မာဝတီ၏ မြောက်ဖက်တွင် ကောတုံကရာဇ် တိုင်း(ကတုံကရာဇ်) ပြည်ရှိခဲ့သည်။ တောင်ဖက်တွင် ဒွါရာဝတွီပြည်ရှိ ခဲ့သည်။ကတုံကရာဇ်မှ ဘုရင်သည် ကလိင်္ဂသျှင်ရသေ့ကို ပြစ်မှားမိသဖြင့် ရသေ့၏ တပည့်များဖြစ် ကြသော နဂါးညီနောင်တို့က ကောတုံကရာဇ်တိုင်းအား ရေနှစ်ဖျက်ဆီးခဲ့ကြောင်း 

 ထိုနဂါးတို့က ဖျက်ဆီးသဖြင့် ရေပြင်ပင်လယ်ကျယ်ကြီးဖြစ်ခဲ့ရာမှ နောင်တွင်နုံးမြေ ပိုလာပြီး နွံတောကြီး ဖြစ်သွားကြောင်း ဆိုကြလေသည်။

       ကောတုံကရာဇ်တိုင်းသည် အမှန် ရှိခဲ့ပါက ရုပ်ပွားတော် ကိုကွယ်နေပြီးဖြစ်သည့်အတွက် တတိယ ဓညဝတီ နှင့်ခေတ်ပြိုင် သို့မဟုတ် ဝေသာလီခေတ် အစောပိုင်းနှင့် ခေတ်ပြိုင်ဖြစ်ခဲ့ပေလိမ့်မည်။

 ကိုးကားချက်။ ။

၁။ အံ့ဖွယ်သာမော ကံ့ကော်တော ဘုရားသမိုင်းအကျဉ်းချုပ်။ရွှေဖြူ ခင်မြတ်လှ ရှာဖွေပြုစု့သည့် နဝမအကြိမ် 

၂။ ရမ္မာဝတီမဂ္ဂဇင်း အမှတ်(၃)။ ၁၉၉၈ ခုနှစ်

                -အတက်သျှေ-

ပုံနဲ့မသက်ဆိုင် တရုတ်ပြည်၌ မြို့တစ်မြို့

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား