Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

စေတီပေါင်း(၁၀၀) တည်ခဲ့သော ရခိုင်ဝေသာလီတိုင်းပြည် မှ ၀ီရစန္ဒြမင်း

စေတီပေါင်း(၁၀၀) တည်ခဲ့သော ရခိုင်ဝေသာလီတိုင်းပြည် မှ ၀ီရစန္ဒြမင်း

=============================

*********************************

မောင်ဖြူ (ကြွီတဲကျွန်း)
6.8.2018
1း14 Am
.
ဝီရစန္ဒြမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ ( ၂၇ ) ဂါထာအမှတ်(၂၉) တွင် ပါရှိသော မင်းတစ်ပါးဖြစ်သည်၊ ထိုမင်းသွန်းလုပ်ခဲ့သော ဒင်္ဂါးပြားတွင် “ ၀ီရစန္ဒြ ” ဟု အမည်ပါရှိသည်။ ထိုမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာ၏ ဒုတိယမင်းဆက်တွင် ( ၁၀ )ပါး မြောက် မင်းတစ်ပါးဖြစ်ပေသည်။ ဝေသာလီ စန္ဒြမင်းဆက်တွင် နန်းသက်(၅၅)နှစ် ရှည်သော နိတိစန္ဒြမင်းကို ဆက်ခံသော မင်းတစ်ပါးလည်း ဖြစ်ပေသည်။ ၀ီရစန္ဒြမင်းသည် ရခိုင်ဝေသာလီပြည်ကို (၃) တိုင်တိုင် မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်စိုးစံသောမင်းလည်းဖြစ်ပါသည်။ ထိုမင်းသည် စေတီပေါင်းတစ်ရာတိတိကို တည်ထား လှူဒါန်းခဲ့သော မင်းတစ်ပါးလည်းဖြစ်ပေသည် အကျယ်သိလိုပါက 
(ပုံများကိုထောက်၍ ဖတ်ရှုကြပါရန်။ )




စေတီပေါင်း(၁၀၀) တည်ခဲ့သော ရခိုင်ဝေသာလီတိုင်းပြည် မှ ၀ီရစန္ဒြမင်း
===================================
****************************************************

ဝီရစန္ဒြမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ ( ၂၇ ) ဂါထာအမှတ်(၂၉) တွင် ပါရှိသော မင်းတစ်ပါးဖြစ်သည်၊ ထိုမင်းသွန်းလုပ်ခဲ့သော ဒင်္ဂါးပြားတွင် “ ၀ီရစန္ဒြ ” ဟု အမည်ပါရှိသည်။ ထိုမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာ၏ ဒုတိယမင်းဆက်တွင် ( ၁၀ )ပါး မြောက် မင်းတစ်ပါးဖြစ်ပေသည်။ ဝေသာလီ စန္ဒြမင်းဆက်တွင် နန်းသက်ရှည်သော နိတိစန္ဒြမင်းကို ဆက်ခံသော မင်းတစ်ပါးလည်း ဖြစ်ပေသည်။ ၀ီရစန္ဒြမင်းသည် ရခိုင်ပြည် ဝေသာလီပြည်ကို (၃) တိုင်တိုင် မင်းကျင့်တရားနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်စိုးစံသောမင်းလည်းဖြစ်ပါသည်။ အာနန္ဒစန္ဒြမင်းကျောက်စာဂါထာအမှတ်(၂၉)ကိုရှုပါ။




မြတ်ဗုဒ္ဓသာသနာတော်အား ကြီးစွာသော ချီးမြှောက်မှုကို ပြုခဲ့သည့် သာသနာပြုမင်းတစ်ပါးး ဖြစ်ကြောင်းကို ထို ၀ီရစန္ဒြမင်းတည်ခဲ့သော စေတီအဆူပေါင်းတစ်ရာ တည် ကျောက်စာက သက်သေခံနေပေသည်။ ထို ၀ီရစန္ဒြမင်း၏ကျောက်စာကို ဝေသာလီမြို့ဟောင်းအနီး သင်းကျစ်တော်တောင်မှ 1965 နှစ်တွင် တွေ့ရှိသည်ဟု ဆရာကြီးဦးစံသာအောင်၏ အေဒီ ၆ ရာစုနှင့် ယင်း မတိုင်မီ ရခိုင်ပြည်သုံးအက္ခရာများ စာအုပ်တွင် ဖေါ်ပြထားပေသည်။ ထိုကျောက်စာသည် အလျား ၁၀ လက်မ အနံ ၄ လက်မ ရှိပြီး ကျောက်စာကြောင်းရေ (၄) ကြောင်း ရေးထိုးပါရရှိပေသည်။ ယခုထို ၀ီရစန္ဒြမင်းကျောက်စာသည် ယခု မြောက်ဦးမြို့ ရှေ့ဟောင်းယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းထား ရှိပါသည်။ ရေးထိုးထားသော ဘာသာစကားမှာ သက္ကတပျက် ပါဠိဘာသာ အနည်းငယ်ရောသော စကားဖြင့် ရေးထိုးထားပေသည်။ ရေးထိုးသည့်အက္ခရာမှာ ဒေ၀နာဂရီပွါး အက္ခရာဖြစ်ပေသည်။ ထိုဝီရစန္ဒြမင်း၏ နန်းစံနှစ်ကို အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ဆုံးစာကြောင်းပါ သက္ကရာဇ်(၁၁) ခုကို ကျောက်စာပါ မင်းတို့၏ နန်းစံနှစ်များအတိုင်း နောက်ပြန်ဆုတ်၍ ရေတွက်ကာ ခရစ်သက္ကရာဇ် ပြုလိုက်လျှင် (အေဒီ 495-498) တွင် ကျရောက်နေပေသည်။

သီရိ ၀ီရစန္ဒြမင်း စေတီအဆူပေါင်းတစ်ရာတည် ၀ီရစန္ဒြမင်းကျောက်စာမင်ကူးနှင့် အဓိပ္ပါယ်မှာ ပုံပါအတိုင်းအဖြစ်ပေပါသည်။

ကျောက်စာမင်ကူးပါ စာသား၏အဓိပ္ပါယ်
========================
( မင်းကျင့်တရားနှင့်အညီ ထီးနန်းကို ဆက်ခံ စိုးစြံ့ပီး သူတပါးအကျိုးကို သယ်ပိုး ဆောင်ရွက်ရန် ရည်သန်လျှက်ရှိသော သီရိ ၀ီရစန္ဒြ မင်းသည် မိမိပိုင် ငွေကြေး များစွာတို့ကို အကုန်အကျခံ၍ သစ္စာတရားကို သက်ဝင်ယုံကြည် မြတ်နိုးသည့် အလျောက် မိမိ၏ ပိုင်နက်မြေ တိုင်းနိုင်ငံ အ၀ိုင်းအ၀န်းအတွင်း၌ ကမ္ဘာ၏ အဆင်းတန်ဆာ ဖြစ်သော စေတီအဆူပေါင်း တစ်ရာကို လှူဒါန်း တည်ထားတော်မူလေသည်။ ) ဟု ဖြစ်ပါသည်။




မြတ်ဗုဒ္ဓသာသနာတော်အား ကြီးစွာသော ချီးမြှောက်မှုကို ပြုခဲ့သည့် သာသနာပြုမင်းတစ်ပါးး ဖြစ်ကြောင်းကို ထို ၀ီရစန္ဒြမင်းတည်ခဲ့သော စေတီအဆူပေါင်းတစ်ရာ တည် ကျောက်စာက သက်သေခံနေပေသည်။ ထို ၀ီရစန္ဒြမင်း၏ကျောက်စာကို ဝေသာလီမြို့ဟောင်းအနီး သင်းကျစ်တော်တောင်မှ 1965 နှစ်တွင် တွေ့ရှိသည်ဟု ဆရာကြီးဦးစံသာအောင်၏ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်းစာအုပ်တွင် ဖေါ်ပြထားပေသည်။ ထိုကျောက်စာသည် အလျား ၁၀ လက်မ အနံ ၄ လက်မ ရှိပြီး ကျောက်စာကြောင်းရေ (၄) ကြောင်း ရေးထိုးပါရရှိပေသည်။ ယခုထို ၀ီရစန္ဒြမင်းကျောက်စာသည် ယခု မြောက်ဦးမြို့ ရှေ့ဟောင်းယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းထား ရှိပါသည်။ ရေးထိုးထားသော ဘာသာစကားမှာ သက္ကတပျက် ပါဠိဘာသာ အနည်းငယ်ရောသော စကားဖြင့် ရေးထိုးထားပေသည်။ ရေးထိုးသည့်အက္ခရာမှာ ဒေ၀နာဂရီပွါး အက္ခရာဖြစ်ပေသည်။ ထိုဝီရစန္ဒြမင်း၏ နန်းစံနှစ်ကို အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ဆုံးစာကြောင်းပါ သက္ကရာဇ်(၁၁) ခုကို ကျောက်စာပါ မင်းတို့၏ နန်းစံနှစ်များအတိုင်း နောက်ပြန်ဆုတ်၍ ရေတွက်ကာ ခရစ်သက္ကရာဇ် ပြုလိုက်လျှင် (အေဒီ 495-498) တွင် ကျရောက်နေပေသည်။

သီရိ ၀ီရစန္ဒြမင်း စေတီအဆူပေါင်းတစ်ရာတည် ၀ီရစန္ဒြမင်းကျောက်စာမင်ကူးနှင့် အဓိပ္ပါယ်မှာ ပုံပါအတိုင်းအဖြစ်ပေပါသည်။

ကျောက်စာမင်ကူးပါ စာသား၏အဓိပ္ပါယ်
========================
( မင်းကျင့်တရားနှင့်အညီ ထီးနန်းကို ဆက်ခံ စိုးစြံ့ပီး သူတပါးအကျိုးကို သယ်ပိုး ဆောင်ရွက်ရန် ရည်သန်လျှက်ရှိသော သီရိ ၀ီရစန္ဒြ မင်းသည် မိမိပိုင် ငွေကြေး များစွာတို့ကို အကုန်အကျခံ၍ သစ္စာတရားကို သက်ဝင်ယုံကြည် မြတ်နိုးသည့် အလျောက် မိမိ၏ ပိုင်နက်မြေ တိုင်းနိုင်ငံ အ၀ိုင်းအ၀န်းအတွင်း၌ ကမ္ဘာ၏ အဆင်းတန်ဆာ ဖြစ်သော စေတီအဆူပေါင်း တစ်ရာကို လှူဒါန်း တည်ထားတော်မူလေသည်။ ) ဟု ဖြစ်ပါသည်။
==================



ဤကဲ့သို့စေတီအဆူပေါင်း ၁၀၀ တည်သော အာနန္ဒစန္ဒြမင်းကျောက်စာပါ ဗုဒ္ဓဘာသာဝင် သာသနာပြု မင်းကောင်း မင်းမြတ်များကို တစ်ချို့သော နိုင်ငံခြားသား သုတေသီပညာရှင်များနှင့် ပြည်တွင်းသုတေသီများက “သီဝ=Siva” သီဝနတ်မင်း မျိုးနွယ်က ဆင်းသက်လာသောမင်းများဖြစ်သည်ဟု ရေးသာဖေါ်ပြကြ သည် ကိုတွေ့ရသည်။ တစ်နည်း ဗြဟ္မဏ အယူရှိသော ဟိန္ဒူမင်းများဟု စွပ်စွဲပြောဆိုရေးသားခဲ့ကြသည်ကို တွေ့ရပေသည်။ စေတီအဆူပေါင်း တစ်ရာတိတိကို တည်ထားကိုးကွယ်ခဲ့သော သာသနာပြု ရခိုင်ဝေသာလီခေတ်မင်းတစ်ပါးကို ဟိန္ဒူအယူရှိသောမင်းဖြစ်သည်ဟု စွပ်စွဲချက်များမှာ လုံးဝမခိုင်လုံသော စွပ်စွဲချက်များသာဖြစ်ကို ဤကျောက်စာက သက်သေခံနေပေသည်။ ထိုကဲ့သို့ ရေးသားခဲ့ကြသော ပညာရှင်များသည် ရခိုင်ဝေသာလီဒေသတ၀ိုက်တွင် တွေ့ရသော ဟိန္ဒူဘာသာရေးနှင့် ဆိုင်သော ရုပ်တုများ၊ ၊နွားလားဥဿဖ ကျောက်ရုပ်များကို တွေ့မြင်ရသောကြောင့် ဝေသာလီမင်းများအားလုံးကို သိမ်းကျုံး၍ သီဝနတ်မင်းအနွယ် (၀ါ) ဗြဟ္မဏ အယူဝါဒရှိသော ဟိန္ဒူမင်းများဟု ယူဆကြဟန်ရှိပေသည်။ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါ (၅၅) တွင် ဗြဟ္မဏပုဏ္ဏား ၅၀ တို့အတွက် ကျောင်းကြီး ၄ကျောင်း ထိုကျောင်းတွင် လိုအပ်သော ဘာသာရေးဆိုင်ရာ ပစ္စည်းများ၊ ကျွန်များ လယ်မြေများ တူရိယာများကမ ကြွင်း ပေးလှူထားသည်ကို ကြည့်လျှင် ဝေသာလီပြည်ရှင် စန္ဒြမင်းဆက်များသည် ဘာသာရေးလွတ်လပ်ခွင့်၊ လူမျိုးရေးလွတ်လပ်ခွင့်၊ အသားအရောင် ဇာတ်နိမ့် ဇာတ်မြင့် မခွဲဘဲ စိုးစံအုပ်ချုပ်သောမင်းများဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုကြောင့် ရခိုင်ဝေသာလီဒေသတွင် ဟိန္ဒူဘာသာဆိုင်ရာ ရုပ်တုများရှိနေသည် အထူးအဆန်းကိစ္စတစ်ရပ်မဟုတ်ပေ။

အမှန်သော်ကား အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ (၃၂) နှင့် ဂါထာ(၄၂) ပါ “Isanvaya”( ဤသျာနွယ=မင်းမျိုးမင်းနွယ်) စကားလုံးကို ဘာသာပြန်ကြရာတွင် “Sivanvaya” ကို ( Isana=သီဝနတ်) ဟိန္ဒူနတ်ဘုရားအမျိုးအနွယ်က ဆင်းသက်လာကြသောသူများဟု ဘာသာပြန်မိသောကြောင့် ထိုသို့ကွဲလွဲသွားခြင်း ဖြစ်ပေသည်ဟု ယူဆပေသည်။ ပါမောက္ခဂျွန်စတင်နှင့် ဆရာကြီးဦးစံသာအောင်တို့၏ ဖေါ်ပြချက်ကိုပုံကိုရှုပါ



ဝီရစန္ဒြမင်းသာ သီဝနတ်မင်း အမျိုးအနွယ်က ဆင်းသက်လာသော ဗြဟ္မဏအယူရှိသည့် ဟိန္ဒူမင်း တစ်ပါး ဆိုလျှင် ဟိန္ဒူဘုရားကျောင်းသာ တည်ထားကိုးကွယ်လှူဒါန်းပေသည်။ ယခုသော်မူကား ဗုဒ္ဓ၏ သာသနာကို သက်ဝင်ယုံကြည် ကိုးကွယ်သည့် မင်းဖြစ်သောကြောင့်သာ သာသနာအဓွန်ရှည်စေရန် ရည်ရွယ်ချက်ဖြင့် စေတီတော် အဆူပေါင်း တစ်ရာ တိတိ တည်ထားကိုးကွယ်လှူဒါန်းသည်ကို ထောက်ဆလျှင် ဗြဟ္မဏအယူရှိသော သီဝနတ်မင်း အနွယ်က ဆင်း သက်လာသည်ဆိုသည်မှာ သူဖြစ်နိုင် မဖြစ်နိုင် တွေးဆလိုက်သည်နှင့် အဖြေမှာ ပေါ်လွင်နေပြီ ဖြစ်ပေသည်။

ထိုကြောင့် စာရေးသူ သည် အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၃၂-၄၂)တို့၌ပါသော ( Isanvaya ) စကားရပ်သည် သီဝနတ်မင်းအနွယ်မဟုတ်ကြောင်း၊ မင်းမျိုးမင်းနွယ်သာ ဖြစ်ကြောင်းကို ဆရာကြီး ဦးမြင့်ဆွေ ရေးသားသော သက္ကတသဒ္ဒါကျမ်း၊ ဆရာကြီးဦးဟုတ်စိန်ရေးသားသော ပါဠိအဘိဓါန်ကျမ်းများကို ကိုးကား၍ ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)






Comments