Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အိန္ဒိယ ဗုဒ္ဓဂါယာရှိ  ကျောက်စာ

ဗမာသမိုင်းဆရာ အမည်ခံများပြောသော ရခိုင် သမိုင်းလိမ်သတဲ့ (အိန္ဒိယ ဗုဒ္ဓဂါယာရှိ  ကျောက်စာ )
°°°°°°°°°°°°°°°°°°°°°°°
ကဲ့ကောင်းပြီ

ဗမာ သမိုင်းဆရာအမည်ခံ တစ်ချို့က ပြောတယ် ၊ အိန္ဒိယ သုဇာတာ
ဂဏနို့ဆွမ်း ကျောက်စာကို ရခိုင်မင်းရေးထိုးကျောက်စာမဟုတ် ၊ ပတသိန်းမင်း ကျောက်စာ ၊ ပတသိန်းမင်းဟာ ပုဂံ
မင်းပေါ့ ၊ ဈာန် သစ် အောင်က ဒီလို ဆိုထားသည်

((ဗုဒ္ဓဂယာ ပျူတစ်သိန်းမင်း ကျောက်စာဟာ သက္ကရာဇ် ၆၆၀ (အေဒီ ၁၂၉၈) ထိုး ကျောက်စာဖြစ်လို့ လက်ယာမင်းနန် နန်းတက်နှစ်နဲ့ နှစ်ပေါင်း ၁၈၀ နောက်ကျပါတယ်။

ကျောက်စာမှာ ပါတဲ့ သက္ကရာဇ် ၆၅၇ (အေဒီ ၁၂၉၅) မှာ စပြင်တယ်။
သက္ကရာဇ် ၆၆၀ ( အေဒီ ၁၂၉၈) မှာ ပြီးတယ်။
လို့ ရေးထားတဲ့ သက္ကရာဇ် အရ ပျူတစ်သိန်းမင်းဆိုတာ ပုဂံမင်းကြီး တစ်ပါးကို ဆိုလိုကြောင်း ပညာရှင်အများ လက်ခံထားပါတယ်။

သက္ကရာဇ်အရ နရသီဟပတေ့ရဲ့သား ကျော်စွာမင်း (သက္ကရာဇ် ၆၄၉-၆၆၂) နဲ့ သက္ကရာဇ်ချင်း ပြိုင်မိပါတယ်။

ကျောက်စာပါ အကြောင်းအရာမှာလဲ လက်ယာမင်းနန်ရော၊ ရခိုင်ရော တစ်လုံးမှ မပါပါဘူး။
ကျောက်စာမှာပါတဲ့ မင်းတွေက
၁။ သီရိဓမ္မာသောကမင်းကြီး သုဇာတာ နို့ဆွမ်းကပ်ရာမှာ စေတီတည်ခဲ့တယ်။
(အဲဒါ ပျက်လို့ သခင်ပန့်သကူကြီး ပြင်တယ်။)

၂။ အဲဒီနောက် ထပ်ပျက်လို့ သတိုးမင်းကြီး ပြင်တယ်။
(သတိုးမင်းဆိုတာ တကောင်းမင်းရိုးတွေပါ။
တကောင်းမင်းရိုးတွေသာ သတိုးဘွဲ့ခံကြပါတယ်။
ကိုလိုနီခေတ်က ကျောက်စာဝန်ဖူးရား တကောင်းက မင်းတစ်ပါး ဗုဒ္ဓဂယာမှာ ဘုရားပြင်ကြောင်း ထိုးတဲ့ ကျောက်စာ တကောင်းမှာ ရဖူးတယ်လို့ သိရပါတယ်။ (တကောင်းမြေမာတာ၊ အရှင်ပဏ္ဍိတာနန္ဒ )

၃။ ဆင်ဖြူသခင် မင်းတရားကြီး ပျူတစ်သိန်းမင်း (ပုတသိန်မင်)

မူလ စေတီတည် အသောမင်းကြီးကလွဲရင် ကျန်တဲ့မင်းတွေက မြန်မာပြည်မက မင်းတွေ အမည်ဖြစ်ပါတယ်။))

အမှန်တော့ မှင်ကူး ကျောက်စာစစ်က ပတသိန်းမင်း ပါ ၊ ဒါ တစ်ပျူပဲ ပျူချင်နေတော့ ပျူတသိန်းမင်း ဖြစ်နေကြတယ် ၊ ဒါမှ သက်သေအစစ် သမိုင်းလိမ် ။
ပုံမှာကြည့်ပါ.. မှင်ကူး နဲ့ လုပ်ယူ ဘယ်ဟာမှန်မလဲ့ သင်ထင်သလဲ့

ကောင်းပြီ ထားလိုက်တော့ ဆက်မယ်

ဗမာသမိုင်းဆရာ အမည်ခံ တို့ပြောစကားကို အတိုချုပ်လိုက်ရင် အိန္ဒိယ ဂဏနို့ဆွမ်း ကျောက်စာဟာ ပုဂံမင်း(ဗမာ) တွေရဲ့ ကျောက်စာ ၊ ဗမာတွေရဲ့ စာ စသည်တွေပေါ့ ...
ဒီတော့ ကျတော် ပြောလိုတာက ကျောက်စာပါ (ပျူ ဆရာများ အလို့ကျရေးလိုက်တယ်>>(ပျူ)တသိန်းမင်း ခုနှစ် သက္ကရာဇ် ၆၆၀>(AD>1298)​ ဆိုတဲ့ အချိန်
ပုဂံမှာ မင်း ဘယ်သူလဲ့ ? ။ နောက်ပြောသေးတယ် သတိုးမင်းဟာ  တကောင်းမင်းတွေတဲ့ ၊ ကောင်းပြီ သက္ကရာဇ်​ ၆၆၀ AD 1298 ဆိုတဲ့အချိန် ဗမာတွေပြောတဲ့ တကောင်းမင်း ဆိုတာ ရှိနေသလား ?? ။ နောက်ရှိသေးတယ်.. အဲ့အချိန် ဆင်ဖြူသခင် မင်းတရာကြီးဆိုတာ ဘယ်သူလဲ့ ..

ဒါတွေကို သိဖို့ ဗမာသမိုင်းဆရာများ ပြောတဲ့ ဗမာအမည်ခံထားတဲ့ ပျူ ၊ တကောင်း ၊ ပုဂံ အစရှိသော မင်းဆက်များ စာရင်းကို ကြည့်ရအောင်
သက္ကရာဇ်​ ၆၆၀ AD 1298 ဆိုတဲ့အချိန်မှာ ဗမာပြည်တွင် စောနစ် ဆိုပြီး ပင်းယခေတ် သီဟသူ ဆိုပြီး ဖြစ်နေတယ် ပုံကြည့်
ဗမာပြည် မင်းဆက်များ https://m.facebook.com/story.php?story_fbid=2518028355089193&id=100006461585731

ရက္ခိုင်တွင် အဲ့အချိန် လေးမြို့ခေတ် လောက်ကြက်မင်းဆက် မင်းထီး ဘုရင်ပဲ  ရှိတယ် ၊ ဆင်ဖြူသခင် မင်းတရားကြီးဆိုတာလဲ့ ဘုရင် မင်းထီးပဲ

ဒီတော့ ကျောက်စာပါ အချက်အလက်နဲ့. အကြောင်းအရာ တိုက်ကြည့်ပေါ့ ဆရာများ ပြောနေကြသော အရာနဲ့ အခုပြောတဲ့ အဲ့အချိန် သက္ကရာဇ်​ ရှိနေသော အကြောင်းအရာတွေနဲ့ ယှဉ်ကြည့်ပေါ့ ။

သဘောပေါ့မယ်ထင်တယ် ၊

ရက္ခိုင် ဘုရင် မင်းဆက်များ
https://m.facebook.com/story.php?story_fbid=2395386840686679&id=100006461585731

ဈာန်သစ်အောင် post

https://m.facebook.com/story.php?story_fbid=10205534004934485&id=1382829653

#Zaw Ko Ko

Comments