Featured
- Get link
- X
- Other Apps
ပျူစစ်လျှင် ဗမာမဟုတ်ကြောင်း သက်သေတစ်ခု (ရခိုင်နည်းဖြင့် ဒင်္ဂါးလုပ်ခြင်း)
ပျူစစ်လျှင် ဗမာမဟုတ်ကြောင်း သက်သေတစ်ခု (ရခိုင်နည်းဖြင့် ဒင်္ဂါးလုပ်ခြင်း)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ပျူခေတ် ဒင်္ဂါး။....။ ပျူတွေဟာ ရခိုင်တွေလို့ ဒင်္ဂါးလုပ်တတ်၍ ဒင်္ဂါးခတ်များ ရိုက်နှိပ် သုံးစွဲကြသည်
ပျူတွေဟာ သရေခေတ္တရာခေတ်ထိပါပဲ ၊ ပျူတွေကို တိုက်ထုတ်ပြီးနောက်
ဒင်္ဂါးမလုပ်တတ် ။...။ ဗမာတွေဟာ ပုဂံခေတ် ကြာအိုးအံ ပုဂံတည် ဆောင်ပုဒ်အရ ကောဇာ ၂၁၁ (AD-၈၄၉) ဆိုပေမယ့်
ဗမာဘုရင် အနော်ရထာ
မင်း (AD -၁၀၄၄ ) ခေတ်မှ အရာရာ စတင်လာတယ်လို့ ပြောရမှာပဲ ၊ မွန်တွေဆီက ပိဋကတ်ယူပြီးတော့ပေါ့ ၊
ဒီတော့ ကြာအိုးအံ ပုဂံတည် (AD -၈၄၉) ကနေ
ဗဒုံမင်း (ခ) ဘိုးတော်မောင်ဝိုင်းလက်ထက်လက် ကောဇာ ၁၁၄၆ ( AD ၁၇၈၄ )ခုထိ နှစ်ပေါင်း ( ၉၃၅ ) တိုင်တိုင် ဗမာတွေဟာ ဒင်္ဂါးမလုပ်တတ်သေး ဆိုတဲ့ သက်သေတစ်ချက်က 👉👉
(ဘိုးတော်မင်းလက်ထက် အမရပူရတွင် ငွေဒဂါင်္း မသုံးသေး၍ ။ ကျပ်ဖြင့်ချိန်သုံးသဖြင့် ငမြတ်ထင်ကို ငွေအခွက်တစ်ဆယ်ပေးလေ၏။)(မှော်ပီဆရာသိန်း)
ထိုးနောက် ရခိုင်ပြည်ကိုသိမ်းပြီးတဲ့အချိန် ဘိုးတော်မောင်ဝိုင်းသည် ရခိုင်ပြည်ဟာ သူတို့ ပုဂံပြည်တွေလို ငွေစ ရွှေစ တွေကို အလေးချိန်ဖြင့် သုံးစွဲတယ် ထင်ပြီး ရခိုင်ပြည်တွင် သုံးစွဲခိုင်းတဲ့အခါ
မြောက်ဦးမြို့ဝန် နန္ဒပကျန်က "ဓညဝတီရခိုင်ပြည် မြောက်ဦးမြို့နေသူတို့သည် ရွှေငွေကို ကျပ်ချိန်၍မသုံး၊ ဒင်္ဂါးခတ်၍သာသုံးသည်"ဟု ဘိုးတော်မင်းထံစာပို့ရာ-
"၁၁၄၆ အမရပူရ ဆင်ဖြူများရှင်နိုင်ငံ" တံဆိပ်ခတ်ပြီးရိုက်လေ။ ထိုဒင်္ဂါးကို "ပုံတော်ဒင်္ဂါး" ဟုခေါ်၍သုံးလေဆိုသည့် အမိန့်အရ သုံးစွဲခဲ့ရသေးသည် ။(ရခိုင်ရာဇဝင်သစ်ကျမ်း)
အဲ့နောက်ပြီးမှ ရခိုင်တွေနည်းကို ယူပြီး ဘိုးတော်မောင်ဝိုင်းသည် AD ၁၇၈၅ မှစတင်၍ ဒင်္ဂါးရိုက်ခတ်ပြီး သုံးစွဲလာသည် ၊ ကမ္ဘာ့ရက်စွဲ့အဘိဓါန် စာအုပ်၌ မြန်မာပြည်တွင်းသုံး မြန်မာ့ ဒင်္ဂါး ပေါ်သည်ဟု ဖော်ပြထားသည်။
ဤအကြောင်းအရာကို ကြည့်လျှင် ကြာအိုးအံ ပုဂံတည် (AD -၈၄၉) ကနေ
ဗဒုံမင်း (ခ) ဘိုးတော်မောင်ဝိုင်းလက်ထက်လက် ကောဇာ ၁၁၄၆ ( AD ၁၇၈၄ )ခုထိ နှစ်ပေါင်း ( ၉၃၅ ) တိုင်တိုင် ဗမာတွေဟာ ဒင်္ဂါးမလုပ်တတ်သေး ဆိုတာပါပဲ
ဤသည်ပင် ပျူ နဲ့ ဗမာ တစ်ခြားစီဆိုတာ သက်သေတစ်ချက်ပါပဲ
။
အောက်Photo များ သေချာ ကြည့်👇👇👇
-----------------------
Zaw KoKo (မဟိံသကတိုင်း)
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။