Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်ကပြတဲ့ အထောက်အထားများ (မွန်လည်းမပြနိုင် ၊ ပျူလည်း မပြနိုင် ၊ ဗမာလည်း မပြနိုင်။ )


ရခိုင်ကပြတဲ့ အထောက်အထားများ 

(မွန်လည်းမပြနိုင် ၊ ပျူလည်း မပြနိုင် ၊ ဗမာလည်း မပြနိုင်။  )


ရခိုင်ဆရာတွေ ထောက်ပြလည့်ရှိသော.. အရာတွေက 


၁။ ပုဂံပြည်၌ ရှိသော ကျောက်စာများ၏စာပေ အသုံးအနှုန်းသည် 

ပုဂံခေတ် ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးမျာသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာ ရမ်ား ဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

(၁) ကြာသပတိယ်နိယ်၊ (၂) သုက္ကြာနိယ်၊ (၃) လှိယ်၊ (၄) ရိယ်မှုတ်၊ (၅) အတုမဟိသော၊ (၆) ခြုယ်မ၊ (၇) ခြုပ်မ၊ (၈) အစ္ကို၊ (၉) အစ္မ၊ (၁၀) ပန်စင်၊ (၁၁) ကခြီယ်သည်၊ (၁၂) ပညာမဟိယ်သော၊ (၁၃) သစ္စာ မဟိယ်သော၊ (၁၄) အလှူပိယ်လိုဝ်သော၊ (၁၅) သင်္ဃာတိုဝ်၊ (၁၆) ဤယ္သူ၊ (၁၇) ပတ္တမြားစာတီတိုဝ်၊ (၁၈) လှူခ၏၊ (၁၉) ခြီယ်လက်၊ (၂၀) ခြိယ်ဆိယ်ရိယ်၊ (၂၁) လက်ဆိယ်ရိယ်၊ (၂၂) မပ္လုရကြောင်ဆိုဖိလတ်၊ (၂၃) နိယ်ရလိယ်၏၊ (၂၄) အသရိယ်ဟိသော၊ (၂၅) ခရိုန် စေသာ ဝေါဟာရများကို ယနေ့ခေတ် မြန်မာတို့ ပြောဆို နေကြပါသေးသလား ? ဟု မေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပ္ပါယ်ကို သိရှိအောင် မနည်းကြိုးစားကြရမည်ဟု စသည်များကို (နောက်ထပ်အများအစားရှိသေးသည် )


ဗမာတွေမတတ် မသိ အသံ မထွတ်တတ် အနက်မသိ ၊ မသိ၍လည်း တစ်ခါတစ်ခါ အနက်ဖွင့်ဆိုချက်လွဲမှားနေခြင်း (ဥပမာ> ရွှေတောင်တက်သည်ကို နန်းတက်သည်ဟု ပြန်ဆိုခြင်း စသည်များ ကို ထောက်ပြခြင်း 


၂။ ရခိုင်ပြည်ဖြစ် ပျို့ ၊ လင်္ကာ ၊ ရတု ဆေး ၊ ဗေဒင် ၊ နရသုခိ နရမာလာ နရတန်ဆောင် ၊ 

ကဝိကဏ္ဋပါသဏ ၊ ကဝိဂန္ဓ စသည့်

ကျမ်း အသီးသီး (နောက်ထပ်ရှိအုန်းမယ် )စသည့်များကို ဗမာတွေ ကိုးကားနေရခြင်း ၊ မြန်မာ့စာပေလောကမှာ ထိပ်ဆုံးမှာ ရပ်နေရခြင်း ၊ ဥပမာ လောကသရပျို့ ၊ အသျှင်မဟာသီလဝံသရေးသားခြင်း ကျမ်းများ ၊ ကျွဲကျောင်းသံ ကဗျာ ၊ စသည်များကိုထောက်ပြခြင်း။


၃။ မြန်မာ့ အက္ခရာဆင့်ကဲ့ပြောင်းလဲ့လာပုံဟာ ရခိုင်က ခေါင်းလောင်းစာ ကြေးပြားစာ ကျောက်စာ စသည်တွေမှာရေးထားသော.. ဗြဟ္မီအက္ခရာ ၊ ဂုပ္တအက္ခရာ ၊ နာဂရီအက္ခရာ ၊ စသည်များကနေ ဖော်ထုတ်ထားသော ဦးစံသာအောင်ပြုစုတဲ့ ၆ရာစုမတိုင်မီ ယင်းမတိုင်မီ ရခိုင်ပြည်သုံး စာအုပ် ကသက်သေပြခြင်း၊ ဗမာပြည်မှာ ဆင့်ကဲ့ပြောင်းလာပုံ ၄င်းကျောက်စာများမရှိခြင်းများကို ထောက်ပြခြင်း ။ 


၄။ ရခိုင်ပြည်ဖြစ် ယဉ်ကျေးမှုများကိုပါ ဗမာတွေယူသုံးနေရခြင်းများကို ထောက်ပြနေခြင်း


၅။ ပြက္ခဒိန် လောကမှာ ရခိုင်ကို ဖယ်မထုတ်နိုင်ခြင်း


စသည့်စသည့် အသီးသီးသောအကြောင်းအရာများအား ရခိုင်ဆရာတွေထောက်ပြနေသောအရာတွေပဲဖြစ်ပါတယ်.. 


၎င်းအခြင်းအရာများကို

ဘယ် ပျူလူမျိုးလည်း မပြနိုင်ဘူး ။ ဘယ် မွန်လူမျိုးလည်း မပြနိုင်ဘူး ။

ဘယ် ဗမာလူမျိုးလည်း မပြနိုင်ဘူး။ 


ဘယ် ပျူတွေသုံးခဲ့သော ပျူပြည်ဖြစ်... ရတု ကဗျာ လင်္ကာ ကျမ်းအသီးသီးတွေကို.. မြန်မာစာလောကမှာ အသုံးပြုနေရပါတယ်လို့လည်း ဘယ် ဗမာ သမိုင်းဆရာ စာပေဆရာတွေ ကိုးကားနေခြင်းမရှိ အသုံးပြူနေရခြင်းမရှိ၊ သင်ကြားနေရခြင်းမရှိ ၊


မွန်တွေအသုံးပြုသော မွန်ပြည်ဖြစ်.... ရတု ကဗျာ လင်္ကာ ကျမ်းကန် အသီးသီးတွေကို ... မြန်မာစာလောကမှာ အသုံးပြုနေရပါတယ်လို့လည်း ဘယ်ဗမာ သမိုင်းဆရာ စာပေဆရာတွေ ကိုးကားနေရခြင်းမရှိ ၊ အသုံးပြုနေရခြင်းမရှိ ၊ သင်ကြားနေရခြင်းမရှိ ။


ရခိုင်တွေအသုံးပြုခဲ့သော ရခိုင်ပြည်ဖြစ် ရခိုင်ပညာရှိအမတ်များ စာဆိုတော်များ ရေးသားပြုစုသော အရာတွေကိုသာ ဗမာဆရာများ စာပေလောကမှာ သင်ကြားနေရခြင်း ၊ ကိုးကားနေရခြင်း ၊ အသုံးပြုနေရခြင်းသာ ဖြစ်သည် ။ 


ဤထက်ကောင်းသော သက်သေ သာဓက အထောက်အထားများ ရှိသေးသလား ။ 

အဲ့ ရခိုင်တွေ ဖော်ပြတဲ့ အထောက်အထားတွေကို 


မွန်လည်းမပြနိုင်ဘူး ၊ ပျူလည်းမပြနိုင်ဘူး ၊ ဗမာလည်း မပြနိုင်ဘူး။  


ဒါဆို ရခိုင်စာလော ၊ ဗမာစာလော ၊ မွန်စာလော ၊ပျူစာလော

ဆိုသော မေးခွန်းများ အဖြေ ရှင်းမယ်ထင်ပါတယ်


~~~~~~~~~~~~~~~

Zaw Zaw (ရက္ခပူရတိုင်း)











~~~~~~~~~~~~~~~
Zaw Win (ဓညဝတီတိုင္း)






Comments