Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗမာတို့၏ နတ်ကိုးကွယ်မှုအစဉ်အလာနှင့် အရည်းကြီးသာသနာအကြောင်း

ဗမာတို့၏ နတ်ကိုးကွယ်မှုအစဉ်အလာနှင့်
အရည်းကြီးသာသနာအကြောင်း
*************************************

ဗမာတို့၏ မိရိုးဖလာ ကိုးကွယ်မှု့ဆိုသည်မှာ
နတ်ကိုးကွယ်မှုအယူဝါဒ၊
နတ်နှင့်ဘုရားကို ရောသမမွှေ၍ ကိုးကွယ်သည့် မဟာယာနအယူဝါဒနှင့် အရည်းကြီး ကိုးကွယ်မှုတို့ဖြစ်ကြသည်။
ဗမာတို့သည် အရည်းကြီးကိုးကွယ်မှု၊
မဟာယာနကိုးကွယ်မှုနှင့်နတ်ကိုးကွယ်မှုတို့အား ပုဂံခေတ်မှသည် ယနေ့ ၂၀၁၅ ထိတိုင်
လက်ဆင့်ကမ်းကိုးကွယ်လျက်ရှိသည်ကို
ဗမာပြည်နယ်သို့ရောက်ဖူးသူတိုင်း
မျက်မြင်ကိုယ်တွေ့ မြင်ဖူးကြပေလိမ့်မည်။
ပုဂံခေတ်တွင် ဗုဒ္ဓဘာသာနဲ့အတူ
ဟိန္ဒူကိုးကွယ်မှု၊နတ်ကိုးကွယ်မှု၊နတ်+ဗုဒ္ဓ
(မဟာယာန)ကိုးကွယ်မှု၊အရည်းကြီးကိုးကွယ်မှုနှင့်Sisnaခေါ်ပုရိဿလိင်အင်္ဂါကိုးကွယ်မှုများလည်းအပြိုင်ထွန်းကားခဲ့သည်ကို ပုဂံဒေသရှိ
ရှေးဟောင်းဟိန္ဒူယဉ်ကျေးမှုလက်ရာများနှင့်
ရွှေစည်းခုံဘုရားအပြင်ဘက်ရှိ ၃၇ မင်းနတ်ရုပ်များနှင့် အတွင်းတံတိုင်းဘက်ရှိ
အတွင်း ၃၇ မင်းနတ်ရုပ်ရုပ်များက သက်သေ
တည်လျက်ရှိသည်။

ဗမာပြည်နယ်(စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊
မကွေးတိုင်းတစ်ဝက်) တွင် ရှိရင်းစွဲနတ်ကိုးကွယ်နေရင်းတွင် လွန်ခဲ့သော
နှစ်၂၀၀၀ခန့်မှစ၍အိန္ဒိယပြည်မှဟိန္ဒူအယူဝါဒများ၊ဗုဒ္ဓဘာသာအယူဝါဒများရောက်ရှိလာရာထိုဝါဒနှစ်မျိုးတွင်ပါသောနတ်များကိုလည်းခိုးယူကိုးကွယ်ကြလေသဖြင့်ဗမာပြည်နယ်ဒေသတွင်နတ်ကိုးကွယ်မှုအယူဝါဒများမှာအထူးကြီးကျယ်ခမ်းနားလာခဲ့သည်။

ဗမာပြည်နယ်တွင် အကြီးကျယ်အထင်ရှားဆုံးသောနတ်ကိုးကွယ်မှုမှာပုဂံခေတ်သေဉ်လည်ကြောင်မင်းလက်ထ(သာသနာသက္ကြဇ် ၈၈၈မှ ၉၃၁ ထိ၊AD-4th Centuary)တွင် ပေါ်လာသော မောင်တင့်တယ်မောင်နှမသေ၍ နတ်ဖြစ်သည် ဟူသော မဟာဂီရိနတ်မောင်နှမမှစ၍  အထူးကြီးကျယ်ခေတ်စားလာလေသည်။
ထိုမောင်နှမအား ပုပ္ပားတောင်တွင်ထား၍
ဘုရင်းမှစ၍တိုင်းသူပြည်သားဆင်းရဲသားအထိ
ကြီးကျယ်သော ပွဲလမ်းသဘင်ကိုနှစ်စဉ်ပြုကာ
ပူဇော်ကိုးကွယ်လာခဲ့ကြသည်မှာ ယနေ့တိုင်အောင်ထိပင် ဖြစ်သည်။

နောက်တစ်ဖန် အနော်ရထာလက်ထက်
(သက္ကြဇ် ၄၀၆-၄၃၉ AD-11th Centuary)တွင် ရွှေဖျဉ်းညီနောင် နတ်တို့ပေါ်ပေါက်၍ တောင်ပြုံးအရပ်တွင်
ပွဲလမ်းသဘင်ကြီးစွာဖြင့် နှစ်စဉ်ကျင်းပလာခဲ့ကြသည်မှာလည်း
ယနေ့တိုင်အောင်ပင်ဖြစ်သည်။

ပုဂံဒေသတွင်ဟိန္ဒူအယူဝါဒများ၊ နတ်ကိုးကွယ်မှုအယူဝါဒများ၊မဟာယာနဗုဒ္ဓဘာသာအယူဝါဒများ၊အရည်းကြီးကိုးကွယ်မှု
များထွန်းကားခဲ့သည့်သမိုင်းအထောက်အထားများ ပြည့်စုံကောင်းမွန်စွာ တည်ရှိနေသည်။
ထိုအယူဝါဒများထွန်းကားခဲ့သည့် ပုဂံသမိုင်းအားထပ်မံဖွင့်လှစ်ရလျှင်-

ထီးလှိုင်မင်း ခေါ် ကျန်စစ်သား (၁၀၈၄-၁၁၁၃) မင်းလက်ထက်တွင် ကုလားဗိသုကာပညာရှင်၊ ပုဏ္ဏား၊ဟူးရားတို့သည်အလွန်အမင်းအရေးပါခဲ့သည်။မွန်ဘာသာစကားဖြင့်ရေးထိုးထားခဲ့
သည့် ကျန်စစ်သားနန်းတည်ကျောက်စာ၌ ဗြဟ္မဏယုံကြည်ကိုးကွယ်မှုများဖြစ်သည့် ဗိဿနိုးနတ်မင်းအပေါ်ပူဇော်ပသမှုအား
တစ်ဆယ့်နှစ်ကြိမ်တိတိပါပါသည်။ နန်းတော်နံရံကိုအလှဆင်ရာတွင်လည်း အလယ်ထိပ်စည်းဖြစ်သည့်ကြာပွင့်ကြီးပေါ်
တွင် ဗိဿနိုးနတ်မိဘုရား သီရိဒေဝီ နတ်သမီးထိုင်နေသောပုံပါရှိသည်။

ပုဂံဒေသရှိ ဘုရားများ၌ ဂိဂ္န (ရှိရှန) ၉၈၇/၄၁၃၊ ဆိုသည့်ဟိန္ဒူဘုရားများရှိသည်။ယခုအခါတွင် စေတနာကြီး ဘုရားဟုရှေးဟောင်းသုတေသန ဌာနမှအမည်သစ်ပေးထားသည်။
ဂိဂ္န(Sဲis_na)ဆိုသည်မှာသက္ကတဘာသာအလိုအားဖြင့်ပူရိဿလိင်ဟုအဓိပ္ပာယ်ရှိသော
ကြောင့်သျှီဝနတ်ကွန်းဖြစ်ပေသည်။

ရွှေဂူကြီး (၁၅၈၉/၉၀၁ )ဘုရားကျောက်စာ၌ ရွှေဂူကို (၁၆ ဧပြီ ၁၁၃၁) တွင် စဆောက်ပြီး၁၆ ဒီဇင်ဘာ ၁၁၃၁ တွင် ပြီးစီးသည်ဟုပါရှိသည်။ ဘုရားအုတ်ခုံပတ်လည်တွင်ဟိန္ဒူနတ်ရုပ်
များအပြည့်တွေ့ရ၍ ဤကျောင်းတော်သည်
မူလက ဟိန္ဒူနတ်ကွန်းဖြစ်နိုင်သည်။ စတုရင်္ဂသူရ အမည်ရသောပုဂ္ဂိုလ်တစ်ဦးက (၂၃ ဇန်နဝါရီလ ၁၇၇၁ ) မှာ ရွှေဂူကိုအသစ်ဖြစ်အောင်ပြုပြင်ခဲ့သည်။ သက်သေအဖြစ် အနောက်ဘက်မုခ်တွင် ပါဠိမင်စာမှတ်တမ်းရေးထားခဲ့သည်။အထက်တွင် ဖော်ပြခဲ့သည့် သရီ(သီရိပစ္စရာ) ရှိ စေတနာကြီး ဟု အမည်သစ်ပြောင်းထားသည့် စေတီကြီးသည်လည်း တောင်အိန္ဒိယ ဟိန္ဒူဘုရားကျောင်း ဂိဂ္န (Sဲis_na) ကိုငုံပြီး ပြုပင်ထားသည့် စေတီဖြစ်သည်။

ပျူခေတ်၊ပုဂံခေတ်ကတည်းက
တည်ရှိခဲ့သည့်ဗမာတို့၏နတ်ကိုးကွယ်မှုဓလေ့
စရိုက်များနှင့်မဟာယာနဗုဒ္ဓဝါဒများ၊
အရည်းကြီးအယူဝါဒများသည်
ယခုအခါဗမာပြည်နယ်ဒေသတွင်
အခိုင်အမာထွန်းကားလျက်ရှိနေပြီဖြစ်ကာ
နတ်ကိုးကွယ်မှုတွင်လည်း ၃၇ မင်းနတ်ဟူ၍ အထင်အရှားရှိနေပြီဖြစ်သည်။
၎င်းတို့အား ခွဲခြား၍ပြရလျှင်-

၁ ဗုဒ္ဓဘာသာ ၃၇ မင်း
၂ အတွင်း ၃၇ မင်း
၃ အပြင် ၃၇ မင်းဟူ ၍ဖြစ်ကြသည်။
ဤတွင် ဗုဒ္ဓဘာသာကျမ်းစာအရ
ရေတွက်သော ဗုဒ္ဓဘာသာ ၃၇ မင်း၊
ပုဂံမင်းအနော်ရထာလက်ထက်မှစ၍
ရွှေစည်းခုံဘုရား အတွင်းတံတိုင်းတွင်
ရုပ်ပုံနှင့်တကွထားသော အတွင်း ၃၇မင်း၊
ရွှေစည်းခုံဘုရား တံတိုင်းအပြင်ဘက်တွင်
ရုပ်ပုံနှင့်တကွထားသော အပြင် ၃၇ မင်းတို့
ဖြစ်ကြသည်။

ဗမာပြည်နယ်ဒေသမှ
အရည်းကြီးသာသနာသမိုင်းအကျဉ်း
•••••••••••••••••••••••••••••••••••••••

ဗမာတို့နေထိုင်ရာ အညာပြည်နယ်ဒေသတွင်
အရည်းကြီးသာသနာထွန်းကားခဲ့သည်ကို
နိုင်ငံကျော် ပြည်တွင်းပြည်ပသာသနပြု
သံဃာတော်များအပါအဝင်
တစ်နိုင်ငံလုံးရှိသမိုင်းပညာရှင်များနှင့်
ပြည်သူအားလုံးမှ တစ်ညီတစ်ညွတ်တည်း
လက်ခံထားကြပြီးဖြစ်သကဲ့သို့
ကမ္ဘာကလည်း လက်ခံထားပြီးဖြစ်သည်။
ဤသည်ကို အစွမ်းရောက် လူတစ်စုက
လူမျိုးစွဲကိုရှေ့တန်းတင်၍ အမှန်တရားကို
မျက်ကွယ်ပြုကာ မိမိလူမျိုးအရှက်သိက္ခာ
မကျစေရန် ဆင်သားရေကို ဆိပ်သားရေဖြင့်ဖုံးဖို့အတင်းကြိုးစားလာနေကြသည်။ပုဂံဒေသတွင် အရည်းကြီးသာသနာ
ထွန်းကားခဲ့သည်မှာမည်သည့်ဗမာတစ်ဦးကမျှ ငြင်း၍မရသောသမိုင်းအမှန်တရားတစ်ခုသာ
ဖြစ်သည်။ဤသမိုင်းဆိုးကို လူမျိုးရေးအစွမ်းရောက်များမှ အတင်းဖျောက်ဖို့ကြိုးစားနေခြင်းမှာ
လူမိုက်တို့၏ လုပ်ရပ်သာဖြစ်သည်။
သမိုင်းဟူသည်မှာ ဆိုးသည်လည်းရှိမည်။
ကောင်းသည်လည်းရှိမည်။အဆိုးအကောင်း
ဒွန်တွဲနေသည့် မိမိတို့သမိုင်းကို
ယထာဘူတကျကျ လက်ခံတတ်ရပေမည်။
ဗမာသမိုင်းအများစုသည်ထိုသို့မဟုတ်ဘဲ အရှက်ရစေမည့် သမိုင်းယုတ်မှန်သမျှ ဖျောက်ဖျက်ကာ အကောင်းမှန်သမျှ လိုအပ်သည်ထက်ပို၍ယုတ္တိဗေဒကင်းမဲ့စွာချဲ့ကားရေးသားထားသည်ကများသည်။
ဥပမာပြရလျှင် အဆိုးကိုပယ်၍
အကောင်းကိုသာတည်းဖြတ်သုတ်သင်ထားသောခရစ်ယာန် သမ္မာကျမ်းစာကဲ့သို့ ဖြစ်နေသည်။
 

ဗမာတို့သည် ဖန်ခုန်၊ မီးနင်း အရည်းကြီး များ ကိုးကွယ်နေချိန်မှာ တိုင်းရင်းသား ညီနှောင်များဖြစ်သည့် သျှမ်း၊ရခိုင်၊ မွန်၊မွန် နှင့်အတူနေသော ပိုးကရင်များရှိသည့်  ဒေသတွေမှာ ဗုဒ္ဓသာသနာ ထွန်းကားနေခဲ့ပြီးဖြစ်သည်။
ဗမာများ၏ အကိုးကွယ်ခံရသည့် အရည်းကြီးတို့၏  ကျင့်စဉ်တွေမှာ အတော့်ကို အံ့သြဖို့ကောင်းသည်။ သူတို့သည် စိတ်ဓါတ်မြှင့်တင်ဖို့ မကြိုးစားဘဲ ရုပ်လက္ခဏာ ကျင့်စဉ်ဆိုပြီး ထင်ရာမြင်ရာ လျှောက်လုပ်ခြင်းပင်ဖြစ်သည်။
သာမှန်လူများမလုပ်နိုင်သည့်ကိစ္စများကို သူတို့ကလုပ်ပြနိုင်သည်မို့ လူတွေက သူတို့ကို အထင်ကြီးကြသည်။
ထိုအထဲမှာ ရှင်ဘုရင်ကိုယ်တိုင်ကလည်း ပါနေသည်မို့ သူတို့ပိုပြီး အောင်မြင်လာသည်။ မွေးလာသည့်ခလေးတွင်အကြောင်းတစ်ခုခုကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့လျှင် ဤသည်မှာ အရည်းကြီးတို့၏ တန်ခိုးဖြင့် မပြုပြင်ပေးလိုက်ရ၍သာ ဖြစ်သည်ဟု ဆိုကြပြန်သည်။

သည်အခါမှာတော့ ပန်းဦးလွှတ်ပွဲ
ကို စတင်တော့သည်။အင်မတန် ရိုးအ ပြီး အတွေးအခေါ်မရှိသည့်ရှေးခေတ်ဗမာများသည် မင်္ဂလာ ဆောင်သတို့သမီးကို အရည်းကြီးတွေထံပါး
ဦးဦးဖျားဖျား ဆက်သရတော့သည်။
ယခုခေတ် အစ္စမ်ဘာသာဝင်များတွင်
ဗလီဆရာထံ မိမိတို့၏ ဇနီးလောင်းများအား
ဦးဦးဖျားဖျား ဆက်သရသည်နဲ့ ဆင်တူသည်။
ရည်ရွယ်ချက်မှာ  ပန်းဦးလွှတ်ပွဲ လုပ်လိုက်လျှင်  မွေးလာမည့်ကလေးများသည် ကိုယ်လက်အင်္ဂါ အပြည့်အစုံဖြင့် မွေးလာပြီး စီးပွားရေး လာဒ် ရွှင်ဖို့အတွက်ဟူ၍ဖြစ်သည်။ ဗမာအပျိုလေးတစ်ယောက်သည် သင်္ချိုင်းကုန်းမှ လူသေကောင်များဖြင့် ဖက်အိပ်၍ ကျင့်စဉ်များ ကျင့်ထားသည့် ရေမချိုးသော အရည်းကြီးများ၏ ပန်းဦးညမှာ ဆွမ်းကြီးအလောင်းခံ၊ပန်းဦးလွှတ်ခံရသည်
ဆိုသည်မှာ မည်သို့ခံစားရမည်နည်း။ စဉ်းစားလျှင်ပင် အော့အံချင်စရာ
ကောင်းနေသည်။

အရည်းကြီးများသည် သူတို့ကျင့်စဉ်အရ မသာအလောင်းများဖြင့်သင်္ချိုင်းမှာ ဖက်
အိပ်ပြီး ရက် ၇ဝ လောက် ရေချိုးခြင်းကင်းမဲ့သည်။ အဘယ်မျှလောက်အထိ ပုတ်စော်နံမည်နည်း ။ ထိုအရည်းကြီးများနဲ့အိပ်ခဲ့သည် ဗမာမိန်းခလေးများမှ မွေးလာသည့် ကလေးများသည် အရည်းကြီးနဲ့ ရသည့် ကလေးမဟုတ်ဟုမည်သူမျှအာမခံနိုင်မည်
မဟုတ်။

ရှင်ဘုရင်တို့သည်လည်း သူတို့ အာဏာတည်မြဲဖို့ မွေးလာမည့်ကလေး အင်္ဂါစုံဖို့ရန်အတွက် သူတို့၏ မိဖုရားများကို ပန်းဦးဆက်သကြသည်။ ထိုမိဖုရားများ မွေးခဲ့သည့်သားဦးများမှာ အရည်းကြီး နဲ့ ရသည့် ကလေးလည်း ဖြစ်နိုင်သည်။  သည်ထက်ပိုပြီး စဉ်းစားသုံးသပ် ပြောရမယ်ဆိုလျှင် ထိုခေတ်က  ဗမာဘုရင်များတွင် အရည်းကြီးသားများ ရှိနေမည်ဆိုသည်မှာ လုံးဝ ငြင်း၍မရသောအကြောင်းတရားပါ။

သည်ကြားထဲဗမာလူမျိုးတို့၏ ဗီဇစရိုက်အတိုင်း တစ်ယောက်ထက်တစ်ယောက် ပို၍ ဂုဏ်ပြိုင်ချင်ကြသည်။ပို၍ကျော်ဇောချင်ကြသည်။မြို့စားမင်းတစ်ယောက်ဆိုလျှင် သူများတွေထက် စီးပွားရေး လာဒ်လာဘ ပိုမိုသာလွန်ကောင်းမွန်စေရန် သူ့သမီးအား အရည်းကြီးတို့နဲ့ တစ်ညမဟုတ်ဘဲ နှစ်ညပေးအိပ်လိုက်သည်။ ဤသည်ကိုမကျေနပ်၍ နောက်တစ်ယောက်က သုံးည၊ တစ်ပါတ်၊ ဆယ်ရက်အထိကို သွားပေးအိပ်ကာ တလွဲတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြိုင်ဆိုင်ကြသည်ကရှိသေးသည်။

ဤအရေးကြီးသာသနာသည်
အနော်ရထာခေတ်တွင်ခေတ္တငုတ်လျှိုးသွားခဲ့သည်။လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်။  အနော်ရထာမင်းသည် မွန်ပြည်ကို စစ်ခင်းပြီး
ပညာရှိ ရဟန်း သံဃာများနှင့်
ပိဋကတ်တော်များကိုလုယူခဲ့သည်ဟူ၏။ ဤလူမဆန်သောလုပ်ရပ်ကို ဗမာတို့က ဂုဏ်ယူဝံ့ကြွားစွာဖော်ပြလေ့ရှိသည်။ ကိုယ့် ကိုယ်ကို သူခိုး ဓါးမြ ဖြစ်လို့ ဖြစ်မှန်စ
သိကြဟန်မပေါ်။ ထိုနည်းတူစွာပင်
မောင်ဝိုင်းသည် ရခိုင်မှ ဘုရားများကို စစ်ခင်းပြီး လုယူဖူးသည်။အမှန်တကယ်တွင်
မူ အနော်ရထာသည် သူ့သြဇာထက် အရည်းကြီးသြဇာက ပြည်သူများအပေါ် ပို၍လွှမ်းမိုးနေသည်ကို မကျေနပ်၍ လုပ်ခဲ့ခြင်းဖြစ်သည်။ နောင်အချိန်မှာ ထေရဝါဒ ဗုဒ္ဓတရားကို ယုံကြည်ပါသည်ဆိုသော အနော်ရထာသည် ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးတို့အတွက်နတ်ကွန်းများ ဆောက်ပေးခဲ့သည်။ထို့ကြောင့်လည်း
တောင်ပြုံးပွဲဟူသည်မှာ ယနေ့ထိတိုင်အောင်
ခေတ်စားနေခြင်းဖြစ်သည်။အနော်ရထာသည်
ပုဂံရွှေစည်းခုံဘုရားတွင်လည်း ၃၇ မင်းနတ်ရုပ်များကို ဘုရားဖူးလာသော ဗမာပြည်နယ်သူ၊သားများဖူးမျှော်ကြည်ညိုဖို့
အမြော်အမြင်ကြီးစွာ တည်ထားပေးခဲ့သည်။

பிடித்ဆောင်းပါးအားအဆုံးသတ်ရလျှင်
ပုဂံခေတ်ကတည်းက ခေတ်စားလာခဲ့သော
မဟာယာနကိုးကွယ်မှု၊ဟိန္ဒူကိုးကွယ်မှု၊
အရည်းကြီးကိုးကွယ်မှု၊နတ်ကိုးကွယ်မှုတို့သည်
ဗမာလူမျိုးရှိနေသရွေ့တည်ရှိနေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဗမာတို့သည်
အရည်းကြီးသာသနာမှ ဆင်းသက်လာသည့်
ဘိုးတော်၊မယ်တော်၊ဘိုးဘိုးအောင် ဟူသည့်
အရည်းကြီးအငွေ့အသက်များယနေ့တိုင်အောင်တည်ရှိနေမှု၊မကြာသေးမီကာလက
လက်ပံတောင်းဒေသတွင်ပြန်လည်ဖော်ထုတ်ခဲ့သည့်ဗမာ့ရိုးရာ အရည်းကြီးကိုးကွယ်မှုအား
ယနေ့တိုင်အောင် ဖက်တွယ်ထားမှု၊
မဟာယာနအငွေ့အသက်ဖြစ်
သည့် နတ်နှင့်ဘုရားကို ရောသမ၍ကိုးကွယ်မှု၊
ဦးရှင်ကြီးမှအစပြု၍ဘိန်းစားအရက်သမားကို
ကြီးကျော်အဆုံးရှိသော ၃၇ နတ်မင်းများအား
ယနေ့တိုင်အောင် ကိုးကွယ်နေမှုများကြောင့်
ဖြစ်သည်။

နန်းမူရာစိုး လဲ့လဲ့နှင်း

အမျိုးသားပညာဝန်ဦးဖိုးကျား၏
၃၇ နတ်မင်း

မြန်မာမီးဖုတ်မြေထည်ပစ္စသည်းသုတေသနစာတမ်း,ဒေါက်တာ သန်းထွန်း။

Defacing Old Bagan, 26 Feb 1996 by Dr.Than Tun,
THE ART AND CULTURE OF BURMA , Dr. Richard M. Cooler , Professor Emeritus
Art History of Southeast Asia, Northern Illinois University.

အတွင်းအပြင် ၃၇ နတ်မင်းတို့အကြောင်းအား
အခါအခွင့်သင့်က ဆက်လက်ဖော်ပြပါမည်။
Credit:

Comments