Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဦးလှသိန်းထွဋ် ဓမ္မာစရိယ B.A.(Grography) ရေးသားသော ( ဗုဒ္ဓသည် မြန်မာလူမျိုး ) ရခိုင်ဖြစ်ကြောင်း သက်သေ


ဦးလှသိန်းထွဋ် ဓမ္မာစရိယ B.A.(Grography) ရေးသားသော ( ဗုဒ္ဓသည် မြန်မာလူမျိုး )

**************************

ရခိုင် ဖြစ်ကြောင်း သက်သေ

°°°°°°°°°°°°°°°°

အင်း.. ဗုဒ္ဓသည် မြန်မာ လူမျိုးဆိုတာ.. ဗမာတွေပြောနေကြတာတွေ့ရသည်။

ဒီတော့ ဗမာသမိုင်းဆရာကြီးများ ကိုယ်​တိုင်​ပြောနေသော အရာတွေကိုပဲ သက်သေထား၍သော်၎င်း ၊ အမှန်တကယ် ရှိနေသော သက်သေများသော်၎င်း ဖော်ပြသွားပါမယ်။

((ဤနေရာမှာ အထူးမှတ်သားထားရမည်က ဗမာသည် မြန်မာ မဟုတ်ကြောင်း အထူးတလည်​ သိထားရမယ်။))

အဘယ်ကြောင်းဆိုသော လူမျိုး ၇ ခုကို မြန်မာဇာတ်ဟုခေါ်ဆိုသော မြန်မာသတ္တတွင် ဗမာ မပါဝင်ကြောင်းပင်ဖြစ်နေသည် ၊ ( သက်နှင့်ရခိုင်_ နှိုင်းပြိုင်တောင်သူ _ ပြူ _ ကမ်းယံ _ ယော _ ထားဝယ်နှောက မျိုးသတ္တ)_ဟု ရှေးဟောင်းလင်္ကာများတွင် စပ်ဆိုထားခဲ့ခြင်းပင်ဖြစ်သည် ။ ဤသည်မှာ ဗမာ ဆိုသောလူမျိုး မပါဝင်ချေ ၊

ဗမာသမိုင်းဆရာကြီးတွေ ပြောနေတာ ရှိပါတယ်

မြန်မာ(ဗမာ) ဆိုတာ ပျူတဲ့ ၊ ပျူစစ်လျှင် မြန်မာ ဗမာတဲ့။

ကဲ့ဒီတော့ ပထမ ဇမ္ဗူတံဆိပ်ကျမ်း ဆိုတဲ့ မြန်မာ ၇ မျိုး လင်္ကာ နေရာမှာတော့ မြန်မာ Group အမည်မှာတော့ ရှေးဟောင်းလင်္ကာက ။ သက် လူမျိုးကို ဖြုတ်ပြီး ထည့်ထားသေးတယ် ။> ၊ မြန်မာ၊ တောင်သူ ၊ပျူ ၊ကမ်း ၊ယော ၊ ရခိုင် ၊ ထားဝယ် စသည့် ၇ မျိုး လုပ်ထားပြီး ၊ မြန်မာ Group အမည်ကိုတောင် လူမျိုးနေရာမှာထည့်ထားသေးတယ် ၊ ကဲ့ အဲ့နေရာကြည့်ပါ မြန်မာကို ဗမာဆိုပြီး လူမျိုးတစ်ခုအဖြစ်ထည့်ထားပြီး ပျူကလဲ့ ပါဝင်တယ် ၊ ကဲ့ ပျူစစ်လျှင် ဗမာမြန်မာ ဆိုသော အရာများ ၊ ဘာလို့ မြန်မာထည့်ရင် ပျူက ဘာလို့ထည့်ထားသေးလဲ့ ၊

ပေါ်ပြီလားအဖြေ..ပျူဆိုတာ ဗမာမဟုတ် မြန်မာမဟုတ်ဆိုတာ ။ ဒီ ဇမ္ဗူတံဆိပ်ကျမ်းဆိုတာက ရှေးဟောင်း မဟုတ်သေးဘူး ၊

ရှေးဟောင်းဆိုသော လင်္ကာ မှာတော့..

အပေါ်မှာပြဆိုထားသည့်အတိုင်း သက်နှင့်ရခိုင် နှိုင်းပြိုင်တောင်သူ ၊ပျူ ၊ကမ်းယံ ၊ယော ၊ထားဝယ် နှောကမျိုးသတ္တ ။

ဒါဟာ ရှေးဟောင်းလင်္ကာအစစ်ပါပဲ ။ အခုမှ ဗမာကို မြန်မာလုပ်ချင်လို့ ပျူလုပ်ချင်လို့ အသစ်ရေးတဲ့ လင်္ကာမဟုတ်ပါဘူး ။ သမိုင်းဆိုတာ ရှေးရှေးက ရှေးကျတဲ့ အရာကိုပဲ ယူရပါမယ် ။

အဲ့ ရှေးဟောင်းလင်္ကာမှာတော့

ဗမာဟာ မြန်မာဇာတ် ဝင်မဟုတ်ဘူးဆိုတာတွေက ပိုသေချာသွားပြီ .. ဗမာ မပါဝင်ဘူး ။

~~~~~~~~

ဗမာသမိုင်းဆရာကြီးများပြောနေသော အရာတွေကို ကောက်နုတ်၍ မြန်မာဇာတ် အနွယ်ဝင် လူမျိုးသမိုင်းအမှန်ကို ဖော်ထုတ်ထားသည့် post ဖြစ်သည် ����

https://m.facebook.com/notes/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%85%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%87%E1%80%AC%E1%80%90%E1%80%B9-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8/1325139020954076/

~~~~~~~~~~~

ဒါက Who is Real Myanmar? ဆိုတဲ့ post ပါပဲ ဒီpostမှာ မြန်မာခေါ်ဆိုသည့် အရပ်ဒေသ နှင့် သမိုင်းရာဇဝင်ကျမ်းကြီးများတွင် ဖွင့်ဆိုထားသော

အ​ကြောင်းအရာများပါသည် ����

https://m.facebook.com/notes/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%85%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/who-is-real-myanmar-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%A1%E1%80%85%E1%80%85%E1%80%B9%E1%80%80-%E1%80%98%E1%80%9A%E1%80%B9%E1%80%9E%E1%80%B0%E1%80%9C%E1%80%B7%E1%80%B2/1325147107619934/

~~~~~~~~~~~

မြန်မာကို ဗမာမှတ်ပြီး သမိုင်းစာပေ လေ့လာနေသောအခါကြုံတွေ့ရမယ့် ပြဿနာက����

https://m.facebook.com/notes/%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC-%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%85%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%80%E1%80%AD%E1%80%AF-%E1%80%97%E1%80%99%E1%80%AC%E1%80%91%E1%80%84%E1%80%B9%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B1%E1%80%95-%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%B1%E1%80%94%E1%80%B1%E1%80%9E%E1%80%AC%E1%80%A1%E1%80%81%E1%80%AB-/1325155490952429/

~~~~~~~~~~~

အပေါ်က Link post တွေဖတ်ပြီးသောအခါ အဲ့လိုအကြောင်းအရာတွေနဲ့ဟာကိုတောင်

ဗမာသမိုင်းရေးနေသော လူတွေက ပြောလည့်ရှိသောစကားက > ဒါကြောင်း ရခိုင်​နဲ့ဗမာ အတူတူ ပဲလို့ ပြောတာပေါ့တဲ့ ။

မှားပါတယ် မတူလို့်လဲ့ ရခိုင် ဗမာ ထားဝယ် မွန် ယော စသည်များကွဲနေတာပေါ့ ၊ ဓ​လေ့စရိုက် ယဉ်ကျေးမှုတွေပါအစ ၊

ရခိုင်နဲ့ မတူလို့လဲ့ ၊ ရှေးရှေးကပင် ကိုယ့်နိုင်ငံ အသီးသီးနဲ့ ရှိနေကြတာပေါ့

ကံရာဇာကြီး ကံရာဇာငယ် ညီကိုနှစ်ဦး ခွဲသွားတယ် မ​ပြောနဲ့ ၊ ခွဲသွာတာက ဘုရင်နှစ်ပါး ၊ တိုင်းသူပြည်သားတွေ အစကနေ ရှိနေတာ မတူလို့ ၊ ဘုရင်အမျိုးတူတိုင်း တိုင်းသူပြည်သားတွေပါအစ လူမျိုးတူတယ်ဆိုတာ အတွေးအခေါ် မရှိလို့ ပြောတာပါပဲ ။ ဘာမှမသိတဲ့လူတောင် သိပါတယ်

ဘုရင်ခေတ်တုန်းက အခြားနိုင်ငံတွေကို သူတို့သိမ်းပိုင်ပြီး အဲ့နိုင်ငံမင်းမျိုးထဲက လူကို နန်းတင်ခဲ့တာလဲ့ ရှိသလို ၊ကိုယ့် မင်းညီ မင်းသား၊ဆွေတော်မျိုးတော်တွေကိုလည့် ဘုရင်ကြီးက ခွဲဝေ အုပ်ချုပ်ခိုင်းစေတယ် ။

ဒါကို လူမျိုးတူ တယ်လာပြောနေသူဟာ အတွေးအခေါ်မရှိလို့ပါပဲ ၊တနည်း သမိုင်း တဖက်စောင်းပြီး အစွန်း​ရောက်​ နေလို့ပါပဲ

အခုမြန်မာနိုင်ငံကိုပဲကြည့်လိုက်ပါ

ကချင် ကယား ကရင် ချင် မွန် ဗမာ ရခိုင် ရှမ်း

နေတဲ့နိုင်ငံတစ်ခုကို ဗမာတွေက အုပ်ချုပ်နေတာပဲ ၊ ကဲ့ တူသလား လူမျိုး ၊ ရှမ်းက ရှမ်းပဲ ၊ မွန်က မွန်ပဲ ရခိုင်က ရခိုင်ပဲ ၊ ဗမာက ဗမာပဲ ၊

ဘယ်မှာလဲ့ အုပ်ချုပ်သူ ဘုရင်တူလို့ လူမျိုးတူတဲ့ စကားရပ် ?? ။

ရခိုင်​နဲ့ဗမာ မတူလို့လဲ့

ဗမာသမိုင်းဆရာကြီးတွေ ကိုယ်တိုင်ပဲ ပျူစစ်လျှင် ဗမာ ဟုသာပြောဆိုကြတာပါပဲ ။

သမိုင်းဆရာ ဒေါက်တာသန်းထွန်း ကိုယ်တိုင် ပျူတွေဘယ်ရောက်သလဲ့ ငါဒီမှာဟေးလို့် အော်လိုက်ချင်တယ်တဲ့ ၊

ရခိုင်နဲ့ဗမာ မတူဘူးဆိုတာ သူတို့ကိုယ်တိုင်ဝန်ခံပြောနေသော စကားတွေပါပဲ ။

ရှေးရှေး ဗုဒ္ဓခေတ် လွန်ပြီးကာလ ကပင် ရခိုင်ပြည်ကို မြန်မာဟုသာ ခေါ်ဆိုကြသည်ဆိုတာ အထက်ပါအကြောင်းအရာများ ဖတ်ရူကြည့်လျှင် သိနိုင်ပါပြီ ၊

အသောက မောရိယအနွယ် ၊ မာဂဓတိုင်းသားနဲ့ ဆက်သွယ်နေခြင်း။

ရခိုင်နှင့် မာဂဓတိုင်းသားများ ဆက်နွယ်ရှိခဲ့ခြင်း ၊ အိန္ဒိယနိုင်ငံတွင် ပြန့်နှံ့ရှိသော အာရီယာန်လူမျိုးတို့သည်

ရခိုင်ပြည်တွင်းသို့ မာဂဓတိုင်းမှတစ်ဆင့် ဝင်လာသည်ဆိုသော အထောက်အထားကြောင်းရပ်မျာနှင့်

ခေတ်ဦးရခိုင်များသည် မာဂဓတိုင်းပြည်တွင်နေထိုင်ခဲ့ကြပြီး ထိုမှတဆင့် ယခုရခိုင်ကမ်းရိုးတန်းဒေသသို့အခြေချခဲ့ကြသည်။

ခေတ်ဦးရခိုင်(မာဂဓတိုင်းသား)သည်

ပါဠိဘာသာစကား(မာဂဓဘာသာ

စကား)ကိုပြောဆိုခဲ့ကြသည်ဟု

သမိုင်းပညာရှင် ဆရာကြီးဦးရွှေဇံ

ရေးသားသော ရခိုင်သမိုင်း

အလင်းပြကျမ်းတွင်ဖော်ပြထား

သည်။

ခေတ်ဦးရခိုင်များသည်

ပါဠိဘာသာစကား ပြောခဲ့သည်ကို

ယနေ့လက်ရှိထိပြောဆိုနေသေးသော ပါဠိဘာသာစကား အငွေ့အသက်များက သက်သေ

ခံနေသည်။

ဥပမာ_အာဂန္ဓု

_ ဝီစိကစ္ဆာ_ ဂန္ဓုဂန္ဓာ

ဝါသည် မုသာဝါဒမှလာသည် အစရှိသဖြင့်။(နောက်ထပ်လည့် ရှိနေလိမ့်မယ် ) ဓညဝတီခေတ်ဦးရခိုင်များသည် ပါဠိဘာသာစကား(မာဂဓဘာသာစကား)ပြောခဲ့သည်ကိုသမိုင်းပညာ

ရှင်အားလုံးလက်ခံထားပြီးဖြစ်သည်။

ဤသည်ကို ထောက်လျှင် ဗုဒ္ဓသည် လက်ရှိအခေါ် ရခိုင်သာ ဖြစ်သည် .. ရခိုင်တွေဟာ မာဂဓတိုင်းမှတစ်ဆင့် ဆင်းသာလာသော သကျသဂီဝင် အာရီယာန် မျိုးဆိုတာရယ်.. သက္ကတ စကား ၊ ပါဠိ စကား တို့ကို ပြောဆိုနေခဲ့တာရယ်။ ရခိုင်တိုင်းနှင့် မာဂဓတိုင်း နိုင်ငံအနေဖြင့် ဆက်ဆက်နေတာရယ် ၊

မြန်မာခေါ်ဆိုသော အရပ်ဒေသသည် ယခု မြန်​မာနိုင်​ငံနောက်ဖက် ယခင် ရက္ခပူရတိုင်း ၊ ယခု ရခိုင်ပြည် ဖြစ်နေတာရယ် ၊ မြန်မာ မရမာ(Marma) ခေါ်လူမျိုးသည်လည့် တစ်ချိန်က မာဂဓတိုင်းနဲ့တစ်ဆက်တည်းဖြစ်နေသော တချိန်က ရခိုင်တိုင်းဖြစ်ခဲ့သော ယခု ဘင်္ဂလားဒေရှ် နိုင်ငံတွင်းရှိ ရခိုင်လူမျိုး မရမာ(Marma)ဆိုတာရယ် ။

����

ဤအကြောင်းအရာ အားလုံးကို ထောက်ဆက်ကြည့်လျှင်

**************

ဦးလှသိန်းထွဋ် ဓမ္မာစရိယ B.A.(Grography) ရေးသားသော ( ဗုဒ္ဓသည် မြန်မာလူမျိုး )

( ဗုဒ္ဓ နှင့် မြန်မာလူမျိုး) ဆိုသောစာအုပ်များ အတိုင်းသာ ဖြစ်ခဲ့ရင် ရက္ခပူရဒေသျှ ခေါ် ဓညဝတီတိုင်း ရခိုင်လူမျိုးတစ်ခုတည်းသာ ဖြစ်နိုင်ကြောင်း ရှိနိုင်ကြောင်း သက်သေပြလိုက်ပါသည် ။

~~~~~~~~~~~~~~~~~~~~~~~

ချေပနိုင်သူ ဘယ်သူမှ မရှိသေးဘူးဆိုလို့ သမိုင်းမှန်ကို ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါသည်

~~~~~~~~~~~~~~~

Zaw KoKo (မဟိံသကတိုင်း)











ချေပနိုင်သူ ဘယ်သူမှ မရှိသေးဘူးဆိုလို့ သမိုင်းမှန်ကို ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါသည် ~~~~~~~~~~~~~~~ Zaw KoKo (မဟိံသကတိုင်း)


Comments