ရက္ခိုင်စံတော်ချိန်သည် မြန်မာစံတော်ချိန်ထက် ၁၅ မိနစ် နောက်ကျသည်။

ရက္ခိုင်စံတော်ချိန်သည် မြန်မာစံတော်ချိန်ထက် ၁၅ မိနစ် နောက်ကျသည်။




ရက္ခိုင်ပြည် နှင့် ရှမ်းပြည် အချိန် နာရီ ခွဲကွာခြားဆို

မြောက်ကိုးရီးယား တောင်ကိုးရီးယား တွေတောင် အချိန် ခွဲထားသေးတာ ၊ ရခိုင်တွေလေ့ ကိုယ်ပိုင် အချိန်သတ်မှတ်ဖို့ တစ်နေ့ ရောက်လာလိမ့်မယ် ။ ရှမ်းပြည်နန့် ရခိုင်ပြည် နာရီ ခွဲ ကွာခြားသေးတယ် ။  တစ်နိုင်ငံ တည်းသတ်မှတ်ထားလို့ တစ်ချိန်တည်း လုပ်ထားတာ.. အမှန်တော့ အတိအကျဆိုရင် လုံးဝ မတူပါ ၊ ရခိုင်တွေ ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင်အချိန် တစ်နေ့မလွဲမသွယ် ရောက်လာလိမ့်မယ် ။ အချိန် နာရီ သတ်မှတ်ထားတဲ့ အကြောင်း ၊ ဘယ်တိုင်း ဘယ်ပြည်က ဘယ်လောက် အချိန် ရှိသလဲ့ ဆိုတာ  ဒီမှာ ဖတ်ပါ

>လတ္တီကျူ့..၊ လောင်ဂျီတွဒ် မျဉ်းများနှင့် သင်နေထိုင်သော မြန်မာနိုင်ငံ<

ကမ္ဘာကြီးဟာ အလုံးကြီးပါလို့ လက်ခံလျှင်တော့ လတ္တီကျူ့.. လောင်ဂျီတွဒ်များအကြောင်း ဆက်လက်လေ့လာလို့ ရပါပြီ။ 

ကမ္ဘာပေါ်က နိုင်ငံတွေဟာ လတ္တီကျူ့ (Lattitude) နဲ့ လောင်ဂျီတွဒ် (Longitude) ခြားနားခြင်းကြောင့် တနေရာ နှင့် တနေရာ အချိန်၊ ဒေသ ကွဲပြားခြားနားပါတယ်။ ဒါ့ကြောင့်လဲ အင်္ဂလန်မှာ ညနေခင်း ကန်တဲ့ဘောလုံးပွဲကို ကျနော်တို့ဆီမှာ ည သန်းခေါင်ကျော်မှ ထ ကြည့်ရတာဖြစ်ပါတယ်။

လတ္တီကျူ့ ဆိုတာကေတာ့ ကမ္ဘာ့အလယ် ဗဟိုနေရာကို တည်ချက်ပြုပြီး သတ်မှတ်ထားသော ရေပြင်ညီ (အလျားလိုက်) လိုင်းများ ဖြစ်ပါတယ်။ အလယ်ဗဟိုလိုင်းကို အီကွေတာ (Equator) လို့ခေါ်ပါတယ်။ လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး.. တူညီမှု (Equal) ဖြစ်အောင် ပြုလုပ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ 

အီကွေတာမျဉ်းဟာ ကမ္ဘာ့မြောက်ခြမ်း နဲ့ တောင်ခြမ်းကို တူညီစြာ ပိုင်းခြားထားပြီး လတ္တီကျူ့အားဖြင့် သုည (ဝ) ဒီဂရီဖြစ်ပါတယ်။ စက်ဝိုင်းခြမ်းဖြစ်တဲ့အတွက် ၁၈၀ ဒီဂရီရှိပြီး မြောက်ဘက် ၉၀ ဒီဂရီ နဲ့ တောင်ဘက် ၉၀ ဒီဂရီ ခွဲလို့ရပါတယ်။

အီကွေတာမှ မြောက်ဘက်ကိုသွားလျှင် အပေါင်းလတ္တီကျူ့ဖြစ်ပြီး တောင်ဘက်ကိုသွားလျှင် အနှုတ် လတ္တီကျူ့ သင်္ကေတပြပါတယ်။ ဝင်ရိုးစွန်းဟာ ၉၀ ဒီဂရီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ မြောက်လတ္တီကျူ့ ၉ ဒီဂရီ နဲ့ ၂၈ ဒီဂရီကြားလောက်မှာ ရှိပါတယ်။ 

လောင်ဂျီတွဒ် ဆိုတာကေတာ့ တောင်-မြောက် ဝင်ရိုးစွန်း ၂ ခုကို ဆက်သွယ်ပုံဖော်ထားတဲ့ ဒေါင်လိုက်မျဉ်းများဖြစ်ပါတယ်။ သုံည ဒီဂရီ စ မှတ်ဟာ ဂရင်းနစ် စံတော်ချိန်မျဉ်းဖြစ်ပါတယ်။ အဲ့ဒီ့စမှတ်ကနေ အရှေ့ကိုသွားလျှင် အပေါင်းလက္ခဏာသုံးပြီး အနောက်ကိုသွားလျှင် အနှုတ်လက္ခဏာ သုံးပါတယ်။ 

စက်ဝိုင်းတစ်ခုမှာ ၃၆၀ ဒီဂရီရှိပါတယ်။ ဒါ့ကြောင့် လောင်ဂျီတွဒ်မျဉ်းပေါင်း ၃၆၀ ရှိပါတယ်။ (အရှေ့ ၁၈၀၊ အနောက် ၁၈၀)။ နေရောင်ခြည်ဟာ လောင်ဂျီတွဒ်မျဉ်း (တနည်း) ဒေါင်လိုက်ကျရောက်တဲ့အတွက် အချိန်ကို တိုင်းတာသတ်မှတ်ရာမှာ လောင်ဂျီတွဒ်များကို အသုံးပြု ပါတယ်။ တစ်ရက်မှာ ၂၄ နာရီရှိတဲ့အတွက် ၁ နာရီကို လောင်ဂျီတွဒ် ၁၅ ဒီဂရီရှိပါတယ်။ 

မြန်မာနိုင်ငံဟာ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီနဲ့ ၁၀၁ ဒီဂရီကြားမှာရှိပါတယ်။ ၉၇.၅ ဒီဂရီကို စံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့.. အနောက်ဘက် ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နဲ့ အရှေ့ဘက် ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ မြို့တို့ဟာ အချိန် နာရီဝက်ခန့် ကွာခြားပါတယ်။

အနာဂတ်ပညာရေးအတွက် 

သန့်ဦး (အာကာသနှင့် စကြဝဠာ)
..............

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)