Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြောက်ဦးခေတ် သဇာတမင်း ဒင်္ဂါး။ ( 1515 -1521 A D)

မြောက်ဦးခေတ် သဇာတမင်း ဒင်္ဂါး။ ( 1515 -1521 A D) 
=======================


သဇာတမင်း၏ ဒင်္ဂါး၌ နှစ်ဘက်စလုံးတွင် ပါရှန်အက္ခရာဖြင့် ရေးထိုးထားသည်။ 
အချင်း- ၂၉ မီလီမီတာမှ ၃၀ မီလီမီတာထိရှိကြပြီး၊ အလေးချိန်-၈ ၈၉ / ၉.၈၅/ ၁၀.၁၇ ဂရမ် ထိရှိကြသည်။


သဇာတမင်း ဒင်္ဂါး မျက်နှာဘက်၌ရေးထိုးထားသော ပါရှန်စာကို ဒင်္ဂါးသုတေသီ မီချီနာစာက “La ilah ala/ Allah Mohammed/rasul Allah/ khalad Allah/mulkahu”=(  လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူလ်အလ္လာဟ်/ ခါလဒ် အလ္လာဟ်/မူလ်ကာဟူ) ဟူ၍လည်းကောင်း၊ 

ကျောဘက်ပါ ပါရှန်စာကို “Al – Sultan/ I- rahman abu/ al-muzaffar alishah/al-sultan khalad/ allah mulkahu”=(အလ်ဆူလတန် /အိုင် ရဟ်မန် အဘူ/ရဟ်မန်အဘူ/အလ်မူဇာဖား အလီသျာ/ အလ်ဆူလ်တန်ခါလဒ်/ အလ္လာဟ် မူလ်ကာဟူ)  ဟူ၍လည်းကောင်း ဖတ်ရှုဖော်ပြထားသည်။


 ဒင်္ဂါးသုတေသီ ရောဘင်ဆင်-အလ်အေရှောတို့ ရေးသားသော “The Coins and Banknote of Burma” မြန်မာ့ဒင်္ဂါးနှင့် ငွေစက္ကူများအကြောင်း စာအုပ်တွင် သဇာတမင်းဒင်္ဂါးပါ ရှေ့ဘက်စာကို“La ilah alla/ Allah Mohammed/rasul Allah/ khallad Allah/al mulkahu”=(  လာအီလာဟ်အလာ/အလ္လာဟ်မိုဟမ္မဒ်/ရဆူလ်အလ္လာဟ်/ ခါလဒ် အလ္လာဟ်/အလ် မူလ်ကာဟူ) ဟူ၍လည်းကောင်း၊

 ကျောဘက်ပါ ပါရှန်စာကို “al – rahman abu/Al-muzaffar ali sh(ah)/sultan khallad/ allah ? mullkahu”=(အလ် ရဟ်မန် အဘူ/အလ်မူဇာဖား အလီသျာ/ ဆူလ်တန်ခါလဒ်/ အလ္လာဟ် -မူလ်ကာဟူ)  ဟူ၍လည်းကောင်း ဖတ်ရှုဖော်ပြထားသည်။ 

သဇာတမင်းဒင်္ဂါးပါ စာကို ဒင်္ဂါးသုတေသီနှစ်၏ တင်ပြပုံမှာ အနည်းငယ်ကွာဟကြသည်။

သဇာတသည် ဆင်ဖြူရှင်မင်းဒေါလျာမင်း၏သား ဖြစ်သည်။ သူသည်မင်းမဖြစ်မီက ရန်ဗြဲကျွန်း လေးတောင်နယ်ကို စားရသည်။  သဇာတမင်းသည် ရန်အောင်ဘုရား၊ နိဗ္ဗူဇာဘုရား၊ ၀သဲဘုရား၊ ဆုတော်ပန်ဘုရား၊ သက်တော်ရှည်ဘုရား၊ ဗိုလ်ဖြူဘုရားနှင့် လက်ကြွယ်တောင်ဓာတ် ပုထိုးတော်တို့ကို တည်ထားကိုးကွယ်ခဲ့သည်။ 



[သဇာတမင်း၏ ကျောက်စာဟု ယူဆရသော ကျောက်စာတစ်ချပ်ကို ဝေသာလီရွှေတောင်စေတီတွင် စတင်တွေ့ရှိသည်။ ကျောက်စာတွင် စာကြောင်းရေ ၁၂ ကြောင်းရေးထိုးပါရှိသည်။  ယခုမူလနေရာတွင်ရှိသည်။  ကျောက်စာတွင်ရေးထိုးထားသည်မှာ - 

၁။ သက္ကြစ် ၈၈၁ ခု နတ်တော်လပြေ ၄ တဟူနိ သွှီတော်ကို၀်ရေယ်၍ စာတီကော
၂။ င်မှုတော်ပြုသော ဥစာကို၀် ဖျက်ဆီ၍ယူသူသ်ှကာ ဘှီသျှစ်ပါ တ
၃။ န်ဆေပါ သင်၍ သီစိသော အောက်အ၀စိ အိဓက်ဘ၀က်စောင်သော 
၄။ နတ်များသတ်၍ သီစီသော သာသနာငါထောင်စိအောင် ဟိစိသော . မ
၅။ ဟိစိသောဝ် ငါပြုသော ကောင်မှုကို၀် ဖျက်ဆီ၍ရသောလေ ငသျှောင်လ
၆။ ဉ်ကောင် အလှူပီ၍၊ ပူဇော်သကာပြု
၇။ စီသော မပြုက ငါကျိန်သောအကျိ
၈။ န်ကျ၍ သီစိသော ကုသိုလ်ကောင်မှု
၉။ ကို၀် မဖျက်မဆီပူဇ်ေသကာသုဒ်
၁၀။ သင်ပါသူအာကာ ဘှီသျှစ်ပါ တန်
၁၁။ ဆေပါကင်၍ ချံသာတေကြေ အသက်
၁၂။ ရှေဲသေဖြစ်စီသော
ဟူ၍ဖြစ်သည်။ 

ထိုကျောက်စာတွင် “သက္ကရာဇ် ၈၈၁ ခု နတ်တော်လပြည့် ဗုဒ္ဓဟုးနေ့ တွင် သမီးတော်ကို ရည်စူး၍ စေတီတည်သည်။ စေတီကိုဖျက်ဆီးသူများကို ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါးသင့်စေ။ ကိုးကယ်ပူဇော် မဖျက်ဆိးသူတို့ ဘေးရှစ်ပါး ဒဏ်ဆယ်ပါးကင်း၍ အသက်ရှည်ကာ ချမ်းသာသုခ ရကြစေ။ ကျိန်စာရော ဆုတောင်းစာပါ ရေးထိုးပါရှိသော စေတီတည် ကုသိုလ်ကောင်းမှုပြုသောေ ကျာက်စာဖြစ်သည်။” 

ရခိုန်ကျောက်စာပေါင်းချုပ် စာ-၆၈ကျောက်စာပါ(သက္ကရာဇ် ၈၈၁)  မြောက်ဦးခေတ် ၁၁ ဆက်မြောက်မင်းဖြစ်သော  သဇာတမင်း စိုးစံသောအချိန်ဖြစ်သည်။

 ကျောက်စာတွင် တော်၀င် နန်းသုံးစကားဖြစ်သော “သမီးတော်ကို ရည်စူး၍” ဟူသော စကားရပ်ကြောင့် ဤကျောက်စာကို သဇာတမင်းသည် ကွယ်လွန်သူ သမီးတော်အား ရည်စူး၍ ကုသိုလ်ကောင်းမှုပြုသော  ကျောက်စာဖြစ်သည်ဟု မှတ်ချက်ပြုလိုသည်။] 


 ဒင်္ဂါးပါစာမှာ အလ္လာအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာမရှိ ဟူ၍ ရေးသားပါရှိသည် ဖော်ပြကြပြီ၊ သဇာတမင်းသည် မူဆလင်မင်းဖြစ်သည်။ဟု ဘင်္ဂလီတစ်ချို့က လိုရာဆွဲကာ ရေးသားပြောဆိုကြသည်။ 

သဇာတမင်းသည် ဘင်္ဂလီမူဆလင်ဆိုလျှင် ရန်အောင်ဘုရား၊ နိဗ္ဗူဇာဘုရား၊ ၀သဲဘုရား၊ ဆုတော်ပန်ဘုရား၊ သက်တော်ရှည်ဘုရား၊ ဗိုလ်ဖြူဘုရားနှင့် လက်ကြွယ်တောင်ဓာတ် ပုထိုးတော်တို့ကို တည်ထားကိုးကွယ်ခဲ့မလားဆိုတာ ဦးနှောက်ရှိသူတိုင်း စဉ်းစားချင့်ချိန်နိုင်သည်။

ဒင်္ဂါးတွင် ပါရှန်စာရေးထိုးထားခြင်းမှာ (အေဒီ ၁၆ ရာစု) ယင်းခေတ်ယင်းအချိန်က မဂိုအင်ပါယာသည် အိန္ဒိယတိုက်နယ် ဒေသတစ်ခုလုံးကို သိမ်းပိုက်းထားပြီး အင်အားကြီးမားသော အင်ပါယာတစ်ခုအဖြစ်သို့ ရောက်နေသည့်အချိန်ဖြစ်သည်။ စီးပွားရေးအင်အား၊ စစ်ရေးအင်အား အထွတ်အထိပ်သို့ရောက်နေသည့်အချိန်ဖြစ်သည်။ သို့သော်လည်း ရခိုင်ပိုင်နက်အနောက်ဘက်နယ်မြေများကို မသိမ်းပိုက်နိုင်သေးသည့်အချိန်ဖြစ်ြသည်။ မဂိုအင်ပါယာသည် 1666 ခုနှစ်မှ စစ်တကောင်းကို သိမ်းနိုင်သည်။ 

ရခိုင်ဘုရင်တို့၏ ဒင်္ဂါးများတွင် ပါရှန်စာရေးထိုးခြင်းမှာ မဂိုအင်ပါယာနှင့် စီးပွားရေးလုပ်ရန်အတွက်သော်လည်းကောင်း၊ သူတို့ဆီမှ  နည်းပညာရယူရန်အတွက်သော်လည်းကောင်း ယုံကြည်မှု တည်ဆောက်ခြင်းတစ်ခုဖြစ်သည်ဟုသာ မှတ်ယူသင့်သည်။

မောင်ဖြူ (ကြွီတဲကျွန်း)<< Credit

Comments