သမိုင်းရေးဆရာများ မိမိလူမျိုးကို ချစ်ရင် နောက်မျိုးဆက်သစ်များအား အရှက်ရအောင် မလုပ်ခဲ့ပါနဲ့။

သမိုင်းရေးဆရာများ မိမိလူမျိုးကို ချစ်ရင် နောက်မျိုးဆက်သစ်များအား အရှက်ရအောင် မလုပ်ခဲ့ပါနဲ့။
°°°°°°°°°°°°°°°°°°°°°°°°°°°°°° 
မြန်မာ့သဘင်မှု အနုပညာ 
ဆိုသော အဖွဲ့အစည်း Page မှ ပြောတာက ကျတော် အခုမှ ဆီမီးခွက် အကဆိုတာ ရခိုင်ကဟု အကိုဖော်ပြမှ သိရတာပါတဲ့ ။ 

ကဲ့ ဗမာအများစု ဘယ်လောက်များ  ခေတ်အဆက်ဆက် သမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာ လူမျိုးရေးဆိုင်ရာ ဘယ်လောက်ထိ အမှောင်ချတာ ခံနေရသလဲ့ဆိုတာ သက်သေပါပဲ ။ အဲ့ဒါကိုမပြော
အုန်း မန္တလေးရောက် ရခိုင်ဘုရားကြီးကိုတောင် ဒီနေ့အချိန်ထိ.. ရခိုင်ကမှန်း မသိတဲ့လူတွေက ခက်များများပါပဲ.. ဒါ ရခိုင်က ဘုရားဟု ပြောလိုက်မှာသာ တအံံ့တဪ လေသံနဲ့ ပြောလာတာတွေ ရှိနေဆဲပါပဲ ။ တချို့တလေ ဒီဘုရား ရခိုင်ကဆိုတာ ဟုတ်သလား ဒီလိုမေးလာတဲ့လူတွေလဲ့ ရှိနေဆဲပါပဲ
 ..ဘယ်လောက်ထိ အမှောင်ချခံနေရသလဲ့ ဆိုတာ သက်သေပါပဲ

ဒါကြောင်း ပြောလေ့ရှိပါတယ်.. ဗမာအရပ်သား အများစုဟာ သမိုင်းအမှောင်ဖုံးတာ ခံနေရတာပါလို့..
 ဒါကြောင်း အခြားလူမျိူးတွေနဲ့ အမြဲတမ်း အပြောခံနေရတာ.. သမိုင်းကို လုပ်ကြံထားတာက နောက်မျိုးဆက်သစ်တွေကို မြှောက်ပင်သလိုမဖြစ်ပဲ.. အမျိုးဂုဏ်ကို မြင့်တင်သလိုမဖြစ်ပဲ.. နောက်မျိုးဆက်သစ်များကို လူတော မတိုးအောင် မျက်နှာ မပြရေးအောင် လူမျိုးပေါင်းစုံထဲမှာ သူခိုးဟု စွပ်စွဲခံရအောင် ပြုလုပ်တာနဲ့ အတူတူ ပါပဲ 
။ ဒီနေ့အချိန်ထိလည် စွပ်စွဲခံနေရတုန်းပါပဲ ဒါ ဘယ်သူမှလုပ်တာမဟုတ်ပါဘူး ။ မိမိတို့ လုပ်ရပ်၏ ရလဒ်ပါပဲ ဆိုတာ သဘောပေါက်သင့်ပါတယ် ။

သမိုင်း လုပ်ကြံပြီး သူများဟာကို ကိုယ့်ဟာ လုပ်ပြီး ဖန်တီးတာက..

နှစ်ပေါင်းများစွာကြီးမြင့် ကြာရှည်လာပြီးမှ ငါ့အမည်ကား “A” မဟုတ်ပါ ၊ “B”  သာလျှင်ဖြစ်သည်ဟု   
 အများပြည်သူထံကြွေးကြော်တောင်းဆို ငိုကြွေးနေရပါလျှင်
ထိုအမည်နာမ မစစ် မြစ်သူ၏ အကြောင်းဇစ်မြစ်ကို ကြားသူတိုင်းကဝိုင်းဟား ရယ်မောကြမည်သာဖြစ်သည်၊ ကြားသူတိုင်းကလည်း မင်းမိဘကိုတွေ့အောင်ရှာပြီး သွားမေးလိုက်ပါလားဟုသာ အဖြေပေးကြရလိမ့်မည်။

အဲ့လို
နောက်မျိုးဆက်တွေ အဲ့ပုံစံမျိုး လှောင်ပြောင် စွပ်စွဲ ခံရလိမ့်မယ်.. ။ 
ဒါကြောင်း မိမိလူမျိုးကို ချစ်ရင် သမိုင်းကို လုပ်ကြံဖန်တီးပြီး မရေးကြဖို့ ၊ မရှိတာကို အတင်းရှိအောင် မလုပ်ဖို့လို ၊ သူများဟာကို ကိုယ့်ဟာ မလုပ်ဖို့ သမိုင်းမလိမ်ဖို့ လိုအပ်မယ်ထင်ပါတယ် ။ 

ဆရာများအား အပြစ်ပြောတာ မဟုတ်ပါဘူး။ အကြံပြုတာပါ 

အားလုံးကို ကျေးဇူးတင်ပါတယ် 

ပုံများကြည့်နိုင်သည် 👇👇👇






•••••••••
Zaw Zaw (ရက္ခပူရတိုင်း)


Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)