Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မဟာကျန်ဘုရား

မဟာကျန်ဘုရား


ရခိုင်ပြည် မြောက်ဦးမြို့ ညောင်ပင်လယ် ကျေးရွာအတွင်း ကိန်းဝတ်စံပျော်နေသော တန်ခိုးကြီးသော မဟာကျန်ဘုရားကို ဖူးမျှော်ကြပါလေ 

သမိုင်းကြောင်း အကျဉ်း

မဟာကျန်ရုပ်ရှင်တော်မြတ် သမိုင်းအကျဉ်း 
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 

မဟာသက္ကရာဇ် (၁၂၃)ခု၊ ဘီစီ (၅၅၄) ခုနှစ် တတိယဓညဝတီခေတ် ရခိုင်ဘုရင် စန္ဒသူရိယမင်းတရားကြီး နန်းစံ(၂၆)နှစ် သက်တော် (၅၀)နှစ်မှာ 
ဘုရင်ကြီး၏ ပင့်ဖိတ်ချက်အရ ဂေါတမမြတ်စွာဘုရား ရခိုင်ပြည်ကို ကြွချီလာပြီး 
သက္ကရာဇ် (၁၂၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ညနေအချိန် မဟာမုနိမြတ်စွာဘုရားကို သွန်းလုပ်တော်မူသည် ကြာသပတေးနေ့ နံနက်အချိန်ပြီးစီးတော်မူပါသည် 
မြတ်ဗုဒ္ဓဂေါတမနှင့် ရခိုင်ဘုရင် ဘုရင်စန္ဒသူရိယမင်း တို့ မဟာမုနိဘုရားဆင်းတုတော်ကို သွန်းလုပ်ပြီးသည့်နောက်မှာ ကြွင်းကျန်နေသော ရတနာကိုးပါးတို့ကို သိကြား ဝိသကြုံနတ်အပေါင်းရို့နှင့် မဟာကျန်ဘုရားကို သွန်းလုပ်ကြပါတယ်
မဟာမုနိဘုရားကို သွန်းလုပ်ပြီး အကြွင်းအကျန် နဝရတ်(၉)ပါးနှင့် သွန်းလုပ်သော ဘုရားကို  "မဟာကျန်ဘုရား" ဟု ခေါ်ကြပါတယ် 
စာရွက်တင်ပေးထားပါတယ် 

(မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ကိုသွန်းလုပ်ပူဇော်ပြီး ကြွင်းကျန် နေတဲ့ရတနာ တွေ နဲ့ အများကိုးကွယ် ရန် သွန်း လုပ်ပူဇော်တဲ့ အခါ မှာ နောက်ထပ် ညီတော် ဘုရား -၉ ဆူ နဲ့ မဟာကျီဘုရား ၂၈ ဆူရရှိတယ် လို့ ရာဇဝင်ဟောင်း တွေကဆိုပါတယ်။ အဲဒီ ညီတော် ဘုရား ၉ ဆူ ကို မဟာကျန် ဘုရား လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်..။
ဓညဝတီ ရခိုင်ပြည်ကြီးမှာ ထင်ရှားကျော်ကြား တန်ုခိုးကြီးတော် မူ တဲ့ ဗုဒ္ဓဆင်းတုတော် လေးမျိုး လေးစားရှိလာခဲ့ တယ် ဆိုတာ သမိုင်းထောက်အထားတွေရှိခဲ့ပါတယ်..။
၁။ မဟာမုနိ
၂။ မဟာကျန်
၃။ မဟာကျီ
၄။ မဟာကျိန် ဆိုပြီး အမည်ရပါတယ်။
၁။ ဘုရားရဲ့ ရင်ငွေ့တော် နဲ့ သွန်းလုပ်ပူဇော်တော်မူသော မဟာမုနိ ဘုရား။
၂။ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီး ကိုသွန်းလုပ်ပူဇော်ပြီး ကြွင်းကျန် နေတဲ့ရတနာ တွေ နဲ့ ဆက်လက်သွန်းလုပ်သော သမိုင်းရာဇဝင် အသုံးအနှုန်းအရ ညီတော်ဘုရား (ဝါ) အရပ်သုံးအခေါ် အဝေါ် အားဖြင့် မဟာကျန်ဘုရား။
၃။ မဟာကျန် ဆင်းတုတော်များကို သွန်းလုပ်ပြီး တဲ့နောက် ရှိစုမဲ့စု အစအန မကျန် ၊ တစ်ဖန် ဆက်လက်၍ အပြီးသတ် သွန်းလုပ် ထားသော မဟာကျီဘုရား။
၄။ ရှေးရခိုင် ဘုရင် မင်းများလက်ထက် ရာဇဘိသေက မင်္ဂလာပွဲတော် များတွင် ဦးထိပ်ရွက် ပန်ဆင်၍ ကျမ်းသစ္စာကျိန်ဆိုရန် ခေတ်ကာလ အလျှောက် အထူးစီမံ သွန်းလုပ်ထားသော မဟာကျိန်ဘုရား ဟူ၍ ပင်လေးမျိုးလေးစား ရှိပါတယ်..။ အထူးမှတ်ချက် းးးး
မဟာကျန်ဘုရား၏ တခြားဆက်စပ်သမိုင်း) 

ကုသိုလ်တိုးကြပါစေ










Comments