Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်လူမျိုးတို့၏ ရိုးရာခေါင်းဆောင်း မက္ကလာ

တိုင်းရင်းသားရေးရာ
============

ရခိုင်လူမျိုးတို့၏ ရိုးရာခေါင်းဆောင်း မက္ကလာ



================================

အောင်ကြည်မိုး(စစ်တွေ)

“ မက္ကလာယေ ရိုင်ရိုင်၊
ကြိမ်သားတုတ်ကို နနောင်းကိုင်
ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ တောင်ကျိုင်ကြားမှာ၊ 
ကျွဲကျောင်းလားရေ…..ဟူး…ရေ..ရေ…ဟူး…”
အမည်မသိရှေးစာဆို- (သတ္တမတန်း မြန်မာစာသင်ရိုးထဲမှ ရခိုင်တေးကဗျာ )

ရှေးရခိုင်ဘိုးဘေးဘီဘင်တို့သည် ဝါးထည်နှင့်ကြိမ်ထည် ရက်လုပ်ခြင်းအတတ်ပညာရပ်ကို မိရိုးဖလာ လက်ဆင့်ကမ်း တတ်မြောက်လာကြသူများပင်ဖြစ်သည်။ တောင်သူများက လယ်ယာလုပ်ငန်းတွင်လိုအပ်သော ခမောက်၊ မက္ကလာ၊ တောင်း၊ ပလုံး စသည်တို့ကို ကိုယ်တိုင်ရက်လုပ်အသုံးပြုတတ်ကြသကဲ့သို့ ရေလုပ်သားတို့သည်လည်း ရေလုပ်ငန်း တွင်လိုအပ်သောပစ္စည်းများကို ကိုယ်တိုင်ရက်လုပ်အသုံး ပြုကြရသည်။ ကျေးလက်ဒေသမှ ရခိုင်အမျိုးသမီးများဆိုလျှင်လည်း ငါးဖမ်းရာတွင် အသုံးပြုသောပစ္စည်း မြှုံး၊ ပလုံး၊ တောင်းအမျိုးမျိုး စသည်များကို ရက်လုပ်တတ်ထားကြ ရသည်။ ရိုးရာရက်ကန်းရက်လုပ်ငန်းကို တတ်ထားကြရ သလို ယောကျ်ားသားများ လယ်ယာလုပ်ငန်းခွင်၌အသုံးပြု နိုင်ရန် မရှိမဖြစ်ပစ္စည်း မက္ကလာ၊ တောင်း၊ ပလုံးများရက် လုပ်နည်းကိုလည်း တတ်မြောက်အောင်သင်ကြားထားကြရ သည်။ မိဘဘိုးဘွားများကလည်း အမျိုးသမီးငယ်များအား ရိုးရာအသုံးအဆောင်ပစ္စည်း ဝါးကြိမ်ရက်လုပ်ခြင်းပညာရပ် များကို လက်ဆင့်ကမ်း အမွေပေးထားကြသည်။

 ရခိုင်ကျေးလက်ဒေသ၌နေထိုင်ကြသူ တောင်သူအများ စုက ယနေ့အချိန်အထိ နွား၊ ကျွဲတို့နှင့် လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေကြဆဲဖြစ်၍ လယ်ယာလုပ်ငန်းပစ္စည်း ထွန်တုံး၊ အပ်ထည်  စသည်များကို သစ်သားများဖြင့် ပြုလုပ်ကြရ သည်။ မိုးရာသီ၌ တောင်သူများလယ်ယာလုပ်ငန်းခွင်ဝင်ရောက်ချိန် ဦးခေါင်း၌ဆောင်းရန် မက္ကလာသည်ကား မရှိ မဖြစ် လိုအပ်သောပစ္စည်းဖြစ်သည်။ မက္ကလာသည် ဆောင်း ရာသီ၌ စပါးရိတ်သိမ်းချိန်၊ တလင်းသိမ်းချိန်များ၌လည်း တောင်သူများ၏ ဦးခေါင်းထက်၌  အမြဲရှိနေသော ရိုးရာ အသုံးဆောင်ပစ္စည်းတစ်ခုဖြစ်သည်။          နောက်တစ်ခုက မက္ကလာသည် ကျေးလက်နေပြည်သူများအား မိုးဒဏ်၊ နေလောင်ဒဏ်ကိုလည်း   အကာအကွယ်ပေးနိုင်၍  ဖြစ်ပါ            ၏။ 

 ရခိုင်လူမျိုးတို့၏ ရိုးရာအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည့် “မက္ကလာ ” အား အထက်မြန်မာပြည်၌ “ခမောက်’’ ဟု ခေါ်ဆိုကြသည်။ မက္ကလာဆိုသည်မှာ တောင်သူများ၊ တံငါသည်များ၏ ရိုးရာအသုံးအဆောင်ပစ္စည်း ခေါင်းဆောင်း ဖြစ်သည်။ ဦးခေါင်းလုံရုံပြုလုပ်ထားသည့် ဝိုင်းဝိုင်းပြန့်ပြန့် ခေါင်းဆောင်းတစ်မျိုးဖြစ်၏။ 
 မက္ကလာအား ဝါး၊ ကြိမ် စသည်များဖြင့် ပြုလုပ်ကြ  ရသည်။  မက္ကလာတစ်ခု   ပြုလုပ်ရန်အတွက် နှီးကွက် အကြမ်းထည် မက္ကလာ နှစ်ခုလိုအပ်ပြီး ထိုနှစ်ခုကြားထဲတွင် ဖြန့်ထားပြီးသော စလူရွက်များကို လိုအပ်သလို ကြားညှပ် ကာ မိုးရမည်ဖြစ်သည်။ ထို့နောက် လူကြီးလက်ညှိုးလုံး ခန့်ရှိသော ကြိမ်လုံးကလေးနှစ်လုံးကို လေးပေအရှည်ခန့် ဖြတ်၍ စက်ဝိုင်းလေးနှစ်ခု ပြုလုပ်ထားရမည်။ 

ထိုစက်ဝိုင်းလေးနှစ်ခုကို “ကွပ်လုံး” ဟု ခေါ်၏။ ကွပ်လုံး များရရှိပြီးပါက စလူရွက်များ လိုအပ်မည်ဖြစ်သည်။ စလူဖူး မှခွာယူ၍ရရှိလာသော စလူရွက်အစိမ်းများကို ပြန့်ပြူးသွား စေရန် သုံးလက်မခန့် ခေါက်ချိုးကလေးများချိုးကာ ဖြန့်ရ မည်ဖြစ်သည်။ ထို့နောက် ခေါက်ချိုးများကိုပြန်ဖြေကာ တစ်ရွက်ချင်းစီထပ်၍   အပေါ်မှ လေးလံသောအရာဝတ္ထု တစ်ခုခုနှင့် ဖိအုပ်ထားရမည်ဖြစ်၏။ စလူဖူးက စလူရွက်ကို ခွာယူချိန်မှ စတင်ကာ မက္ကလာတွင် အသုံးပြုနိုင်သောအဆင့် အထိ ၄ ရက်မှ ၅ ရက်အထိ ကြာနိုင်သည်။ ထိုသို့ ပစ္စည်းများ စုံစုံလင်လင်ရရှိပြီးပါက မက္ကလာကို စတင်ရက်လုပ်နိုင်ပြီ ဖြစ်သည်။ 

 မက္ကလာ တစ်ခုပြုလုပ်ရန်အတွက် ဝါးမွှေးဝါး (ရခိုင် အခေါ်-နှီးဝါး)၊ ကြိမ်နှင့် စလူရွက်မှာ    အဓိကပစ္စည်းများ ဖြစ်၏။ ပထဦးဆုံး နှီးဝါးကို အရှည်နှစ်ပေခန့်မျှဖြတ်တောက် ကာ ထက်ခြမ်းခွဲ၍ နှီးဖြာရမည်ဖြစ်သည်။ နှီးတိုလျှင် မက္ကလာအရွယ်သေးငယ်၍ နှီးရှည်လျှင် မက္ကလာ အရွယ်ကြီး ရရှိမည်ဖြစ်သည်။ ပထမဦးဆုံး ဝါးနှီးလေးပင်ကို အလယ် တည့်တည့်မှ စကြာပုံစံယှက်၍ မက္ကလာ၏ဦးခေါင်းပိုင်း “ခေါင်” ကို စတင်ရက်လုပ်ရသည်။ ထို့နောက်ရစ်နှီးများဖြင့် တစ်ပတ်ချင်းလိုသလိုအကွက်ဖော်ကာ ရက်လုပ်ရမည်ဖြစ် ၏။ ခေါင်မှ စတင်ရက်လုပ်လာပြီးနောက် ရစ်နှီးသုံးပင် မြောက် (သို့မဟုတ်) မိမိလိုအပ်သောနေရာအရောက်တွင် “ဖား”ဟုခေါ်သောအကွက်ကလေးများကို တွဲပေးရသည်။ “ဖား” ဆိုသည်မှာ မိမိရက်လုပ်နေသော မက္ကလာအကွက် ကလေးများကိုလိုအပ်သလို အကျဉ်းအကျယ်  ပြုလုပ်နိုင် အောင်  စီစဉ်ထားသော  အကွက်ကလေးများဖြစ်၏။ တဖြည်းဖြည်း ရက်လုပ်သွားရင်း အနားသတ်အပိုင်းသို့ ရောက် သောအခါ ကြိမ်လုံးနှင့်ပြုလုပ်ထားသော စက်ဝိုင်း (ကွပ်လုံး) နှင့် တွဲချိတ်ပေးရသည်။ ထိုသို့ဖြင့် နှီးကွက်အကြမ်းထည် မက္ကလာတစ်ခုကို ရရှိမည်ဖြစ်ပါ၏။ 

အချုပ်အားဖြင့် ရခိုင်လူမျိုးတို့၏ ရိုးရာခေါင်းဆောင်း မက္ကလာအား အရွယ်အစားနှင့်ပုံသဏ္ဌာန်ကို ခွဲခြားကာ အခေါ်အဝေါ်ကွဲပြားကြသည်။ လူတစ်ကိုယ်စာမျှသာ ဆောင်းနိုင်သော သာမန်အရွယ်အစားကို ရခိုင်ဒေသ၌ “မက္ကလာ’’ ဟုခေါ်ပြီး ဈေးသည်မများ၏ ဈေးခံတောင်းကြီး များပေါ်တွင်ဖုံးအုပ်နိုင်သည်အထိ  အရွယ်အစားကြီးမား သော မက္ကလာကို “ဗျန့်စင်” ဟု ခေါ်သည်။ ဦးခေါင်းတစ်လုံး ဆံ့ရုံမျှ ကတော့ပုံသဏ္ဌာန်     ပြုလုပ်ထားသောအရာကို “ခမောက်” ဟုခေါ်ဆိုကြသည်။

Comments