အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာ/ မဟာဗောဓိ ရခိုင်ဘုရင် မင်းထီး ကျောက်စာ


အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာ/ မဟာဗောဓိ ရခိုင်ဘုရင် မင်းထီး သက္ကရာဇ် ၆၅၇ ခုနှစ်တွင် ရေးထိုးတဲ့ ကျောက်စာ ပဲဖြစ်ပါတယ်။
                

အဲ့ကျောက်စာတွင်ပါသော သက္ကရာဇ် တချို့ကို ဗမာ နှင့် ရခိုင်တွေ အငြင်းပွားနေကြတယ်။ 
တချို့
 ရှေးက ကျောက်စာ ဘာသာပွနျတ့ဲဟာတှမှောလဲ့ ရခိုင် ယော ၊ ဗမာ ယော..သက္ကရာဇ်ကို ၆၅၇/ ၆၆၀ ရေးခါရေးလိုက်။ 
၄၅၇/ ၄၆၀ ရေးခါရေးလိုက် ဖြစ်နေကြတာတွေ တွေ့နေရပါတယ်။ ဒါကြောင့် အခု သက္ကရာဇ် ဘယ်ဟာအမှန်လည်း ဆိုတာ ချက်ပြသွားမှာပါ။

ဒါအပြင် ဗမာတွေကလည်း ၎ ကျောက်စာကို ကျန်စစ်သားမင်း (သက္ကရာဇ် ၄၄၆-၄၇၄) ၊ ရေးထိုးခဲ့သလို့လို့။ အလောင်းစည်သူမင်း( သက္ကရာဇ် ၄၇၄-၅၂၉) ရေးထိုးခဲ့သလိုလို ပြောဆိုနေကြပါတယ်။

ရခိုင်တွေအဆိုအရ။....။ ကျောက်စာတွင်ပါရှိသော သက္ကရာဇ်
 ၆၅၇ ( AD-1295) ခုနှစ်နှင့်
သက္ကရာဇ် ၆၆၀ (AD-1298)ခုနှစ်တို့မှာ လေးမြို့ခေတ် 
လောင်းကြက်မင်းဆက်၏ နဝမမြောက် မင်းဖြစ်သော မင်းထီးဘုရင်( ကောဇာသက္ကရာဇ် ၆၄၅ -၇၅၁ ) AD-1283, 1389 လက်ထက်တို့နှင့် တိုက်ဆိုင်နေသည် ကျောက်စာတွင်ပါရှိသော ဆင်ဖြူသခင် တရားမင်းကြီးမှာလည် မင်းထီးဘုရင် ပင်ဖြစ်သည် 
ဟုဆိုကြသည်။

( ကျောက်စာ၏ ဆိုလိုရင်းကို စာရှည်မှာစိုးလို့ မရေးတော့ပါဘူး။ )

တကယ်တော့ ရှေး ဗမာဆရာ့ ဆရာကြီးတွေတောင် စာအုပ်အသီးသီးမှာ ၆၅၇ သက္ကရာဇ် နှင့် ၆၆၀ သက္ကရာဇ် ဖြစ်တယ်ဆိုတာ ရေးထုတ်ထားခဲ့ပြီးသားဖြစ်တယ်။ ဒါကို ဆရာကြီး မိုက်ကယ်အောင်သွင် က သက္ကရာဇ် ၄၅၇/၄၆၀ ဖြစ်ကြောင်း အဆိုပြုခဲ့ရာကနေ ဈာန်သစ်အောင်တို့အဖွဲ့က မရမက သက္ကရာဇ် ၄၅၇/ ၄၆၀ ဖြစ်ကြောင်းပြဖို့ အထောက်အထားရှာပါတော့တယ်။ ကျန်စစ်သားမင်း ( သက္ကရာဇ် ၄၄၆-၄၇၄ ) ၊ အလောင်းစည်သူမင်း( သက္ကရာဇ် ၄၇၄-၅၂၉ ) စသည့် သက္ကရာဇ်တို့နဲ့ တန်းညှိဖို့ အခုနောက်ပိုင်း ဗမာ ဈာန်သစ်အောင်တို့အဖွဲ့က ၎ ကျောက်စာတွင် ၄၅၇ သက္ကရာဇ် နှင့် ၄၆၀ သက္ကရာဇ် ဖြစ်တယ်ဆိုပြီး မရမက အတင်းလုပ်လာကြတယ်။
ဒါကို နောက်လိုက် အပေါင်းတွေကလည်း မဆင်မခြင် လိုက်ပြီး ဆင့်ပွားပြန့်နေကြတယ်။ 

အမှန်တော့ သက္ကရာဇ် ၆၅၇ ကျောက်စာရေးထိုးချိန်.. က်န္စစ္သား နှင့် အလောင်းစည်သူ ဆို့တဲ့ ဘုရင်တွေ မရှိတော့ပါဘူး။ သေသွားတာ နှစ်ပေါင်း ၁၀၀ ကျော်
၂၀၀ နီးပါး ရှိခဲ့ပါပြီ။

ဒီတော့ ဒီ Post မွာ အဓိကပြောချင်တာက 
သက္ကရာဇ်- ၆၅၇ / ၆၆၀ လား။ သက္ကရာဇ်- ၄၅၇ /၄၆၀ လား။ ( ၆ လား ၊ ၄ လား ဆိုတာ ဗမာတွေပြောနေတဲ့ အထောက်အထားကိုပဲ ဖော်ပြသွားမှာပါ။ 
ဗမာပြည်ရှိ ကျောက်စာများတွင် ပါသော
 ၆ အက္ခရာဂဏန်းနှင့် ၄ အက္ခရာဂဏန်း တိုမှာ ဘယ်လိုပုံစံမျိုးလဲ့ဆိုတာ သေချာဖော်ပြထားပါတယ်။

တကယ်တော့ ၄ အက္ခရာဂဏန်းယော၊ ၄ နဲ့တူတာယော ကျောက်စာတစ်ခုလုံးမှာ တစ်လုံးတောင်မရှိပါဘူး။
 
အောက် ပုံများမှာ သေချာပြထားပါတယ်။











      
Zaw Zaw (ရက္ခပူရတိုင်း)

















Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား